ရန်ကုန်တွင် အဆောက်အအုံဆောက်လုပ် မှုများ ထက်ဝက်ကျော် လျော့ကြခဲ့ - Property News in Myanmar from iMyanmarHouse.com
1034 Views

ရန်ကုန်တွင် အဆောက်အအုံဆောက်လုပ် မှုများ ထက်ဝက်ကျော် လျော့ကြခဲ့

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနက ရန်ကုန်မြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်း အဆောက်အအုံများကို ဆောက်လုပ်ခွင့် ပေးလျက်ရှိရာ ဘဏ္ဍာနှစ်အလိုက် စာရင်းများအရ ယခုဘဏ္ဍာနှစ်တွင် အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ်မှာ ထက်ဝက်ကျော် လျော့ကျ သွားကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၅၁၆ ဘဏ္ဍာနှစ်တွင် အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ်ပေးမှုသည် ၆,ဝဝဝ ကျော်ရှိပြီး ယခု ၂ဝ၁၆၁၇ ဘဏ္ဍာနှစ်၌ ၃,ဝဝဝ ခန့်သာ ဆောက်လုပ်ခွင့်ပါမစ်ပေးမှု ရှိခဲ့သည်။

''ဒီနှစ်က ဆောက်လုပ်ခွင့်ပါမစ်က ၃,ဝဝဝ လောက်ပဲရှိတယ်။ ဒါက ဆောက်လုပ်ရေးလုပ်ငန်းတွေ
ဆောက်တာ နည်းသွားလို့ ပါမစ်ပေးရတာလဲ လျော့သွားတာပါ''ဟု အင်ဂျင်နီယာဌာန (အဆောက်အအုံ)၏ ဌာနမှူး ဦးသန်းဌေးက ပြောသည်။

ယခုဘဏ္ဍာနှစ်၏ ဒီဇင်ဘာလအထိ အင်ဂျင်နီယာဌာန (အဆောက်အအုံ)၏ စာရင်းများအရ
အထပ်မြင့်အဆောက်အအုံ၈၂၉ လုံး ဆောက်လုပ်ခွင့်ပြုပေးခဲ့ပြီး အထပ်နိမ့် (လေးထပ်အထိ)
၈၄၇ လုံးဖြစ်ကာ အရပ်စာချုပ်ပေါ်တွင်ဆောက်သည့် အဆောက်အအုံ (သုံးထပ်ခွဲ) အဆောက်အအုံ
၇၂၄ လုံးဆောက်လုပ်ခွင့်ပါမစ်ပေးထားကြောင်း ယင်းဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ဌာနမှ ခွင့်ပြုပေးခဲ့သည့် အထပ်မြင့်အဆောက်အအုံအရေအတွက်မှာ
၂,၉၁၅ လုံးရှိခဲ့သည့်အတွက် အထပ်မြင့်အဆောက်အအုံ တည်ဆောက်မှု ထက်ဝက်ကျော်
ကျဆင်းသွားသည့် အခြေ အနေဖြစ်သည်။ အထပ်နိမ့်အဆောက်အအုံ ဆောက်လုပ်ခွင့်မှာလည်း
ပြီးခဲ့သည့် ၂ဝ၁၅၁၆ ဘဏ္ဍာနှစ်တွင် ၁,၅၉၇ လုံးထိ ခွင့်ပြုပေးခဲ့ပြီး အရပ်စာချုပ် ဆောက်လုပ် ခွင့်မှာလည်း ၁,၄၈၉ လုံးရှိခဲ့သည်။

ထို့ကြောင့် ပြီးခဲ့သည့်ဘဏ္ဍာနှစ်နှင့် ယခုဘဏ္ဍာနှစ်ကို နှိုင်းယှဉ်ပါက အထပ်မြင့်၊ အထပ်နိမ့်
အဆောက်အအုံ ဆောက်လုပ်မှုအားလုံးမှာ ထက်ဝက်ခန့် ကျဆင်းသွားသည်ကို တွေ့ရသည်။

''မနှစ်ကနဲ့ယှဉ်ရင်တော့ ဒီနှစ်က ဆောက်လုပ်ခွင့်ပေးရတာတွေ တော်တော် လျော့သွားတယ်။ ဒါပေမဲ့ ဟိုးအရင်နှစ်တွေနဲ့ ယှဉ်ရင်တော့ ဒါက များနေပါသေးတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော် ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်ကတော့ ဆောက်လုပ်ခွင့်ပေးတာ အများဆုံးပါပဲ။ ၈,ဝဝဝ လောက်ထိ ပေးခဲ့တာ
အဲဒီတုန်းက ဆောက်လုပ်ရေး လောကကလည်း ဆောက်နိုင်ကြတယ်''ဟု ဦးသန်းဌေးက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းများမှာလည်း ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏
ဆောက်လုပ်ရေး စီမံကိန်းများကို ပြန်လည်စိစစ်မှုကြောင့် လုပ်ငန်းများ ရပ်နားထားရသည့်
ရိုက်ခတ်မှုကို ခံခဲ့ရပြီး စီမံကိန်းအသစ်များ လုပ်ဆောင်ရန်အတွက် အခက်အခဲများ ရှိလာကြောင်း
လုပ်ငန်းရှင်များက ပြောသည်။

ထို့ပြင် ဆောက်လုပ်ခွင့် ပါမစ် မူဝါဒဆိုင်ရာများ မငြိမ်သက် ဖြစ်ခဲ့မှုများကလည်း ဆောက်လုပ်ရေး လုပ်ငန်း ထိခိုက်မှုတွင် များစွာပါဝင်ခဲ့သည်ဟု လုပ်ငန်းရှင်များက ဆိုသော်လည်း တာဝန်ရှိသူများက ၄င်းတို့ အနေဖြင့် ဆောက်လုပ်ခွင့်ပါမစ်များကို ပုံမှန်ခွင့်ပြုပေးလျက်ရှိကြောင်း ဦးသန်းဌေးက ပြောသည်။

''ကျွန်တော်တို့ဘက်က ပုံမှန်ပါမစ်တွေပေးနေတာပါပဲ။ ဒါပေမဲ့ လာလျှောက်တာကို နည်းသွားတာ။
လုပ်ငန်းရှင်တွေဘက်ကိုက ဆောက်တာတွေ နည်းသွားတာကြောင့်ပါ။ ကြိုပွိုင့်ဈေးကွက်တွေ ကလည်း ပျက်နေတယ်လေ''ဟု ၄င်းက ပြောသည်။


Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service