တိုကျိုအိုလံပစ်ပွဲတော်အားကစားသမားကျေးရွာနေရာကို ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီများသို့ ယန်းငွေ ၁၃ ဘီလီယံနီးပါးဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
967 Views

တိုကျိုအိုလံပစ်ပွဲတော်အားကစားသမားကျေးရွာနေရာကို ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီများသို့ ယန်းငွေ ၁၃ ဘီလီယံနီးပါးဖြင့် ရောင်းချ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော် ဟာရူမီကျွန်းတွင် ၂၀၂၀ တိုကျိုနွေရာသီအိုလံပစ်ပွဲတော် အားကစားကျေးရွာကိုတည်ဆောက်မည်ဖြစ်ရာ ယခုအခါ တည်ဆောက်မည့်မြေနေရာကို ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီအုပ်စုသို့ ဂျပန်ယန်းငွေ ၁၂ ဒသမ ၉၆ ဘီလီယံ (ကန်ဒေါ်လာ ၁၂၇ သန်း) ဖြင့် ရောင်းချပေးလိုက်ပြီဖြစ်ကြောင်း တိုကျိုအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ရောင်းချလိုက်သည့် တန်ဖိုးကို စတုရန်းတစ်မီတာ ကျသင့်ပမာဏကြည့်မည်ဆိုလျှင် တစ်စတုရန်းမီတာလျှင် ယန်းငွေ ၉၆၈၀၀ (တစ်စတုရန်းပေလျှင် ကန်ဒေါ်လာ ၈၈ ခန့် ) သာ ကျသင့်ရာ လက်ရှိဈေးကွက်ပေါက်ဈေးအောက် ၆ ပုံ ၁ ပုံခန့် သာရှိသည်။

မြေနေရာရောင်းချသည့်တန်ဖိုး နည်းပါးရခြင်း၏ အကြောင်းရင်းမှာ မြေအကျယ်အ၀န်း စတုရန်းမီတာ ၁၃၃၉၀၆ ရှိသော ယင်းနေရာကြီးတွင် အားကစားကျေးရွာဆောက်လုပ်ရန်အတွက် များစွာကုန်ကျဦးမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေများစွာ ကုန်ကျမည်ဖြစ်ခြင်းကြောင့် မြေတန်ဖိုးကို လျှော့ချပေးခဲ့ခြင်း ဖြစ်သည်။

လူနေအိမ်ခန်းများဆောက်လုပ်မှုအတွက် လက်ရှိအချိန်တွင် ပျှမ်းမျှကုန်ကျစရိတ်မှာ တစ်စတုရန်းမီတာလျှင် ယန်းငွေ ၃၀၀၀၀၀ ခန့် ဖြစ်သည်။

ဆောက်လုပ်မည့် ကြမ်းခင်းဧရိယာစုစုပေါင်း အကျယ်အ၀န်းမှာ စတုရန်းမီတာ ၆၉၀၀၀၀ ဖြစ်ပြီး အဆိုပါစီမံကိန်းကြီးတစ်ခုလုံးအတွက် ယန်းငွေ ၂၀၇ ဘီလီယံ (ကန်ဒေါ်လာ ၂ ဘီလီယံခန့်) ကုန်ကျဖွယ်ရာရှိသည်ဟု ခန့်မှန်းထားသည်။

အားကစားကျေးရွာကို ဆောက်လုပ်မည့် ကုမ္ပဏီများမှာ ဂျပန်၏ ထိပ်တန်းဆောက်လုပ်ရေးကုမ္ပဏီများဖြစ်သော မစ်ဆုအီ ဖူဒိုစံ၊ မစ်ဆုဘီရှီ ဂျီရှို၊ နိုမူရာ၊ ဆုမိတိုမိုနှင့် တိုကျူလန်းတို့ ဖြစ်ကြသည်။

ယင်းစီမံကိန်းတွင် ၁၄ ထပ်မှ ၁၈ ထပ်အမြင့်ရှိသော လူနေအဆောက်အအုံပေါင်း ၂၁ လုံး ပါဝင်မည်ဖြစ်သည်။

၁၄ ထပ်အဆောက်အအုံများတွင် ၂ လွှာမှ ၁၄ လွှာအထိ အခန်းများကို အားကစားသမားနှင့် အခြားဧည့်သည်တော်ပေါင်း ၁၇၀၀၀ ခန့် တည်းခိုရန် လျာထားထားသည်။

နွေရာသီအိုလံပစ်ပွဲတော်ပြီးဆုံးပါက ယင်းအဆောက်အအုံများရှိ လူနေခန်းများကို ဆောက်လုပ်သည့်ကုမ္ပဏီများက ရောင်းချခွင့်ရရှိမည် ဖြစ်သည်။

အားကစားသမားများသည် ယင်းအဆောက်အအုံများတွင် တစ်လတာခန့်သာ တည်းခိုနေထိုင်မည်ဖြစ်သော်လည်း လူနေပြီးသည်နှင့် ယင်းအခန်းများမှာ အိမ်ခန်းသစ်များမဟုတ်တော့ချေ။

ဂျပန်အိမ်ခြံမြေဥပဒေအရ လူနေအိမ်ခန်းသစ်တွင် တစ်ကြိမ်နေထိုင်ပြီးသည်နှင့် လူနေခန်းသစ်ဟု ဥပဒေအရ ခေါ်ဆိုခြင်း မပြုနိုင်တော့ချေ။

ထို့ကြောင့် ယင်းလူနေခန်းများကို ရောင်းချရန် ကြော်ညာမည်ဆိုပါက လူနေအိမ်ခန်းဟောင်းဟုသာ ကြေညာခွင့်ရမည်ဖြစ်သည့်အပြင် အိမ်ခန်းသစ်၏ ပေါက်ဈေးနှုန်းဖြင့်လည်း ရောင်းချနိုင်မည် မဟုတ်တော့ချေ။

အိုလံပစ်ပွဲတော်ပြီးဆုံးလျှင် အဆိုပါမြေနေရာ၌ အထပ် ၅၀ မြင့် လူနေအဆောက်အအုံ ၂ ခုလည်း ထပ်မံဆောက်လုပ် သွားမည်ဖြစ်သည်ဟု ဆိုသည်။

၂၀၂၄ ခုနှစ်သို့ရောက်လျှင် အဆိုပါ အဆောက်အအုံ ၂၃ လုံးမှ လူနေခန်းပေါင်း ၅၆၅၀ အရောင်းဈေးကွက်သို့ ၀င်ရောက်လာတော့မည် ဖြစ်သည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တိုကျိုအိုလံပစ်ပွဲတော်အားကစားသမားကျေးရွာနေရာကို ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီများသို့ ယန်းငွေ ၁၃ ဘီလီယံနီးပါးဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
တိုကျိုအိုလံပစ်ပွဲတော်အားကစားသမားကျေးရွာနေရာကို ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီများသို့ ယန်းငွေ ၁၃ ဘီလီယံနီးပါးဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ

Upcoming Property Events

From 11 Oct To 12 Oct

Jade Palace Condo

From 11 Oct To 12 Oct

Shwe Moe Kaung

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service