ရင်းနှီးမြုပ်နှံမှုမှာ စတော့ရှယ်ယာကို အသာရနေဦးမယ့် အိမ်ခြံမြေ - Property News in Myanmar from iMyanmarHouse.com
2178 Views

ရင်းနှီးမြုပ်နှံမှုမှာ စတော့ရှယ်ယာကို အသာရနေဦးမယ့် အိမ်ခြံမြေ

Land and Population သည် မည်သည့်အခါမျှ တိုက်ရိုက်အချိုးမကျပေ။နိုင်ငံတစ်ခု ထူထောင်ရာတွင် မြေရှိရန်လိုသည် ။နေထိုင်ရန် လူရှိရန် လိုအပ်သည်။ ယင်းအချက်သည် ပဓာန အချက်ဖြစ်သည်။ သို့သော် နိုင်ငံ၊တိုင်းပြည်တစ်ခု အတွက် နယ်နမိတ်သတ်မှတ်ပြီးသည့်အခါ လူဦးရေသည် ထပ်မံမွေးဖွားမှုနှုန်းအရ စဉ်ဆက်မပြတ် တိုးပွားလျက်ရှိသော ကိန်းရှင်တစ်ခုဖြစ်ပြီး မြေဧရိယာမှာမူ ထပ်မံတိုးပွားလာမည်မဟုတ်သည့် ကိန်းသေတစ်ခုဖြစ်သည်။

စီးပွားရေး၏နိယာမ Economic Theory အရ ရောင်းလိုအားနှင့် ဝယ်လိုအား၊ တစ်နည်းဆိုရသော် Demand and Supply သည် ဆန့်ကျင်ဘက် အရွေ့နှုန်းဖြင့် ဒွန်တွဲလျက်ရှိသည်။ဝယ်လိုအားများလေလေ ရောင်းသူ ဈေးတန်ဖိုးတက်လေဖြစ်ကာ၊ရောင်းလိုအား များလေ ဝယ်သူတန်ဖိုးတက်လေဖြစ်သည်။ယင်း သီအိုရီအတိုင်းပင် ထူထပ်များပြားလာသော လူဦးရေတိုးပွားမှုအပေါ် မြေဧရိယာမှာ လိုက်လံ ဖြည့်ဆည်းပေးနိုင်စွမ်းမရှိသော အခါ မြေဈေး ကြီးမြင့်လာခဲ့သည်။သို့သော် ထိုက်တန်သော ကြီးမြင့်မှုများကို ဆိုလိုခြင်းဖြစ်သည်။ဖြစ်သင့် ဖြစ်ထိုက်သော ပမာဏထက် ကျော်လွန်နေမှုများကို မဆိုလိုပေ ။မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရစ အချိန်ကာလ တွင် မြေဧရိယာများသည် ပေါကြွယ်ဝနေခဲ့သည်။ ယင်းအချိန်ကာလ အတွင်းက တပ်သိမ်း၊ခရိုနီသိမ်း များလည်းမရှိခဲ့ပေ။ သို့သော် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ အကျော်တွင် မြန်မာ့မြေသည် တန်ဖိုးနှုန်းထား လွန်မင်းစွာ မြင့်တက်လာခဲ့သည်။သင်္ဃန်းကျွန်း မြို့နယ် ဆင်ခြေဖုံး ဧရိယာများမှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကာလအတွင်း၌ ပေ လေးဆယ် ပေ ခြောက်ဆယ် မြေတစ်ကွက်လျှင် ကျပ် ငါးသောင်းမှ ခုနစ်သောင်းအထိ သာဈေးနှုန်းရှိခဲ့ဖူးသည်။ယခု အချိန်တွင် သိန်း တစ်ရာမှ သုံးရာအထိ အရောင်းအဝယ်ဈေးဖြစ် ထွန်းလာသည်။ အဆပေါင်းသုံးရာနီးပါး ဈေးနှုန်းကြီးမြင့်သွားခဲ့ခြင်းဖြစ်သည်။ယင်းအချက်ကို ရင်းနှီးမြုပ်နှံလိုသူများ၊ငွေရှင်များ အပြင် ငွေကြေးခဝါချလိုသူများက စဉ်ဆက် မပြတ်စောင့်ကြည့်လေ့လာ မြုပ်နှံရင်းနှီးခဲ့ကြသည်။ ထိုအရာသည် နှစ်ပေါင်းကြာရှည်စွာ ဖြစ်ထွန်းနေခဲ့သော ဈေးကွက်ဖြစ်သည်။

စတော့ရှယ်ယာဈေးကွက်
မြန်မာနိုင်ငံတွင် စတော့ရှယ်ယာဈေးကွက်ပေါ် ထွန်းလာခဲ့သည်မှာ လပိုင်းမျှသာရှိသေးသည်။တိတိပပ ဆိုရပါမူ ၂၀၁၆ မတ်လ ၂၅ ရက်နေ့တွင်မှ ရန်ကုန်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ဈေးကွက်စတင်ဖွင့်လှစ်ချိန်တွင် FMI ကုမ္ပဏီမှ အစုရှယ်ယာတစ်စုလျှင် ၃၁၀၀၀ ကျပ်ဖြင့်ဈေးဖွင့်ခဲ့သည်။ အရောင်းအဝယ်ဖြစ်မှုနှင့် ကုမ္ပဏီ၏ တန်ဖိုးအရ ရှယ်ယာဈေးနှုန်းမြင့်တက် လာခဲ့ပြီး ဈေးကွက် စတင်ပြီး နှစ်ရက်အကြာတွင် ၃၆၀၀၀၊သုံးရက်အကြာတွင် ၄၁၀၀၀ အထိဖြစ်လာခဲ့သော်လည်း လပိုင်းခန့်အချိန်ကြာ လာချိန်တွင် မူရင်းဈေးနှုန်းနီးပါး ပြန်လည် ကျဆင်းသွား ခဲ့သည်။ ထို့နောက် သီလဝါအထူးစီးပွားရေးဇုန်မှ အစုရှယ်ယာများအား ဧပြီလ ၂၉ ရက်နေ့တွင် စတင်ရောင်း ချပေးခဲ့သည် ။မြန်မာနိုင်ငံတွင် အစုရှယ်ယာလုပ်ငန်း စတော့ရှယ်ယာ လုပ်ငန်းစတင်လည်ပတ်ချိန် တွင် ငွေချေးသက်သေခံကြီးကြပ်ရေးကော်မတီမှ ခွင့်ပြုခဲ့သော ခြောက်ခုသာခွင့်ပြုထားခဲ့သည်။ယင်း ကုမ္ပဏီခြောက်ခု မှာ FMIကုမ္ပဏီ၊ MAPCO ၊ ပထမ ပုဂ္ဂလိကဘဏ်၊ မြန်မာ့သီလဝါအထူးစီးပွားရေးဇုန် Holding အများပိုင်ကုမ္ပဏီ၊မြန်မာနိုင်ငံသားများဘဏ်၊Great Horkham ကုမ္ပဏီတို့ဖြစ်ကြသည်။သို့သော် လက်ရှိကာလအထိ စတော့ရှယ်ယာရောင်းချမည့် ကုမ္ပဏီများ အလှည့်ကျစနစ်မကုန်ဆုံးသေး သဖြင့်စောင့် ကြည့်လေ့ လာ ရန် အချိန်ယူရဦးမည် ဖြစ်သည်။ ထို့ပြင် မြန်မာလူမျိုးများအနေဖြင့်လည်း စတော့ရှယ်ယာလုပ်ငန်း၊အကျိုးအမြတ်များနှင့် ရင်းနီးကျွမ်းဝင်မှုမရှိသေးပေ။

အိမ်ခြံမြေ ရင်းနှီးမြုပ်နှံသည် ယင်းကဲ့သို့မ ဟုတ်ကြောင်း ဖြစ်ပေါ် ခဲ့သော ဈေးကွက်အခြေအနေများက သက်သေခံလျက်ရှိသည်။ စီမံကိန်းမြေနေရာများ တွင် ဈေးကွက်ငြိမ်လုနီးကာလအတွင်း ဝယ်ယူသူများသာ အခက်တွေ့ခဲ့ကြခြင်းဖြစ်သည်။ပုံမှန်အခြေအနေတွင် ရင်းနှီးမြုပ်နှံခဲ့သော ရင်းနှီးမုပ်နှံသူများမှာ ကြာရှည်မြုပ်နှံနိုင်လေ အကျိုးအမြတ်ကောင်းရလေဖြစ်သည်။

စတော့ရှယ်ယာပေါ်လာတာကြောင့် ရင်းနှီးမြုပ်နှံစရာ နောက်ထပ်တစ်နေရာတိုးတယ်ပေါ့။ ဒါပေမယ့် ရင်းနှီးမြုပ်နှံလိုသူကရွေးချယ်ရတာပေါ့ ။ရွေးချယ်တယ်ဆိုတဲ့နေရာမှာလည်း လူတွေက ကိုယ်နဲ့အသားကျနေ ပြီးသားအရာကို ဦးစားပေးစဉ်း စားကြတာပေါ့။ ဥပမာ -စတော့ရှယ်ယာမှာ ရင်းနှီးမြုပ်နှံမယ်ဆိုရင် ဒါနဲ့ပတ်သက်တာကို သေသေ ချာချာ စေ့ငုလေ့လာမိဖို့လိုတယ်လေ။ ဒါမှဘဲ အရှုံးအမြတ် အကျိုးရလာဒ်ကိုတွက်လို့ရမှာ။ဒါပေမယ့် ခက်တာကကျွန်တော်တို့ဆီက လူတွေက စတော့ရှယ်ယာနဲ့ စိမ်းလွန်းနေသေးတယ်။ ဒါကြောင့် ငွေများများ ရင်းနှီးမြုပ်နှံလို့ရတယ် ဆိုတာခြင်းတူရင်တောင် အမြတ်သေချာသလောာက် ရှိတဲ့ အိမ် ခြံ မြေ မှာဘဲရင်းနှီးမြုပ်နှံကြမှာဘဲ။ ဒါကြောင့် ဈေးကွက်အသာ ရမှုမှာတော့ အိမ် ခြံ မြေ က အပေါ်စီးမှာဘဲရှိနေမှာပါ။""ဟု ရန်ကုန်တိုင်း အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကသုံးသပ်ပြောပြသည်။

အမှန်တကယ်တွင်လည်း လက်ရှိကာလအနေအထားနှင့် စတော့ဈေးကွက် တန်ဖိုးအတက်အကျ သည် မြန်ဆန်နေကြောင်း ပထမ ရောင်းချခဲ့သော FMI ကုမ္ပဏီ၏ စတော့ဈေးကွက်က သက်သေခံလျက်ရှိသည်။ လက်ရှိတွင် အစိုးရသစ်အနေဖြင့်လည်း အိမ်ခြံမြေ နှုန်းထားများ တည်ငြိမ်ကောင်း မွန်ရေးနှင့် ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းနိုင်ရန် ဝင်ငွေခွန်နှင့် ပြန်လည်ကြပ်မတ်နိုင်ရန်ကြိုးပမ်းနေကြောင်းလည်းသိရသည်။ ထို့ကြောင့် ဈေးကွက်နှင့် အသားကျနေသော မြန်မာလူမျိုးများသည် ဈေးကွက်ရွေးချယ်ရာတွင် အိမ် ခြံ မြေ ကိုသာ ဦးစားပေးရွေးချယ်မည်ဟု ယူဆရခြင်း၊ အကျိုးအမြတ်သေချာမှုတွင် အိမ် ခြံ မြေ မှာ နှစ်ကာလရှည်သည်နှင့်အမျှတန်ဖိုးတက်နိုင်ခြင်းအစရှသည်တို့ကြောင့် ဈေးကွက်တွင် စတော့ရှယ်ယာအား အိမ် ခြံမြေ ဈေးကွက်က အသာစီးရနေဦးမည် ဟုယူဆမိကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

မင်းဝသန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service