စည်းလုံးခြင်းခွန်အားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် - Property News in Myanmar from iMyanmarHouse.com
1466 Views

စည်းလုံးခြင်းခွန်အားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်

ဆုကြေညာခြင်းမပြုမီကတည်းက အလွန်ပဲစိတ်လှုပ်ရှားနေမိသည်။ နိုင် ငံပေါင်း ၂၉ နိုင်ငံက ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်သည့်အတွက် မိမိတို့နိုင်ငံ ကိုယ်စားပြုအဖြစ် မိမိတို့ ကျေးရွာမှ ဒီဆုကိုရ ရှိနိုင်မည်ဟု မျှော်လင့် ထားခြင်းမရှိပေ။ သို့သော်လည်း ဆုရရှိသည့်နိုင်ငံအား ကြေညာ လိုက်စဉ်
တွင် အတိုင်းမသိ ပျော်ရွှင်ဂုဏ်ယူမိသည်။

ကိုရီးယားနိုင်ငံ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးဝန်ကြီး ဌာနနှင့် သမဝါယမ ဝန်ကြီးဌာနတို့ပူးပေါင်း၍ သမဝါယမ တက္ကသိုလ်(သန်လျင်) အနီးကပ် ကြီးကြပ်မှုဖြင့် ကျေးရွာ သစ်လှုပ်ရှားမှုစီမံကိန်းကို ၂ဝ၁၂ ခုနှစ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရန်ကုန် တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ သနပ်ပင်ကျေးရွာ သည် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အာရှတွင် ဆေးမား အူးလ်စီမံကိန်း အကောင်အထည်ဖော်နိုင်မှုဆု၊ ကိုရီးယား နိုင်ငံ Ministry of Interior က ပေးအပ်သည့် ''Outstanding Saemaul Village Award for Asia in 2014'' ဆုကို ရရှိခဲ့သည့် သနပ်ပင်ကျေးရွာသစ် လှုပ်ရှားမှုခေါင်းဆောင် ဦးစန်းကိုက ဆုရရှိစဉ်က ၎င်း၏ခံစားချက်ကို ပြောပြသည်။

ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းအောင်မြင်မှုနှင့် ပတ်သက်၍ ကျေးရွာသစ် လှုပ်ရှားမှု ခေါင်းဆောင် ဦးစန်းကိုက ''ကျွန်တော်တို့ သနပ်ပင်ကျေးရွာ ဟာ ကျေးရွာလှုပ်ရှားမှုစီမံကိန်းကြောင့် အရင်တုန်းကထက် တိုးတက်မှုတွေ အများကြီးရှိလာပါတယ်။ အရင်က တတ်နိုင်တဲ့သူတွေသာ နေအိမ်ကို သွပ်မိုးနိုင်ကြရာကနေ ကျေးရွာသစ်လှုပ်ရှားမှုစတင်တော့ တစ်ရွာလုံးနီးပါး သွပ်မိုးပေးနိုင်ခဲ့ပါပြီ။ ပေ ၁၂ဝ ကျယ်တဲ့ချောင်းမှာ တံတား လေးပျက် စီးနေတာကြာပါပြီ။ တံတားဆောက်လိုက်တဲ့ အတွက် ဟိုဘက်ကမ်းမှာရှိ တဲ့ တောင်သူတွေလည်း လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့အတွက် လယ်ယာ စက်ပစ္စည်းတွေကို သယ်ဆောင်မောင်းနှင်ဖို့ လွယ်ကူ လာကြပါတယ်။ အဲဒီလို သယ်ယူပို့ဆောင်ရေး အဆင်ပြေ လာတဲ့အတွက် ရွာရဲ့ဝင်ငွေဟာလည်း တိုးတက်လာ တယ်။ အဲဒီအကျိုးသက်ရောက် မှုကြောင့် ကျေးရွာသူ၊ ကျေးရွာသားလည်း ပျော်ရွှင်နေရတာဖြစ်ပါတယ်။ ရွာရဲ့ တိုးတက်ပြောင်းလဲမှုတွေ အများကြီးရှိလာတာဟာ ရည်ရွယ် ချက်ကောင်းတွေနဲ့ ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်သမ္မတကြီးရယ်၊ ကိုရီးယားသမ္မတနိုင်ငံက သမ္မတကြီးကိုပါ အထူးကျေးဇူးတင်ပါ တယ်။ နောက်ပြီး သမဝါယမဝန်ကြီးဌာနနှင့် အနီးကပ်လမ်းညွှန် မှုတွေ ပြုပေးကြတဲ့ သမဝါယမတက္ကသိုလ်(သန်လျင်)က ဆရာ ဆရာမကြီး များကို ကျေးဇူးတင်ပါတယ်'' ဟု ပြောသည်။

ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းတွင် Project Coor-dinator တစ်ယောက်ဖြစ်သည့် သမဝါယမ တက္ကသိုလ် (သန်လျင်)မှ တွဲဖက် ပါမောက္ခ ဒေါ်လဲ့မွန်သိန်းက ''ဒီစီမံကိန်းရဲ့အဓိကရည်ရွယ်ချက် ကတော့ ကျေးရွာ တွေ ဖွံ့ဖြိုးဖို့အတွက် ကိုယ်ဘာသာရပ်တည်ပြီးတော့ ချမ်းသာတဲ့ ကျေးရွာတွေဖြစ်လာအောင် ကိုယ့်အား ကိုယ်ကိုး ကျေး ရွာတွေဖြစ်လာဖို့အတွက် အဓိကထားလုပ်ကိုင်ဆောင်ရွက်ပေးတာဖြစ် ပါတယ်။ ဒီကျေးရွာသစ် စီမံကိန်းလှုပ်ရှားမှု ပြုလုပ်တဲ့အခါမှာ ရွာသူ ရွာသားတွေ ရဲ့ စည်းလုံးညီညွတ်မှု၊ ကိုယ့်အားကိုယ်ကိုးမှု၊ လုံ့လ ဝီရိယရှိမှု စတဲ့အချက်တွေပေါ်မှာ အခြေခံပြီးတော့ သူတို့ရဲ့ စိတ်ဓာတ်တွေ ကို ပြုပြင်ပြောင်းလဲရေးလုပ်တာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွေ ဟာ ငွေကြေးထောက်ပံ့ တယ်ဆိုတာထက် ကျေးရွာသူ ကျေးရွာသားတွေရဲ့ စိတ်ဓာတ်ရေးရာအပေါ်မှာ အဓိကထားပြီး ဆောင်ရွက် တဲ့အလုပ် ဖြစ်ပါ တယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ ဆရာမတို့ဝန်ကြီးဌာနပိုင်းအနေနဲ့ သူတို့ကို ညွှန်ကြားမှု ပေးပြီးတော့ သူတို့လိုအပ်တာကို ထောက်ပံ့ပေး တယ်။ ကျေးရွာတွေ အောင်မြင်တိုးတက်အောင်လုပ်ဖို့က ကျေးရွာခေါင်းဆောင်နဲ့ ရွာသူ ရွာသားတွေက အကောင် အထည်ဖော်ရမယ့်သူတွေ ဖြစ် ပါတယ်''ဟု ပြောပြသည်။

ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းတွင် အဆင့်သုံးဆင့် သတ်မှတ်ဆောင် ရွက်ပြီး ပထမအဆင့်အနေဖြင့် ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂ဝ၁၂-၂ဝ၁၃ ခုနှစ် တွင် သနပ်ပင်ကျေးရွာ၌ လမ်း၊ တံတားများ တည်ဆောက် ခြင်း၊ ရေတွင်းများတူးဖော်ခြင်း၊ ဓနိမိုးနေအိမ်များအား သွပ်မိုးခြင်းများကို ပြုလုပ်ပေးခဲ့ကြောင်း၊ ဒုတိယအဆင့် အနေဖြင့် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ဝင်ငွေတိုးလုပ်ငန်း များကို စတင်ဆောင် ရွက်ပေးခဲ့ကြောင်း၊ ကျေးရွာဝင်ငွေ တိုးတက်ရေးအတွက် စိုက်ပျိုးရေး ၊ မွေးမြူရေး လုပ်ငန်း များကို လုပ်ကိုင်စေခဲ့ကြောင်း၊ ၂ဝ၁၅ ခုနှစ်တွင် အဓိက ဦးတည်ချက်ထား၍ အသေးစားချေးငွေလုပ်ငန်းကို လုပ်ကိုင်ခဲ့သည့်အတွက်ကြောင့် ဝင်ငွေတိုးအဆင့်ကို ရောက်ရှိ ပြီး ကျေးရွာ အတွင်း ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ ဝင်ငွေတိုးလုပ်ငန်းများကို ပါ အောင် မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ သည့် အတွက် အာရှနိုင်ငံများထဲမှ မြန်မာနိုင်ငံကိုယ်စားပြု ထူးချွန်စံပြကျေးရွာဆု ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ကျေးရွာသစ်စီမံကိန်း စတင်ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ သမဝါယမ ဝန်ကြီးဌာန သမဝါယမဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ''သမဝါယမဝန်ကြီး ဌာနကနေ ကိုရီးယားသမ္မတနိုင်ငံMoU လက်မှတ် ရေး ထိုးပြီး ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလကတည်း က ကျေးရွာသစ် စီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကိုရီးယား ပညာရှင် တွေ ပူးပေါင်းပြီးတော့ ပထမဆုံး ရှေ့ပြေးစမ်းသပ်ချက် အနေနဲ့ ကျေးရွာ ၁ဝ ရွာကို ကွင်းဆင်းလေ့လာခဲ့ကြတယ်။ ကိုရီးယားက ပညာရှင်တွေ ကွင်းဆင်းလေ့လာပြီးတဲ့အခါ မှာ ရန်ကုန်တိုင်းဒေသကြီးမှာ ရှိတဲ့ ကျေးရွာနှစ်ရွာဖြစ်တဲ့ လှည်းကူးမြို့နယ်က ဖောင်ကြီးအရှေ့ကျေးရွာနဲ့ သန်လျင် မြို့နယ်က သနပ်ပင်ကျေးရွာတို့ကို ကိုရီးယားနိုင်ငံမှာ လုပ်ဆောင်နေတဲ့ အတိုင်း ကျေးရွာသစ်စီမံကိန်းနဲ့ ကိုက်ညီတဲ့ အတွက်ကြောင့် အကြမ်းဖျင်းရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

''စပြီးရွေးချယ်တာကတော့ ကိုရီးယားမှာလုပ်တဲ့ ကျေးရွာသစ် စီမံကိန်း လုပ်ထုံးလုပ်နည်းအတိုင်း ပြုလုပ် တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးမှာ အဓိကကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ တခြားသော ဌာနဆိုင်ရာ တွေ ညှိနှိုင်းပြီး ကျေးရွာ ၁ဝ ရွာကို တင်ပြခဲ့ပါတယ်။ အဲဒီကျေးရွာ ၁ဝ ရွာကို ကိုရီးယားပညာရှင်တွေ ကွင်း ဆင်းပြီးတော့မှ သနပ်ပင်ကျေးရွာ နဲ့ ဖောင်ကြီးအရှေ့ရွာ ဒီနှစ်ရွာကတော့ လမ်းပန်းဆက်သွယ်ရေးလည်း အဆင်ပြေတဲ့အတွက် ကျေးရွာသစ်စီမံကိန်းစမယ်ဆိုပြီး ကိုရီးယား ပညာရှင်တွေက ရွေးချယ်ခဲ့တာဖြစ်ပါတယ်'' ဟု ပြောပြသည်။

ကိုရီးယားနိုင်ငံတွင် ကျေးရွာသစ်စီမံကိန်းဆောင် ရွက်မှုများကို လေ့လာနိုင် ရန် အတွက် ရွေးချယ်ထား သည့် ကျေးရွာနှစ်ရွာမှ တစ်ရွာလျှင် ခြောက် ဦးနှုန်းနှင့် သမဝါယမဝန်ကြီးဌာနမှ သုံးဦးအပါအဝင် စုစုပေါင်း ၁၅ ဦးကို ၂ဝ၁၂ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လတွင် ကျေးရွာသစ်စီမံကိန်း လှုပ်ရှားမှုနှင့် ပတ်သက်ပြီး ကိုရီးယားနိုင်ငံသို့ သွားရောက်လေ့လာ ခဲ့ကြောင်း သိရ သည်။

သမဝါယမဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံ ပြည်သူ့ ရေးရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနတို့ MoU ရေးထိုးပြီး ကျေးရွာသစ်လှုပ်ရှား မှု ရှေ့ပြေးစီမံကိန်းကို ၂ဝ၁၂ ခုနှစ် စက်တင်ဘာလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း၊ ကျေးရွာတစ်ရွာလျှင် ဒေါ်လာ ၂၂၅ဝဝ နှုန်းဖြင့် ကျေးရွာနှစ်ရွာ အတွက် ဒေါ်လာ ၄၅ဝဝဝ ကို ကျေးရွာနှစ်ရွာအတွက် ကိုရီးယားနိုင် ငံ ဆေးမားအူးလ် စီမံကိန်းက ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကြောင့် ကျေးရွာ နေပြည်သူများရရှိလာသည့် အကျိုးကျေးဇူးနှင့် ပတ်သက် ၍ ''ကျေးရွာသစ်လှုပ်ရှားမှု ပြုလုပ်တဲ့ အတွက်ကြောင့် ကျေးရွာရှိသူတွေ တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်း ကူညီမှုရှိပြီးတော့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ရှိလာပါတယ်။ သူတို့ရဲ့ စုပေါင်းဆောင်ရွက်မှု၊ စိတ်ပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်လိုတဲ့ စိတ်တွေရှိလာကြပါတယ်။ နောက် တစ်ခုကတော့ ဒီလိုစီမံကိန်း လုပ်ပေးတဲ့အတွက်ကြောင့် ဒေသမှာ လမ်း၊ တံတားတွေနဲ့ လမ်းပန်း ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာပါတယ်''ဟု ဦးမျိုးအောင်က ပြော သည်။

ကိုရီးယားနိုင်ငံ Ministry of Interior မှ ပေးအပ် သည့်ဆုကို နှစ်စဉ် ကိုရီးယားနိုင်ငံတွင် ပြုလုပ်သည့် Global forumတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဖောင်ကြီးအရှေ့ကျေးရွာနှင့် သနပ်ပင်ကျေးရွာများ ၏ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းဆောင်ရွက်ချက်များကို တင်ပြခဲ့ကြောင်း တင်ပြသည့်ကျေးရွာနှစ်ရွာထဲမှ ကိုရီး ယားနိုင်ငံ၏ စံနှုန်းသတ်မှတ်ချက်နှင့် ကိုက်ညီသည့် သနပ်ပင်ကျေးရွာကို ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

၎င်းက ဆက်လက်ပြီး ''ဖောင်ကြီးအရှေ့ရွာကလည်း ကြိုးစားပါတယ်။ ဒါပေမယ့် အမှတ်တွေကိုတော့ ကျွန်တော်တို့ တင်ပြလိုက်တဲ့အစီရင်ခံစာကို ကြည့်ပြီး ကိုရီးယားပညာရှင်တွေက အကဲဖြတ်တယ်။ အကဲဖြတ် တဲ့အပေါ်မှာ သနပ်ပင်ကျေးရွာက ပိုပြီးတော့ စည်းလုံး ညီညွတ်မှု ရှိတယ်ဆိုပြီး သတ်မှတ်တဲ့အနေအထားနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ mindset ကြောင့် သနပ်ပင် ကျေးရွာက ဖောင်ကြီးအရှေ့ကျေးရွာထက် အမှတ် စည်းမျဉ်းမှာ သာသွားလို့ ဆုရရှိတာပါ'' ဟုပြောသည်။

သနပ်ပင်ကျေးရွာသည် ယခင်က မြန်မာနိုင်ငံရှိ ကျေးရွာများ၏ သဘောသဘာဝအရ သမားရိုးကျ စိုက်ပျိုးရေးကိုအခြေခံ၍ လုပ်ကိုင် စားသောက်ကြကြောင်း၊ သို့သော်လည်း ကိုရီးယားနိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် ကျေးရွာသစ်လှုပ်ရှားမှု ဆောင်ရွက်ရာတွင် မိမိတို့၏ လုပ်ငန်းများ အပြင် ကျေးရွာနှင့်သက်ဆိုင်သည့် စုပေါင်း ဆောင်ရွက်ရမည့် အခန်းကဏ္ဍ များတွင် ရွာသူရွာသား များက တတ်နိုင်သည့်လုပ်အား၊ အင်အားများဖြင့် ပူးပေါင်းဆောင်ရွက်ကြကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင် လည်း ကျေးရွာခေါင်းဆောင်များနှင့် စည်းလုံး ညီညွတ်စွာ ပူးပေါင်းဆောင် ရွက်ကြသည့်အတွက်ကြောင့် ယခင်နှင့်စာလျှင် ရပ်ရွာအတွင်း၌ စိတ်ပိုင်း ဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးတိုးတက်လာကြောင်း ဦးမျိုးအောင် က ပြောသည်။

သမဝါယမဝန်ကြီးဌာနအနေဖြင့် ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးမှ ကျေးရွာ နှစ်ရွာအပြင် အခြားတိုင်းဒေသကြီး ပြည် နယ်များရှိ ကျေးရွာများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီ တွင် ကျေးရွာသစ်ရှေ့ပြေးစီမံကိန်းအဖြစ် နှစ်ရွာစီပြုလုပ် ရန် ကိုရီးယားနိုင် ငံမှ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးဝန်ကြီး ဌာနမှ ယခုပြုလုပ်ခဲ့သော ကျေး ရွာနှစ်ရွာ၏ တိုးတက် အောင်မြင်မှုကိုအခြေခံ၍ မိမိတို့၏ရုံးချုပ်ကို တင်ပြ ကာ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ စံနှုန်းသတ်မှတ်ချက်နှင့် ကိုက်ညီသည့် နေရာဒေသများကို ကွင်းဆင်း တိုင်းတာမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ကျေးရွာသစ်စီမံကိန်းများကို သမဝါယမဝန်ကြီး ဌာနအနေဖြင့် ယခင်ကပြုလုပ်ခဲ့သည့် ကျေးရွာများ၏ အတွ့အကြုံအပေါ်မူတည်ပြီး လိုအပ်သည်များကို ဖြည့်ဆည်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ လူမှုဘဝမြှင့်တင်ရေးကို ထိထိရောက် ရောက်ဆောင် ရွက်နေသည့်အလျောက် တစ်ဖက် တစ်လမ်းကလည်း ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းကို ကိုရီးယားနိုင်ငံ ဆေးမားအူးလ်အမ်းဒုန်း၏ အစီအစဉ် ဖြင့် ဆောင်ရွက်သည့်နေရာတွင် တတ်စွမ်းသရွေ့ ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

''ဦးလေးကတော့ ဒီရွာမှာအဘက်ဘက်က အကူအညီတွေရပြီး တိုးတက်မှုတွေ ရှိလာတဲ့အတွက် ဆက်လက်ပြီးတော့ တိုးတက်အောင် ရှေ့ ဆက်ပြီး တတ်နိုင်သလောက် ကျေးရွာကိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် သွားမှာပါ။ ဦးလေးက အသက်အရွယ်ရလာ ပြီဖြစ်တဲ့အတွက် နောင်လက် တွဲပြီး လုပ်ဆောင်မယ့် လူငယ်တွေကိုလည်း ရွေးချယ်နေ တယ်။ ကျေးရွာ ဖွံ့ဖြိုး တိုးတက်ဖို့ ဆောင်ရွက်ကြရတဲ့ လုပ်ငန်းတွေဖြစ်တဲ့ အတွက် အကောင်းဆုံးလုပ်ငန်းတွေဖြစ်ပါတယ်။ ဦးလေး တို့ရွာမှာ အရင်တုန်းက ဒီလိုမလုပ်ဆောင်ခဲ့တဲ့အတွက် ဆင်းရဲခဲ့တာဖြစ်ပါတယ်။ ဦးလေးတို့ ဦးဆောင်နိုင်တဲ့ ကာလမှာ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ်လို့ ရည်မှန်းထားပါတယ်''ဟု ကောင်းမွန်မြင့်မြတ်သည့် စိတ် ထားဖြင့် ကျေး ရွာခေါင်းဆောင် ပီသသည့် ဦးစန်းကို က သူ၏ရည်မှန်းချက်ကို ပြောပြသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service