ဆောက်လုပ်ရေးအသင်းပိုင် မြေနေရာတွင် အဆောက်အအုံများ ဆောက်ရန် ပြည်ပလုပ်ငန်းရှင်များ ကမ်းလှမ်းမှုများ ရှိလာ - Property News in Myanmar from iMyanmarHouse.com
1374 Views

ဆောက်လုပ်ရေးအသင်းပိုင် မြေနေရာတွင် အဆောက်အအုံများ ဆောက်ရန် ပြည်ပလုပ်ငန်းရှင်များ ကမ်းလှမ်းမှုများ ရှိလာ

သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းနှင့် သံသုမာလမ်း ထောင့်ရှိ အကျယ်အ၀န်း ၂ ဧက ကျော်ကျယ်ဝန်း သည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းပိုင် မြေနေရာပေါ်တွင် အထပ်မြင့်အဆောက် အအုံများ၊ ဈေးဝယ်စင်တာများ
ပါဝင်သည့် Mix use complex အဆောက်အအုံများ ဆောက်လုပ်ရန် ပြည်ပလုပ်ငန်း
ရှင်များက ကမ်းလှမ်းမှုများ ရှိလာကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။

"ဒီမြေနေရာကို development လုပ်ချင်တဲ့ သူတွေက လာပြီးကမ်းလှမ်းတာတွေ ရှိနေပါတယ်။ သူတို့ပေးမယ့် အကျိုးအမြတ်ကတော့ ဒေါ်လာသန်း ၃၀ ကို ငွေသားအဖြစ် အလိုက်ပေးမယ့်အပြင် ထွတ်လာမယ့် အခန်းတွေရဲ့ ၃၀ ရာခိုင်နှုန်းကိုလည်း အချိုးကျ ရမှာဖြစ်ပါတယ်။ အသင်းပိုင်မြေ ဖြစ်တဲ့အတွက်ကြောင့်လည်း အသင်းသားစုံညီ အစည်းအဝေးခေါ်ယူပြီး အတည်ပြုပြီးမှသာ တည်ဆောက်ရေးလုပ်ငန်းတွေကို
လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

နိုဝင်ဘာ ၂၈ ရက်တွင် မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ အသင်းသားစုံညီ အထူးအစည်းအဝေးပွဲတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းမြေနေရာကို
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းက ၁၉၉၆ ခုနှစ်ကစ၍ ရရှိခဲ့ခြင်းဖြစ်သည်။ ၁၉၉၈ ခုနှစ်ကစ၍ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ခြံစည်းရိုးကာရံခြင်းများ လုပ်ဆောင်ပြီး အသင်း၏ လုပ်ငန်းများကို ယင်းနေရာတွင် စတင်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများ တိုးတက်လာစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင် စုစုပေါင်း ၃,၀၀၀ ကျော်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ပါ ရုံးခွဲများဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေဆဲဖြစ်သည်။ သာကေတ၊ သင်္ဃန်းကျွန်း၊ တာမွေမြို့နယ် တို့အနီး သွားလာရေး လွယ်ကူ အဆင်ပြေစေသည့် ယင်းအသင်းပိုင်မြေနေရာကို ၁၉၉၆ ခုနှစ်ကစတင်၍ နိုင်ငံတော်က မြေနေရာချထားပေးခဲ့ပြီး အဆောက်အအုံများ ဆောက်လုပ်ခဲ့ပြီးဖြစ်သည်။ ကြားကာလအတွင်း အစိုးရအဆက်ဆက် ပြောင်းလဲသွားခဲ့သော်လည်း ပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထားများဖြစ်သည့် မြေချပါမစ်၊ စလစ်၊ မြေငှားစာချုပ်များ မရှိသေးသည့်အတွက် တရားဝင် အထောက်အထားတစ်ခုဖြစ်သည့် မြေငှားစာချုပ်ဂရန် ရရှိနိုင်ရန် ပြန်လည် ကြိုးစားလုပ်ဆောင်ခဲ့ရကြောင်း ဦးသာဌေးက ပြောသည်။

မကြာသေးမီက ယင်းမြေနေရာအတွက် မြေဂရန် ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ တရုတ်၊ ကိုရီးယားနှင့် ဂျပန်လုပ်ငန်းရှင်များက ယင်းမြေနေရာပေါ်တွင် ဖွံ့ဖြိုးရေးစီမံကိန်းများ ပြုလုပ်ရန် အဆိုပြုတင်ပြလာခြင်းဖြစ်ပြီး စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂၀၀ အထိ တန်ကြေးရှိသည့်အပြင် အသင်းသားများ၏ သဘောတူညီချက်ဖြင့် ယင်းစီမံကိန်းကို ဆောက်လုပ်ခွင့်ပြုမည် ဆိုပါကလည်း ကနဦး နှစ် ၅၀၊ ထပ်တိုး ၁၀ နှစ်၊ နှစ်ကြိမ် စုစုပေါင်း နှစ်ပေါင်း ၇၀
သဘောတူစာချုပ်ဖြင့် မြေငှားရမ်းပေးသွားမည် ဖြစ်သည်။

Build Operate Tranfer (BOT ) စနစ်ဖြင့် အကျိုးတူ လုပ်ကိုင်မည်ဖြစ်ပြီး အသင်း၏ ရေရှည်အကျိုးစီးပွားအတွက် အသင့်တော်ဆုံး အဖွဲ့ဖြင့်သာ လက်တွဲလုပ်ကိုင်သွားရန် ရည်ရွယ်ထားကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်စိုးက မြန်မာတိုင်း(မ်)နှင့် သီးခြားတွေ့ဆုံစဉ် ပြောသည်။ "ရှေ့နှစ် မေ၊ ဇွန်လောက်မှာ ပြုလုပ်မယ့် အထူးအစည်းအဝေးမှာ ဆုံးဖြတ်ပြီးရင် စီမံကိန်းလုပ်ငန်းတွေကို ၂၀၁၆ ဒီဇင်ဘာလလောက်မှာ စပြီးလုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဘယ်နိုင်ငံကအဖွဲ့ကို ပေးမယ်ဆိုတာတော့ မဆုံးဖြတ်သေးပေမယ့် ကမ်းလှမ်းလာတဲ့ အဆိုပြုချက်တွေကိုကြည့်ပြီး ဆုံးဖြတ်သွားမှာပါ။ နိုင်ငံ ၅ နိုင်ငံကနေ အဖွဲ့ ၈ ဖွဲ့ လာကမ်းလှမ်းထားတာတော့ ရှိနေပါတယ်။ ဥက္ကဋ္ဌကြီး အခုအစည်းအဝေးမှာ ပြောသွားတဲ့ ဒေါ်လာသန်း ၃၀ အသားတင် ငွေသားရယ်၊ အခန်းရဲ့ ၃၀ ရာခိုင်နှုန်းရယ် ပြန်ပေးမယ်လို့ ပြောတာကတော့ ဂျပန်အဖွဲ့ ဖြစ်မယ်ထင်ပါတယ်။ ရှိတဲ့မြေ ၂ ဧကလုံးကို အကုန်မဆောက်ပါဘူး။ ၁ ဧကခွဲလောက်ကိုပဲ
အဆောက်အအုံဆောက်ဖို့ သုံးသွားမှာပါ။ ၃၄ ထပ်အထိ မြင့်တဲ့ လူနေအဆောက်အအုံတွေပါ ထည့်သွင်းတည်ဆောက်မှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းအတွက် နေပြည်တော် ဟိုတယ်ဇုန်အနီးတွင် ရရှိထားသည့် မြေဧက ၅ ဧက ပေါ်တွင်လည်း ဖွံ့ဖြိုးရေး စီမံကိန်းလုပ်လိုသည့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းအချို့၏ အကျိုးတူ ပူးပေါင်းလုပ်ဆောင်လိုသည့် ကမ်းလှမ်းမှုများ ရှိလာနေကြောင်း အသင်းဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။ သို့သော် ယင်းမြေနေရာပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းကျောင်းများ တည်ဆောက်ရန် လျာထားကြောင်း ၎င်းကပြောသည်။

Credit : Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service