အန္တရာယ်ရှိ အဆောက်အအုံ တွေရဲ့ အနာဂတ် သာယာဖြောင့်ဖြူးနိုင်ပါ့မလား - Property News in Myanmar from iMyanmarHouse.com
1170 Views

အန္တရာယ်ရှိ အဆောက်အအုံ တွေရဲ့ အနာဂတ် သာယာဖြောင့်ဖြူးနိုင်ပါ့မလား

အန္တရာယ်ရှိ အဆောက်အအုံ လို့ ဆိုလိုက်တာ နဲ့ ရန်ကုန် မြို့
တွင်းမှာ လူနေထိုင်ရန် မသင့်ဆိုတဲ့ အန္တရာယ်ရှိ အဆောက်အအုံ ( dangerous build ) ဆိုတဲ့ ဆိုင်း
ဘုတ်အနီ တပ်ထားတဲ့ အဆောက်အအုံတွေ ကို မြင်လိုက်ရမှာဖြစ်ပါတယ်။ အိုမင်းဟောင်းနွမ်းပြီး အ
မြင်မသင့်တော့တဲ့ အဆောက်အအုံ တွေ ရှိသလို ၊ ဆောက်လုပ်ပြီးစီး တာ မကြာမြင့်သေးပေမယ့် အ
ကြံ့ခိုင်မှု အားနည်းလို့ လူနေထိုင်ရန် မသင့်ဘဲ အန္တရာယ်ဖြစ်ပေါ်စေနိုင်တဲ့ အတွက် လူနေထိုင်ခြင်းကို
ကန့်သတ် ပိတ်ပင်ထားတဲ့ အဆောက်အအုံတွေ ဖြစ်ကြပါတယ်။

ဒီအဆောက်အအုံ တွေထဲမှာ နေထိုင်ကြတဲ့ လူတွေကလည်း
ခေတ်အဆက်ဆက်မှာ ပိုင်ဆိုင်မှု ပုံသဏ္ဍာန် အမျိုးမျိးနဲ့ နေကြတဲ့ လူတွေဖြစ်တာကြောင်လ့ည်း အ
အန္တာရယ်ရှိ အဆောက်အအုံ သတ်မှတ်ပြီး အသစ်ပြန်ဆောက်မယ် ဆိုရင်လည်း ပိုင်ဆိုင်မှု ဆိုင်ရာ အ
ငြင်းပွားမှု တွေ အများအပြား ပေါ်ပေါက်လာခဲ့သလို အပြန်အလှန် ကန့်ကွက် မှု တွေကို သတင်းစာ
တွေ ထဲမှာ တွေ့မြင်လာရမှာ ဖြစ်ပါတယ်။

ပိုင်ဆိုင်မှု ဆိုင်ရာ ခွဲဝေမှု မညီမျှတဲ့ ပြသနာတွေ အများအပြား
ရဲ့မူလဇစ်မြစ်က တော့ ၁၉၆၂ ခုနှစ်မှာ ဦးနေဝင်း အာဏာသိမ်းပိုက်လိုက်ပြီး နောက်ပိုင်းမှာ ရန်ကုန်
မြို့တွင်းက နိုင်ငံခြားသားတွေ ၊ နိုင်ငံသားတွေ ပိုင်တဲ့ အဆောက်အအုံတွေကိုပါ ပြည်သူ ပိုင်သိမ်း
ပိုက်ခဲ့ပြီး အစိုးရ၀န်ထမ်းတွေ၊ တပ်မတော်သားဟောင်းတွေ၊ အတွက် အဌားစနစ်နဲ့ နေရာချထားပေးခဲ့
သလို ဆိုရှယ်လစ်စနစ် ရဲ့ ထောက်တိုင် တစ်ခုဖြစ်တဲ့ ပြည်သူ့ဆိုင်တွေ အများအပြားကို ဖွင့်လှစ်ခဲ့ပြီး
နေထိုင်ခွင့် ရခဲ့သူတွေက သားစဉ် မြေဆက် နေထိုင်သူတွေရှိသလို၊ အိမ်ထောင်စု စာရင်းဝင်ပြီး မိ
သားစုဝင် သန်ခေါင်းစာရင်းလုပ်ပြီး အဆင့်ဆင့် လက်ပြောင်းလက်လွဲနဲ့ ပြန်ရောင်းခဲ့တာ တွေ အများ
အပြားရှိလာနေတဲ့ အပြင် ပိုင်ဆိုင်မှု ခိုင်ခိုင်မာမာ နဲ့ လက်ဆုပ်လက်ကိုင် ပြသနိုင်ခြင်း မရှိတဲ့ အနေအ
ထားကြောင့် နေထိုင်နေတဲ့ တိုက်တွေကိုလည်း သူအခန်းက ပြင်နိုးနိုး၊ ငါ့အခန်းက ပြင်နိုးနိုးနဲ့ တိုက်အိုတိုက်ဟောင်း ဘဝကို ရောက်ရှိလာရတဲ့ အပြင် တစ်ဖြည်းဖြည်း အတွင်းအပြင် ပျက်စီးမှု များ
ပြားလာတဲ့ အတွက်ကြောင့်လည်း လူနေထိုင်ဖို့ မသင့်တော်သလို၊ မြို့ပြ အင်္ဂါရပ်တွေနဲ့လည်း ကိုက်
ညီမှု မရှိတဲ့ အခြေအနေ တွေဖြစ်ပေါ်လာပါတယ်။

မြို့ပြ အင်္ဂါရပ်နှင့်မညီညွတ်တဲ့ တိုက်ဟောင်း တွေကိုလည်း ယခင်ကတော့ မြို့တော်စည်ပင် ကနေ
ဘဲ ကန်ထရိုက်တာတွေ၊ မြေရှင်တွေ နဲ့ နေထိုင်သူတွေ ကြားမှာ ညှိနှိုင်းပြီး မြို့ပြ အင်္ဂါရပ်နဲ့ ကိုက်ညီ
တဲ့ တိုက်သစ်တွေ ပြန်လည်ဆောက်လုပ်ပြီး နေထိုင်သူတွေ ကို ပြန်လည်နေရာချထားဖို့ လုပ်ပေးခဲ့
ပေမယ့် အခန်းခွဲဝေရရှိမှု၊ အပြန်အလှန် ကန့်ကွက်မှု တွေ ကြောင့်လည်း အန္တရယ်ရှိ အဆောက်အအုံ
တွေဖျက်သိမ်းပြီး တိုက်သစ် ပြန်လည်ဆောက်လုပ်မှု လူပ်ငန်းတွေ ကြန့်ကြာခဲ့ရပါတယ်။

သူ့ကကိုယ့်ကို ကန့်ကွက်လိုက်။ ကိုယ်က သူ့ကို ပြန်ကန့်ကွက်လိုက်နဲ့ လေးငါးနှစ်ကြာသွားတာ
တောင် တိုက်က ပြန်မဆောက်ဖြစ်သေးဘူး ၊ အခန်းတွေ ပြန်ပေးမယ် ညှိလို့ရတာတောင် ရတဲ့ အထပ်
ပေါ်မူတည်ပြီး အခန်းရှင်တွေကြားမှာလည်း တော်တော်ညှိလိုက်ရတယ်၊ ဆိုင်းဘုတ်ကပ်ထားတဲ့ အ
ချိန်အတွင်းမှာတောင် ပေပြီးတော့ နေကြတယ်၊ အခုတော့ ပြေလည်သွားပါပြီ : ဆိုပြီး အန္တရာယ်ရှိ
အဆောက်အအုံ အဖြစ် သတ်မှတ်ကာ တိုက်ပြန်လည် ဆောက်လုပ်ပြီးစီးခဲ့သည့် မြေရှင်ဟုဆိုသူ
ဒေါ်သန်းနွဲ့က iMyanmar house.com သို့ပြောသည်။

အန္တရာယ်ရှိ အဆောက်အအုံများ စိစစ်ဖျက်သိမ်း အသစ်ဆောက်လုပ်ငန်းစဉ်များ အ နက်မှ အသစ်ဆောက်လုပ်ခြင်းနှင့် ပတ်သက်သော လုပ်ငန်းစဉ်တစ်ခု ကို ယခင်ကကဲ့သို့မဟုတ်ဘဲ မြေရှင် နှင့်နေထိုင်သူများကိုယ်တိုင် ညှိနှိုင်း ဆောင်ရွက်နိုင်မည့်စနစ်သို့ ၂ဝ၁၃ခု နှစ် ဒီဇင်ဘာ(၁ဝ)ရက်မှစ၍ ပြောင်း လဲ အကောင်အထည်ဖော် ဆောင် ရွက်လျှက်ရှိကြောင်း အင်ဂျင်နီယာ ဌာန(အဆောက်အအုံ)မှ တာဝန်ရှိသူ တစ်ဦးက လည်း မီဒီယာများကို ဖြေကြားထားခဲတဲ့ အတွက်အဆောက်အအုံ ဖျတ်သိမ်းပြီး အသစ်ပြန် ဆောက်ဖို့ အချိန်ဟာ ပိုမိုကြန့်ကြာလို့ လာစေခဲ့သလို အခန်းနေထိုင်သူ တွေ ပြေလည်ခဲ့ရင်တောင် စိတ်ချလက်ချနဲ့ အရည်အသွေးမီ ဆောက်လုပ်ပေးနို်င်တဲ့
ကန်ထရိုက်တာတွေနဲ့ တွေ့ဖို့ ဆုတောင်းခဲ့ရတာ အမောပါဘဲ လို့ ဒေါ်သန်းနွဲ့က ပြောပြပါတယ်။

ယခင်က အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် တင်ပြလာပါက
ပထမအဆင့် အနေဖြင့် သက်ဆိုင်ရာ ဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့ များဖြင့်လူနေထိုင်ရန်သင့်မသင့် စစ် ဆေးပြီးမှသာ ဒုတိယအဆင့်အနေ ဖြင့် နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာများထည့်သွင်းခြင်း၊ တတိ ယအဆင့်အနေဖြင့် ပိုင်ဆိုင်မှုမှန်သူ မြေရှင်ဖြစ်ပါက အဆိုပါမြေရှင်ရွေး ချယ်သော ကန်ထရိုက်ဖြင့် လုပ်ငန်း များအား ဆက်လက်ဆောင်ရွက်စေ သည်။ မြေရှင်အနေဖြင့်ပိုင်ဆိုင်မှုကို သတ်မှတ်ချက်အခိုင်အမာပြဆိုနိုင် ခြင်းမရှိ(သို့မဟုတ်)နိုင်ငံခြားသားပိုင် ဖြစ်ပါက ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြပြီး အဆိုပါအဆောက်အအုံ တွင် နေထိုင်သူအများစုဆန္ဒပြုရွေး ချယ်သော ကန်ထရိုက်တာဖြင့်လုပ် ငန်းများအား ဆက်လက်လုပ်ကိုင် စေခဲ့သည်။

ထို့နောက်မှ မြေရှင်နှင့် နေကြသူများခံစားခွင့် အသီးသီးကို ညှိနှိုင်းခွဲဝေပြီး အသစ် ဆောက်လုပ် ထွက်ပေါ်လာမည့် အကျိုးအမြတ်ကို မြေရှင်နှင့် ကန်ထရိုက်တာတို့အား တစ်ဝက်စီ ပိုင်ဆိုင်စေသောစနစ် ကို အခန်းခွဲယူစေခြင်းအားဖြင့် ကျင့်သုံး ခဲ့သည်။

ပြောင်းလဲလိုက်သောသတ်မှတ် ချက်သစ်အရ အန္တရာယ်ရှိအဆောက်အအုံများ ဖျက်သိမ်းအသစ်ဆောက် လုပ်ငန်းစဉ်များအနက်မှ ပထမအ ဆင့်နှင့်ဒုတိယအဆင့်တို့ကို ယခင် အတိုင်း ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်သော်လည်း တတိယအ ဆင့်လုပ်ငန်းစဉ်မှစ၍ ပိုင်ဆိုင်မှုမှန် သူ မြေရှင်သည် မိမိတို့အစီအစဉ် ဖြင့် လုပ်ငန်းများဆက်လက်လုပ် ဆောင် ညှိနှိုင်းခွဲဝေသွားနိုင်မည် ဖြစ် ပြီးပိုင်ဆိုင်မှုစိစစ်ရန်လိုအပ်သော မြေရှင်များအနေဖြင့်မူ ကိုယ်တိုင် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြပြီး မှ ဆက်လက် ဆောင်ရွက်သွားရ မည့် စနစ်ဖြစ်သည်။

ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ ဦးမြတ်သင်းအောင်ကလည် သူ့အတွေ့အကြုံ
အရ ၁၉၆၂ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ဆိုင်ရာ အဆောက်အအုံတွေ၊ အထူးသဖြင့် ရန်ကုန်မြို့ မြေညီထပ် တိုက်ခန်းတွေကို ပြည်သူပိုင်အဖြစ် သိမ်းပြီး အဆင်ပြေသလိုနေရာချထားပေး
ခဲ့တဲ့အကျိုးဆက်ကြောင့် ရေရှည်မှာ ပြသနာတွေဖြစ်လာရတာဖြစ်တယ်လို့ သြဂုတ်လ ၈ ရက်နေ့
က သုံးသပ်ပြောဆိုထားပါတယ်။

ရန်ကုန်မြို့တွင် အန္တရာယ်ရှိအဆောက်အအုံများ ဖျက်သိမ်းအသစ် ဆောက်လုပ်ငန်းစဉ်များကို ၁၉၉၄ ခု နှစ်မှစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ အရောင်းအ၀ယ်အေးနေသည့် အိမ်ခြံမြေ ဈေးကွက်
နေအထားကြောင့်လည်း တိုက်ဟောင်းဖျက်ကာ တိုက်သစ် ပြန်ဆောက်လုပ်လိုသည့် Developer
များရှားပါးလာသည့် အတွက် မြေနေရာ အကွက်အကွင်းကျကာ သွားလာရေး လွယ်ကူ အဆင်ပြေနိုင်
သည့် နေရာများရှိ အဆောက်အအုံ တချို့ကိုသာ ပြန်လည်ဆောက်လုပ်လာနိုင်သည့် အနေအထားတွင် ရှိသည့်အတွက် လမ်းသွယ်များ အတွင်းရှိ အန္တာရယ်ရှိ အဆောက်အအုံများကို ပြန်လည်ဆောက်
လုပ်နိုင်မယ့်အခြေအနေတွေဟာ မှေးမှိန်လျော့နည်းလို့ နေပါတယ်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
အန္တရာယ်ရှိ အဆောက်အအုံ တွေရဲ့ အနာဂတ် သာယာဖြောင့်ဖြူးနိုင်ပါ့မလား - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service