အိမ်ဝယ်ယူလျှင် ဇနီးသည်တစ်ဦးပါ ဝယ်ယူလက်ထပ်ရမည့် အင်ဒိုနီးရှားအိမ် အရောင်းကြော်ငြာ - Property News in Myanmar from iMyanmarHouse.com
11239 Views

အိမ်ဝယ်ယူလျှင် ဇနီးသည်တစ်ဦးပါ ဝယ်ယူလက်ထပ်ရမည့် အင်ဒိုနီးရှားအိမ် အရောင်းကြော်ငြာ

အင်ဒိုနီးရှားနိုင်ငံ၏ အင်တာနက်စာမျက်နှာတွင် လက်တလောမှာ ရေပန်းစား နာမည်ကြီးနေတဲ့ အကြောင်းအရာတစ်ခုကတော့ ရောင်းမယ့်အိမ်နှင့်အတူ အိမ်ပိုင်ရှင်အမျိုးသမီးဓာတ်ပုံနဲ့တင်ထားတဲ့ အိမ်အရောင်းကြော်ငြာတစ်ခု ဖြစ် ပြီး အိမ်ကိုဝယ်လျှင် အိမ်ပိုင်ရှင်အမျိုးသမီးကိုပါ ဝယ်ယူလက်ထပ်ရမယ်ဆို တာပဲဖြစ်ပါတယ်။

ဘာမှ ထူးထူးခြားခြားတည်ဆောက်မှုမရှိတဲ့ ဒီသာမန်အိမ်အရောင်းကြော်ငြာ က ထိုသို့ စိတ်ဝင်စားစရာကောင်းအောင် ကြော်ငြာလိုက်တာကြောင့် တခ ဏလေးအတွင်းမှာပဲ လူအများစိတ်ဝင်စားခြင်းကိုခံခဲ့ရပါတယ်။

ဒီကြော်ငြာအတွက် စိတ်ဝင်စားတဲ့ မီဒီယာတွေနဲ့ အိမ်ခြံမြေအကျိုးဆောင် တွေရဲ့ အိမ်ပိုင်ရှင်အားဆက်သွယ်မေးမြန်းမှုအရ အိမ်ပိုင်ရှင် အမျိုးသမီးက အသက် ၄၂ နှစ်အရွယ် အလှပြင်ဆိုင်ပိုင်ရှင် ဝီနာလီရာဖြစ်ပြီး သူမက မုဆိုး မတစ်ယောက်လည်းဖြစ်ပါတယ်။ အိမ်ဝယ်မယ်ဆိုရင် သူမကိုပါ ဝယ်ယူရ မယ်ဆိုတာက အမှန်တကယ်ဖြစ်ပြီး ထိုစိတ်ကူးက သူမရဲ့စိတ်ကူးချည်း သက်သက်မဟုတ်ကြောင်းနဲ့ အိမ်အရောင်းထွက်ဖို့၊ တစ်ကိုယ်တည်းအဖော် မဲ့နေတဲ့ သူမအတွက်လည်း အကူအညီဖြစ်ကြောင်း အိမ်ပွဲစားတွေရဲ့အကြံ ဥာဏ်ကိုလည်း ယူထားတယ်လို့ ဆိုပါတယ်။

သာမန် တစ်ထပ်တိုက်လုံးချင်းအိမ်ဖြစ်ပြီး အိပ်ခန်းနှစ်ခန်း၊ ရေချိုးခန်းနှစ်ခန်း နဲ့ တခြား အခန်းငယ်တွေပါဝင်ပြီး ကားပါကင်နှင့် ငါးကန်တို့ထည့်သွင်းတည် ဆောက်ထားတဲ့ ခြံလည်းရှိပါတယ်။ လုံးဝဈေးညှိနှိုင်းခွင့်မရှိတဲ့ သူမရဲ့ ဒီအိမ် အတွက် ဈေးနှုန်းကို ရူပီး ၉၉၉ သန်း( အမေရိကန်ဒေါ်လာ ၇၅,၀၀၀ ) ခေါ် ဆိုထားတာလည်းဖြစ်ပါတယ်။ လက်ရှိမှာ အဲ့ဒီ နေအိမ်ကော၊ ဇနီးသည်ကိုပါ ဝယ်ယူမယ့် ဝယ်လက်ရှိနေကြောင်းနဲ့ဘယ်သူဘယ်ဝါလဲဆိုတော့ ဖော်ထုတ် ခြင်းမရှိသေးကြောင်း သိရပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)
အိမ်ဝယ်ယူလျှင် ဇနီးသည်တစ်ဦးပါ ဝယ်ယူလက်ထပ်ရမည့် အင်ဒိုနီးရှားအိမ် အရောင်းကြော်ငြာ - Property News in Myanmar from iMyanmarHouse.com
အိမ်ဝယ်ယူလျှင် ဇနီးသည်တစ်ဦးပါ ဝယ်ယူလက်ထပ်ရမည့် အင်ဒိုနီးရှားအိမ် အရောင်းကြော်ငြာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

Upcoming Property Events

imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service