ရန်ကုန်မြို့သစ် စီမံကိန်းအတွက် စည်ပင်သာယာဧရိယာနယ်နိမိတ်ပြန်လည်ပြုစု
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်တစ်ခုဖြစ်သည့်ရန်ကုန်မြို့တွင် အဆင့်မြင့်မြို့သစ် ပြန်လည်တည် ဆောက်မည့် စီမံကိန်းအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာဧရိယာနယ်နိမိတ်ကို ပြန်လည်ပြုစုနေကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြို့ ပြစီမံကိန်းဌာနခွဲမှ စုံစမ်းသိရှိရသည်။
နိုင်ငံတကာအကူအညီဖြင့်ရေးဆွဲထားသော ရန်ကုန်မြို့အတွက် နှစ်ရှည်မြို့ပြစီမံကိန်းအရ ရန်ကုန် မြို့တော်ကို အဆင့်မြှင့်တင်မှုများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ရန်ကုန်စည်ပင်ဧရိယာနယ်နိမိတ်အား စာရင်းအတိအကျ ရရှိစေရန်အတွက် ပြန်လည်စာရင်းပြုစုနေကြောင်း သိရှိရသည်။
ရန်ကုန်မြို့တော်စည်ပင်ဧရိယာနယ်နိမိတ်သည် ယခုအခြားသောတိုင်းနှင့် ပြည်နယ် နယ်နိမိတ် နှင့် ရောထွေးနေသည့်အတွက် ယခုကဲ့သို့ စည်ပင်နယ်နိမိတ်ဧရိယာကို ပြန်လည်သတ်မှတ်ရခြင်းဖြစ်ပြီး မြို့ပြစီမံကိန်း၏ မြို့သစ်များအကောင်အထည် ဖော်ရာတွင် မြေရာသတ်မှတ်မှု ပြဿနာမဖြစ်စေရန်အတွက်ဖြစ်ကြောင်းလည်းသိရသည်။
“ ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ရဲ့ အနားသတ် Boundary ကိုပြန်လည်သတ်မှတ်နိုင်အောင်လုပ်သွားမှာပါ။ အနာဂတ်အတွက် လည်း ဒီ Process ကအသုံးဝင်သွားမှာပါ။ အနာဂတ်မြို့သစ်စီမံကိန်းတွေတည်ဆောက်တဲ့နေရာမှာလည်း ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ်သတ်မှတ်ထားတော့ တည်ဆောက်တဲ့နေရာမှာ အနှောက်အယှက်မဖြစ်နိုင် တော့ပါဘူး” ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ ပြစီမံကိန်းဌာနခွဲမှ အကြီးတန်းအရာရှိတစ် ဦး iMyanmarHouse.com သို့ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ် ပြန်လည်သတ်မှတ်ရာတွင် အထွေထွေအုပ်ချုပ် ရေးမှူးများ၊ မြို့နယ်မြေစာရင်းဌာနမှ တာဝန်ကျသူများ၊ မြို့တော်စည်ပင်မှ မြို့ ပြစီမံကိန်းဌာနခွဲ၊ မြို့နယ်အုပ်ချုပ် ရေးမှူးများနှင့် ကွင်းဆင်း၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာနယ် နိမိတ် သတ်မှတ်ချက်ထွက်ရှိလာပါက အဆိုပါသတ်မှတ်ထားသည့်နေရာများနှင့် မြို့ စွန်းရှိမြေနေရာလွတ်များမှာ မြို့သစ်စီမံကိန်းများရှိလာနိုင်ကြောင်း အိမ်ခြံမြေဈေးကွက်သုံးသပ်သူအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com