အိမ်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံအနှံ့ ဘဏ်ခွဲများ ဖွင့်မည် - Property News in Myanmar from iMyanmarHouse.com
991 Views

အိမ်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံအနှံ့ ဘဏ်ခွဲများ ဖွင့်မည်

ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် ဘဏ်ခွဲများ ဖွင့်၍ ချေးငွေ ထုတ်ချေးကာ အိမ်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ဘဏ်များ ဖွင့်လှစ်ရာတွင် ဆောက်လုပ်ရေး လုပ်ငန်းများ အများဆုံး ဆောင်ရွက်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ဦးစားပေး ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် တန်ဖိုးသင့် ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်မည့်သူ များအား ချေးငွေ ထုတ်ပေးခြင်းနှင့် ၀င်ငွေ အာမခံချက် ရှိသူ များအား အိမ်ဝယ် နိုင်ရန် ချေးငွေများ ထုတ်ချေးလျက် ရှိကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုရေးဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောသည်။

နောက်ထပ် ဘဏ်ခွဲတွေ ဖွင့်ဖို့ကိုတော့ ပုသိမ်၊ မော်လမြိုင်၊ တောင်ကြီးမြို့တွေမှာ ဖွင့်ဖို့ စီစဉ်ထား ပါတယ်။ အဲဒီဘဏ်တွေကို ဒီ ၂၀၁၅ အတွင်း မှာတော့ အပြီးသတ် ဖွင့်သွားမှာပါ။ နောက်ပြည်နယ်နဲ့ တိုင်း (၁၄) ခုစလုံး မှာလည်း ဘဏ်ခွဲတွေ ဖွင့်သွား မှာပါ ဟု ညွှန်ကြားရေးမှူး ဦးဝင်းဇော် က ပြောသည်။

အိမ်ရာ ၀ယ်လိုသူများအား ချေးငွေ ထုတ်ပေးခြင်းနှင့် တန်ဖိုးသင့် ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် ချေးငွေ ထုတ်ပေးရာတွင် လတ်တလော၌ ဂျပန်နိုင်ငံမှ ချေးငွေ ရရှိ ထားပြီး တရုတ်၊ ကိုရီးယား၊ မလေးရှား စသော နိုင်ငံများနှင့်လည်း ချိတ်ဆက်ကာ ချေးငွေ ရရှိရန် ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ ချေးငွေ ကိစ္စ ဆောင်ရွက်ခြင်းအား ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်တွင်သာ အကောင်အထည်ဖော် နိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ များတွင် ဘဏ်ခွဲလေးခု ဖွင့်လှစ်ကာ အိမ်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service