ဆင်းရဲသား ပပျောက်ရေး မြေကွက်ဖော်ရာတွင် အမှန်တကယ် နေထိုင်သည့် သူများ မရဟု ဆို - Property News in Myanmar from iMyanmarHouse.com
1118 Views

ဆင်းရဲသား ပပျောက်ရေး မြေကွက်ဖော်ရာတွင် အမှန်တကယ် နေထိုင်သည့် သူများ မရဟု ဆို

ဒဂုံမြို့သစ် အရှေ့ပိုင်း၊ လေးထောင့်ကန် ရပ်ကွက်၌ ဆင်းရဲသား ပပျောက်ရေး အတွက် မြေကွက်များ ဖော်ဆောင် ရာတွင် အဆိုပါ ရပ်ကွက်၌ အမှန် တကယ် နေထိုင်သည့် မရှိ ဆင်းရဲသားများ မရ၍ ရပ်ကွက်နေ ပြည်သူ များမှ ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဆင်းရဲသား ပပျောက်ရေး ခေါင်းစဉ် အောက်ကနေ ဆင်းရဲတဲ့ သူတွေကို မပေးဘဲ ရှိပြီးသားသူ တွေကို ပေးတယ်။ သူတို့ အမျိုးအနွယ်တွေ ပတ်သက်ရာ ပတ်သက်ကြောင်း တွေကို ပေးတယ်။ မန္တလေးတို့၊ လားရှိုး တို့လို အဝေးကနေ ခုနစ်ရက် ဧည့်စာရင်းနဲ့ နေတဲ့ သူတွေ ကိုတော့ ပေးတယ်။ ဒီမှာ အမှန်တကယ် နေတဲ့ ဆင်းရဲသားတွေ ကိုတော့ နည်းနည်း ပါးပါးပဲ ချပေးတယ် ဟု အဆိုပါ ရပ်ကွက်နေ မဖြူစင်က ပြောသည်။

ထိုသို့ လုပ်ဆောင်ရာတွင် မြေကွက် (၁၂၄) ကွက် ဖော်ဆောင် ခဲ့ပြီး အမှန်တကယ် နေထိုင်သည့် ဆင်းရဲသား ပြည်သူ (၂၃) ဦးသာ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ် များကြောင့် ရပ်ကွက်နေ ပြည်သူ များက ဆန္ဒ ထုတ်ဖော်ရန်အတွက် ဇန်န၀ါရီလ (၃၀) ရက်နေ့၌ ဒဂုံ မြို့သစ် အရှေပိုင်း ခရိုင် ရဲစခန်းတွင် ခွင့်ပြုချက် တင်ခဲ့ရာ မရရှိ၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်းသိ ရသည်။

မြေကွက်တွေ ဖော်ဖို့ (၄၅) ရက် အတွင်း လျှောက်လွှာတွေကို တင်ခိုင်းခဲ့တယ်။ အကုန်လုံးကို ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဆီ ပူးတွဲ တင်ပေး လိုက်တယ်။ ပြီးတော့ (၁၂၄) ကွက်ကို မဲနှိုက်ပေး ခဲ့တယ်။ လျှောက်လွှာတွေ တင်တုန်းက ဆင်းနွမ်းပါးတဲ့ သူတွေပဲ လျှောက်ကြပါ၊ ချမ်းသာတဲ့ သူတွေ မလျှောက်ကြပါနဲ့လို့ ပြောပေမယ့် ပါရင်လည်း ပါသွား မှာပေါ့ ဟု လေးထောင့်ကန် ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးကျော်ကြီးက ပြောသည်။

အဆိုပါ ဒေသခံများ အနေဖြင့် ပွင့်လင်း မြင်သာမှု မရှိသော ရပ်ကွက် ဖြစ်မြောက်ရေး ကော်မတီ အလိုမရှိ၊ ပြည်သူများ၏ အကျိုးကို ဆောင်ရွက် ပေးမှု မရှိသည့် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အလိုမရှိ၊ ပြည်သူအား အကြောင်းပြ လိမ်လည် စားသောက် နေသော အဖွဲ့ အစည်းများ အလိုမရှိ စသည့် အချက်များ အပါအ၀င် အချက် ခုနစ်ချက်အား ထုတ်ပြန်ခဲ့သည်။ ကျွန်မတို့က ဒီနေ့ကို ဆန္ဒပြမလို့ ပါပဲ။ သူတို့က ခွင့်ပြုချက်မပေးဘူး။ ကျွန်မတို့ကတော့ ခွင့်ပြုချက် မရမချင်း ထပ်ပြီးတော့ တင်ဦးမယ်။ ဆန္ဒတွေပြ သွားမယ် ဟု ဒေသခံ ဒေါ်ဝင်းတင်က ပြောသည်။

၂၀၁၀ ပြည့်နှစ်က လေးထောင့်ကန် ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ရပ်ကွက် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့ စည်းခဲ့သည်။ ထို့နောက် ရန်ကုန် တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဆင်းရဲသား ပပျောက်ရေး အတွက် ရပ်ကွက် ဖော်ဆောင်ရန် လယ်သမား ခြောက်ဦးထံမှ လယ် (၃၉ ဒသမ ၁၈၆) ဧကအား အလှူခံခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အကောင်ထည် ဖော်ရန် အတွက် လျှောက်လွှာများ ခေါ်ယူခဲ့ကြောင်း သိရသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service