ကားပါကင် အတွက် သီးသန့် အခန်း လုပ်ပေးထားတဲ့ ကွန်ဒို - Property News in Myanmar from iMyanmarHouse.com
924 Views

ကားပါကင် အတွက် သီးသန့် အခန်း လုပ်ပေးထားတဲ့ ကွန်ဒို

စင်ကာပူမှာ တည်ဆောက်နေတဲ့ ကွန်ဒို အဆောက်အဦး တစ်ခုပာာ ထူးခြားတဲ့ စိတ်ကူး စိတ်သန်းနဲ့ အကောင်အထည် ဖော်ထားပါတယ်။ အထူးသဖြင့် တန်ဖိုးကြီး ကားတွေကို မြတ်နိုးသူတွေ အတွက် ကားထားမယ့် နေရာကို သီးသန့် ပြုလုပ်ပေးထားခြင်း ဖြစ်ပါတယ်။ ကွန်ဒိုမှာရှိတဲ့ ကားပါကင် အများစုပာာ သတ်မှတ်ထားတဲ့ နေရာမှာ စုဝေးပြီး ထားရှိရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စင်ကာပူမှာ တည်ဆောက်နေတဲ့ ပာာမီလ်တန် စကော့ အဆင့်မြင့် ကွန်ဒိုမှာတော့ ကားတွေကို ကိုယ့်ရဲ့ အခန်းထဲမှာ ထားနိုင်အောင် ပြုလုပ် ပေးထားပါတယ်။ ဒီလိုမျိုး ပြုလုပ်ပေးတဲ့ ကွန်ဒိုမျိုး မရှိသေးဘူးလို့ ဆိုထားပါတယ်။

တန်ဖိုးကြီး ကားကို မြတ်နိုးသူတွေပာာ ကိုယ့်ရဲ့ ကားကို အမြဲတမ်း မြင်တွေ့ခွင့်ရအောင် နေထိုင်တဲ့ ကွန်ဒို အခန်းထဲမှာ ထည့်သွင်း ပေးသွားမှာ ဖြစ်ပါတယ်။ ကွန်ဒိုအခန်းကို ၀ယ်ယူတာနဲ့ ကားနှစ်စီး ထားနိုင်တဲ့ အခန်းတစ်ခန်း ပါရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို ပြုလုပ်ခြင်းကြောင့် စိန်ခေါ်မူတွေ ကြုံတွေ့နိုင်ပြီး အင်ဂျင်နီယာတွေ၊ ဗိသုကာ ပညာရှင်တွေ အနေနဲ့ အကောင်းဆုံး ပြုလုပ် ပေးသွားရမှာ ဖြစ်ပါတယ်။ စတုရန်းမီတာ (၁၀၀၀၀) မှာ အထပ် (၃၀) မြင့်တဲ့ ကွန်ဒိုကို ဆောက်လုပ်သွားမှာ ဖြစ်ပြီး အခန်းတိုင်းမှာ တန်ဖိုးကြီးကားတွေ ထားနိုင်တဲ့ သီးသန့် မှန်လုံခန်း ပါရှိမှာ ဖြစ်ပါတယ်။

မှန်လုံခန်းကို ဓာတ်လှေကားနဲ့ ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။ ကားကို အပြင်ထုတ် မောင်းရာမှာ လည်းကောင်း၊ ပြန်လည် သိမ်းဆည်းရာမှာ လည်းကောင်း သီးသန့် ဓာတ်လှေကားကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒီကွန်ဒိုကို ပုံဖော်နေတဲ့ ကော့ပ် အိမ် ခြံ မြေ အကျိုးဆောင် လုပ်ငန်းမှ အမူဆောင် ချုပ်ကားတွေ အတွက် ပါကင်ထား ပေးခြင်းမျိုး မပာုတ်ဘဲ တန်ဖိုးကြီး ကားမြတ်နိုးသူတွေ အတွက် အလှသဘော ကြည့်နိုင်အောင် ပြုလုပ် ထားပေးခြင်းသာ ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

ဒီကွန်ဒိုပာာ ကိုယ်ပိုင်ကားကို ကိုယ်ပိုင်တဲ့ အခန်းမှာ ထားနိုင်သလို အခြား ကွန်ဒိုတွေလိုပဲ အားကစားခန်းမ၊ ရေကူးကန် စတာတွေကိုလည်း ထည့်သွင်း တည်ဆောက် ပေးထားပါတယ်။

ဒါပေမဲ့ ကွန်ဒိုအခန်း တစ်ခန်း တန်ဖိုးက အနည်းဆုံး ဒေါ်လာ (၉ ဒသမ ၄) သန်း ရှိပြီး အမြင့်ဆုံး ကတော့ (၂၃ ဒသမ ၅) သန်း အထိ ရှိပါတယ်။

ငှားရမ်း အသုံးပြုရင်တောင် အခန်း တစ်ခန်းကို တစ်လ ဒေါ်လာ(၁၁၀၀၀) လောက် ပေးချေရမှာ ဖြစ်ပါတယ်။

Credit : messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

Upcoming Property Events

From 07 Jun To 08 Jun

The Vista

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service