အကြောင်းပေါင်းစုံနေလို့ ရင်းနှီးမြုပ်နှံမှု ဝေဝါးနေတဲ့ အိမ်ခြံမြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
1957 Views

အကြောင်းပေါင်းစုံနေလို့ ရင်းနှီးမြုပ်နှံမှု ဝေဝါးနေတဲ့ အိမ်ခြံမြေဈေးကွက်

၂၀၁၄ ခုနှစ်အတွင်း အခွန်နှုန်းထားကာလပေါက်ဈေး၊ ဘဏ်တိုးနှုန်း၊ စီမံကိန်းတချို့ပြောင်းလဲမှုတွေရှိခဲ့တာကြောင့် အိမ်ခြံမြေဈေးကွက်အားလုံး အရောင်းအရှိသလောက် ရပ်တန့်နေတယ်လို့ အကျိုးဆောင်တချို့နဲ့ဥပဒေပညာရှင်တချို့ကသုံးသပ်ပါတယ်၊' အရင်ကရင်းနှီးမြှပ်နှံရာကို အိမ်ခြံမြေပဲဦးတည်တယ်၊ အခုကဘဏ်တိုးနှုန်းတွေကလည်းတိုးပေးပြီး ရောင်းခွန်ဝယ်ခွန်ဘက်မှာလည်း ကာလပေါက်ဈေးကိုနှစ်ဆတိုးလိုက်တော့ အားလုံးတွက်စောင့်ကြည့်ရတဲ့အချိန်ဖြစ်နေတယ် ' လို့အိမ်ခြံမြေဥပဒေပညာရှင် ဦးလှစိန်ကရှင်းပြပါတယ်။

ပြောင်းလဲမှုတွေရှိနေချိန်
၂၀၁၄ နှစ်လယ်ပိုင်းလောက်မှာ ဘဏ်အပ်ငွေအတိုးနှုန်းထားဟာ ရှစ်ရာခိုင်နှုန်းမှ ၈.၂၅ထိတိုးမြင့်ပေးခဲ့ပါတယ်။ ဒါ့အပြင် ရောင်းခွန်ဝယ်ခွန်နှုန်းထားကို ၃၇ ရာခိုင်နှုန်းလျှော့ချထားခဲ့ပေမဲ့ ကာလပေါက်ဈေးစံနှုန်းသက်မှတ်ချက်ကိုတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးကွက်နှုန်းထားထက် တိုးမြင့်သတ်မှတ်ထားတာကြောင့် အခွန်ပေးဆောင်မှုအပိုင်းမှာ နှစ်နာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့ပြင် မြို့သစ်စီမံကိန်း၊ ဒလတံတားစတာတွေ အကောင်အထည်မဖေါ်ဖြစ်ဘဲ ကြန့်ကြာနေတာကြောင့် ၎င်းမြေနေရာတွေမှာ ရင်းနှီးမြှပ်နှံထားတဲ့စီးပွားရေး လုပ်ငန်းရှင်တွေဟာ ငွေကြေးနှစ်နာမှုတွေရှိခဲ့တာကြောင် ရန်ကုန်မြို့ရဲ့အရောင်းအဝယ်တွေ တဖြည်းဖြည်းရပ်တန့်နေတာဖြစ်ပါတယ်။

ရန်ကုန် ကုန်းတွင်းဆိပ်စီမံကိန်းနဲ့ ဟံသာဝတီလေဆိပ် စီမံကိန်းတွေဟာလည်း စတင်ဖို့တဖြည်းဖြည်းနောက်ဆုတ်ခဲ့တာကြောင့် ပဲခူးအိမ်ခြံမြေနဲ့ မြို့သစ်ဈေးကွက်တွေဟာလည်း ငြိမ်သက်သွားခဲ့ပါတယ်။

စီမံကိန်းပေါက်ကြားမှု
အစိုးရရဲ့ စီမံကိန်းသတင်းကြိုတင်ပေါက်ကြားမှုတွေကြောင့် လူလတ်တန်းစားတွေဟာ ထိခိုက်နှစ်နာမှုတွေရှိခဲ့ပါတယ်။
ပထမဆုံးမြေလိုက်ဝယ်သူအနည်းစုကသာ အမြတ်ရရှိမှုတွေရှိခဲ့ပေမဲ့ နောက်ပိုင်းဈေးကွက်ရပ်သွားချိန်မှာတော့ ဝယ်ရောင်းသမားတွေဟာ ဈေးကြီးမိပြီး ရောင်းမထွက်ဘဲ အရှုံးခံလက်ဝယ်ရှိနေတာတွေ ဖြစ်ပေါ်နေပါတယ်။ ဒါဟာအစိုးရကလူနည်းစုတွက် ငွေမည်းကို ငွေဖြူဖြစ်ဖို့ထွက်ပေါက်ပေးလိုက်တဲ့နည်းလမ်းပဲလို့သိရပါတယ်။

အိမ်ခြံမြေမှမဟုတ်ဘူး ကားတင်သွင်းခွင့် စလစ်တွေတုန်းကလည်း လေးဘီးလိုကားတွေကို ဈေးကြီးပေးလိုက်ဝယ်ပြီး အကျိုးအမြတ်ထုတ်ကြတယ်၊ နောက်ပိုင်းအရှိန်ကောင်းလာတော့ ဈေးအားလုံးပြုတ်ကျပြီး ပိုက်ဘောမိတဲ့သူတွေ အများကြီးပဲ ' လို့ဥပဒေပညာရှင် ဒေါ်မိုးမိုးက ပြောပါတယ်။

ဌာနဆိုင်ရာ ဥပဒေအားနည်းချက်
လက်ရှိရန်ကုန်မြို့မှာတရားမဝင် အထပ်မြင့်အဆောက်အအုံပေါင်း ၂၀၀၀ကျော်ဆောက်လုပ်လျှက်ရှိပါတယ်။ ဒါဟာအစိုးရဘက်က ဖြိုဖျက်မှု၊ ဆက်လက်ဆောက်လုပ်ခွင့်မပေးမှု၊ လူနေထိုင်ခွင့်မရရှိမှု စတာတွေဖြစ်ပေါ်ခဲ့ပါက အဆိုပါအခန်းဆောက်အအုံကိုဝယ်ယူထားတဲ့ အခန်းပိုင်ရှင်၊ မြေပိုင်ရှင်နဲ့ကန်ထရိုက်တာတွေဟာ ဆုံးရှုံးနှစ်နာမှုများစွာရှိသွားမှာဖြစ်ပါတယ်။

ဒါကို ဌာနဆိုင်ရာဘက်က တိကျတဲ့ဥပဒေတွေနဲ့ အရေးယူမှု၊ ဖြေလျှော့မှုတွေပွင့်လင်းမြင်သာစွာ ပြုလုပ်နိုင်မှသာနှစ်နာသူတွေအနေနဲ့ ဆိုးကျိုးလျှော့နည်းသွားမယ်လို့သိရပါတယ်။

အားလုံးဆောက်တော့လိုက်ဆောက်ရုံပေါ့၊ အရင်ကခွင့်ပြုပြီးအခုမှခွင့်မပြုလူဘူးဆိုတော့ ဥပဒေအရအရေးယူရင်လည်းခံရမယ်၊ ကန်ထရိုက်တာကထွက်ပြေးလို့ အခန်းပိုင်ရှင်ကလာရင်လည်း ပြသနာထပ်ဖြစ်မယ်၊ ကိုယ့်ဘက်က ကန်ထရိုက်တာကိုအရေးယူတော့လည်း ဥပဒေက ကြန့်ကြာပြီးအရေးယူမှုပမာဏက နည်းတော့ရှေ့နေဖိုးပဲအပိုကုန်သွားတယ် ' လို့ တောင်ဥက္ကလာပမြို့နယ်မှာနေထိုင်တဲ့မြေပိုင်ရှင် ဦးဝင်းအောင်ကပြောပါတယ်။

၂၀၁၅ ငွေမည်းပြသနာ
ယခုနှစ်မှာလည်း လက်ရှိမှာရင်းနှီးမြုပ်နှံမှုစောင့်ကြည့်ချိန်ဖြစ်ပေမဲ့ မြန်မာနိုင်ငံရဲ့ အကျိုးအမြတ်ရှိဆုံးရင်းနှီးမြုပ်နှံမှုဟာ အိမ်ခြံမြေဈေးကွက်ဖြစ်တာကြောင့် ငွေဖြူငွေမည်းပြသနာဟာလည်း ၂၀၁၅ခုနှစ်မှာစိုးမိုးနေဦးမယ်လို့ ခန့်မှန်းကြပါတယ်။ မြန်မာနိုင်ငံရဲ့ဘဏ်လုပ်ငန်းတွေဟာလည်း ခိုင်မာမှုအားနည်းနေတာကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေရဲ့ရင်းနှီးမြုပ်နှံမှုဟာ မြေဈေးကွက်ပဲဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့အိမ်ခြံမြေဈေးကွက်ဟာ အရောင်းဝယ်ပြုလုပ်မှုတွေ ဘဏ်ချေးငွေ၊ ပြုလုပ်တာတွေမဟုတ်ဘဲပိုနေတဲ့ငွေကြေးနဲ့ အရောင်းဝယ်ပြုလုပ်နေလို့ဈေးမကျဘဲ ဈေးနှုန်းရပ်တန့်မှုတွေသာ ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်တယ်လို့သိရပါတယ်။

Credit : The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service