၂၀၁၄ တွင် အဆောက်အအုံ သုံးထောင်ခန့် ပိုမိုဆောက်လုပ်နိုင်ခဲ့
ရန်ကုန်မြို့တော်စည်ပင် က၂၀၁၄ အတွင်း အဆောက် အအုံဆောက်လုပ်ခွင့်ပြုမှုသည် ၂၀၁၃ ကထက် အရေအတွက် သုံးထောင်ခန့်ပိုမို ဆောက်လုပ်နိုင်ခဲ့ကြောင်း အင်ဂျင်နီယာဌာန(အဆောက်အအုံ) မှ သတင်းရရှိသည်။
၂၀၁၃ က ရန်ကုန်တွင် အထပ်မြင့်၊ အထပ်နိမ့်အဆောက် အအုံ ၄၂၀၀ ကျော်သာ တည် ဆောက်နိုင်ခဲ့ပြီး ၂၀၁၄ တစ်နှစ် လုံးတွင် အလုံးရေ ၆၉၀၀ ကျော် တည်ဆောက်နိုင်ခဲ့သည်။
‘‘၂၀၁၄ က တခြားနှစ်တွေ ထက်စာရင် စံချိန်တင် တည် ဆောက်တဲ့ နှစ်တစ်နှစ်ပဲ’’ ဟု အထပ်မြင့်အဆောက်အအုံများ စစ်ဆေးရေးအဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက သုံးသပ်သည်။
ရန်ကုန်၏ အထင်ကရ မိုး မျှော်တိုက်များအဖြစ် ထွက်ပေါ် လာနိုင်သည့် အဆောက်အအုံ၁၃ ထပ်နှင့်အထက် အထပ်မြင့်အ ဆောက်အအုံစုစုပေါင်း အလုံးရေ ၇၀ ခန့် ပါဝင်လာပြီး ၁၃ ထပ်နှင့် အထက် အဆောက်အအုံများ တွင် ဗီယက်နမ်၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သော ဟောင်အင်းဂရီလာစီမံ ကိန်း၊ ရွှေတောင်ကုမ္ပဏီပိုင် ဂျန်း ရှင်းစကွဲစင်တာရှေ့ရှိ ကွန်ဒိုစီမံ ကိန်းများ၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်ရှိ အေးရှားဝေါကုမ္ပဏီ က တည်ဆောက်မည့် ၃၂ ထပ်အ ဆောက်အအုံများအပါအ၀င် သန်လျင်မြို့နယ်ရှိ ကြယ်စင်အိမ် ရာစီမံကိန်း Zone C အစရှိသော အဆောက်အအုံများ ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တွင် လက်ရှိ ဆောက်လုပ်နေသည့် အထပ်မြင့် အဆောက်အအုံများ၌ အများ ပြည်သူ အပန်းဖြေနားနေသည့် ကစားကွင်းများ ပန်းခြံများပါဝင် လာပြီး တည်ဆောက်လိုက်သည့် အဆောက်အအုံ အများစုသည် ငွေကြေးတတ်နိုင်သူတို့သာ သွား ရောက်လည်ပတ်နိုင်သည့် ဈေး ၀ယ်စင်တာများ စီးပွားရေးအ ဆောက်အအုံများ တန်ဖိုးမြင့် ကွန်ဒိုတိုက်ခန်းများသာ ပေါ် ထွက်လာမည်ဟု မြို့ပြစီမံကိန်း ပညာရှင်များက ဒီဇင်ဘာ နောက် ဆုံးပတ်တွင် ပြုလုပ်ခဲ့သည့် Save The Yangon ဆွေးနွေးပွဲ၌ ဝေ ဖန်ပြောကြားခဲ့သည်။
၂၀၁၅ နှင့်၂၀၁၆တွင်အဆိုပါအဆောက်အအုံများမှအခန်းများထွက်ပေါ်လာမည်ဖြစ်၍ကွန်ဒိုတိုက်ခန်းနှင့်ရုံးခန်းများ ဈေးလျှော့ရောင်းချရဖွယ်ရှိကြောင်း ဆောက်လုပ်ရေးလုပ် ငန်းရှင်တစ်ဦးက ပြောကြား သည်။
Credit : 7Day Daily