အိန္ဒိယနိုင်ငံ ဒေလီမြို့မှ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီး၊ ဧကပေါင်း ၇၀ ကျယ်ဝန်းကာ အမြင့် ၇၂ မီတာ (၂၃၆ ပေ) ရှိ

အိန္ဒိယနိုင်ငံ ဒေလီမြို့မှ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီး၊ ဧကပေါင်း ၇၀ ကျယ်ဝန်းကာ အမြင့် ၇၂ မီတာ (၂၃၆ ပေ) ရှိ - Property News in Myanmar from iMyanmarHouse.com
17 Mar 2025 12:19 pm တွင် တင်ခဲ့သည်
569 ကြိမ် ကြည့်ရှု့ပြီး

 

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ရှိ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီးဖြစ်သော ဂါဇီးပူရ် အမှိုက်ပုံကြီးသည် ကမ္ဘာကျော် တာ့ဂျ်မဟာ အဆောက်အအုံကြီး၏ အမြင့်ကို ကျော်လွန်မည့် အလားအလာရှိနေသည်။

တည်နေရာမှာ အိန္ဒိယနိုင်ငံ ဒေလီမြို့ အရှေ့ပိုင်းခရိုင်ရှိ ဂါဇီးပူရ်ရွာလေးတွင်ဖြစ်ပြီး ၁၉၈၄ ခုနှစ်မှ စတင်ပေါ်ပေါက်လာခဲ့သော အမှိုက်ပုံကြီး ဖြစ်သည်။

အဆိုပါ ဧရာမ အမှိုက်ပုံကြီးကြောင့် ကုလသမဂ္ဂက နယူးဒေလီကို ကမ္ဘာ့အညစ်ညမ်းဆုံးမြို့အဖြစ် ရှုမြင်ထားသည်။

သိမ်းငှက်များနှင့် အခြားငှက်များသည် ပေပေါင်း ၂၀၀ ကျော်မြင့်မားသော ဂါဇီးပူရ်အမှိုက်ပုံကြီးအထက်တွင် ရစ်ဝဲရင်း အစာရှာနေကြသည်။

ဦးတည်ရာမဲ့ သွားလာနေသော နွားများ၊ ခွေးလေခွေးလွင့်များနှင့် ကြွက်များမှာ နံဟောင်လှသော အမှိုက်ပုံကြီးတစ်ခွင် လှည့်လည်သွားလာနေကြသည်။

ဧရာမကြီးထွားလာသော အမှိုက်ပုံကြီးအရေး ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားမှုများရှိသော်လည်း စီမံခန့်ခွဲမှုအလွဲများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ မီးဘေး၊ ကျန်းမာရေးအန္တရာယ်၊ အဆိပ်ဓာတ်ငွေ့များ ထုတ်လွှတ်မှု၊ မြေအောက်ရေ ညစ်ညမ်းစေမှုတို့ ဖြစ်ပွားလာနေသည်။

အကျယ်အဝန်း ဘောလုံးကွင်း ၄၀ ကျော်ခန့်ရှိသော နံစော်လှသည့် ဂါဇီးပူရ် အမှိုက်တောင်ကြီးသည် တစ်နှစ်လျှင် ၃၃ ပေခန့် ပိုမိုမြင့်မားလာနေပြီး ရပ်တန့်သွားဖွယ်ရာ လမ်းမမြင်ချေ။

လက်ရှိနှုန်းအတိုင်း ဆက်လက်မြင့်တက်နေပါက အိန္ဒိယ၏ အထင်ကရ တာ့ဂျ်မဟာထက် ပိုမိုမြင့်မားလာဖွယ် ရှိနေသည်။

[▲ အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီမြို့ရှိ ကမ္ဘာ့အမြင့်မားဆုံး ဂါဇီးပူရ် အမှိုက်တောင်ကြီး (ဝဲ) သည် တာ့ဂျ်မဟာ (ယာ) ထက် ပိုမိုမြင့်မားလာဖွယ်ရှိနေသည်]

 

(▲ လေယာဉ်များကို သတိပေးရန်အတွက် အမှိုက်တောင်ကြီး၏ ထိပ်တွင် မီးနီများ ထွန်းထားရန် အိန္ဒိယ တရားလွှတ်တော်ချုပ်က သတိပေးထားသည်။ ပုံတွင်တွေ့ရသည်မှာ ၂၀၁၇ ခုနှစ်အတွင်း အမှိုက်တောင်ကြီး၏ တစ်နေရာတွင် ပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် အမှိုက်တောင်ထိပ်တွင် ရပ်ကြည့်နေသူများကို တွေ့ရပုံ ဖြစ်သည်)

ဂါဇီးပူရ် အမှိုက်ပုံနေရာသည် ၁၉၈၄ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ပိတ်သိမ်းသင့်သည့် အရွယ်အစားသို့ ရောက်ရှိလာသည်။

သို့သော် နယူးဒေလီ၏ အမှိုက်များမှာ ကားအစင်းရေ ရာပေါင်းများစွာဖြင့် နေ့စဉ်ရောက်လာနေဆဲ ဖြစ်သည်။

“ဂါဇီးပူရ်အမှိုက်ပုံကို တစ်ရက်တစ်ရက် စွန့်ပစ်တဲ့အမှိုက်က တန်ချိန် ၂၀၀၀ လောက်ရှိပါတယ်” ဟု အမည်မဖော်လိုသော ဒေလီမြို့စည်ပင်အရာရှိတစ်ဦးက ပြောသည်။

၂၀၁၈ ခုနှစ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှိုက်တောင်ကြီး၏ တစ်နေရာ ပြိုကျခဲ့ရာ လူ ၂ ဦး သေဆုံးခဲ့သည်။

ထိုသို့ လူသေဆုံးမှုများ ဖြစ်ပေါ်ပြီးနောက် ဂါဇီးပူရ်အမှိုက်တောင်တွင် အမှိုက်ပစ်ခြင်းကို တားမြစ်ပိတ်ပင်ခဲ့သည်။

သို့သော် အာဏာပိုင်တို့က အမှိုက်ပစ်ရန် အခြားနေရာ ရှာမတွေ့သောကြောင့် အဆိုပါ ပိတ်ပင်မှုမှာ ရက်အနည်းငယ်သာ ခံခဲ့သည်။

ဂါဇီးပူရ် အမှိုက်တောင်ကြီးမှထွက်သော မီသိန်းဓာတ်ငွေ့ကြောင့် မီးလောင်မှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ရက်အတန်ကြာအချိန်ယူကာ ငြိမ်းသတ်ရလေ့ရှိသည်။

 

(▲ မကြာသေးမီက လေ့လာချက်တစ်ရပ်အရ အမှိုက်ပုံကြီးနှင့် ၅ ကီလိုမီတာ (၃ မိုင်) ပတ်လည်အတွင်း နေထိုင်လျက်ရှိသူများမှာ ကင်ဆာရောဂါများအပါအဝင် ကျန်းမာရေးအန္တရာယ်ရှိနေကြောင်း တွေ့ရှိလာသည်။ ပုံတွင် အမှိုက်တောင်ကြီးပေါ်၌ စားစရာရှာနေသော ခွေးလေခွေးလွင့်တစ်ကောင်နှင့် လူတစ်ယောက်ကို တွေ့ရမည် ဖြစ်သည်)

 

(▲ ဂါဇီးပူရ် အမှိုက်ပုံကြီးနေရာသည် ၁၉၈၄ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ပိတ်သိမ်းသင့်သည့် အရွယ်အစားသို့ ရောက်ရှိလာသည်။)

 

(▲ ဂါဇီးပူရ်တွင် တစ်ရက်လျှင် အမှိုက်တန်ချိန် ၂၀၀၀ ခန့် စွန့်ပစ်နေသည်။ အမှိုက်ပုံကြောင့် ၃ မိုင်ပတ်လည်နေထိုင်သူများ ကျန်းမာရေးထိခိုက်နေပြီး ဆရာဝန်တို့မှာ တစ်ရက်လျှင် လူနာ ၇၀ ခန့် ကုသပေးနေရသည်)

 

(▲ နယူးဒေလီမြို့အရှေ့ဘက် ဂါဇီးပူရ်အမှိုက်ပုံကြီးအနီးရှိ လူနေအဆောက်အအုံတစ်ခုကို တွေ့ရပုံ)

(▲ ဂါဇီးပူရ် အမှိုက်တောင်ကြီးအနီး လမ်းလျှောက်နေသူများ)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This is the highest garbage mountain in the world

Photo Credit-dailymail

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service