မြေအမျိုးအစားပေါ်မူတည်၍ အမည်ပေါက်ပြောင်းလဲ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
846 Views

မြေအမျိုးအစားပေါ်မူတည်၍ အမည်ပေါက်ပြောင်းလဲ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Si Thu Aung

စိုက်ပျိုးမြေ၊ လူနေထိုင်ရန် ခွင့်ပြုမြေ၊ သစ်တောမြေ၊ မြေလွှတ်၊ မြေရိုင်း ၊ ကြိုးပြင်ကာကွယ်တော၊ သဘာဝနယ်မြေ ဟူ၍ မြေအမျိုးအစား အမျိုးမျိုးရှိကြပါသည်။ စိုက်ပျိုးမြေအမျိုးအစားများတွင် လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်းရွက် ပန်းမန် စိုက်ပျိုးသောမြေ ၊ မြေနုကျွန်းမြေ ၊ ရွှေ့ပြောင်းတောင်ယာမြေတို့ ပါဝင်ပါသည်။ စိုက်ပျိုးမြေများမှာ ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-(၇) လျှောက်ထားခြင်းပြုနိုင်ပါသည်။

စိုက်ပျိုးမြေအမျိုးအစားများအား ပုံစံ-(၇)လျှောက်ထားခြင်း၊ အမည်ပြောင်းလျှောက်ထားခြင်း၊ အခြားနည်းအသုံးပြုမှု လယ-၃၀(ခ) လျှောက်ထားခြင်းများမှာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တဆင့် အဆင့်ဆင့်တင်ပြ လျှောက် ထားရမည်ဖြစ်ပါသည်။

လယ်ယာမြေအား လွှဲပြောင်းရောင်းချခြင်း၊ လဲလှယ် ပေးကမ်းခြင်း ဆောင်ရွက်သည့်အခါတွင်လဲ ရက် ပေါင်း- (၁၂၀) အတွင်း သတ်မှတ်ချက်များနှင့်အညီ တံဆိပ်ခေါင်းခွန် ထမ်းဆောင်၍ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ချုပ်ဆိုပြီး ပုံစံ-(၇)တွင် အမည်ပြောင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အမွေဆက်ခံခွင့်အရ အမည်ပြောင်း လဲခြင်း ဆောင်ရွက်သည့်အခါတွင်လဲ အမွေဆက်ခံခွင့်အထောက်အထားများနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် မူရင်းအား ပူးတွဲ၍ မြို့နယ်ဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ပါသည်။

လယ်ယာမြေအား ပေါင်နှံခြင်း၊ ငှားရမ်းခြင်း ဆောင်ရွက်လိုသည့်အခါတွင်လဲ လယ်ယာမြေပုဒ်မ - ၅ အရ တံဆိပ်ခွန်ထမ်းဆောင်၍ ငှားရမ်းခြင်း၊ ပေါင်နှံခြင်း စာချုပ်ချုပ်ဆိုရမည်ဖြစ်ပါသည်။ ပေါင်နှံခြင်းများတွင် စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် အရင်းအနှီးရစေရန် အစိုးရဘဏ်၊ အစိုးရက ခွင့်ပြုသည့် ဘဏ်တစ်ခုခုတွင်သာ လယ်မြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(၇)အား ပေးအပ်ပြီး ပေါင်နှံခြင်းပြုနိုင်ပါသည်။

မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအားလဲ ဓာတ်ပုံမှတ်တမ်း၊ ခိုင်လုံသော အထောက်အထားများ ပူးတွဲ၍ ပုဒ်မ-၃၅ အရ လယ်ယာမြေအဖြစ်‌ ပြောင်းလဲသတ်မှတ်ပေးရန် လျှောက်ထားခွင့်ရှိပါသည်။ လယ်ယာမြေအား သီးနှံပြောင်းလဲ စိုက်ပျိုးလိုလျှင်ပင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ခွင့်ပြုချက်ရရှိမှ စိုက်ပျိုးခွင့်ရှိပါသည်။ လယ်ယာမြေအား အခြားနည်းအသုံးပြုလိုလျှင် နည်းဥပဒေပုဒ်မ - ၈၀ ပါ အချက်အလက်များနှင့် ကိုက်ညီမှုရှိသည် အခါမှ ပုံစံ-၁၄ ဖြင့် မြို့နယ်ဦးစီးဌာနရုံးမှ တဆင့်လျှောက်ထားခြင်း ပြုနိုင်ပါသည်။ အခြားနည်းအသုံးပြုမှု ခွင့်ပြုချက်ရရှိလျှင်လဲ ခွင့်ပြုသည့် နေ့ရက်မှ ရက်ပေါင်း - (၆)လ အတွင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်ရမည်ဖြစ်ပါသည်။

ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ ဥပဒေနှင့်အညီ လွှဲပြောင်းရယူထားပြီး ကော်မတီအမည်ပေါက် ရှိပြီးမြေ၊ လိုင်စင်မြေ၊ ပါမစ်မြေ၊ စကွာတာမြေ၊ စနစ်တကျမြို့ကွက် ဖော်ထုတ်ထားသော လူနေရပ်ကွက်အတွင်းရှိ ကျူးလွန်ခြင်းမြေ၊ ဂရန်ပေးစီမံချက်မြေများအား လူနေထိုင်ခွင့်ပြုထားပြီး မြေငှားဂရန်လျှောက်ထားခြင်းလဲပြုနိုင်ပါသည်။

ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေ အမည်ပေါက် မြေအမျိုးအစားများဖြစ်သည့်အခါမှ လွှဲပြောင်း ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ အမွေဆက်ခံခြင်း၊ နေထိုင်ခြင်း၊ ပိုင်ဆိုင်မှုခိုင်မာမည်ဖြစ်ပါသည်။ မြေငှားဂရန်များမှာ ခွင့်ပြုကာလ မကျော်ခင် (၃)လအလိုတွင် သက်တမ်းတိုး ဆောင်ရွက်ခြင်းပြုနိုင်ပါသည်။ အဆိုပါ မြေများအား လွှဲပြောင်းရောင်းချခြင်းပြုသည့်အခါ ရာဖြတ်တင်ပြီး ကျသင့်တံဆိပ်ခွန်၊ ဝင်ငွေခွန်တို့ ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ရက်ပေါင်း-(၁၂၀)အတွင်း စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ကြေး ထမ်းဆောင်ကာ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီးမှ ဝယ်ယူသူအမည်ပြောင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ အမွေဆက်ခံမှုများတွင်လဲ အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြွတ်ဟကြေညာစာချုပ်ချုပ်ဆိုပြီးမှ အမည်ပြောင်း ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service