အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
11 Feb 2025 12:34 pm တွင် တင်ခဲ့သည်
818 ကြိမ် ကြည့်ရှု့ပြီး

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတနှင့် ဆက်နွှယ်သော ကုမ္ပဏီတစ်ခုသည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၏ ဒိတ်ဒိတ်ကြဲနေရာတစ်ခုဖြစ်သော ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီးတစ်လုံးကို ပေါင် ၆၅ သန်း ပေးကာ ဝယ်ယူထားသည်။

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတ ရှိတ် မိုဟာမက် ဘင် ဇာယစ် အယ်လ် နာယန်း ဝယ်ယူခဲ့သော ချယ်လ်ဆီးအရပ်မှ စံအိမ်တွင် ရေကူးကန်၊ ရုပ်ရှင်ကြည့်ခန်း၊ ကားဓာတ်လှေကားတို့ ပါဝင်သည်။

သမ္မတ အယ်လ် နာယန်းသည် ချယ်လ်ဆီးအရပ်မှ စံအိမ်ကို British Virgin Islands တွင် အခြေစိုက် တည်ထောင်ထားသော ဟန်ပြကုမ္ပဏီတစ်ခုမှတဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

၂၀၀၀ ပြည့်လွန်ကာလများအတွင်း BT တယ်လီဖုန်းအိတ်ချိန်းရုံးနေရာတွင် စီးပွားရေးလုပ်ငန်းရှင် အုပ်စုတစ်ခုက ဆောက်လုပ်ခဲ့သော နေအိမ် ၃ လုံးအနက် တစ်ခု ဖြစ်သည်။

MBZ ဟူသော အတိုကောက်အမည်ဖြင့် လူသိများသူ သမ္မတ နာယန်းသည် ၂၀၂၂ ခုနှစ်တွင် အာရပ်စော်ဘွားများပြည်ထောင်စု သမ္မတ အရိုက်အရာကို ဆက်ခံခဲ့ခြင်း ဖြစ်သည်။

စံအိမ်များကို ပုံတူဆောက်လုပ်ထားခြင်းဖြစ်ကာ ရေကူးကန်၊ ရုပ်ရှင်ရုံနှင့် ကားဓာတ်လှေကားတို့ ပါဝင်ရာ သမ္မတ နာယန်းအနေဖြင့် လန်ဒန်သို့ ရောက်ချိန်တွင် သက်တောင့်သက်သာ နေထိုင်နိုင်မည် ဖြစ်သည်။

သို့သော် အဆိုပါစံအိမ်ကို ဖြိုချကာ အားကစားလေ့ကျင့်ခန်းမတစ်ခု ဆောက်လုပ်ရန် ဒေသကောင်စီထံမှ ခွင့်ပြုချက်ရရှိထားပြီး အယ်လ်နာယန်းတွင် ဆောက်လုပ်မည့် ဒီဇိုင်းများ ရှိထားပြီးဖြစ်သည်ဟု ဆိုသည်။

(အာရပ်စော်ဘွားများပြည်ထောင်စုသမ္မတနာယန်းနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တိို့ကို အတူတကွ တွေ့ရပုံ။)

(၂၀၀၀ ပြည့်လွန်ကာလများအတွင်း BT တယ်လီဖုန်းအိတ်ချိန်းရုံးနေရာတွင် စီးပွားရေးလုပ်ငန်းရှင် အုပ်စုတစ်ခုက ဆောက်လုပ်ခဲ့သော နေအိမ် ၃ လုံးအနက် တစ်ခု ဖြစ်သည်။)

(MBZ ၂၀၂၁ ခုနှစ်အတွင်း ဗြိတိန်သို့ အလည်အပတ်ခရီးစဉ်ရောက်ရှိစဉ် ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးကြည့်ရှုစဉ်)

(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်းကလည်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် တွေ့ဆုံရန် ဒေါင်းနင်းလမ်းသို့ ရောက်ရှိခဲ့ပုံ။ ကိုဗစ်ကာလဖြစ်သောကြောင့် လူချင်းခပ်ခွာခွာ မတ်တပ်ရပ်နေခြင်း ဖြစ်သည်)

MBZ က အဆိုပါစံအိမ်ကြီးကို ဝယ်ယူပြီး ရက်သတ္တ ၂ ပတ်အကြာတွင် နေအိမ်ကို ပြောင်းလဲဆောက်လုပ်ရန် စီမံကိန်း ခွင့်ပြုချက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

MBZ အနေဖြင့် ဗြိတိန်သို့ လာရောက်လည်ပတ်ချိန်များတွင် ယခုစံအိမ်ကြီးကို အသုံးပြုနိုင်မည် ဖြစ်သည်။

အရိုက်အရာ ဆက်ခံမည့်မင်းသားဘဝ ၂၀၂၁ ခုနှစ်အတွင်းက MBZ သည် လန်ဒန်မြို့သို့ အလည်အပတ်ရောက်ရှိခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့ကို ထိုစဉ်ကဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့်အတူ စစ်ဆေးခဲ့ဖူးသည်။

ထို့အပြင် ကိုဗစ်ကာလအတွင်းကလည်း ဘောရစ်ဂျွန်ဆင်နှင့် လာရောက်တွေ့ဆုံဖူးသည်။

Ref: UAE president buys £65m Chelsea mansion complete with swimming pool, cinema room and car lift in one of London's biggest home purchases since the Covid pandemic

Photo Credit-dailymail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း...

ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှာ...

အမေရိကန်ပြည်၊ Phoenix မြို့တွင် ကျူးတို့က နေအိမ်တစ်လုံးကို ကျူးကျော်နေထိုင်သည့်အပြင် ပိုင်ရှင်မသိဘဲ စာရွက်စာတမ်းအတုများဖြင့် နေအိမ်ရောင်းစားမှု ဖြစ်ပေါ်...

ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (Kurt Cobain ၏ ဇနီး) လည်း ပါဝင်လာ၊ Courtney Love က လော့စ်အိန်ဂျလိမှနေအိမ်ကို ရောင်းချကာ ဗြိတိန်နိုင်ငံသားအဖြစ် ခံယူရန်စီစဉ်...

[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန်းကြယ်သောဖြစ်ရပ်...

(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ...

ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ်နေ၊ ထရမ့်ဂျူနီယာ၏ ဇနီးဟောင်း ဗနက်ဆာမှာ တိုက်ဂါးဝုဒ်၏ ဒေါ်လာ သန်း ၆၀ တန် စံအိမ်...

ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရာ ကြက်သားအစိမ်းများကို မဖုံးမအုပ်ဘဲ ရေခဲသေတ္တာအတွင်း တင်ထားမှုအပေါ် ကြည့်ရှုရသည့် ပရိသတ်များ စိတ်...

စကော့တလန်တွင် လျှပ်စစ်မီးလိုင်း၊ ဓာတ်ငွေ့လိုင်းမရှိသော ပင်လယ်ကမ်းခြေနေအိမ်ကြီးတစ်လုံး ပေါင် ၃၉၅၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ

အဆောက်အဦးတစ်ခုမှာ ဘယ်အပိုင်းတွေ ထိခိုက်လို့မရဘူးလဲ??

တရုတ်ပြည်တွင် နှင်းဖုံးတောင်တန်းပေါ်၌ ၁၀ ရက်ကြာ လမ်းပျောက်ခဲ့သော လူငယ်မှာ သွားတိုက်ဆေးများ စားသောက်ကာ အသက်ရှင်ခဲ့ပုံ

မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သ

အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျ

ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ

တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ န

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က

ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖ

Expo Singapore
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service