တရားရုံးများ အဆင့်ဆင့် ဖွဲ့စည်းပုံအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
1132 Views

တရားရုံးများ အဆင့်ဆင့် ဖွဲ့စည်းပုံအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Si Thu Aung

ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံတွင် အမြင့်ဆုံး တရားရုံးဖြစ်ပြီး ၎င်း၏ လက်အောက်တွင် တရားရုံးများ အဆင့်ဆင့်ရှိပါသည်။

တိုင်းဒေသကြီးတရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးများ၊ ခရိုင်တရာရုံးများ၊ မြို့နယ် တရားရုံးများဟူ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အောက်တွင် အဆင့်ဆင့်ဖွဲ့စည်းထားပါသည်။

အထက်ဖော်ပြပါ တရားရုံးအဆင့်ဆင့်တွင် အမှုသည်များမှ လွတ်လပ်စွာ ခုခံချေပခွင့်နှင့် အယူခံဝင် နိုင်သည့် အခွင့်အရေးရှိပါသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် အမှုများအား ပြင်ဆင်မှုစီရင် ပိုင်ခွင့်အာဏာရှိသည့်အပြင် ရှေ့တော်သွင်း စာချွန်တော်အမိန့်၊ အာဏာပေး စာချွန်တော်အမိန့်၊ တားမြစ်စေ စာချွန်တော်အမိန့်၊ အာဏာပိုင်မေးစာချွန်တော်အမိန့်၊ အမှုခေါ်စာချွန်တော်အမိန့် တို့ကိုလဲ ထုတ်ပိုင်ခွင့်ရှိပါသည်။ ပြည်ထောင်စုတရား လွှတ်တော်ချုပ်သည် တရားသူကြီးတစ်ဦးဖြစ်စေ၊ တစ်ဦးထက်ပိုသော တရားသူကြီးများက ဖြစ်စေ စီရင်ဆုံးဖြတ် နိုင်သည့် အာဏာရှိပါသည်။ တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော်သည် မူလမှုကို စီရင်ခြင်း၊ အယူခံမှုကို စီရင်ခြင်း၊ ပြင်ဆင် မှုကို စီရင်ခြင်း၊ ပင်လယ်ရေကြောင်း အမှုကို စီရင်ခြင်း၊ ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော အမှုများကို စီရင်ခြင်းတို့လဲ ဆောင်ရွက်ခွင့်ရှိပါသည်။

တိုင်းဒေသကြီး / ပြည်နယ်တရားရုံး လက်အောက်၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသရှိလျှင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ခရိုင်တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ မြို့နယ်တရားရုံးများ ရှိပါသည်။

ကျန်ဒေသ များ၌လဲ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများ အဆင့်ဆင့်ရှိပြီး ပြစ်မှုဆိုင်ရာမူလမှုများ၊ တရားမမှုများကို ဥပဒေနှင့်အညီ ခန့်အပ်ထားသော တရားသူကြီးများက စစ်ဆေးစီရင်မှုပြုပါသည်။ ပြည်ထောင် စုနယ်မြေများတွင်လဲ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများဟူ၍ ရှိပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အမိန့်ကြေငြာစာအမှတ် - (၂၀၅ /၂၀၂၄) ဖြင့် တရားမစီရင် ပိုင်ခွင့်အာဏာများကို မြို့နယ်တရားသူကြီး၊ တွဲဖက်တရားသူကြီး၊ ဒုတိယမြို့နယ်တရားသူကြီး များထံ အောက်ပါ အတိုင်း စီရင်ပိုင်ခွင့်အာဏာ ပေးအပ်ထားပါသည်။

- မြို့နယ်တရားသူကြီးများမှာ တန်ဖိုးငွေ သိန်း- ၅၀၀ ထက်မပိုသော တရားမမှု မူလမူခင်းများကို စီရင်ပိုင်ခွင့်အာဏာ၊

- တွဲဖက်မြို့နယ်တရားသူကြီးများမှာလဲ တန်ဖိုးငွေ သိန်း- ၅၀၀ ထက်မပိုသော တရားမမှုမူလ မူခင်းများကို စီရင်ပိုင်ခွင့်အာဏာ၊

-ဒုတိယမြို့နယ်တရားသူကြီးများမှာ တန်ဖိုးငွေ သိန်း- ၂၀၀ ထက်မပိုသော တရားမမှု မူလ မူခင်းများကို စီရင်ပိုင်ခွင့်အာဏာ၊၁၉၆၀ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေအရ စွဲဆိုသော အမှုများအား မြို့နယ် တရားသူကြီး၊ တွဲဖက်မြို့နယ်တရားသူကြီးတို့တွင်သာ စီရင်ပိုင်ခွင့်အာဏာရှိကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service