ရင်းနှီးမြှုပ်နှံမှု ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
542 Views

ရင်းနှီးမြှုပ်နှံမှု ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

Knowledge | Posted by Aye Myat Thu

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုပြု လိုသည့်အခါ ကုမ္ပဏီများ ဥပဒေနှင့်အညီ မှတ်ပုံတင် ဖွဲ့စည်းထူထောင်သည့် စီးပွားရေးအဖွဲ့အစည်းဖြစ်ရန် လိုပါသည်။ နိုင်ငံခြားသား ရန်ပုံငွေအဖွဲ့၊ အစုစပ်၊ တစ်ဦးတည်းပိုင်၊ ဖက်စပ်၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့ (သို့) အလားတူ အဖွဲ့အစည်းများသည် နိုင်ငံအတွင်း တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု ဆောင်ရွက်သည့်အခါတွင်လဲ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်သွားရပါမည်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ - ၂ (ဖ) အရ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရင်းနှီးမြုပ်နှံမှုပြုသူများအား ဝင်ငွေ ခွန်၊ အကောက်ခွန်နှင့် ပြည်တွင်းအခွန်အကောက်များနှင့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များအား အတည်ပြု ခြင်း၊ ခွင့်ပြုခြင်းတို့ ဆောင်ရွက်မှုပြုမည်ဖြစ်ပါသည်။

ပုဒ်မ - ၂၄ အရ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက်ရရှိသူသည် ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေပါ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက် လုပ်ထုံးလုပ်နည်းနှင့် သဘောတူစာချုပ်များအတိုင်း လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပြီး ဖောက်ဖျက်ပါက ရင်းနှီးမြုပ်နှံသူနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများမှာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခြင်း ခံရမည်ဖြစ်ပါသည်။

ပုဒ်မ-၃၆ အရ အောက်ဖော်ပြပါ လုပ်ငန်းအမျိုးအစားများဖြစ်ပါက ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင်ထံသို့ အဆိုပြုချက် အရင်တင်သွင်းရမည်ဖြစ်ပါသည်။

- မဟာဗျူဟာအရ နိုင်ငံအတွင်း အရေးပါသော ရင်းနှီးမြုပ်နှံမှုလုပ်ငန်း

- မတည်ငွေရင်းကြီးမားသည့် ရင်းနှီးနြုပ်နှံမှု လုပ်ငန်းအမျိုးအစား

- သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ကြီးမားသောသက်ရောက်မှုဖြစ်စေနိုင်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ

- နိုင်ငံတော်ပိုင် မြေတွင် အဆောက်အအုံများ ဆောက်လုပ်ရန် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ။

- ကော်မရှင်မှ သတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ။

အခြားသော လုပ်ငန်းများဖြစ်ပါက ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံသို့ အဆိုပြုချက်တင်ပြရန် မလိုအပ်သော်လည်း လုပ်ငန်းနှင့် သက်ဆိုင်သည့် လိုင်စင်၊ ပါမစ်၊ အထောက်အထား စာရွက်စာတမ်းများဖြင့် ရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ အတည်ပြုချက်အား ရယူမှုပြုရန် လိုအပ်ပါသည်။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစား ပေါ်မူတည်၍ နိုင်ငံအတွင်း အာမခံလုပ်ငန်းတွင် အာမခံထားရှိမှု ပြုရမည်ဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုကော်မတီသည် နိုင်ငံအတွင်း အကျိုးစီးပွားဖြစ်ထွန်းမှုမရှိသော ကန့်သတ်ထားသည့်၊ တား မြစ်ထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ငြင်းပယ်မည်ဖြစ်ပြီး ဥပဒေနှင့်ဆန့်ကျင်မှုမရှိသော ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းဖြစ်ပါက လုပ်ငန်းနှင့်သက်ဆိုင်သည့် အထောက်အထားများအချက်အလက်များလဲ စီစစ်မည်ဖြစ်ကာ ပြည့်စုံမှုရှိသည့်အခါမှ ခွင့်ပြုချက်ထုတ်ပေးမည်ဖြစ်ပါသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုပေးထားသော လုပ်ငန်းများမှာလဲ လုပ်ငန်းအမျိုးအစားအပေါ် မူတည်၍ ခွင့်ပြုတည်ဆောက်ရေးကာလ၊ ပြင်ဆင်ချိန်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိပါက ကော်မရှင်မှ ပြန်လည်ရုတ်သိမ်းခြင်း ခံရမည်ဖြစ်ပါသည်။

နိုင်ငံသားရင်းနှီးမြှုပ်နှံလိုသူသည် နိုင်ငံပိုင်မြေနှင့် အဆောက်အအုံအား ငှားရမ်းအသုံးပြု ရင်းနှီးမြှုပ်နှံလိုခြင်းဖြစ်ပါက ကနဦး နှစ်- ၅၀ ၊ သက်တမ်းတိုး (၁၀)နှစ် (၂)ကြိမ် အသုံးပြုခွင့်ရရှိပါသည်။ ခွင့်ပြုအတည်ပြုချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်သော ရင်းနှီးမြှုပ်နှံမှုမဟုတ်ပါက ကော်မတီမှ လုပ်ငန်းများအား ရပ်ဆိုင်းမှုပြု စေခြင်း၊ သိမ်းယူခြင်း၊ နိုင်ငံပိုင်ပြုလုပ်သည်အထိ အရေးယူခံရနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service