အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
1106 Views

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Hnin Ei Khin

အိမ်ရှင်၊ အိမ်ငှားများမှ ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေနှင့်အညီ လိုက်နာ မှု ပြုကြရမည်ဖြစ်ပါသည်။ မရွှေ့မပြောင်းနိုင်သောပစ္စည်း အိမ်ခြံမြေ၊ တိုက်ခန်းများ ငှားရမ်းသည့်အခါ ငှားရမ်းခြင်း စာချုပ်၌ အိမ်ရှင်၊ အိမ်ငှားတာဝန်အရပ်ရပ်နှင့် စည်းကမ်းချက်၊သဘောတူညီမှုများအား ထည့်သွင်းစာချုပ် ချုပ်ဆိုရပါမည်။

စာချုပ်တွင် ငှားရမ်းသည့် အချိန်ကာလကန့်သတ်ချက်နှင့် ငှားရမ်းခတန်ဖိုး ကို တိကျစွာ ဖော်ပြရန်လိုပါသည်။ တစ်နှစ်ထက်ပို၍ ငှားရမ်းလျှင် ငှားရမ်းခြင်းစာချုပ်အား စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေအညီ မှတ်ပုံတင်ခြင်းဆောင်ရွက်မှ တရားဝင်မည်ဖြစ်ပါသည်။

အိမ်ရှင်မှာ ဥပဒေနှင့်အညီ ရထိုက်ခွင့်ရှိသည့် ငှားရမ်းခအား တောင်းဆိုခွင့်ရှိကာ ပုဒ်မ-၈ အရလဲ ငှားရမ်းခအား ပြင်ဆင်သတ်မှတ်နိုင်သည်။ စံငှားရမ်းခများ သတ်မှတ်ပေးရန်အတွက် အိမ်ရှင်မှ ကြီးကြပ်ရေး ဝန်ထံ လျှောက်ထားခြင်းလဲပြုနိုင်ပါသည်။

မိမိငှားရမ်းသော အိမ်ခြံမြေ၊ တိုက်ခန်းမှာ ချို့ယွင်းချက်တစ်စုံတစ်ရာရှိလျှင် အိမ်ရှင်မှ အိမ်ငှားအား ထုတ်ဖော်ပြောကြားရန် လိုအပ်ပြီး အငှားချထားသည့်ပစ္စည်းအား လက်ရောက်ပေးအပ်ခြင်းပြုရပါမည်။ နေအိမ်ပြုပြင်ရန် တာဝန်မှာလဲ အိမ်ရှင်ထံတွင် ရှိပါသည်။ မိမိမှ ငှားရမ်းပစ္စည်းနေအိမ်တွင် ပြန်လည် နေထိုင်ခြင်းပြုလိုပါကလဲ ပုဒ်မ ၁၂(၁)(ဃ)အရ တောင်းဆိုနိုင်ပါသည်။

ထို့ပြင် အိမ်ရှင်အိမ်ငှားအဖြစ် ရပ်စဲခြင်းပြုသည်များတွင်လဲ ငှားရမ်းခြင်းမှာ တစ်နှစ်ထက်မပိုလျှင် (၁၅) ရက် ကြိုတင်ကာ နို့တစ်အကြောင်းကြားစာပေးပို့ရန် လိုပါသည်။ အိမ်ငှားမှ ငှားရမ်းခြင်းစာချုပ်အား ဖောက်ဖျက်သည့်ကိစ္စရပ်များတွင်လဲ အိမ်ရှင်မှ နှင်လိုမှုဖြင့် တရားစွဲဆိုခြင်း ပြုနိုင်ပါသည်။

အိမ်ငှားမှလဲ အိမ်ရှင်မှ မသိသော အကျိုးခံစားခွင့် တစ်စုံတစ်ရာရှိပါက ထုတ်ဖော်ပြောကြားရမည်။ ငှားရမ်းသည့်ပစ္စည်းအား ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်မှာလဲ အိမ်ငှားထံတွင်ရှိပြီး စာချုပ်သက်တမ်း ပြည့်လျှင် စနစ်တကျအိမ်ရှင်အားပြန်လည်အပ်နှံရပါမည်။ စာချုပ်ပါသဘောတူညီချက်မရှိလျှင် အခြားသူများအား တဆင့်ပြန်လည်ငှားရမ်းခွင့်မရှိပါ။

ငှားရမ်းသည့်ပစ္စည်းပျက်စီး ဆုံးရှုံးမှုတစ်စုံတစ်ရာရှိလျှင်လဲ အိမ်ငှားမှ တန်ဖိုးငွေအတိုင်း ပေးလျော်ရန် တာဝန်ရှိပါသည်။ စာချုပ်ပါ သတ်မှတ်ရက်အတွင်း ငှားရမ်းခငွေအား အိမ်ရှင်ထံ မပျက်မကွက်ပေးအပ်ရမည်ဖြစ်ကာ ဥပစာပြုပြင်လိုပါက အိမ်ရှင်အား တောင်းဆိုရမည်ဖြစ်ပါသည်။

ငှားရမ်းခြင်းစာချုပ်ပါ စည်းကမ်းချက်များ ကို ဖောက်ဖျက်ခြင်း၊ ပတ်ဝန်းကျင်အား နှောက်ယှက်မှုပြုခြင်း၊ ဥပဒေနှင့်မညီညွှတ်သည့် လုပ်ဆောင်ချက်များ ဆောင်ရွက်လျှင် အိမ်ရှင်မှ အိမ်ငှားအားဖယ်ရှားခွင့်ရှိပါသည်။ အိမ်ငှားမှ ငှားရမ်းခများအတွက် စံငှားရမ်းခ သတ် မှတ်ပေးရန် ပုဒ်မ- ၂၇(၁) အရ ကြီးကြပ်ရေးဝန်ထံ လျှောက်ထားခြင်းလဲ ဆောင်ရွက်နိုင်ကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service