စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာပွဲတွင် ဒေါ်လာ ၅၀၀,၀၀၀ တန် ရွှေဒင်္ဂါးပြားကို သူငယ်ချင်း ၃ ဦးက ခုံတန်းတစ်ခုအောက်တွင် တွေ့ရှိ

စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာပွဲတွင် ဒေါ်လာ ၅၀၀,၀၀၀ တန် ရွှေဒင်္ဂါးပြားကို သူငယ်ချင်း ၃ ဦးက ခုံတန်းတစ်ခုအောက်တွင် တွေ့ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
14 Nov 2024 11:43 am တွင် တင်ခဲ့သည်
1319 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

မျက်စိလျင်သူများအတွက် စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ပါဝင်ဆင်နွှဲကြသော ရတနာရှာပွဲ (Hunt the Mouse) ပြိုင်ပွဲကြီး ရှိနေသည်။

ယခုနှစ်တွင် စင်္ကာပူဒေါ်လာ ၁ သန်းအထိ ဆုငွေများ ပေးထားရာ စင်္ကာပူဒေါ်လာ ၅၀၀,၀၀၀ ဆုငွေပေးမည့် ရွှေဒင်္ဂါးတစ်ခုနှင့် ငွေဒင်္ဂါး ၃၀၀ တို့ ဖြစ်ကာ ငွေဒင်္ဂါးပြားများမှာ ဆုငွေ ဒေါ်လာ ၅၀၀ (သို့မဟုတ်) ဒေါ်လာ ၂၅၀၀ ဖြစ်နိုင်သည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်းကမူ ဆုငွေ စင်္ကာပူဒေါ်လာ ၁၀၀,၀၀၀ သာ ချီးမြှင့်ခဲ့ပြီး စင်္ကာပူဒေါ်လာ ၅၀,၀၀၀ တန် ရွှေဒင်္ဂါးတစ်ပြားနှင့် စင်္ကာပူဒေါ်လာ ၅၀၀ တန် ငွေဒင်္ဂါး ၁၀၀ ခုတို့ ပါဝင်ခဲ့သည်။

((ဘယ်လို ကစားရတာလဲ))

စင်္ကာပူတွင် သင်နေထိုင်ရာနေရာမှ အပြင်ထွက်ကာ ဖွက်ထားသော ဒင်္ဂါးပြားများကို နေရာအနှံ့လိုက်လံရှာဖွေ ရုံသာ ဖြစ်သည်။

စင်္ကာပူအခြေစိုက် Sqkii ကုမ္ပဏီက ဒင်္ဂါးပြားများရှိသော နေရာများကို ၎င်းတို့၏ အင်စတာဂရမ်၊ Facebook နှင့် တယ်လီဂရမ် စာမျက်နှာများတွင် တစ်နေ့လျှင် ၃ ကြိမ် သဲလွန်စ ထုတ်ပြန်ပေးသည်။

ရွှေဒင်္ဂါးကို ဖွက်သည့်အချိန်မှာ အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်ကြားဖြစ်သည်။

ငွေဒင်္ဂါးပြားများမှာမူ စင်္ကာပူနိုင်ငံတဝန်း ကြိုတင်ဖြန့်ကျက်ဖွက်ထားခဲ့ပြီး ဖြစ်သည်။ အောက်တိုဘာ ၁၀ ရက် မနက် ၁၀ နာရီတွင် စတင်ခဲ့ပြီး မည်သူမဆို ပါဝင်ဆင်နွှဲနိုင်သော ရတနာရှာပွဲ ဖြစ်သည်။

((ဒေါ်လာ ၅၀၀၀၀၀ တန် ရွှေဒင်္ဂါး ဘယ်သူရသွားလဲ))

ဆုကြေးအမြင့်ဆုံးဖြစ်သော စင်္ကာပူဒေါ်လာ ၅၀၀၀၀၀ ရမည့် ရွှေဒင်္ဂါးပြားကို သူငယ်ချင်း ၃ ဦးက Bedok Central လူနေအိမ်ရာအနီးရှိ ခုံတန်းတစ်ခုအောက်တွင် ရှာဖွေတွေ့ရှိသွားကြသည်။

 

(ဓာတ်ပုံ-Sqkii on Facebook)

 

လူငယ် ၃ ဦးဖြစ်သော ဝီကီယက်၊ အက်ဒ်ဝါ့နှင့် အာဝင်တို့က ရွှေဒင်္ဂါးပြားကို New Upper Changi လမ်းပေါ် ၊ Block 208 ရှေ့ရှိ ခုံတန်းတစ်ခုအောက်တွင် နိုဝင်ဘာ ၈ ရက် မနက် ၁း၄၃ အချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

(Sqkii ၏ Facebook စာမျက်နှာတွင် ရွှေဒင်္ဂါးရှိသည့်နေရာကို သဲလွန်စပေးထားခဲ့ပုံ။ ဓာတ်ပုံ-Sqkii on Facebook)

 

အတည်ပြုစစ်ဆေးမှု လုပ်ငန်းစဉ်များအရ ဝီကီယက်သည် အက်ဒ်ဝါ့၊ အာဝင်တို့၏ အကူအညီဖြင့် သဲလွန်စကို အသုံးပြုရှာဖွေရာ ရွှေဒင်္ဂါးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ထို့ကြောင့် ၎င်းတို့ ၃ ဦးမှာ စင်္ကာပူဒေါ်လာ ၅၀၀,၀၀၀ ဆုငွေ ရရှိမည် ဖြစ်သည်။

 

(ဝီကီယက်ကို ရွှေဒင်္ဂါးရှာဖွေတွေ့ရှိသောနေရာတွင် တွေ့ရပုံ။ ဓာတ်ပုံ-@sqkiimouse on Instagram)

 

(ခုံတန်းမှာ Block 208 နှင့် Block 212 ကြားတွင်ရှိကြောင်း ဝီကီယက်က ပြသနေပုံ။ ဓာတ်ပုံ-@sqkiimouse on Instagram)

 

(ရွှေဒင်္ဂါးကို ပစ္စည်းတစ်ခုခုအောက်တွင် ဖွက်ထားကြောင်း Sqkii က သဲလွန်စပေးခဲ့သည်။ ဓာတ်ပုံ-@sqkiimouse on Instagram)

 

(ဓာတ်ပုံ-@sqkii on Facebook)

 

ယခုအခါ ရတနာရှာပွဲတွင် ဖွက်ထားသော ငွေဒင်္ဂါးများအားလုံးလည်း တွေ့ရှိသွားကြပြီဖြစ်ကြောင်း Sqkii ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Guess who’s back? Treasure hunt game Hunt the Mouse returns, $1m in cash prizes to be won (asiaone) Photo Credit- @sqkiimouse on Instagram, Sqkii on Facebook

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service