မြေငှားဂရန်သက်တမ်းတိုး လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
656 Views

မြေငှားဂရန်သက်တမ်းတိုး လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များ

Knowledge | Posted by Shwe Zin Win

[Unicode]

မြေငှားဂရန်အား သတ်မှတ်မြေငှား သက်တမ်းကာလ မကုန်ဆုံးခင် (၃)လအလိုတွင် သက်တမ်းတိုး လျှောက်ထားမှုပြုရန် လိုပါသည်။ ထို့သို့ သက်တမ်းတိုး ဆောင်ရွက်ရာတွင် လျှောက်ထားသူမှာ အောက်ပါစာရွက် စာတမ်းများအား ပူးတွဲတင်ပြရန် လိုပါသည်။

- သက်တမ်းကုန်ဆုံးသည့် မြေငှားစာချုပ်(ဂရန်)မူရင်း၊ - မှတ်ပုံတင်စာချုပ်စာတမ်းများ - မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ရောင်းကြောင်း လက်မှတ်စာ - နိုင်ငံသားစီစစ်ရေးကတ်ပြား (သို့) အမျိုးသားမှတ်ပုံတင်ကတ်ပြား - မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် (သို့) မြေငှားခ နောက်ဆုံးပေးဆောင်ပြီး ကြောင်း ပြေစာမိတ္တူတို့ တင်ပြရန်လိုပါသည်။

မြေငှားဂရန် သက်တမ်းတိုး လျှောက်ထားခွင့်ရှိသောသူများမှာ မြေငှားဂရန်အား အမည်ပေါက်သူ၊ မှတ်ပုံ တင်စာချုပ်စာတမ်းဖြင့် လွှဲပြောင်းဆက်ခံသူ၊ တရားရုံးအမိန့်တစ်ရပ်ရပ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းရောင်း ကြောင်း လက်မှတ်စာရရှိသူများမှ မြေငှားဂရန် သက်တမ်းတိုး လျှောက်ထားခွင့်ရှိပါသည်။

လျှောက်ထားသူမှ တင်ပြလာသော စာရွက်စာတမ်းများအား ဌာနမှ မြေဆိုင်ရာ အထောက်အထားများ နှင့် ကိုက်ညီမှုရှိမရှိ ၊ ဂရန်သက်တမ်းကုန်ဆုံးခြင်းရှိမရှိ၊ မြေငှားခကြွေးကျန်ရှိမရှိ စစ်ဆေးခြင်း၊ ဌာနဆိုင်ရာ တား မြစ်ချက်၊ ဘဏ်ကန့်ကွက်ချက်၊ တရားရုံးတားဝရမ်းများရှိမရှိနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေနှင့် ငြိစွန်းမှုရှိမရှိလဲ စီစစ်မည် ဖြစ်ပါသည်။

ဌာနမှ သတ်မှတ်သည့် အချက်အလက်များနှင့် ကိုက်ညီမှုရှိမှသာ ကန့်ကွက်စာကြေငြာ စေမည်ဖြစ်ကာ ကန့်ကွက်စာအား မြေပေါ်တွင်တစ်စောင်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတစ်စောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် တစ်စောင်လျှောက်ထားသူမှ ပေးပို့ရမည်ဖြစ်ပြီး လက်ခံရရှိကြောင်း စာတစ်စောင်အား လျှောက်ထားသူမှ ဌာနသို့ ပြန်လည် တင်ပြပေးရန် လိုပါသည်။

ကန့်ကွက်သူမပေါ်ပေါက်သည့်အခါ နိုင်ငံပိုင်နေ့စဉ် သတင်းစာတွင် ဌာနမှ ကန့်ကွက်ရှိမရှိ ကြေငြာ စေခြင်း၊ ဌာနမှ မြေပေါ်ကွင်းဆင်းစစ်ဆေးကာ မြေတိုင်းတာမှုပြုခြင်းတို့ ဆောင်ရွက်ပါသည်။

ထို့နောက် သတ်မှတ်ဝန်ဆောင်ခနှင့် အထူးတံဆိပ်ခေါင်းတို့ကပ်စေကာ မြေငှားဂရန် သက်တမ်းတိုးအား ဌာနမှ ခွင့်ပြုပြီး မြေငှားစာချုပ်ချထားခြင်းခံရသူနှင့် အသိသက်သေများအား မြေငှားစာချုပ်ပေါ်တွင် လက်မှတ်ရေးထိုးစေမည် ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေျမငွားဂရန္သက္တမ္းတိုး ေလွ်ာက္ထားရာတြင္ ပါဝင္ရမည့္ အခ်က္အလက္မ်ားႏွင့္ လိုက္နာေဆာင္႐ြက္ရမည့္ အခ်က္မ်ား

ေျမငွားဂရန္အား သတ္မွတ္ေျမငွား သက္တမ္းကာလ မကုန္ဆုံးခင္ (၃)လအလိုတြင္ သက္တမ္းတိုး ေလွ်ာက္ထားမႈျပဳရန္ လိုပါသည္။ ထို႔သို႔ သက္တမ္းတိုး ေဆာင္႐ြက္ရာတြင္ ေလွ်ာက္ထားသူမွာ ေအာက္ပါစာ႐ြက္ စာတမ္းမ်ားအား ပူးတြဲတင္ျပရန္ လိုပါသည္။

- သက္တမ္းကုန္ဆုံးသည့္ ေျမငွားစာခ်ဳပ္(ဂရန္)မူရင္း၊ - မွတ္ပုံတင္စာခ်ဳပ္စာတမ္းမ်ား - မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းကို ေရာင္းေၾကာင္း လက္မွတ္စာ - ႏိုင္ငံသားစီစစ္ေရးကတ္ျပား (သို႔) အမ်ိဳးသားမွတ္ပုံတင္ကတ္ျပား - ေျမငွားခေႂကြးက်န္ ကင္း႐ွင္းေၾကာင္း ေထာက္ခံခ်က္ (သို႔) ေျမငွားခ ေနာက္ဆုံးေပးေဆာင္ၿပီး ေၾကာင္း ေျပစာမိတၱဴတို႔ တင္ျပရန္လိုပါသည္။

ေျမငွားဂရန္ သက္တမ္းတိုး ေလွ်ာက္ထားခြင့္႐ွိေသာသူမ်ားမွာ ေျမငွားဂရန္အား အမည္ေပါက္သူ၊ မွတ္ပုံ တင္စာခ်ဳပ္စာတမ္းျဖင့္ လႊဲေျပာင္းဆက္ခံသူ၊ တရား႐ုံးအမိန္႔တစ္ရပ္ရပ္ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းေရာင္း ေၾကာင္း လက္မွတ္စာရ႐ွိသူမ်ားမွ ေျမငွားဂရန္ သက္တမ္းတိုး ေလွ်ာက္ထားခြင့္႐ွိပါသည္။

ေလွ်ာက္ထားသူမွ တင္ျပလာေသာ စာ႐ြက္စာတမ္းမ်ားအား ဌာနမွ ေျမဆိုင္ရာ အေထာက္အထားမ်ား ႏွင့္ ကိုက္ညီမႈ႐ွိမ႐ွိ ၊ ဂရန္သက္တမ္းကုန္ဆုံးျခင္း႐ွိမ႐ွိ၊ ေျမငွားခေႂကြးက်န္႐ွိမ႐ွိ စစ္ေဆးျခင္း၊ ဌာနဆိုင္ရာ တား ျမစ္ခ်က္၊ ဘဏ္ကန္႔ကြက္ခ်က္၊ တရား႐ုံးတားဝရမ္းမ်ား႐ွိမ႐ွိႏွင့္ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းလႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ဥပေဒႏွင့္ ၿငိစြန္းမႈ႐ွိမ႐ွိလဲ စီစစ္မည္ ျဖစ္ပါသည္။

ဌာနမွ သတ္မွတ္သည့္ အခ်က္အလက္မ်ားႏွင့္ ကိုက္ညီမႈ႐ွိမွသာ ကန္႔ကြက္စာေၾကျငာ ေစမည္ျဖစ္ကာ ကန္႔ကြက္စာအား ေျမေပၚတြင္တစ္ေစာင္၊ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးတစ္ေစာင္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ တစ္ေစာင္ေလွ်ာက္ထားသူမွ ေပးပို႔ရမည္ျဖစ္ၿပီး လက္ခံရ႐ွိေၾကာင္း စာတစ္ေစာင္အား ေလွ်ာက္ထားသူမွ ဌာနသို႔ ျပန္လည္ တင္ျပေပးရန္ လိုပါသည္။

ကန္႔ကြက္သူမေပၚေပါက္သည့္အခါ ႏိုင္ငံပိုင္ေန႔စဥ္ သတင္းစာတြင္ ဌာနမွ ကန္႔ကြက္႐ွိမ႐ွိ ေၾကျငာ ေစျခင္း၊ ဌာနမွ ေျမေပၚကြင္းဆင္းစစ္ေဆးကာ ေျမတိုင္းတာမႈျပဳျခင္းတို႔ ေဆာင္႐ြက္ပါသည္။

ထို႔ေနာက္ သတ္မွတ္ဝန္ေဆာင္ခႏွင့္ အထူးတံဆိပ္ေခါင္းတို႔ကပ္ေစကာ ေျမငွားဂရန္ သက္တမ္းတိုးအား ဌာနမွ ခြင့္ျပဳၿပီး ေျမငွားစာခ်ဳပ္ခ်ထားျခင္းခံရသူႏွင့္ အသိသက္ေသမ်ားအား ေျမငွားစာခ်ဳပ္ေပၚတြင္ လက္မွတ္ေရးထိုးေစမည္ ျဖစ္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service