အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ - Property Knowledge in Myanmar from iMyanmarHouse.com
2534 Views

အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ

Knowledge | Posted by Shwe Zin Win

[Unicode]

 

အိမ်တစ်လုံးကို အလှဆင်တဲ့အခါမှာ အရောင်ရွေးချယ်မှုက အဓိကကျပါတယ်။ လတ်ဆတ်ပြီး စိတ်ခံစားမှုကို ပြောင်းပေးနိုင်တဲ့ အိမ်သုတ်ဆေးအရောင်တွေဟာ သင့်အခန်းရဲ့ ဒီဇိုင်းနဲ့ သင့် Mood ကိုပါ လုံးဝအသစ် ဖြစ်သွားစေမှာပါ။

ကိုယ့်အိမ်ထဲက အခန်းတွေ ဆေးသုတ်ဖို့ စဉ်းစားနေရင် ဒီဆေးရောင်တွေကို ဒီအခန်းတွေမှာ မသုတ်ဖို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

 

(၁) အိပ်ခန်းကို အနီနဲ့ ခရမ်းရောင်ဆေး မသုံးပါနဲ့

အနီရောင်ကို ကြိုက်တယ်ဆိုရင်တောင် သင့်အိပ်ခန်းနံရံကို အနီရောင် မသုတ်ပါနဲ့လို့ House Wire တည်ထောင်သူ ဂျီနီဗာ အာရွန်က ပြောပါတယ်။လူ့ဦးနှောက်ဟာ အနီရောင်ကို သွေးလို့ မှတ်ယူထားပြီး အန္တရာယ်နဲ့ တွဲမှတ်ထားတာပါ။ ဒီတော့ အခန်းထဲမှာ အနီရောင်ကို မြင်ရခြင်းဟာ နှလုံးခုန်နှုန်းကို မြန်စေပြီး အိပ်လို့မရဖြစ်စေပါတယ်။

ခရမ်းရောင်ဆေးသုတ်ထားတဲ့ အိပ်ခန်းမှာ အိပ်သူတွေဟာ ပျမ်းမျှ တစ်နေ့ကို ၅ နာရီ ၅၆ မိနစ်ပဲ အိပ်ပျော်တယ်လို့ လေ့လာချက်တွေက ပြောပါတယ်။ နောက်တစ်ခုက ခရမ်းရောင်ခန်းထဲမှာ အိပ်ခြင်းဟာ အိပ်မက်ဆိုးတွေလည်း မက်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။

 

(၂) ရေချိုးခန်းနဲ့ Home Office မှာ အဖြူရှောင်ပါ

 

နံရံဖြူဖြူတွေဟာ ရေချိုးခန်းနဲ့ အလိုက်ဖက်ဆုံးထဲမှာ ပါပါတယ်။ အဖြူရောင်ဟာ ကြည့်လိုက်ရင် အသစ်စက်စက်လို့ မြင်စေရပေမယ့် နံရံဖြူတွေဟာ အစွန်းပေရင် မြင်လွယ်တဲ့ ပြဿနာ ရှိပါတယ်။ သိပ်ပြီး ရေချိုးခန်းကို ခဏခဏ သန့်ရှင်းရေးမလုပ်နိုင်ရင် အဖြူမသုံးသင့်ပါဘူး။

အိမ်ကို ရုံးလုပ်နေရသူတွေအတွက် စိတ်ပိုပြီး သက်တောင့်သက်သာ ရှိချင်ရင် အလုပ်လုပ်နေတဲ့ အခန်းနံရံကို အဖြူဆေးမသုတ်ဖို့ MyRoofingPal ရဲ့ လုပ်ငန်းလည်ပတ်မှု ဒါရိုက်တာ ကော်တနီကီးန်က ဆိုပါတယ်။ အဖြူက မျက်လုံးကြိမ်းပြီး ဒဏ်ဖြစ်စေလို့ ကွန်ပျူတာနဲ့ တစ်နေကုန် အလုပ်လုပ်သူတွေအတွက် မကောင်းဘူးလို့ သူမက ပြောတာပါ။

(၃) အပြင်နံရံနဲ့ ဧည့်ခန်းကို အညိုမသုံးနဲ့

 

The Golden ရဲ့ အိမ်ဒီဇိုင်းကျွမ်းကျင်သူနဲ့ အယ်ဒီတာ ဆန်ဝစ်တိတ်ကာကတော့ သင့်အိမ်ပြင်ပနံရံမှာ အညိုဆေး ဘယ်တော့မှ မသုံးဖို့ ဆိုပါတယ်။ အညိုရောင်ဟာ သင့်အိမ်ရဲ့ တန်ဖိုးကို ကျဆင်းစေပြီး တစ်ဆင့်ပြန်ရောင်းရင် ဈေးကောင်းမရ ဖြစ်တတ်လို့ပါတဲ့။

ဧည့်ခန်းမှာ အနက်ရောင်ပြေးတို့ အညိုတို့ကို မသုံးသင့်တာက အခန်းကို ကျဉ်းသွားတယ်ထင်စေလို့ပါ။ နဂိုကတည်းက ဧည့်ခန်းသေးရင် ပိုပြီး သေးသွားတယ်လို့တောင် ထင်စေရနိုင်လို့ ဖြစ်ပါတယ်။

(၄) မီးဖိုချောင်မှာ မီးခိုးရောင် အရင့်ပြေး ရှောင်ပါ

 

မီးခိုရောင်ဟာ စိတ်ဓါတ်ကျခြင်း ၊ ဆုံးရှုံးခြင်းနဲ့ မဖော်ရွေခြင်းတွေ ဖြစ်စေတဲ့ အရောင်လို့ ဆိုပါတယ် ။ ပြတင်းပေါက်မရှိတဲ့ မီးဖိုးချောင်သေးသေးတွေဆို မီးခိုးရောင် သုတ်ထားရင် ပိုပြီး စိတ်ကျဉ်းကြပ်စေနိုင်ပါတယ်။

(၅) ဘယ်အခန်းမှာမှ အစိမ်းနဲ့ အညိုစပ် မသုံးနဲ့

အရောင်အစပ်အဟပ်ကလည်း အရေးကြီးပါတယ်။ အစိမ်းနဲ့ အညိုကာလာနှစ်ရောင်စပ်ပြီး ထွက်လာတဲ့ Opaque Couche ဆိုတဲ့ အရောင်ကတော့ ဘယ်အခန်းမှာမှ မသုံးသင့်တဲ့ အရောင်လို့ ဆိုပါတယ်။ ဒီအရောင်ကို ရုပ်အဆိုးဆုံးအရောင်လို့တောင် ခေါ်ကြလို့ ဖြစ်ပါတယ်။ အိမ်အပြင်ဘက် နံရံတွေမှာ မသုံးဘဲ ရှောင်သင့်တဲ့ အရောင်က အဝါရောင်ဖြစ်ပြီး အိမ်ကို တန်ဖိုးလျော့စေတာကြောင့်လို့ ဆိုပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit By : kwee.co

 

 

 

[Zawgyi]

အခန္းအလိုက္ မသုံးသင့္တဲ့ အိမ္သုတ္ေဆးအေရာင္မ်ား

 

အိမ္တစ္လုံးကို အလွဆင္တဲ့အခါမွာ အေရာင္ေ႐ြးခ်ယ္မႈက အဓိကက်ပါတယ္။ လတ္ဆတ္ၿပီး စိတ္ခံစားမႈကို ေျပာင္းေပးႏိုင္တဲ့ အိမ္သုတ္ေဆးအေရာင္ေတြဟာ သင့္အခန္းရဲ႕ ဒီဇိုင္းနဲ႔ သင့္ Mood ကိုပါ လုံးဝအသစ္ ျဖစ္သြားေစမွာပါ။

ကိုယ့္အိမ္ထဲက အခန္းေတြ ေဆးသုတ္ဖို႔ စဥ္းစားေနရင္ ဒီေဆးေရာင္ေတြကို ဒီအခန္းေတြမွာ မသုတ္ဖို႔ ကြၽမ္းက်င္သူေတြက အၾကံေပးထားပါတယ္။

(၁) အိပ္ခန္းကို အနီနဲ႔ ခရမ္းေရာင္ေဆး မသုံးပါနဲ႔

အနီေရာင္ကို ႀကိဳက္တယ္ဆိုရင္ေတာင္ သင့္အိပ္ခန္းနံရံကို အနီေရာင္ မသုတ္ပါနဲ႔လို႔ House Wire တည္ေထာင္သူ ဂ်ီနီဗာ အာ႐ြန္က ေျပာပါတယ္။လူ႕ဦးေႏွာက္ဟာ အနီေရာင္ကို ေသြးလို႔ မွတ္ယူထားၿပီး အႏၲရာယ္နဲ႔ တြဲမွတ္ထားတာပါ။ ဒီေတာ့ အခန္းထဲမွာ အနီေရာင္ကို ျမင္ရျခင္းဟာ ႏွလုံးခုန္ႏႈန္းကို ျမန္ေစၿပီး အိပ္လို႔မရျဖစ္ေစပါတယ္။

ခရမ္းေရာင္ေဆးသုတ္ထားတဲ့ အိပ္ခန္းမွာ အိပ္သူေတြဟာ ပ်မ္းမွ် တစ္ေန႔ကို ၅ နာရီ ၅၆ မိနစ္ပဲ အိပ္ေပ်ာ္တယ္လို႔ ေလ့လာခ်က္ေတြက ေျပာပါတယ္။ ေနာက္တစ္ခုက ခရမ္းေရာင္ခန္းထဲမွာ အိပ္ျခင္းဟာ အိပ္မက္ဆိုးေတြလည္း မက္ႏိုင္ေျခပိုမ်ားတယ္လို႔ ဆိုပါတယ္။

 

(၂) ေရခ်ိဳးခန္းနဲ႔ Home Office မွာ အျဖဴေ႐ွာင္ပါ

 

နံရံျဖဴျဖဴေတြဟာ ေရခ်ိဳးခန္းနဲ႔ အလိုက္ဖက္ဆုံးထဲမွာ ပါပါတယ္။ အျဖဴေရာင္ဟာ ၾကည့္လိုက္ရင္ အသစ္စက္စက္လို႔ ျမင္ေစရေပမယ့္ နံရံျဖဴေတြဟာ အစြန္းေပရင္ ျမင္လြယ္တဲ့ ျပႆနာ ႐ွိပါတယ္။ သိပ္ၿပီး ေရခ်ိဳးခန္းကို ခဏခဏ သန္႔႐ွင္းေရးမလုပ္ႏိုင္ရင္ အျဖဴမသုံးသင့္ပါဘူး။

အိမ္ကို ႐ုံးလုပ္ေနရသူေတြအတြက္ စိတ္ပိုၿပီး သက္ေတာင့္သက္သာ ႐ွိခ်င္ရင္ အလုပ္လုပ္ေနတဲ့ အခန္းနံရံကို အျဖဴေဆးမသုတ္ဖို႔ MyRoofingPal ရဲ႕ လုပ္ငန္းလည္ပတ္မႈ ဒါ႐ိုက္တာ ေကာ္တနီကီးန္က ဆိုပါတယ္။ အျဖဴက မ်က္လုံးႀကိမ္းၿပီး ဒဏ္ျဖစ္ေစလို႔ ကြန္ပ်ဴတာနဲ႔ တစ္ေနကုန္ အလုပ္လုပ္သူေတြအတြက္ မေကာင္းဘူးလို႔ သူမက ေျပာတာပါ။

(၃) အျပင္နံရံနဲ႔ ဧည့္ခန္းကို အညိဳမသုံးနဲ႔

 

The Golden ရဲ႕ အိမ္ဒီဇိုင္းကြၽမ္းက်င္သူနဲ႔ အယ္ဒီတာ ဆန္ဝစ္တိတ္ကာကေတာ့ သင့္အိမ္ျပင္ပနံရံမွာ အညိဳေဆး ဘယ္ေတာ့မွ မသုံးဖို႔ ဆိုပါတယ္။ အညိဳေရာင္ဟာ သင့္အိမ္ရဲ႕ တန္ဖိုးကို က်ဆင္းေစၿပီး တစ္ဆင့္ျပန္ေရာင္းရင္ ေဈးေကာင္းမရ ျဖစ္တတ္လို႔ပါတဲ့။

ဧည့္ခန္းမွာ အနက္ေရာင္ေျပးတို႔ အညိဳတို႔ကို မသုံးသင့္တာက အခန္းကို က်ဥ္းသြားတယ္ထင္ေစလို႔ပါ။ နဂိုကတည္းက ဧည့္ခန္းေသးရင္ ပိုၿပီး ေသးသြားတယ္လို႔ေတာင္ ထင္ေစရႏိုင္လို႔ ျဖစ္ပါတယ္။

(၄) မီးဖိုေခ်ာင္မွာ မီးခိုးေရာင္ အရင့္ေျပး ေ႐ွာင္ပါ

 

မီးခိုေရာင္ဟာ စိတ္ဓါတ္က်ျခင္း ၊ ဆုံး႐ႈံးျခင္းနဲ႔ မေဖာ္ေ႐ြျခင္းေတြ ျဖစ္ေစတဲ့ အေရာင္လို႔ ဆိုပါတယ္ ။ ျပတင္းေပါက္မ႐ွိတဲ့ မီးဖိုးေခ်ာင္ေသးေသးေတြဆို မီးခိုးေရာင္ သုတ္ထားရင္ ပိုၿပီး စိတ္က်ဥ္းၾကပ္ေစႏိုင္ပါတယ္။

(၅) ဘယ္အခန္းမွာမွ အစိမ္းနဲ႔ အညိဳစပ္ မသုံးနဲ႔

အေရာင္အစပ္အဟပ္ကလည္း အေရးႀကီးပါတယ္။ အစိမ္းနဲ႔ အညိဳကာလာႏွစ္ေရာင္စပ္ၿပီး ထြက္လာတဲ့ Opaque Couche ဆိုတဲ့ အေရာင္ကေတာ့ ဘယ္အခန္းမွာမွ မသုံးသင့္တဲ့ အေရာင္လို႔ ဆိုပါတယ္။ ဒီအေရာင္ကို ႐ုပ္အဆိုးဆုံးအေရာင္လို႔ေတာင္ ေခၚၾကလို႔ ျဖစ္ပါတယ္။ အိမ္အျပင္ဘက္ နံရံေတြမွာ မသုံးဘဲ ေ႐ွာင္သင့္တဲ့ အေရာင္က အဝါေရာင္ျဖစ္ၿပီး အိမ္ကို တန္ဖိုးေလ်ာ့ေစတာေၾကာင့္လို႔ ဆိုပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

 

Credit By : kwee.co

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service