သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရောက်နိုင်သူမရှိသေး - Property News in Myanmar from iMyanmarHouse.com
2357 Views
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရောက်နိုင်သူမရှိသေး
[Unicode]
သရဲအိမ်အဆုံးထိပြီးမြောက်ဝင်ရောက်နိုင်ရင် ဒေါ်လာ ၂၀၀၀၀ ဆုချီးမြှင့်မယ်လို့ ပိုင်ရှင်ကိုယ်တိုင်က ဆုကြေးထုတ်ထားတဲ့ သရဲအိမ်ကို အဆုံးထိဝင်ရောက်နိုင်သူမရှိသေးပါဘူး။ သရဲအိမ်ဝင်ကြေးကတော့ မများပါ။ ဒေါ်လာနဲ့လည်း မရှင်းရပဲ ခွေးစာတစ်အိတ်ပေးရုံပါပဲ။
MCKAMEY MANOR သရဲအိမ်တည်ထောင်သူ Russ McKamey ကိုယ်တိုင်က ဒီသရဲအိမ်ကို ဝင်ရောက်ဖို့ဆို ကိုယ်ပိုင်း၊စိတ်ပိုင်းကျန်းမာကြံ့ခိုင်နေဖို့လိုတယ်လို့ ဆိုပါတယ်။ ဒါတောင်မှ လူပေါင်း ၂၇၀၀၀ လောက် စောင့်ဆိုင်းသူစာရင်းထဲရှိနေဆဲဖြစ်ပါတယ်။
သရဲအိမ်ဝင်ရောက်ချင်သူဟာ စိတ်ကျန်းမာကြံ့ခိုင်တယ်ဆိုတဲ့အကြောင်း ဆေးထောက်ခံစာရှိရပါမယ်။ မူးယစ်ဆေးသုံးစွဲမှု ရှိ၊မရှိ စစ်ထားရပါမယ်။ ဒါအပြင် သရဲအိမ်ကိုမဝင်ခင် စာမျက်နှာ ၄၀ ရှိတဲ့စာချုပ်တစ်ခုချုပ်ဆိုရပါမယ်။သရဲအိမ်ထဲမှာ ထိခိုက်မှုရှိနိုင်တဲ့အတွက် ဆေးအာမခံယူထားရပါမယ်။
လည်ပတ်သူတွေဟာ ရေအောက်မှာချည်နှောင်ခြင်းခံရမယ် မျက်နှာဖုံးစွပ် ပါးရိုက်ခံရမယ် နင်းခြေခံရပြီး အော့အန်စေမယ် ကိုယ့်အန်ဖတ်ကို ပြန်စားရတဲ့အထိ အိမ်မွေ့ချစိတ်ညှို့ရမှုမှာ ကြောက်ရွံ့နေစေမယ်လို့ The Guardian ရဲ့ စာတမ်းတစ်ခုမှာဆိုထားပါတယ်။ ၈ နာရီကြာမြင့်မှာဖြစ်ပြီး ဝင်ရောက်သူတွေဟာ တစ်နာရီနဲ့နှစ်နာရီဝန်းကျင်လောက်ဆို အရှုံးပေးပြီး ပြန်ထွက်ကြပါတယ်။
MCKAMEY MANOR သရဲအိမ်ဟာ အမေရိကန်နိုင်ငံ Summertown, Tennessee မြို့မှာရှိပြီးအပြင်ပန်းကြည့်ရင်တော့ သရဲအိမ်လို့တောင် မထင်ရက်စရာပါ။ အိမ်အတွင်းထဲမှာ ဘယ်လိုခြောက်လှန့်မှုတွေစောင့်ကြိုနေမလဲ စူးစမ်းချင်ရင်တော့ ခွေးစာတစ်အိတ်နဲ့ ကြိုတင်စာရင်းပေးထားလို့ရပါပြီ။
(သရဲအိမ်တည်ထောင်သူ Russ McKamey။ ဓာတ်ပုံ-  Credit to Photo)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Upcoming Property Events
From 05 Jul To 06 Jul
Mingalar Market
From 05 Jul To 06 Jul
Golden City Condo
From 09 Jun To 09 Jul
The Vista Luxury Residence
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service