ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အငှါးပိုများနေ - Property News in Myanmar from iMyanmarHouse.com
697 Views

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အငှါးပိုများနေ

[Unicode]

လက်ရှိ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် အေးနေပြီး ငှါးရမ်းမှုသာ ပိုများနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။

ဒေါ်လာဈေးနှုန်း အပြောင်းအလဲနဲ့ ဈေးနှုန်း ကွာဟချက်တွေကြောင့် အရောင်းထက် အငှါးဈေးကွက် ပိုသွက်နေခြင်းဖြစ်သလို လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တိုက်ပွဲရှောင်လိုသူတွေဟာ များသောအားဖြင့် ရန်ကုန်ဘက်ကို လာရောက် နေထိုင်ကြတဲ့အတွက် အငှားဈေးကွက် ပိုဖြစ်နေတာလို့ သိရပါတယ်။

လက်ရှိ အိမ်ခြံမြေဈေးကွက်အတွင်း မြေကွက် အရောင်းအဝယ်တွေ ပိုဖြစ်နေတာမှာ ရန်ကုန်တိုင်းအတွင်းက ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) နဲ့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) စတဲ့ လေးမြို့နယ်ထဲမှာ ဒဂုံအရှေ့ပိုင်း ၁၂၈၊ ၁၂၉၊ ၁၃၀၊ ၁၃၂၊ ၁၃၃၊ ၁၅၆ ရပ်ကွက်တွေက မြေကွက်အလွတ်တွေ ပိုပြီး အရောင်းအဝယ် ဖြစ်နေကာ ပေ (၄၀X၆၀) ကို ကျပ်သိန်း ၆၀၀ မှ ကျပ်သိန်း ၁၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

အရင်က ရန်ကုန်မြို့စွန်ရှိ ကျပ်သိန်း ၂၀၀၀ ဝန်းကျင်ရှိတဲ့ မြေကွက်ကျယ်တွေဟာ လက်ရှိမှာ ကျပ်သိန်း ၃၀၀၀ ကျော်အထိ မြင့်တက်လျက်ရှိနေပြီး လမ်းမတန်းနဲ့ အနီးတစ်ဝိုက် မြေကွက်တွေကတော့ ကျပ်သိန်း သောင်းဂဏန်း ဝန်းကျင်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

မြန်မာ့ အိမ်ခြံမြေဈေးကွက်ဟာ ပြည်တွင်း ဒေါ်လာဈေးနှုန်း အပြောင်းအလဲနဲ့ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု၊ ငွေကြေး ဖောင်းပွမှုတွေပေါ်မှာ သက်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။

ဘဏ်မှာငွေထုတ်ယူမှု အခက်အခဲတွေ၊ နိုင်ငံရေး အခြေအနေတွေကြောင့် လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်မှစတင်ကာ အိမ်ခြံမြေဈေးနှုန်း မြင့်တက်မှုတွေ ဖြစ်ပေါ်ခဲ့သလို အိမ်ခြံမြေ ဝယ်ယူမှုဟာလည်း နှစ်နှစ်ဆက်တိုက် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

ရန္ကုန္အိမ္ျခံေျမေဈးကြက္အတြင္း အငွါးပိုမ်ားေန

 

လက္႐ွိ ရန္ကုန္အိမ္ျခံေျမေဈးကြက္အတြင္း အေရာင္းအဝယ္ ေအးေနၿပီး ငွားရမ္းမႈသာ ပိုမ်ားေနတယ္လို႔ အိမ္ျခံေျမ အက်ိဳးေဆာင္ေတြဆီက သိရပါတယ္။

ေဒၚလာေဈးႏႈန္း အေျပာင္းအလဲနဲ႔ ေဈးႏႈန္း ကြာဟခ်က္ေတြေၾကာင့္ အေရာင္းထက္ အငွားေဈးကြက္ ပိုသြက္ေနျခင္းျဖစ္သလို လက္႐ွိ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ တိုက္ပြဲေ႐ွာင္လိုသူေတြဟာ မ်ားေသာအားျဖင့္ ရန္ကုန္ဘက္ကို လာေရာက္ ေနထိုင္ၾကတဲ့အတြက္ အငွားေဈးကြက္ ပိုျဖစ္ေနတာလို႔ သိရပါတယ္။

လက္႐ွိ အိမ္ျခံေျမေဈးကြက္အတြင္း ေျမကြက္ အေရာင္းအဝယ္ေတြ ပိုျဖစ္ေနတာမွာ ရန္ကုန္တိုင္းအတြင္းက ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း)၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)၊ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) နဲ႔ ဒဂုံၿမိဳ႕သစ္ (အေ႐ွ႕ပိုင္း) စတဲ့ ေလးၿမိဳ႕နယ္ထဲမွာ ဒဂုံအေ႐ွ႕ပိုင္း ၁၂၈၊ ၁၂၉၊ ၁၃၀၊ ၁၃၂၊ ၁၃၃၊ ၁၅၆ ရပ္ကြက္ေတြက ေျမကြက္အလြတ္ေတြ ပိုၿပီး အေရာင္းအဝယ္ ျဖစ္ေနကာ ေပ (၄၀X၆၀) ကို က်ပ္သိန္း ၆၀၀ မွ က်ပ္သိန္း ၁၀၀၀ ေက်ာ္အထိ ေပါက္ေဈး႐ွိေနတယ္လို႔ သိရပါတယ္။

အရင္က ရန္ကုန္ၿမိဳ႕စြန္႐ွိ က်ပ္သိန္း ၂၀၀၀ ဝန္းက်င္႐ွိတဲ့ ေျမကြက္က်ယ္ေတြဟာ လက္႐ွိမွာ က်ပ္သိန္း ၃၀၀၀ ေက်ာ္အထိ ျမင့္တက္လ်က္႐ွိေနၿပီး လမ္းမတန္းနဲ႔ အနီးတစ္ဝိုက္ ေျမကြက္ေတြကေတာ့ က်ပ္သိန္း ေသာင္းဂဏန္း ဝန္းက်င္အထိ ေပါက္ေဈး႐ွိေနတယ္လို႔ သိရပါတယ္။

ျမန္မာ့ အိမ္ျခံေျမေဈးကြက္ဟာ ျပည္တြင္း ေဒၚလာေဈးႏႈန္း အေျပာင္းအလဲနဲ႔ ျမန္မာက်ပ္ေငြ တန္ဖိုးက်ဆင္းမႈ၊ ေငြေၾကး ေဖာင္းပြမႈေတြေပၚမွာ သက္ေရာက္မႈ႐ွိေနတယ္လို႔ သိရပါတယ္။

ဘဏ္မွာေငြထုတ္ယူမႈ အခက္အခဲေတြ၊ ႏိုင္ငံေရး အေျခအေနေတြေၾကာင့္ လြန္ခဲ့တဲ့ ၂၀၂၂ ခုႏွစ္မွစတင္ကာ အိမ္ျခံေျမေဈးႏႈန္း ျမင့္တက္မႈေတြ ျဖစ္ေပၚခဲ့သလို အိမ္ျခံေျမ ဝယ္ယူမႈဟာလည္း ႏွစ္ႏွစ္ဆက္တိုက္ ျမင့္တက္ခဲ့တယ္လို႔ သိရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service