တင်းနစ်ကြယ်ပွင့်ဟောင်း မာရီယာ ရှာရာပိုဗာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကမ်းခြေစံအိမ်ကြီးတစ်လုံးကို အိမ်ခြံမြေသူဌေးကြီး၏ ဇနီးထံမှ ကန်ဒေါ်လာ ၁၁ သန်း ငွေသားဖြင့် ပေးချေကာ ဝယ်ယူ

တင်းနစ်ကြယ်ပွင့်ဟောင်း မာရီယာ ရှာရာပိုဗာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကမ်းခြေစံအိမ်ကြီးတစ်လုံးကို အိမ်ခြံမြေသူဌေးကြီး၏ ဇနီးထံမှ ကန်ဒေါ်လာ ၁၁ သန်း ငွေသားဖြင့် ပေးချေကာ ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
14 Feb 2024 12:16 pm တွင် တင်ခဲ့သည်
765 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြီးခဲ့သော ဆောင်းတွင်းက ချီကာဂိုမြို့မှ ပရဟိတအမျိုးသမီး Ann Lurie က ကယ်လီဖိုးနီးယားပြည်နယ် ပင်လယ်ကမ်းခြေမြို့ဖြစ်သော Montecito မြို့မှ ကာလကြာရှည်ပိုင်ဆိုင်ခဲ့သော ကမ်းခြေစံအိမ်ကို ကန်ဒေါ်လာ ၁၃ သန်းအောက်ဖြင့် ဈေးခေါ်ကာ အရောင်းဈေးကွက်တင်ခဲ့သည်။

ယခုအခါ အဆိုပါ စံအိမ်ကို ကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်းဖြင့် တိတ်တဆိတ်ရောင်းချလိုက်ပြီး ငွေသားဖြင့်ပေးချေကာ အရောင်းအဝယ်လုပ်ခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ဝယ်ယူသွားသူမှာ အနားယူသွားပြီဖြစ်သော တင်းနစ်ကြယ်ပွင့်ဟောင်း မာရီယာ ရှာရာပိုဗာ ဖြစ်သည်။

Ann Lurie သည် အိမ်ခြံမြေသူဌေးကြီး ၊ Chicago Bulls ဘတ်စ်ကက်ဘောအသင်းနှင့် Chicago White Sox ဘေ့စ်ဘောအသင်းတို့၏ ပိုင်ရှင် Robert H.Lurie (ကွယ်လွန်) ၏ ဇနီးဖြစ်သည်။

Ann Lurie က ဤစံအိမ်ကို ၂၀၀၀ ပြည့်လွန်အလယ်ပိုင်းကာလများအတွင်း ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၈ ဒသမ ၃ သန်း ပေးခဲ့ရသည်။

ဝယ်ယူပြီးနောက်ပိုင်း နေအိမ်နှင့် ကျယ်ဝန်းသောခြံဝန်းတို့ကို မွမ်းမံပြင်ဆင်မှုများ များစွာ ပြုလုပ်ခဲ့သည်။

စံအိမ်ကို ဒီဇိုင်းရေးဆွဲပေးသည်မှာ ထင်ရှားသော ဗိသုကာပညာရှင် Lockwood de Forest ဖြစ်ပြီး ၁၉၄၉ ခုနှစ် ခန့်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

ပင်မစံအိမ်တွင် အိပ်ခန်း ၅ ခန်းပါဝင်ပြီး စိမ်းလန်းသောမြက်ခင်း ၃ ဒသမ ၃ ဧကက ဝန်းပတ်ထားသည်။

ပန်းဥယျာဉ်အတွင်း အမျိုးအစားစုံလင်သော သက်ရင့်သစ်ပင်များစွာ ရှိသည်။

Montecito မြို့လယ် တောင်ကုန်းများဆီတွင် တည်ရှိပြီး ဆိတ်ငြိမ်သော တစ်ဖက်ပိတ်လမ်းတစ်ခု၏ အဆုံးတွင် တည်ရှိသည်။

ဤစံအိမ်သည် ကေတီပယ်ရီနှင့် အော်လန်ဒိုဘလွန်းတို့ ပိုင်သောစံအိမ်နှင့် ကပ်လျက် တည်ရှိသည်။

(နှစ်ပေါင်းများစွာ ကာလအတွင်း စံအိမ်ကို ပြုပြင်မွမ်းမံမှု များစွာ ပြုလုပ်ခဲ့သော်လည်း ကျေးလက်ဆန်သော အတွင်းပိုင်းကိုမူ မူရင်းအတိုင်း ထိန်းသိမ်းထားသည်။ ဓာတ်ပုံ-VIRTOUR MEDIA)

 

ရှာရာ ပိုဗာ ဝယ်ယူလိုက်သော အိမ်သစ်သည် မှန်နံရံများ များပြားသောကြောင့် သဘာဝအလင်းဖြင့် လင်းလင်းချင်းချင်းရှိသည်။

အဝင်ခန်းမအမိုးမှာ ကောင်းကင်အလင်း ရစေသောအမိုးဖြစ်ရာ နေအလင်းရောင်လည်း ရရှိသည်။

ထိုအခန်းနှင့် ဧည့်ခန်းတို့ ဆက်သွယ်ထားသည်။

ဧည့်ခန်းအတွင်း ကျွန်ုပ်တို့ မြင်ဖူးသမျှ အုတ်မီးလင်းဖိုများတွင် အကြီးမားဆုံးတစ်ခုဖြစ်သော မီးလင်းဖိုတစ်ခုကို တွေ့ရသည်။

မကြာသေးမီနှစ်များအတွင်း အလုံးစုံမွမ်းမံမှုများ ပြုလုပ်ထားရာ အခန်းဖွင့် ခင်းကျင်းထားသော မီးဖိုဆောင် အတွင်း Commercial-grade အသုံးအဆောင်ပစ္စည်းများနှင့် သစ်မာသားဖြင့် ပြုလုပ်ထားသော မီးဖိုခုံတို့ တွေ့ရသည်။

အပြင်ဘက်ဆီတွင် Outdoor မီးဖိုဆောင်တစ်ခုကို လေသာဆောင်တစ်ခုအောက်တွင် တွေ့ရပြီး စတီး အသုံးအဆောင်ပစ္စည်းများ ထည့်သွင်းထားသည်။

အဆိုပါ ပစ္စည်းများသည် Ann Lurie ပိုင်ဆိုင်ခဲ့စဉ်ကာလအတွင်း ထည့်သွင်းခဲ့သည်ဟု ယူဆရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Maria Sharapova Scores an $11 Million Montecito Estate (robbreport) Ref: VIRTOUR MEDIA

 

 

 

 

[Zawgyi]

တင္းနစ္ၾကယ္ပြင့္ေဟာင္း မာရီယာ ရွာရာပိုဗာ ကယ္လီဖိုးနီးယားျပည္နယ္ရွိ ကမ္းေျခစံအိမ္ၾကီးတစ္လံုးကို အိမ္ျခံေျမသူေဌးၾကီး၏ ဇနီးထံမွ ကန္ေဒၚလာ ၁၁ သန္း ေငြသားျဖင့္ ေပးေခ်ကာ ဝယ္ယူ

 

ျပီးခဲ့ေသာ ေဆာင္းတြင္းက ခ်ီကာဂိုျမဳိ႕မွ ပရဟိတအမ်ဳိးသမီး Ann Lurie က ကယ္လီဖိုးနီးယားျပည္နယ္ ပင္လယ္ကမ္းေျချမဳိ႕ျဖစ္ေသာ Montecito ျမိဳ႕မွ ကာလၾကာရွည္ပိုင္ဆိုင္ခဲ့ေသာ ကမ္းေျခစံအိမ္ကို ကန္ေဒၚလာ ၁၃ သန္းေအာက္ျဖင့္ ေစ်းေခၚကာ အေရာင္းေစ်းကြက္တင္ခဲ့သည္။

ယခုအခါ အဆိုပါ စံအိမ္ကို ကန္ေဒၚလာ ၁၁ ဒသမ ၅ သန္းျဖင့္ တိတ္တဆိတ္ေရာင္းခ်လိုက္ျပီး ေငြသားျဖင့္ ေပးေခ်ကာ အေရာင္းအဝယ္လုပ္ခဲ့ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ဝယ္ယူသြားသူမွာ အနားယူသြားျပီျဖစ္ေသာ တင္းနစ္ၾကယ္ပြင့္ေဟာင္း မာရီယာ ရွာရာပိုဗာ ျဖစ္သည္။

Ann Lurie သည္ အိမ္ျခံေျမသူေဌးၾကီး ၊ Chicago Bulls ဘတ္စ္ကက္ေဘာအသင္းႏွင့္ Chicago White Sox ေဘ့စ္ေဘာအသင္းတို႔၏ ပိုင္ရွင္ Robert H.Lurie (ကြယ္လြန္) ၏ ဇနီးျဖစ္သည္။

Ann Lurie က ဤစံအိမ္ကို ၂၀၀၀ ျပည့္လြန္အလယ္ပိုင္းကာလမ်ားအတြင္း ဝယ္ယူခဲ့ရာတြင္ ကန္ေဒၚလာ ၈ ဒသမ ၃ သန္း ေပးခဲ့ရသည္။

ဝယ္ယူျပီးေနာက္ပိုင္း ေနအိမ္ႏွင့္ က်ယ္ဝန္းေသာျခံဝန္းတို႔ကို မြမ္းမံျပင္ဆင္မႈမ်ား မ်ားစြာ ျပဳလုပ္ခဲ့သည္။

စံအိမ္ကို ဒီဇိုင္းေရးဆြဲေပးသည္မွာ ထင္ရွားေသာ ဗိသုကာပညာရွင္ Lockwood de Forest ျဖစ္ျပီး ၁၉၄၉ ခုႏွစ္ ခန္႔တြင္ ေဆာက္လုပ္ျပီးစီးခဲ့သည္။

ပင္မစံအိမ္တြင္ အိပ္ခန္း ၅ ခန္းပါဝင္ျပီး စိမ္းလန္းေသာျမက္ခင္း ၃ ဒသမ ၃ ဧကက ဝန္းပတ္ထားသည္။

ပန္းဥယ်ာဥ္အတြင္း အမ်ဳိးအစားစံုလင္ေသာ သက္ရင့္သစ္ပင္မ်ားစြာ ရွိသည္။

Montecito ျမဳိ႕လယ္ ေတာင္ကုန္းမ်ားဆီတြင္ တည္ရွိျပီး ဆိတ္ျငိမ္ေသာ တစ္ဖက္ပိတ္လမ္းတစ္ခု၏ အဆံုးတြင္ တည္ရွိသည္။

ဤစံအိမ္သည္ ေကတီပယ္ရီႏွင့္ ေအာ္လန္ဒိုဘလြန္းတို႔ ပိုင္ေသာစံအိမ္ႏွင့္ ကပ္လ်က္ တည္ရွိသည္။

(ႏွစ္ေပါင္းမ်ားစြာ ကာလအတြင္း စံအိမ္ကို ျပဳျပင္မြမ္းမံမႈ မ်ားစြာ ျပဳလုပ္ခဲ့ေသာ္လည္း ေက်းလက္ဆန္ေသာ အတြင္းပိုင္းကိုမူ မူရင္းအတိုင္း ထိန္းသိမ္းထားသည္။ ဓာတ္ပံု-VIRTOUR MEDIA)

ရွာရာ ပိုဗာ ဝယ္ယူလိုက္ေသာ အိမ္သစ္သည္ မွန္နံရံမ်ား မ်ားျပားေသာေၾကာင့္ သဘာဝအလင္းျဖင့္ လင္းလင္းခ်င္းခ်င္းရွိသည္။

အဝင္ခန္းမအမိုးမွာ ေကာင္းကင္အလင္း ရေစေသာအမိုးျဖစ္ရာ ေနအလင္းေရာင္လည္း ရရွိသည္။

ထိုအခန္းႏွင့္ ဧည့္ခန္းတုိ႔ ဆက္သြယ္ထားသည္။

ဧည့္ခန္းအတြင္း ကၽြႏု္ပ္တုိ႔ ျမင္ဖူးသမွ် အုတ္မီးလင္းဖိုမ်ားတြင္ အၾကီးမားဆံုးတစ္ခုျဖစ္ေသာ မီးလင္းဖိုတစ္ခုကို ေတြ႔ရသည္။

မၾကာေသးမီႏွစ္မ်ားအတြင္း အလံုးစံုမြမ္းမံမႈမ်ား ျပဳလုပ္ထားရာ အခန္းဖြင့္ ခင္းက်င္းထားေသာ မီးဖုိေဆာင္ အတြင္း Commercial-grade အသံုးအေဆာင္ပစၥည္းမ်ားႏွင့္ သစ္မာသားျဖင့္ ျပဳလုပ္ထားေသာ မီးဖိုခံုတုိ႔ ေတြ႔ရသည္။

အျပင္ဘက္ဆီတြင္ Outdoor မီးဖိုေဆာင္တစ္ခုကို ေလသာေဆာင္တစ္ခုေအာက္တြင္ ေတြ႔ရျပီး စတီး အသံုးအေဆာင္ပစၥည္းမ်ား ထည့္သြင္းထားသည္။

အဆုိပါ ပစၥည္းမ်ားသည္ Ann Lurie ပိုင္ဆိုင္ခဲ့စဥ္ကာလအတြင္း ထည့္သြင္းခဲ့သည္ဟု ယူဆရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Maria Sharapova Scores an $11 Million Montecito Estate (robbreport) Ref: VIRTOUR MEDIA

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service