ပိုက်ဆံပုံပေးပြီးသွားဖို့ကြိုးစားရင်တောင် တားမြစ်ခံရနိုင်တဲ့ အိန္ဒိယနိုင်ငံ အက်ဒမန်ကျွန်းစုများထဲမှ တစ်ခု North Sentinel Island - Property Knowledge in Myanmar from iMyanmarHouse.com
2660 Views
ပိုက်ဆံပုံပေးပြီးသွားဖို့ကြိုးစားရင်တောင် တားမြစ်ခံရနိုင်တဲ့ အိန္ဒိယနိုင်ငံ အက်ဒမန်ကျွန်းစုများထဲမှ တစ်ခု North Sentinel Island
Knowledge | Posted by Si Thu Aung
[Unicode]
မကြာသေးတဲ့ အချိန်ကာလတစ်ခုလို့ဆိုနိုင်မယ့် နိုဝင်ဘာလ ၂၀၁၈ ခုနှစ်မှာ ငါးဖမ်းလှေတစ်စီးနဲ့ အိန္ဒိယပင်လယ်ပြင်အနောက်ဖက်ကို စူးစမ်းရှာဖွေသူ အမေရိကန်နိုင်ငံသားတစ်ယောက်ဟာ ကျွန်းတစ်ကျွန်းပေါ်က လူရိုင်းတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ မြား၊ လှံတို့ကို အသုံးပြုပြီး ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ထိုသူ ကံဆိုးစွာ ရောက်ရှိသွားတဲ့ ကျွန်းကတော့ အက်ဒမန်ကျွန်းစုများထဲကမှ တစ်ခုဖြစ်တဲ့ မြောက် Sentinel ကျွန်းစုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံပိုင်ကျွန်းစုလို့ဆိုနိုင်ပြီး ဝေးလံခေါင်ဖျားတဲ့ နေရာမှာ တစ်သီးတစ်သန့်ထဲ တည်ရှိနေတဲ့ ကျွန်းစုလေးတစ်ခုဖြစ်ပါတယ်။ ထိုကျွန်းပေါ်မှာ အသက်ရှင်နေကြတဲ့ ကျွန်းသားတွေဟာလည်း လူတွေနဲ့ဆက်ဆံမထိတွေ့ဖူးတဲ့ အန္တရာယ်ရှိ လူရိုင်းမျိုးစိတ်များဖြစ်ပါတယ်။ သူတို့လှုပ်ရှားပုံကို ရိုက်ကူးထားမိခဲ့တဲ့ ရှားပါးဓာတ်ပုံတစ်ပုံကိုလည်း ပုံမှာတစ်ပါတည်း ပြသထားပါတယ်။
  ( Photo: Outlook India)
၁၉၅၆ ခုနှစ်မှာ အိန္ဒိယအစိုးရက ထိုလူရိုင်းများရှင်သန်ရာကျွန်းကို ခရီးသွားများသွားရောက်ခြင်းမပြုနိုင်ရန် ပြင်းပြင်းထန်ထန် တာဆီးပိတ်ပင်လိုက်ပါတယ်။ အခုအချိန်ထိ ထိုကျွန်းပေါ်မှာ ရှင်သန်နေတဲ့ လူရိုင်း မျိုးနွယ်စိတ်ရဲ့ လူဦးရေပမာဏကို ဘယ်သူမှ အတိအကျမပြောနိုင်သလို အယောက် ၅၀ မှ ၂၀၀ ကြား ရှိနိုင်မယ်လို့သာ အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့ပါတယ်။
လေ့လာသူပညာရှင်တွေဟာ လူရိုင်းမျိုးနွယ်စုနှင့် အဆက်အသွယ်လုပ်ဖို့ရန် နှစ်ပေါင်းများစွာ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ထိုမျိုးနွယ်စုဟာ ၂၀၀၄ ခုနှစ်မှာ အိန္ဒိယပင်လယ်ပြင်ကိုဗဟိုပြုပြီး အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ဆူနာမီကပ်ဘေးမှလည်း လွတ်မြောက်ခဲ့ပါတယ်။
 (Photo: Ujjwal)
ကမ္ဘာမြေပေါ်မှာ လူတွေနဲ့ အဆက်အဆံ မပြုကြတဲ့လူရိုင်းမျိုးစု တစ်ရာနီးပါးလောက်ရှိနေပါတယ်။ တစ်ချိန်က ကျွန်မတို့ လူသားများ ပြုလုပ်ခဲ့သလိုပဲ သူတို့တွေလည်း သူတို့ပိုင်ဆိုင်ရာ နယ်မြေကို အပြင်လူ စွက်ဖက်မှုမပြုနိုင်ရန် အရက်စက်ဆုံးနည်းလမ်းတွေနဲ့ တားဆီးနေကြပြီး ထိုအပြုအမူကပဲ သူတို့ကို အဆပေါင်းထောင်ချီတိုးတက်နေတဲ့ ကမ္ဘာမြေနဲ့ အဆက်အသွယ်ပြတ်စေခဲ့တယ်လို့သာ မှတ်ယူရမှာပါ။
လူကြီးမင်းအနေနဲ့ ပိုက်ဆံပုံပေးပြီး အသည်းအသန်သွားရောက်လိုရင်တောင် ပြန်လမ်းမရှိတဲ့ ကျွန်းစုများစာရင်းမှာ အက်ဒမန်ကျွန်းစုများထဲမှ တစ်ခု North Sentinel Island လည်းအပါအဝင်ဖြစ်နေပါတော့တယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
Upcoming Property Events
From 04 Oct To 05 Oct
Magical World Apartment
From 11 Oct To 12 Oct
Jade Palace Condo
From 11 Oct To 12 Oct
Shwe Moe Kaung
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service