ထမင်းကြမ်းအပါအဝင် လုံးဝပြန်နွှေးမစားသင့်တဲ့ အစားအစာ (၆) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
1132 Views

ထမင်းကြမ်းအပါအဝင် လုံးဝပြန်နွှေးမစားသင့်တဲ့ အစားအစာ (၆) မျိုး

Knowledge | Posted by Si Thu Aung

[Unicode]

 

မီးဖိုချောင်မှာ မကုန်သင့်တာ မကုန်အောင်၊ အလဟဿမဖြစ်အောင်၊ အလေအလွင့်နည်းအောင် စီမံနိုင်ရင် အိမ်ထောင်ရှင်မ ပီသတယ်လို့ ချီးကျူးကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့စီမံကွပ်ကဲမှုအောက်က အစားအသောက်တွေက ဘေးကင်းဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် ကိုယ့်မိသားစုကို အဆိပ်တွေကျွေးနေသလို ဖြစ်နေပါလိမ့်မယ်။ နှမျောသင့်တာ နှမျောပါ။ ဒါပေမယ့် ကျန်းမာရေးအသိတော့ ရှိထားဖို့အရေးကြီးပါတယ်။

ဒီလိုပြောလို့ ကျန်သမျှ အစားအသောက်တွေကို နေ့မကူးစေဘဲ လွှင့်ပစ်ရမယ်လို့ မဆိုလိုပါဘူး။ အရင်နေ့ကကျန်တဲ့ ဘယ်အစားအစာကိုမဆို မသိုးရင်စားလို့ရတယ်၊ပြန်နွှေးလိုက်ရင် ပိုးသေတာပဲ ဘာမှမဖြစ်ဘူး ဆိုတဲ့အတွေးကို အမြဲမတွေးစေချင်တာပါ။ပြန်နွှေးစားလို့ရတဲ့ အစားအစာ၊ ပြန်မနွှေးသင့်တဲ့အစားအစာဆိုတာရှိပါတယ်။

ဘယ်အစားအစာတွေကို ပြန်နွှေးစားဖို့ မသင့်တာလဲ ကြောင်အိမ်ထဲပဲ သိမ်းထားထား၊ ရေခဲသေတ္တာထဲပဲ ထည့်ထည့် လုံးဝပြန်နွှေးမစားသင့်တဲ့ အစားအစာ (၆) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

 

(၁) နိုက်ထရိတ်ပါဝင်မှုများတဲ့ အသီးအရွက်တွေ

ဟင်းနုနွယ် ဒါမှမဟုတ် အစိမ်းရောင် အသီးအရွက်တွေ၊ မုန်လာဥနီ၊ တရုတ်နံနံ စတာတွေကိုပြန်နွှေးမစားသင့်ပါဘူး။ နိုက်ထရိတ်ကြွယ်ဝတဲ့ အသီးအရွက်တွေကိုနောက်တစ်ကြိမ် အပူပြန်ပေးတဲ့အခါ အဆိပ်အတောက်အဖြစ် ပြောင်းလဲစေပြီး ကင်ဆာဖြစ်စေနိုင်တဲ့ ဂုဏ်သတ္တိတွေဖြစ်လာစေနိုင်ပါတယ်။ သံဓါတ်ကြွယ်ဝတဲ့ ဟင်းနုနွယ်ကို ပြန်နွှေးလိုက်တဲ့အခါ သူ့မှာပါတဲ့သံဓါတ်ကို ဓါတ်တိုးစေနိုင်တယ်။ သံဓါတ်ကို ဓါတ်တိုးခြင်းဖြစ်စေတဲ့အခါ အန္တရာယ်ရှိတဲ့ free radicals တွေကိုဖြစ်လာစေပြီး ကလေးမရနိုင်ခြင်း၊ ကင်ဆာရောဂါ စတာတွေအထိ ဦးတည်စေနိုင်ပါတယ်။

(၂) ထမင်း

ဒီစာရင်းမှာ ထမင်းလည်းပါတယ်ဆိုလို့ မအံ့သြသွားပါနဲ့။ ထမင်းကြမ်း ပြန်နွှေးစားရင်းက အစာအဆိပ်သင့်စေနိုင်တယ်လို့ အစားအစာဘေးကင်းရေးပညာရှင်တွေက သတိပေးထားပါတယ်။ Bacillus cereus လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ပါတယ်။ အပူပေးလိုက်ရင် ဒီဘက်တီးရီးယားကို သေစေနိုင်ပေမယ့် အစာအဆိပ်သင့်စေနိုင်တဲ့ ပိုးမှုန်တွေကို ချန်ရစ်ခဲ့နိုင်ပါတယ်။ ထမင်းကိုပြန်အပူပေးပြီး အခန်းအပူချိန်မှာထားလိုက်တာနဲ့ ပိုးတွေက ပွားလာပြီး အစာအဆိပ်သင့်ခြင်း ဖြစ်စေနိုင်ပါတယ်။

(၃) ကြက်ဥ၊ ဘဲဥ

ကြက်ဥ၊ဘဲဥကို ပရိုတင်းကြွယ်ဝတဲ့ အာဟာရအရင်းအမြစ်တွေအဖြစ် အားထားကြပါတယ်။ ဒါပေမယ့်ပြုတ်ပြီးသား သို့မဟုတ် ချက်ပြီးသား ကြက်ဥ၊ဘဲဥကို ခဏခဏ ပြန်နွှေးရင် ကျန်းမာရေးအတွက်မကောင်းပါဘူး။ ဒါ့ကြောင့် ချက်ပြီး၊ပြုတ်ပြီးရင် အကြာကြီးမထားပါနဲ့။ ပြန်မနွှေးပါနဲ့။ ပရိုတင်းများတဲ့အစားအစာမှာ နိုက်ထရိုဂျင်တွေများတာကြောင့် ကျန်နေရင် မနွှေးဘဲ အအေးသာစားလိုက်ပါ။

(၄) ကြက်သား

ကြက်သားဟင်းတွေ ကျန်နေရင် သိမ်းထားကြမှာပဲ။ ပြန်နွှေးစားမယ်ပေါ့။ နှမျောတာနဲ့နွှေးစားလိုက်၊ မကုန်လိုက်ရေခဲသေတ္တာထဲပြန်သိမ်းလိုက်၊ နောက်နေ့ ပြန်နွှေးစားလိုက်။ ဒါပေမယ့် ရေခဲသေတ္တာထဲက ထုတ်လိုက်တဲအချိန်မှာ သူ့မှာပါတဲ့ ပရိုတင်းကပြောင်းလဲသွားပါလိမ့်မယ်။ ဒါကိုစားမိတဲ့အခါ အစာခြေစနစ်မှာပြဿနာပေါ်လာနိုင်ပါတယ်။

(၅) အာလူး

အာလူးမှာ ဗီတာမင် B6 ၊ ပိုတက်ဆီယမ်၊ ဗီတာမင် C ကြွယ်ဝတယ်ဆိုပေမယ့် အခါခါပြန်နွှေးပြီးစားရင် အစာအဆိပ်သင့်စေနိုင်တဲ့ Clostridium botulinum ဘက်တီးရီးယားကိုဖြစ်လာစေနိုင်ပါတယ်။ အခန်းအပူချိန်မှာ ထားရင်တောင် ပိုးကပေါက်စေတာမို့ ဖြစ်နိုင်ရင် ရေခဲသေတ္တာထဲထည့်ထားပါ၊ ပြန်မနွှေးပါနဲ့။ ၁ရက်၂ရက်အတွင်း မစားနိုင်ရင် လွှင့်ပစ်ပါ။

(၆) မှို

မှိုကတော့ ချက်ပြီးတာနဲ့ အကုန်စားပစ်သင့်တဲ့အရာပါ။ ကျန်နေရင်ကို သိမ်းမထားသင့်ပါဘူး။ မှိုမှာ ပရိုတင်းကြွယ်ဝပြီး သတ္တုဓါတ်တွေများကြီးပါတာမို့ ပြန်နွှေးလိုက်ရင် ပရိုတင်းတွေပျက်စီးစေနိုင်တဲ့အပြင် အစာခြေစနစ်မှာပါ ထိခိုက်စေနိုင်ပါတယ်။ ပြန်နွှေးလိုက်ရင် ဓါတ်တိုးပြီး နိုက်ထရိုဂျင်နဲ့ free radicals တွေပါဝင်တဲ့ အဆိပ်အတောက်တွေထွက်ရှိစေနိုင်ပါတယ်။

အစားအသောက်တွေကို သိမ်းဆည်းစီမံတဲ့အလုပ်က ချက်တာပြုတ်တာထက်ကို ပိုအရေးကြီးပါတယ်။ အစားအသောက်ဘေးကင်းရေးဟာ အိမ်ရှင်မတွေ မဖြစ်မနေဂရုစိုက်ရမယ့်အပိုင်းဖြစ်လို့ ကိုယ့်မိသားစုရဲ့ကျန်းမာရေး ကိုယ့်လက်ထဲမှာရှိနေတယ်ဆိုတာ မမေ့ပါနဲ့နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

 

[Zawgyi]

ထမင္းၾကမ္ းအပါအဝင္ လုံးဝျပန္ေႏႊးမစားသင့္တဲ့ အစားအစာ (၆) မ်ိဳး

မီးဖိုေခ်ာင္မွာ မကုန္သင့္တာ မကုန္ေအာင္၊ အလဟႆမျဖစ္ေအာင္၊ အေလအလြင့္နည္းေအာင္ စီမံႏိုင္ရင္ အိမ္ေထာင္႐ွင္မ ပီသတယ္လို႔ ခ်ီးက်ဴးၾကပါတယ္။ ဒါေပမယ့္ ကိုယ့္ရဲ႕စီမံကြပ္ကဲမႈေအာက္က အစားအေသာက္ေတြက ေဘးကင္းဖို႔ အေရးႀကီးပါတယ္။ မဟုတ္ရင္ ကိုယ့္မိသားစုကို အဆိပ္ေတြေကြၽးေနသလို ျဖစ္ေနပါလိမ့္မယ္။ ႏွေမ်ာသင့္တာ ႏွေမ်ာပါ။ ဒါေပမယ့္ က်န္းမာေရးအသိေတာ့ ႐ွိထားဖို႔အေရးႀကီးပါတယ္။

ဒီလိုေျပာလို႔ က်န္သမွ် အစားအေသာက္ေတြကို ေန႔မကူးေစဘဲ လႊင့္ပစ္ရမယ္လို႔ မဆိုလိုပါဘူး။ အရင္ေန႔ကက်န္တဲ့ ဘယ္အစားအစာကိုမဆို မသိုးရင္စားလို႔ရတယ္၊ျပန္ေႏႊးလိုက္ရင္ ပိုးေသတာပဲ ဘာမွမျဖစ္ဘူး ဆိုတဲ့အေတြးကို အၿမဲမေတြးေစခ်င္တာပါ။ျပန္ေႏႊးစားလို႔ရတဲ့ အစားအစာ၊ ျပန္မေႏႊးသင့္တဲ့အစားအစာဆိုတာ႐ွိပါတယ္။

ဘယ္အစားအစာေတြကို ျပန္ေႏႊးစားဖို႔ မသင့္တာလဲ ေၾကာင္အိမ္ထဲပဲ သိမ္းထားထား၊ ေရခဲေသတၱာထဲပဲ ထည့္ထည့္ လုံးဝျပန္ေႏႊးမစားသင့္တဲ့ အစားအစာ (၆) မ်ိဳးကိုေဖာ္ျပေပးလိုက္ပါတယ္။

(၁) ႏိုက္ထရိတ္ပါဝင္မႈမ်ားတဲ့ အသီးအ႐ြက္ေတြ

ဟင္းႏုႏြယ္ ဒါမွမဟုတ္ အစိမ္းေရာင္ အသီးအ႐ြက္ေတြ၊ မုန္လာဥနီ၊ တ႐ုတ္နံနံ စတာေတြကိုျပန္ေႏႊးမစားသင့္ပါဘူး။ ႏိုက္ထရိတ္ႂကြယ္ဝတဲ့ အသီးအ႐ြက္ေတြကိုေနာက္တစ္ႀကိမ္ အပူျပန္ေပးတဲ့အခါ အဆိပ္အေတာက္အျဖစ္ ေျပာင္းလဲေစၿပီး ကင္ဆာျဖစ္ေစႏိုင္တဲ့ ဂုဏ္သတၱိေတြျဖစ္လာေစႏိုင္ပါတယ္။ သံဓါတ္ႂကြယ္ဝတဲ့ ဟင္းႏုႏြယ္ကို ျပန္ေႏႊးလိုက္တဲ့အခါ သူ႕မွာပါတဲ့သံဓါတ္ကို ဓါတ္တိုးေစႏိုင္တယ္။ သံဓါတ္ကို ဓါတ္တိုးျခင္းျဖစ္ေစတဲ့အခါ အႏၲရာယ္႐ွိတဲ့ free radicals ေတြကိုျဖစ္လာေစၿပီး ကေလးမရႏိုင္ျခင္း၊ ကင္ဆာေရာဂါ စတာေတြအထိ ဦးတည္ေစႏိုင္ပါတယ္။

(၂) ထမင္း

ဒီစာရင္းမွာ ထမင္းလည္းပါတယ္ဆိုလို႔ မအံ့ၾသသြားပါနဲ႔။ ထမင္းၾကမ္း ျပန္ေႏႊးစားရင္းက အစာအဆိပ္သင့္ေစႏိုင္တယ္လို႔ အစားအစာေဘးကင္းေရးပညာ႐ွင္ေတြက သတိေပးထားပါတယ္။ Bacillus cereus လို႔ေခၚတဲ့ ဘက္တီးရီးယားေၾကာင့္ျဖစ္ပါတယ္။ အပူေပးလိုက္ရင္ ဒီဘက္တီးရီးယားကို ေသေစႏိုင္ေပမယ့္ အစာအဆိပ္သင့္ေစႏိုင္တဲ့ ပိုးမႈန္ေတြကို ခ်န္ရစ္ခဲ့ႏိုင္ပါတယ္။ ထမင္းကိုျပန္အပူေပးၿပီး အခန္းအပူခ်ိန္မွာထားလိုက္တာနဲ႔ ပိုးေတြက ပြားလာၿပီး အစာအဆိပ္သင့္ျခင္း ျဖစ္ေစႏိုင္ပါတယ္။

(၃) ၾကက္ဥ၊ ဘဲဥ

ၾကက္ဥ၊ဘဲဥကို ပ႐ိုတင္းႂကြယ္ဝတဲ့ အာဟာရအရင္းအျမစ္ေတြအျဖစ္ အားထားၾကပါတယ္။ ဒါေပမယ့္ျပဳတ္ၿပီးသား သို႔မဟုတ္ ခ်က္ၿပီးသား ၾကက္ဥ၊ဘဲဥကို ခဏခဏ ျပန္ေႏႊးရင္ က်န္းမာေရးအတြက္မေကာင္းပါဘူး။ ဒါ့ေၾကာင့္ ခ်က္ၿပီး၊ျပဳတ္ၿပီးရင္ အၾကာႀကီးမထားပါနဲ႔။ ျပန္မေႏႊးပါနဲ႔။ ပ႐ိုတင္းမ်ားတဲ့အစားအစာမွာ ႏိုက္ထ႐ိုဂ်င္ေတြမ်ားတာေၾကာင့္ က်န္ေနရင္ မေႏႊးဘဲ အေအးသာစားလိုက္ပါ။

(၄) ၾကက္သား

ၾကက္သားဟင္းေတြ က်န္ေနရင္ သိမ္းထားၾကမွာပဲ။ ျပန္ေႏႊးစားမယ္ေပါ့။ ႏွေမ်ာတာနဲ႔ေႏႊးစားလိုက္၊ မကုန္လိုက္ေရခဲေသတၱာထဲျပန္သိမ္းလိုက္၊ ေနာက္ေန႔ ျပန္ေႏႊးစားလိုက္။ ဒါေပမယ့္ ေရခဲေသတၱာထဲက ထုတ္လိုက္တဲအခ်ိန္မွာ သူ႕မွာပါတဲ့ ပ႐ိုတင္းကေျပာင္းလဲသြားပါလိမ့္မယ္။ ဒါကိုစားမိတဲ့အခါ အစာေျခစနစ္မွာျပႆနာေပၚလာႏိုင္ပါတယ္။

(၅) အာလူး

အာလူးမွာ ဗီတာမင္ B6 ၊ ပိုတက္ဆီယမ္၊ ဗီတာမင္ C ႂကြယ္ဝတယ္ဆိုေပမယ့္ အခါခါျပန္ေႏႊးၿပီးစားရင္ အစာအဆိပ္သင့္ေစႏိုင္တဲ့ Clostridium botulinum ဘက္တီးရီးယားကိုျဖစ္လာေစႏိုင္ပါတယ္။ အခန္းအပူခ်ိန္မွာ ထားရင္ေတာင္ ပိုးကေပါက္ေစတာမို႔ ျဖစ္ႏိုင္ရင္ ေရခဲေသတၱာထဲထည့္ထားပါ၊ ျပန္မေႏႊးပါနဲ႔။ ၁ရက္၂ရက္အတြင္း မစားႏိုင္ရင္ လႊင့္ပစ္ပါ။

(၆) မိႈ

မိႈကေတာ့ ခ်က္ၿပီးတာနဲ႔ အကုန္စားပစ္သင့္တဲ့အရာပါ။ က်န္ေနရင္ကို သိမ္းမထားသင့္ပါဘူး။ မိႈမွာ ပ႐ိုတင္းႂကြယ္ဝၿပီး သတၱဳဓါတ္ေတြမ်ားႀကီးပါတာမို႔ ျပန္ေႏႊးလိုက္ရင္ ပ႐ိုတင္းေတြပ်က္စီးေစႏိုင္တဲ့အျပင္ အစာေျခစနစ္မွာပါ ထိခိုက္ေစႏိုင္ပါတယ္။ ျပန္ေႏႊးလိုက္ရင္ ဓါတ္တိုးၿပီး ႏိုက္ထ႐ိုဂ်င္နဲ႔ free radicals ေတြပါဝင္တဲ့ အဆိပ္အေတာက္ေတြထြက္႐ွိေစႏိုင္ပါတယ္။

အစားအေသာက္ေတြကို သိမ္းဆည္းစီမံတဲ့အလုပ္က ခ်က္တာျပဳတ္တာထက္ကို ပိုအေရးႀကီးပါတယ္။ အစားအေသာက္ေဘးကင္းေရးဟာ အိမ္႐ွင္မေတြ မျဖစ္မေနဂ႐ုစိုက္ရမယ့္အပိုင္းျဖစ္လို႔ ကိုယ့္မိသားစုရဲ႕က်န္းမာေရး ကိုယ့္လက္ထဲမွာ႐ွိေနတယ္ဆိုတာ မေမ့ပါနဲ႔ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service