ဆော်ဒီအာရေးဘီးယားတွင် အလျား ၇၅ မိုင်ရှိကာ ကန်ဒေါ်လာ ၅၀၀ ဘီလီယံ ကုန်ကျမည့် မိုးမျှော်တိုက်တန်း ကြီး စတင်ဆောက်လုပ်

ဆော်ဒီအာရေးဘီးယားတွင် အလျား ၇၅ မိုင်ရှိကာ ကန်ဒေါ်လာ ၅၀၀ ဘီလီယံ ကုန်ကျမည့် မိုးမျှော်တိုက်တန်း ကြီး စတင်ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
27 Nov 2023 2:16 pm တွင် တင်ခဲ့သည်
837 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဆော်ဒီအာရေးဘီးယားနိုင်ငံတွင် The Line ဟု အမည်ပေးထားသော မဟာမြို့တော်ကြီးကို သဲကန္တာရအတွင်း စတင်ဆောက်လုပ်လျက်ရှိပြီး အချို့က ရေပြင်ညီ မိုးမျှော်တိုက်ကြီးဟု ခေါ်ကြသည်။

အဆိုပါ စီမံကိန်းသည် ဒေါင်လိုက်အဆောက်အအုံတစ်လုံးချင်းမဟုတ်ဘဲ ရေပြင်ညီ အလျားလိုက် မိုင်ပေါင်း များစွာ ဖြန့်ကျက်တည်ရှိခြင်းကြောင့် ရေပြင်ညီ မိုးမျှော်တိုက်ကြီးဟု ခေါ်ကြခြင်းလည်း ဖြစ်သည်။

၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ်ဆောက်လုပ်သွားရန် ရည်မှန်းထားပြီး ယခုအခါ ဆောက်လုပ်မှုများ စတင်နေပြီ ဖြစ်သည်။

ဤကဲ့သို့ စီမံကိန်းမျိုး ကျွန်ုပ်တို့ ယခင်က မတွေ့ဖူးကြသလို ကြားလည်း မကြားဖူးခဲ့ကြချေ။

မိုးမျှော်တိုက်ကြီးကို အလျားလိုက်လှဲချထားသည့်အသွင်မျိုးဖြစ်ပြီး စီမံကိန်းကုန်ကျစရိတ်မှာလည်း အလွန်များပြားလှသည်။

မိမိဘာသာရပ်တည်နိုင်ရန်နှင့် လူပေါင်း ၉ သန်းနှင့်အထက် နေရာပေးနိုင်ရန် ရည်မှန်းထားသည်။

အမေရိကန်ပြည်ထောင်စု၊ ဆန်တာမိုနီကာ အခြေစိုက် Morphosis Architects အဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားသည်။

မြို့သစ်ကြီးမှာ အလျား ၁၀၅ မိုင် (၁၆၀ ကီလိုမီတာ)၊ အမြင့် မီတာ ၅၀၀နှင့် အနံ မီတာ ၂၀၀ ရှိမည် ဖြစ်သည်။

ထိုအကျယ်အဝန်းမှာ ဧကအားဖြင့် ၈၃၅၀ ဧက (သို့မဟုတ်) ၁၃ ဒသမ ၅ စတုရန်းမိုင်နှင့် ညီမျှသည်။

The Line ရေပြင်ညီမိုးမျှော်တိုက်ကြီး၏ အကျယ်အဝန်းမှာ မိုနာကိုနိုင်ငံနှင့် ဂျီဘရော်လ်တာ ရေလက်ကြားတို့ ၂ ခုပေါင်း အကျယ်အဝန်းထက် ပိုမိုကြီးမားသည်။

မြို့သစ်ကြီးတွင် လူနေ နေရာများ၊ ကူးသန်းရောင်းဝယ်ရေးနေရာများ၊ ကိုယ်ပိုင် အားကစားကွင်း၊ ရွက်လှေဆိပ်၊ ဈေးဝယ်စင်တာများ၊ ရုံးခန်းနေရာများအပြင် အခြားသော facility များစွာ ပါဝင်မည် ဖြစ်သည်။

ထို့အပြင် ကိုယ်ပိုင် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်လည်းရှိမည်ဖြစ်ပြီး မြို့၏ တဘက်စွန်းမှ အခြားတဘက်သို့ မိနစ် ၂၀ အတွင်း သွားလာနိုင်မည် ဖြစ်သည်။

The Line ရေပြင်ညီမိုးမျှော်တိုက်ကြီးသည် NEOM ဟုခေါ်သော ကြီးမားလှသောမြို့တော်သစ်ကြီးစီမံကိန်းမှ အစိတ်အပိုင်းတစ်ခုသာ ရှိသေးသည်။ NEOM မြို့တော်သစ်ကြီးတွင် Smart city နှင့် တောင်ပေါ်အပန်းဖြေစခန်းတို့လည်း ပါဝင်မည်ဟု ဆိုသည်။

ရည်မှန်းချက်ကြီးမားလှသော စီမံကိန်းကြီးတစ်ခုဖြစ်ပြီး ကုန်ကျစရိတ်မှာလည်း အလွန်များပြားမည်ဖြစ်သည်။

NEOM မြို့တော်ကြီးတစ်ခုလုံးအတွက် ဆောက်လုပ်မှုကုန်ကျစရိတ် ကန်ဒေါ်လာ ၁ ထရီလီယံ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

The Line တစ်ခုတည်းအတွက်ပင်လျှင် ကန်ဒေါ်လာ ၅၀၀ ဘီလီယံ ကုန်ကျမည် ဖြစ်သည်။

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်သော ဆော်ဒီအာရေးဘီးယားသည် ၎င်းတို့၏ ငွေများကို မြို့တော်သစ်ကြီးစီမံကိန်းတွင် သုံးစွဲရန် ဆန္ဒပြင်းပြနေသည်။

ဆော်ဒီအာရေးဘီးယားကို ရင်းနှီးမြှုပ်နှံသူများနှင့် ကမ္ဘာလှည့်ခရီးသည်များအား ပိုမိုဆွဲဆောင်နိုင်ရန် ဆော်ဒီအာရေးဘီးယား၏ အများပြည်သူ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ (PIF) မှ ငွေကြေးအလုံးအရင်းသုံးစွဲလျက် ရှိသည်။

သို့သော် ဆော်ဒီအာရေးဘီးယားက လူအများကို ဆွဲဆောင်နိုင်ရန် ကြိုးပမ်းနေသည်မှာ ထိုနယ်ပယ်တစ်ခုတည်းသာ မဟုတ်သေးဘဲ ဘောလုံးလောကတွင်လည်း ကြီးမားစွာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက် ရှိသည်။

ပြီးခဲ့သောနှစ်အတွင်း ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူခဲ့ပြီးနောက် ကာရင် ဘန်ဇီမာ၊ မာဆယ်လို ဘရိုဇိုဗစ်နှင့် ဆာဒီယို မာနေးတို့ကိုလည်း ဆက်လက်ခေါ်ယူထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Saudi Arabia’s $1 trillion skyscraper that stretches 75 miles is now under construction (supercarblondie)

[Zawgyi]

ေဆာ္ဒီအာေရးဘီးယားတြင္ အလ်ား ၇၅ မိုင္ရွိကာ ကန္ေဒၚလာ ၅၀၀ ဘီလီယံ ကုန္က်မည့္ မိုးေမွ်ာ္တိုက္တန္း ၾကီး စတင္ေဆာက္လုပ္

ေဆာ္ဒီအာေရးဘီးယားႏိုင္ငံတြင္ The Line ဟု အမည္ေပးထားေသာ မဟာျမိဳ႕ေတာ္ၾကီးကို သဲကႏၱာရအတြင္း စတင္ေဆာက္လုပ္လ်က္ရွိျပီး အခ်ဳိ႕က ေရျပင္ညီ မိုးေမွ်ာ္တိုက္ၾကီးဟု ေခၚၾကသည္။

အဆိုပါ စီမံကိန္းသည္ ေဒါင္လိုက္အေဆာက္အအံုတစ္လံုးခ်င္းမဟုတ္ဘဲ ေရျပင္ညီ အလ်ားလိုက္ မိုင္ေပါင္း မ်ားစြာ ျဖန္႔က်က္တည္ရွိျခင္းေၾကာင့္ ေရျပင္ညီ မိုးေမွ်ာ္တိုက္ၾကီးဟု ေခၚၾကျခင္းလည္း ျဖစ္သည္။

၂၀၃၀ ျပည့္ႏွစ္တြင္ အျပီးသတ္ေဆာက္လုပ္သြားရန္ ရည္မွန္းထားျပီး ယခုအခါ ေဆာက္လုပ္မႈမ်ား စတင္ေနျပီ ျဖစ္သည္။

ဤကဲ့သို႔ စီမံကိန္းမ်ဳိး ကၽြႏု္ပ္တို႔ ယခင္က မေတြ႔ဖူးၾကသလို ၾကားလည္း မၾကားဖူးခဲ့ၾကေခ်။

မိုးေမွ်ာ္တိုက္ၾကီးကို အလ်ားလိုက္လွဲခ်ထားသည့္အသြင္မ်ဳိးျဖစ္ျပီး စီမံကိန္းကုန္က်စရိတ္မွာလည္း အလြန္မ်ားျပားလွသည္။

မိမိဘာသာရပ္တည္ႏိုင္ရန္ႏွင့္ လူေပါင္း ၉ သန္းႏွင့္အထက္ ေနရာေပးႏိုင္ရန္ ရည္မွန္းထားသည္။

အေမရိကန္ျပည္ေထာင္စု၊ ဆန္တာမိုနီကာ အေျခစိုက္ Morphosis Architects အဖြဲ႔က ဒီဇိုင္းေရးဆြဲေပးထားသည္။

ျမိဳ႕သစ္ၾကီးမွာ အလ်ား ၁၀၅ မိုင္ (၁၆၀ ကီလိုမီတာ)၊ အျမင့္ မီတာ ၅၀၀ႏွင့္ အနံ မီတာ ၂၀၀ ရွိမည္ ျဖစ္သည္။

ထိုအက်ယ္အဝန္းမွာ ဧကအားျဖင့္ ၈၃၅၀ ဧက (သို႔မဟုတ္) ၁၃ ဒသမ ၅ စတုရန္းမိုင္ႏွင့္ ညီမွ်သည္။

The Line ေရျပင္ညီမိုးေမွ်ာ္တိုက္ၾကီး၏ အက်ယ္အဝန္းမွာ မိုနာကိုႏိုင္ငံႏွင့္ ဂ်ီဘေရာ္လ္တာ ေရလက္ၾကားတို႔ ၂ ခုေပါင္း အက်ယ္အဝန္းထက္ ပိုမိုၾကီးမားသည္။

ျမိဳ႕သစ္ၾကီးတြင္ လူေန ေနရာမ်ား၊ ကူးသန္းေရာင္းဝယ္ေရးေနရာမ်ား၊ ကိုယ္ပိုင္ အားကစားကြင္း၊ ရြက္ေလွဆိပ္၊ ေစ်းဝယ္စင္တာမ်ား၊ ရံုးခန္းေနရာမ်ားအျပင္ အျခားေသာ facility မ်ားစြာ ပါဝင္မည္ ျဖစ္သည္။

ထို႔အျပင္ ကိုယ္ပိုင္ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးစနစ္လည္းရွိမည္ျဖစ္ျပီး ျမိဳ႕၏ တဘက္စြန္းမွ အျခားတဘက္သို႔ မိနစ္ ၂၀ အတြင္း သြားလာႏိုင္မည္ ျဖစ္သည္။

The Line ေရျပင္ညီမိုးေမွ်ာ္တိုက္ၾကီးသည္ NEOM ဟုေခၚေသာ ၾကီးမားလွေသာျမိဳ႕ေတာ္သစ္ၾကီးစီမံကိန္းမွ အစိတ္အပိုင္းတစ္ခုသာ ရွိေသးသည္။ NEOM ျမိဳ႕ေတာ္သစ္ၾကီးတြင္ Smart city ႏွင့္ ေတာင္ေပၚအပန္းေျဖစခန္းတို႔လည္း ပါဝင္မည္ဟု ဆိုသည္။

ရည္မွန္းခ်က္ၾကီးမားလွေသာ စီမံကိန္းၾကီးတစ္ခုျဖစ္ျပီး ကုန္က်စရိတ္မွာလည္း အလြန္မ်ားျပားမည္ျဖစ္သည္။

NEOM ျမိဳ႕ေတာ္ၾကီးတစ္ခုလံုးအတြက္ ေဆာက္လုပ္မႈကုန္က်စရိတ္ ကန္ေဒၚလာ ၁ ထရီလီယံ ကုန္က်မည္ဟု ခန္႔မွန္းထားသည္။

The Line တစ္ခုတည္းအတြက္ပင္လွ်င္ ကန္ေဒၚလာ ၅၀၀ ဘီလီယံ ကုန္က်မည္ ျဖစ္သည္။

ကမၻာ့အခ်မ္းသာဆံုးႏိုင္ငံမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ေသာ ေဆာ္ဒီအာေရးဘီးယားသည္ ၎တို႔၏ ေငြမ်ားကို ျမိဳ႕ေတာ္သစ္ၾကီးစီမံကိန္းတြင္ သံုးစြဲရန္ ဆႏၵျပင္းျပေနသည္။

ေဆာ္ဒီအာေရးဘီးယားကို ရင္းႏွီးျမွဳပ္ႏွံသူမ်ားႏွင့္ ကမၻာလွည့္ခရီးသည္မ်ားအား ပိုမိုဆြဲေဆာင္ႏိုင္ရန္ ေဆာ္ဒီအာေရးဘီးယား၏ အမ်ားျပည္သူ ရင္းႏွီးျမွဳပ္ႏွံမႈ ရန္ပံုေငြ (PIF) မွ ေငြေၾကးအလံုးအရင္းသံုးစြဲလ်က္ ရွိသည္။

သို႔ေသာ္ ေဆာ္ဒီအာေရးဘီးယားက လူအမ်ားကို ဆြဲေဆာင္ႏိုင္ရန္ ၾကိဳးပမ္းေနသည္မွာ ထိုနယ္ပယ္တစ္ခုတည္းသာ မဟုတ္ေသးဘဲ ေဘာလံုးေလာကတြင္လည္း ၾကီးမားစြာ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္လ်က္ ရွိသည္။

ျပီးခဲ့ေသာႏွစ္အတြင္း ခရစၥတီယာႏို ေရာ္နယ္ဒိုကို ေခၚယူခဲ့ျပီးေနာက္ ကာရင္ ဘန္ဇီမာ၊ မာဆယ္လို ဘရိုဇိုဗစ္ႏွင့္ ဆာဒီယို မာေနးတို႔ကိုလည္း ဆက္လက္ေခၚယူထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Saudi Arabia’s $1 trillion skyscraper that stretches 75 miles is now under construction (supercarblondie)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန်လည်တွေ့ရှိမှု...
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန်လည်တွေ့ရှိမှု...
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး ဖြစ်လာဖွယ်ရှိ...
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး ဖြစ်လာဖွယ်ရှိ...
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာ့အံ့ဖွယ် ၇ ပါးရှိရာ နေရာများသို့ ၆ ရက်အတွင်း လည်ပတ်ခဲ့သည့် အီဂျစ်နိုင်ငံသား ဂင်းနက်စ် စံချိန်တင်...
ကမ္ဘာ့အံ့ဖွယ် ၇ ပါးရှိရာ နေရာများသို့ ၆ ရက်အတွင်း လည်ပတ်ခဲ့သည့် အီဂျစ်နိုင်ငံသား ဂင်းနက်စ် စံချိန်တင်...
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအားလုံး ပေးခဲ့သည့်ဖြစ်ရပ်...
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအားလုံး ပေးခဲ့သည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀၀၀) ကို ပိုင်ရှင်ထံ ပြန်ပို့ပေးခဲ့မှု တရုတ်လူမှုကွန်ရက်တွင် အလွန်ဂယက်ရိုက်...
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀၀၀) ကို ပိုင်ရှင်ထံ ပြန်ပို့ပေးခဲ့မှု တရုတ်လူမှုကွန်ရက်တွင် အလွန်ဂယက်ရိုက်...
ဒေါ်နယ်ထရမ့်၏ ကွယ်လွန်သွားပြီဖြစ်သော ဇနီး အီဗားနား ထရမ့် နေထိုင်ခဲ့သော နယူးယောက်မှ ရွှေချထား သော စံအိမ်၊ ကွယ်လွန်ချိန် ၂၀၂၂ ကတည်းက အရောင်းဈေးကွက်တင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၇ သန်း ဈေးလျှော့ပေးလာ...

ဆိုဗီယက်ခေတ် စတာလင်၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ခဲ့သော ပင်လယ်ထဲမှ မြို့ကြီးမှာ ယခုအခါ စွန့်ပစ်ခံထားရပြီး မကြာမီ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားတော့မည့် အလားအလာရှိနေ...
ဆိုဗီယက်ခေတ် စတာလင်၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ခဲ့သော ပင်လယ်ထဲမှ မြို့ကြီးမှာ ယခုအခါ စွန့်ပစ်ခံထားရပြီး မကြာမီ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားတော့မည့် အလားအလာရှိနေ...
အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင်းထုတ်ဖော် ပြောကြားလာ...
အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင်းထုတ်ဖော် ပြောကြားလာ...
တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ၌ ၃ နာရီခန့် ချီမထားခဲ့သော အမျိုးသား ၃ ဦးအား တရုတ်လူမှုကွန်ရက်တ...
တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ၌ ၃ နာရီခန့် ချီမထားခဲ့သော အမျိုးသား ၃ ဦးအား တရုတ်လူမှုကွန်ရက်တ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ဘီလျံနာကြီးတစ်ဦးက ကန်ဒေါ်လာ ၇၅ သန်းသုံးစွဲကာ ဆောက်လုပ်ခဲ့ပြီးနောက် စွန့်ပစ်ထားခဲ့သော ကပ်လျက် စံအိမ်ကြီး ၂ လုံး လေလံ
တရုတ်ဘီလျံနာကြီးတစ်ဦးက ကန်ဒေါ်လာ ၇၅ သန်းသုံးစွဲကာ ဆောက်လုပ်ခဲ့ပြီးနောက် စွန့်ပစ်ထားခဲ့သော ကပ်လျက် စံအိမ်ကြီး ၂ လုံး လေလံ
လုပ်ငန်းများအပြင် ပိုင်ဆိုင်သမျှ အားလုံးရောင်းချကာ ကျောင်းဘတ်စ်ကားတစ်စီးပေါ်တွင် ခင်ပွန်း၊ ခွေး ၄ ကောင်နှင့် အတူနေထိုင်
လုပ်ငန်းများအပြင် ပိုင်ဆိုင်သမျှ အားလုံးရောင်းချကာ ကျောင်းဘတ်စ်ကားတစ်စီးပေါ်တွင် ခင်ပွန်း၊ ခွေး ၄ ကောင်နှင့် အတူနေထိုင်
အီတလီနိုင်ငံ၊ စစ္စလီကျွန်းရှိ နေအိမ် ၁၀ လုံးကို တစ်လုံးလျှင် ၃ ယူရိုမျှဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဒေသခံ အုပ်ချုပ်ရေ
အီတလီနိုင်ငံ၊ စစ္စလီကျွန်းရှိ နေအိမ် ၁၀ လုံးကို တစ်လုံးလျှင် ၃ ယူရိုမျှဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဒေသခံ အုပ်ချုပ်ရေ
ဒေါင့်သန်းပိုးထည့်ထားသော ချောကလက်၊ ဒေါက်တာသေမင်းနှင့် ဂျပန်ခေတ် ကြောက်မက်ဖွယ် ငရဲခန်းများ ဖန်တီးခဲ့သည့် ဂျပန်တပ်မတော်၏ U
ဒေါင့်သန်းပိုးထည့်ထားသော ချောကလက်၊ ဒေါက်တာသေမင်းနှင့် ဂျပန်ခေတ် ကြောက်မက်ဖွယ် ငရဲခန်းများ ဖန်တီးခဲ့သည့် ဂျပန်တပ်မတော်၏ U
တရုတ်ပြည်တွင် သားဖြစ်သူ လူ့ပေါ်ကြော့ မဖြစ်စေလိုသောကြောင့် မိဘများ အလွန်ချမ်းသာကြောင်းကို ဖခင် သူဌေးကြီးက အသိမပေးဘဲ နှစ်ပ
တရုတ်ပြည်တွင် သားဖြစ်သူ လူ့ပေါ်ကြော့ မဖြစ်စေလိုသောကြောင့် မိဘများ အလွန်ချမ်းသာကြောင်းကို ဖခင် သူဌေးကြီးက အသိမပေးဘဲ နှစ်ပ
မူကက်ရှ် အမ်ဘာနီက သားငယ်၏ မင်္ဂလာပွဲအတွက် ငွေပုံအော သုံးစွဲခဲ့သော်လည်း သူ၏ ကြွယ်ဝမှု ကျဆင်း မသွားခဲ့ဘဲ မင်္ဂလာပွဲအပြီး ၁
မူကက်ရှ် အမ်ဘာနီက သားငယ်၏ မင်္ဂလာပွဲအတွက် ငွေပုံအော သုံးစွဲခဲ့သော်လည်း သူ၏ ကြွယ်ဝမှု ကျဆင်း မသွားခဲ့ဘဲ မင်္ဂလာပွဲအပြီး ၁
လူသိနည်းလွန်းတဲ့ မြေဖြူခဲရဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိုး
လူသိနည်းလွန်းတဲ့ မြေဖြူခဲရဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိုး
ဆရာရေ မြေတိုင်းတာခြင်းခြင်းနှင့်ပတ်သတ်ပြီး လေ့လာထားသင့်သည့်အချက်အလက်များ ဆွေးနွေးပေးစေလိုပါတယ်။
ဆရာရေ မြေတိုင်းတာခြင်းခြင်းနှင့်ပတ်သတ်ပြီး လေ့လာထားသင့်သည့်အချက်အလက်များ ဆွေးနွေးပေးစေလိုပါတယ်။
ဆိုဗီယက်တိုက်လေယာဉ်မှူးတစ်ဦး ပုန်းခိုနေထိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်မှ မွေးမြူရေးခြံကြီး ကန်ဒေါ်
ဆိုဗီယက်တိုက်လေယာဉ်မှူးတစ်ဦး ပုန်းခိုနေထိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်မှ မွေးမြူရေးခြံကြီး ကန်ဒေါ်
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ လည်ပတ်ခဲ့ပြီးဖြစ်သော အမေရိကန်အမျိုးသားက လည်ပတ်ရန် အကောင်းဆုံးနှင့် အဆိုးဆုံးနိုင်ငံ ၂ ခုအ
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ လည်ပတ်ခဲ့ပြီးဖြစ်သော အမေရိကန်အမျိုးသားက လည်ပတ်ရန် အကောင်းဆုံးနှင့် အဆိုးဆုံးနိုင်ငံ ၂ ခုအ
sweet-dream
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service