မြေးမလေး၏ မင်္ဂလာဆောင်တွင် Mariah Carey နှင့် Elton John တို့ကို ဒေါ်လာ ၄ သန်းဖြင့် ငှားရမ်း ဖျော်ဖြေ စေခဲ့သူ ရုရှားမှ လေဆိပ်ပိုင်ရှင်သူဌေးကြီးက နယူးယောက်မှ ကွန်ဒိုခန်းကို ဒေါ်လာ ၃၃ သန်းဖြင့် အရောင်းဈေးကွက်တင်

မြေးမလေး၏ မင်္ဂလာဆောင်တွင် Mariah Carey နှင့် Elton John တို့ကို ဒေါ်လာ ၄ သန်းဖြင့် ငှားရမ်း ဖျော်ဖြေ စေခဲ့သူ ရုရှားမှ လေဆိပ်ပိုင်ရှင်သူဌေးကြီးက နယူးယောက်မှ ကွန်ဒိုခန်းကို ဒေါ်လာ ၃၃ သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
24 Nov 2023 10:41 am တွင် တင်ခဲ့သည်
615 ကြိမ် ကြည့်ရှု့ပြီး

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော် (iMyanmarHouse.com)

[Unicode]

ရုရှားနိုင်ငံမှ လေဆိပ်ပိုင်ရှင်သူဌေးကြီး ဗာလရီ ကိုဂန် (Valery Kogan) သည် ယူကရိန်းနိုင်ငံတွင် မွေးဖွားပြီး ဆိုဗီယက်ရေတပ်အပြင် သံတမန်လောကတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

၁၉၉၇ ခုနှစ်တွင် ဗာလရီ၏ ကုမ္ပဏီ East Line က ရုရှားရှိ Domodedovo နိုင်ငံတကာလေဆိပ်ကို ဝယ်ယူခဲ့သည်။

ရုရှားတွင် ထုတ်ဝေသော Finans မဂ္ဂဇင်းတွင် ရုရှားနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၅၀၀ ဦးစာရင်း၌ ထည့်သွင်း ဖော်ပြခံခဲ့ရသည်။

အဓိကအားဖြင့် မော်စကိုမြို့တွင် အခြေစိုက်နေထိုင်ပြီး သားဖြစ်သူ အဲလက်စ်ကိုဂန်မှာ အဆိုတော် တစ်ဦးဖြစ် ပြီး သမီးဖြစ်သူမှာ ရှေ့နေတစ်ဦး ဖြစ်သည်။

ဗာလရီသည် ၂၀၁၈ ခုနှစ်အတွင်း မြေးမလေး၏ မင်္ဂလာဆောင်ကို လန်ဒန်မြို့တွင် ကျင်းပရာ၌ Mariah Carey နှင့် Elton John တို့ကို ဒေါ်လာ ၄ သန်းဖြင့် ငှားရမ်းဖျော်ဖြေစေခဲ့သည်ဟု ဆိုသည်။

ယခုအခါ ဗာလရီ နှင့် ဇနီးဖြစ်သူ အော်လ်ဂါတို့သည် နယူးယောက်မြို့ ပလာဇာဟိုတယ်မှ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၃၃ သန်းဖြင့် အရောင်းဈေးကွက် ပြန်တင်လာသည်။

အဆိုပါ အခန်းသည် ကိုဗစ်ကပ်ဘေးမတိုင်မီက ဒေါ်လာသန်း ၅၀ ဈေးခေါ်ထားသော အခန်းလည်း ဖြစ်သည်။

တစ်ချိန်တည်းတွင်ပင် ဗာလရီတို့ စုံတွဲက Central Park West လမ်း ၊ အမှတ် ၁၅ တွင် တည်ရှိသော အဆောက်အအုံကြီးမှ အထပ် ၄၀ မြောက်ရှိ Penthouse ခန်းကိုလည်း ကန်ဒေါ်လာ ၄၅ သန်းသို့ ဈေးလျှော့ ပေးထားသည်။

အဆိုပါ ကွန်ဒိုခန်းသည် ယခုနှစ်အစောပိုင်းက ဒေါ်လာ ၆၅ သန်းဈေးခေါ်ခဲ့ပြီး ယင်းနောက် ၆၁ ဒသမ ၉ သန်း အထိ ဈေးလျှော့ပေးသော်လည်း ရောင်းမထွက်ခဲ့။

ထို့အပြင် ကွန်နက်တီကပ်ပြည်နယ် ၊ ဂရင်းဝစ်ချ်မြို့Simmons Lane အမှတ် ၁၈ ရှိ နေအိမ်ကိုလည်း ကန်ဒေါ်လာ ၁၄ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက် တင်ထားသေးသည်။

(ပလာဇာဟိုတယ်မှ ကွန်ဒိုခန်း၏ အိပ်ခန်းတစ်ခန်း။ ဓာတ်ပုံ-Lena Yaremenko)

(ညစာစားခန်း။ ဓာတ်ပုံ-Lena Yaremenko )

(အလှဆင်ထားပုံ။ ဓာတ်ပုံ-Lena Yaremenko)

(တံခါးလက်ကိုင်များမှအစ မက်မောဖွယ်ရာ ရှိသည်။ ဓာတ်ပုံ-Lena Yaremenko)

(ရေချိုးခန်း။ ဓာတ်ပုံ-Lena Yaremenko)

(Central Park West လမ်း ၊ အမှတ် ၁၅ မှ Panthouse ခန်း။ ဓာတ်ပုံ-Douglas Elliman)

(Central Park West အခန်းမှ Study ခန်း။ ဓာတ်ပုံ-Douglas Elliman)

(Central Park West ကွန်ဒိုခန်းမှ ညစာစားခန်း။ ဓာတ်ပုံ-Douglas Elliman)

Central Park West Penthouse ခန်းတွင် အိပ်ခန်း ၄ ခန်းပါဝင်ပြီး ပန်းခြံနှင့် နယူးယောက်မြို့၏ အပြောကျယ်သော ကောင်းကင်မြင်ကွင်းများ ပိုင်ဆိုင်ထားသည်။

အဆိုပါ အခန်း ရောင်းချမှုတွင် စတုရန်းပေ ၅၃၉၈ ကျယ်ဝန်းသော Penthouse ခန်းနှင့်အတူ စတုရန်းပေ ၁၀၃၆ ကျယ်ဝန်းသော အခန်းနှင့် စတုရန်းပေ ၄၁၂ ကျယ်ဝန်းသော စတူဒီယိုခန်းတို့လည်း ပါဝင်ပြီး ထိုနှစ်ခန်းလုံးမှာ ၆ လွှာမြောက်တွင် တည်ရှိသည်။

Central Park West အခန်းနှင့် ပလာဇာဟိုတယ်မှ ၂ ခန်းလုံးကို Douglas Elliman အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော အဒမ် ရော့သ်မန်းနှင့် သောမတ်စ် ဟို့ဖယ်ဒါ တို့က အရောင်းဈေးကွက်တင်ပေးခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Russian airport mogul re-lists ornate $33M NYC condo as part of $92.5M property selloff (nypost)

[Zawgyi]

ေျမးမေလး၏ မဂၤလာေဆာင္တြင္ Mariah Carey ႏွင့္ Elton John တို႔ကို ေဒၚလာ ၄ သန္းျဖင့္ ငွားရမ္း ေဖ်ာ္ေျဖ ေစခဲ့သူ ရုရွားမွ ေလဆိပ္ပိုင္ရွင္သူေဌးၾကီးက နယူးေယာက္မွ ကြန္ဒိုခန္းကို ေဒၚလာ ၃၃ သန္းျဖင့္ အေရာင္းေစ်းကြက္တင္

ရုရွားႏိုင္ငံမွ ေလဆိပ္ပိုင္ရွင္သူေဌးၾကီး ဗာလရီ ကိုဂန္ (Valery Kogan) သည္ ယူကရိန္းႏိုင္ငံတြင္ ေမြးဖြားျပီး ဆိုဗီယက္ေရတပ္အျပင္ သံတမန္ေလာကတြင္လည္း တာဝန္ထမ္းေဆာင္ခဲ့ဖူးသည္။

၁၉၉၇ ခုႏွစ္တြင္ ဗာလရီ၏ ကုမၸဏီ East Line က ရုရွားရွိ Domodedovo ႏိုင္ငံတကာေလဆိပ္ကို ဝယ္ယူခဲ့သည္။

ရုရွားတြင္ ထုတ္ေဝေသာ Finans မဂၢဇင္းတြင္ ရုရွားႏိုင္ငံ၏ အခ်မ္းသာဆံုးပုဂၢိဳလ္ ၅၀၀ ဦးစာရင္း၌ ထည့္သြင္း ေဖာ္ျပခံခဲ့ရသည္။

အဓိကအားျဖင့္ ေမာ္စကိုျမဳိ႕တြင္ အေျခစိုက္ေနထုိင္ျပီး သားျဖစ္သူ အဲလက္စ္ကိုဂန္မွာ အဆိုေတာ္ တစ္ဦးျဖစ္ ျပီး သမီးျဖစ္သူမွာ ေရွ႕ေနတစ္ဦး ျဖစ္သည္။

ဗာလရီသည္ ၂၀၁၈ ခုႏွစ္အတြင္း ေျမးမေလး၏ မဂၤလာေဆာင္ကို လန္ဒန္ျမဳိ႕တြင္ က်င္းပရာ၌ Mariah Carey ႏွင့္ Elton John တို႔ကို ေဒၚလာ ၄ သန္းျဖင့္ ငွားရမ္းေဖ်ာ္ေျဖေစခဲ့သည္ဟု ဆိုသည္။

ယခုအခါ ဗာလရီ ႏွင့္ ဇနီးျဖစ္သူ ေအာ္လ္ဂါတို႔သည္ နယူးေယာက္ျမဳိ႕ ပလာဇာဟိုတယ္မွ ကြန္ဒိုခန္းကို ကန္ေဒၚလာ ၃၃ သန္းျဖင့္ အေရာင္းေစ်းကြက္ ျပန္တင္လာသည္။

အဆုိပါ အခန္းသည္ ကိုဗစ္ကပ္ေဘးမတိုင္မီက ေဒၚလာသန္း ၅၀ ေစ်းေခၚထားေသာ အခန္းလည္း ျဖစ္သည္။

တစ္ခ်ိန္တည္းတြင္ပင္ ဗာလရီတို႔ စံုတြဲက Central Park West လမ္း ၊ အမွတ္ ၁၅ တြင္ တည္ရွိေသာ အေဆာက္အအံုၾကီးမွ အထပ္ ၄၀ ေျမာက္ရွိ Penthouse ခန္းကိုလည္း ကန္ေဒၚလာ ၄၅ သန္းသို႔ ေစ်းေလွ်ာ့ ေပးထားသည္။

အဆိုပါ ကြန္ဒိုခန္းသည္ ယခုႏွစ္အေစာပိုင္းက ေဒၚလာ ၆၅ သန္းေစ်းေခၚခဲ့ျပီး ယင္းေနာက္ ၆၁ ဒသမ ၉ သန္း အထိ ေစ်းေလွ်ာ့ေပးေသာ္လည္း ေရာင္းမထြက္ခဲ့။

ထို႔အျပင္ ကြန္နက္တီကပ္ျပည္နယ္ ၊ ဂရင္းဝစ္ခ်္ျမဳိ႕Simmons Lane အမွတ္ ၁၈ ရွိ ေနအိမ္ကိုလည္း ကန္ေဒၚလာ ၁၄ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္ တင္ထားေသးသည္။

(ပလာဇာဟိုတယ္မွ ကြန္ဒိုခန္း၏ အိပ္ခန္းတစ္ခန္း။ ဓာတ္ပံု-Lena Yaremenko)

(ညစာစားခန္း။ ဓာတ္ပံု-Lena Yaremenko )

(အလွဆင္ထားပံု။ ဓာတ္ပံု-Lena Yaremenko)

(တံခါးလက္ကိုင္မ်ားမွအစ မက္ေမာဖြယ္ရာ ရွိသည္။ ဓာတ္ပံု-Lena Yaremenko)

(ေရခ်ဳိးခန္း။ ဓာတ္ပံု-Lena Yaremenko)

(Central Park West လမ္း ၊ အမွတ္ ၁၅ မွ Panthouse ခန္း။ ဓာတ္ပံု-Douglas Elliman)

(Central Park West အခန္းမွ Study ခန္း။ ဓာတ္ပံု-Douglas Elliman)

(Central Park West ကြန္ဒိုခန္းမွ ညစာစားခန္း။ ဓာတ္ပံု-Douglas Elliman)

Central Park West Penthouse ခန္းတြင္ အိပ္ခန္း ၄ ခန္းပါဝင္ျပီး ပန္းျခံႏွင့္ နယူးေယာက္ျမိဳ႕၏ အေျပာက်ယ္ေသာ ေကာင္းကင္ျမင္ကြင္းမ်ား ပိုင္ဆိုင္ထားသည္။

အဆိုပါ အခန္း ေရာင္းခ်မႈတြင္ စတုရန္းေပ ၅၃၉၈ က်ယ္ဝန္းေသာ Penthouse ခန္းႏွင့္အတူ စတုရန္းေပ ၁၀၃၆ က်ယ္ဝန္းေသာ အခန္းႏွင့္ စတုရန္းေပ ၄၁၂ က်ယ္ဝန္းေသာ စတူဒီယိုခန္းတို႔လည္း ပါဝင္ျပီး ထိုႏွစ္ခန္းလံုးမွာ ၆ လႊာေျမာက္တြင္ တည္ရွိသည္။

Central Park West အခန္းႏွင့္ ပလာဇာဟိုတယ္မွ ၂ ခန္းလံုးကို Douglas Elliman အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္မ်ားျဖစ္ေသာ အဒမ္ ေရာ့သ္မန္းႏွင့္ ေသာမတ္စ္ ဟုိ႔ဖယ္ဒါ တို႔က အေရာင္းေစ်းကြက္တင္ေပးျခင္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Russian airport mogul re-lists ornate $33M NYC condo as part of $92.5M property selloff (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညီအစ်မမြို့တော်သတ်မှတ်ထားသော တရုတ်ကူမင်းမြို့နှင့် ရန်ကုန်မြို့တို့ နှစ်နိုင်ငံ ကုန်သွယ်မှုပိုင်းဆိုင်ရာ မြှင့်တင်မည်...
ညီအစ်မမြို့တော်သတ်မှတ်ထားသော တရုတ်ကူမင်းမြို့နှင့် ရန်ကုန်မြို့တို့ နှစ်နိုင်ငံ ကုန်သွယ်မှုပိုင်းဆိုင်ရာ မြှင့်တင်မည်...
မိမိခင်ပွန်းအပြင် ချစ်သူယောက်ျားလေးနှင့် ၃ ဦးအတူနေထိုင်ကြကာ ၃ ဦးပေါင်း ဝင်ငွေဖြင့် အိမ်တစ်လုံး ဝယ်ယူရန် ကြိုးစားသည့် အမေရိကန်က မိန်းကလေး...
မိမိခင်ပွန်းအပြင် ချစ်သူယောက်ျားလေးနှင့် ၃ ဦးအတူနေထိုင်ကြကာ ၃ ဦးပေါင်း ဝင်ငွေဖြင့် အိမ်တစ်လုံး ဝယ်ယူရန် ကြိုးစားသည့် အမေရိကန်က မိန်းကလေး...
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ကာလတန်ဖိုးသတ်မှတ်ပေးခြင်း လျှောက်လွှာများကို မတ်လ (၁၅) ရက်နေ့ နောက်ဆုံးထား လျှောက်လွှာလက်ခံမည်။...
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ကာလတန်ဖိုးသတ်မှတ်ပေးခြင်း လျှောက်လွှာများကို မတ်လ (၁၅) ရက်နေ့ နောက်ဆုံးထား လျှောက်လွှာလက်ခံမည်။...
ဗြိတိန်ကို ကျောခိုင်းကာ ဂျပန်ကို ရွှေ့ပြောင်းခဲ့ကြသော မိသားစု ၊ ဂျပန်တွင် ကလေးငယ်များ ဘေးကင်း လုံခြုံမှုကို အလွန်နှစ်သက်သဘောကျ...
ဗြိတိန်ကို ကျောခိုင်းကာ ဂျပန်ကို ရွှေ့ပြောင်းခဲ့ကြသော မိသားစု ၊ ဂျပန်တွင် ကလေးငယ်များ ဘေးကင်း လုံခြုံမှုကို အလွန်နှစ်သက်သဘောကျ...
နယူးယောက်ရှိ ဟိုတယ်ကြီးတစ်ခုတွင် ၅ နှစ်ကြာ အခမဲ့ နေထိုင်ခဲ့သူ လိမ်လည်မှု ပေါ်ပေါက်လာပြီး ယခုအခါ ဟိုတယ်မှ ထွက်ခွာပေးရဖွယ်ရှိ...
နယူးယောက်ရှိ ဟိုတယ်ကြီးတစ်ခုတွင် ၅ နှစ်ကြာ အခမဲ့ နေထိုင်ခဲ့သူ လိမ်လည်မှု ပေါ်ပေါက်လာပြီး ယခုအခါ ဟိုတယ်မှ ထွက်ခွာပေးရဖွယ်ရှိ...
အင်္ဂလန်နိုင်ငံတောင်ပိုင်း Basingstoke မြို့တွင် အိမ်တစ်လုံးရောင်းထွက်ရန် ၂၄ ရက်သာ ကြာမြင့်
အင်္ဂလန်နိုင်ငံတောင်ပိုင်း Basingstoke မြို့တွင် အိမ်တစ်လုံးရောင်းထွက်ရန် ၂၄ ရက်သာ ကြာမြင့်
ပေါ့ပ်အဖွဲ့ Backstreet Boys မှ အဆိုတော် AJ McLean က ဇနီးနှင့် ကွာရှင်းပြီးနောက် ကယ်လီဖိုးနီးယားမှ နေအိမ်ကို အရောင်းဈေးကွက်တင်...
ပေါ့ပ်အဖွဲ့ Backstreet Boys မှ အဆိုတော် AJ McLean က ဇနီးနှင့် ကွာရှင်းပြီးနောက် ကယ်လီဖိုးနီးယားမှ နေအိမ်ကို အရောင်းဈေးကွက်တင်...
ကရင်ပြည်နယ် ဘားအံမြို့ပေါ်နှင့် အနီးတစ်ဝိုက် သိန်း (၁၀၀) ဝန်းကျင်ခြံမြေများသာ အရောင်းအဝယ်ရှိနေ...
ကရင်ပြည်နယ် ဘားအံမြို့ပေါ်နှင့် အနီးတစ်ဝိုက် သိန်း (၁၀၀) ဝန်းကျင်ခြံမြေများသာ အရောင်းအဝယ်ရှိနေ...
စိန့်တိုင်းမှ နွေးထွေးသော ကမ်းလင့်လက်များ (သို့မဟုတ်) ရေခဲမှတ်အောက် ၂၀ ဒီဂရီအထိ သွေးခဲမတတ် အေးလှသည့် တရုတ်ပြည် ဟာဘင်းမြို့မှ ဆောင်းရာသီ ရေခဲပန်းပုပွဲတော်သို့ (၃) ရက်အတွင်း လာရောက်လည်ပတ်သူ ၃ သန်းရှိခဲ့...

နယူးယောက်မြို့တွင် အခမဲ့နေထိုင်နိုင်မည့် အိမ်ငယ်လေးများကျေးရွာ ဆောက်လုပ်ရန် စီစဉ်နေပြီး ၂၀၂၅ ခုနှစ်တွင် နေထိုင်မည့်သူများ စတင်လက်ခံမည်...
နယူးယောက်မြို့တွင် အခမဲ့နေထိုင်နိုင်မည့် အိမ်ငယ်လေးများကျေးရွာ ဆောက်လုပ်ရန် စီစဉ်နေပြီး ၂၀၂၅ ခုနှစ်တွင် နေထိုင်မည့်သူများ စတင်လက်ခံမည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် နေအိမ်အပြင်ဘက် အလှဆင်မီးအိမ်တပ်ဆင်သောကြောင့် အိမ်နီးချင်းက အနှောင့်အယှက် ဖြစ်သည်ဆိုကာ တရားစွဲ
အင်္ဂလန်တွင် နေအိမ်အပြင်ဘက် အလှဆင်မီးအိမ်တပ်ဆင်သောကြောင့် အိမ်နီးချင်းက အနှောင့်အယှက် ဖြစ်သည်ဆိုကာ တရားစွဲ
အမေရိကန်တွင် အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးက မြက်ရိတ်ရာမှ ရသောငွေ ဒေါ်လာ ၁၅၀၀ ဖြင့် အိမ်ငယ်တစ်လုံး ဆောက်လုပ်ခဲ့ပုံ
အမေရိကန်တွင် အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးက မြက်ရိတ်ရာမှ ရသောငွေ ဒေါ်လာ ၁၅၀၀ ဖြင့် အိမ်ငယ်တစ်လုံး ဆောက်လုပ်ခဲ့ပုံ
သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှ နေအိမ်တစ်ခု၏ ဧည့်ခန်းထောင့်တွင် ခင်းထားသော မွေ့ယာတစ်နေရာစာကို တစ်ပတ်လျှင် ၁၈၅ ဒေါ်လာဖြင့်
သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှ နေအိမ်တစ်ခု၏ ဧည့်ခန်းထောင့်တွင် ခင်းထားသော မွေ့ယာတစ်နေရာစာကို တစ်ပတ်လျှင် ၁၈၅ ဒေါ်လာဖြင့်
အင်္ဂလန်နိုင်ငံတွင် နှစ်ပေါင်း ၉၀၀ သက်တမ်းရှိ ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၁၁ ဒသမ ၈၇ သန်းဖြင့် ရောင်းမည်
အင်္ဂလန်နိုင်ငံတွင် နှစ်ပေါင်း ၉၀၀ သက်တမ်းရှိ ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၁၁ ဒသမ ၈၇ သန်းဖြင့် ရောင်းမည်
ဘယ်သောအခါမှ ငြိမ်းမသွားမယ့် နယူးယောက်မြို့က ထူးဆန်းတဲ့မီးတောက်ငယ် Eternal Flame
ဘယ်သောအခါမှ ငြိမ်းမသွားမယ့် နယူးယောက်မြို့က ထူးဆန်းတဲ့မီးတောက်ငယ် Eternal Flame
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ဖင်လန်နိုင်ငံ နယ်စပ်အနီး ဧက ၁၀၀၀ ကျယ်ဝန်းသော ခြံဝန်းကြီးအတွင်း ဒေါ်လာ ၁၀၀၀၀ တန် ဖင်ဆေး အင်တုံ ၂ ခု၊ ဘီယာစက်ရုံနှင့် လေကြ
ဖင်လန်နိုင်ငံ နယ်စပ်အနီး ဧက ၁၀၀၀ ကျယ်ဝန်းသော ခြံဝန်းကြီးအတွင်း ဒေါ်လာ ၁၀၀၀၀ တန် ဖင်ဆေး အင်တုံ ၂ ခု၊ ဘီယာစက်ရုံနှင့် လေကြ
ဒလတံတားဟာ မြန်မာနိုင်ငံတွင် တံတားကြမ်းခင်းအမြင့်ဆုံးတံတားဖြစ်
ဒလတံတားဟာ မြန်မာနိုင်ငံတွင် တံတားကြမ်းခင်းအမြင့်ဆုံးတံတားဖြစ်
ရန်ကုန်မြို့သစ်စီမံကိန်းမြေကွက်များ ဈေးလျှော့ရောင်းမှုများရှိနေဟုဆို
ရန်ကုန်မြို့သစ်စီမံကိန်းမြေကွက်များ ဈေးလျှော့ရောင်းမှုများရှိနေဟုဆို
ဂျက်လေယာဉ်ကြီးတစ်စင်း ခြံဝန်းအတွင်း ပါဝင်ကာ ခြံအကျယ် ၁၀ ဧကရှိသော ဆန်းကြယ်သည့် စံအိမ် တစ်လုံး ပေါင် ၃ ဒသမ ၉ သန်းဖြင့် ရော
ဂျက်လေယာဉ်ကြီးတစ်စင်း ခြံဝန်းအတွင်း ပါဝင်ကာ ခြံအကျယ် ၁၀ ဧကရှိသော ဆန်းကြယ်သည့် စံအိမ် တစ်လုံး ပေါင် ၃ ဒသမ ၉ သန်းဖြင့် ရော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

bogyokeywa
mann-yadanar-luxury-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service