အိမ်တစ်လုံးလျှင် ဒေါ်လာ ၃၀၀၀၀ မျှဖြင့် ဝယ်ယူနိုင်မည့် အမေရိကန်က အိမ်ငယ်လေးများ ကျေးရွာ

အိမ်တစ်လုံးလျှင် ဒေါ်လာ ၃၀၀၀၀ မျှဖြင့် ဝယ်ယူနိုင်မည့် အမေရိကန်က အိမ်ငယ်လေးများ ကျေးရွာ - Property News in Myanmar from iMyanmarHouse.com
3 Oct 2023 10:28 am တွင် တင်ခဲ့သည်
281 ကြိမ် ကြည့်ရှု့ပြီး

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင် (iMyanmarHouse.com)

[Unicode]

 

အမေရိကန်ပြည်ထောင်စု ၊ တင်နက်ဆီပြည်နယ်တွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် အိမ်ငယ်လေးများ ကျေးရွာသစ်တစ်ခုကို ဖွင့်လှစ်လိုက်ပြီး အိမ်များ၏ တန်ဖိုးမှာ ဒေါ်လာ ၃၀၀၀၀ မှ စသည်။

 

(The Grove အမည်ရှိ အိမ်ငယ်လေးများရွာကို တည်ထောင်သူမှာ Randy Jones ဖြစ်သည်။ ဓာတ်ပုံ-YouTube/Incredible Tiny Homes)

 

(အိမ်များမှာ သေးငယ်သော်လည်း ပရိဘောဂများ ထည့်သွင်းလိုက်သောအခါ ဇိမ်ကျကာ နေချင်စဖွယ် ဖြစ်သွားသည်။ ဓာတ်ပုံ-YouTube/Incredible Tiny Homes)

 

(အိမ်အရွယ်အစား ၃ မျိုး ရွေးချယ်နိုင်ပြီး ဒေါ်လာ ၃၀၀၀၀ မှ စသည်။ ဓာတ်ပုံ-YouTube/Incredible Tiny Homes)

 

 

The Grove အိမ်ငယ်လေးများရွာကို Incredible Tiny Homes ကုမ္ပဏီ၏ CEO ဖြစ်သူ ရန်ဒီဂျုန်းစ် (Randy Jones) က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

တင်နက်ဆီပြည်နယ် ၊ Newport မြို့တွင် တည်ရှိပြီး အိမ်အလုံး ၇၀ ရှိသည်။

အမေရိကရှိ အခြားသော အိမ်ငယ်လေးများရွာနှင့် မတူသည့်အချက်မှာ အခြားရွာများတွင် နေထိုင်သူတို့က ကိုယ်တိုင်အိမ်ဆောက်ကြရသော်လည်း ဤရွာတွင်မူ အသင့်ဆောက်ပြီးအိမ်များ ရောင်းချပေးခြင်း ဖြစ်သည်။ ရွေးချယ်ရန် အရွယ်အစား ၃ မျိုးရှိရာ ----

၈ ပေ×၁၆ ပေ - ကန်ဒေါ်လာ ၃၀၀၀၀ ၁၀ပေ×ပေ ၂၀ -ကန်ဒေါ်လာ ၆၉၉၀၀ ၁၂ပေ×ပေ ၂၀- ကန်ဒေါ်လာ ၇၅၀၀၀ ဟူ၍ ရွေးချယ်နိုင်သည်။

နေအိမ်ဈေးနှုန်းတွင် ပထမ ၂ နှစ်စာ မြေငှားခ ပါဝင်ပြီး ဖြစ်သည်ဟု ဆိုသည်။

ခြံအကျယ်မှာ ၂၅ပေ×ပေ ၄၀ ဖြစ်ပြီး ဆင်ဝင် ၊ အိမ်ရှေ့ကွက်လပ်ငယ်နှင့် ကားရပ်နားရန် နေရာတို့ ပါဝင်သည်။

အိမ်များအားလုံးကို ရန်ဒီ၏ အဖွဲ့က အမေရိကန်ပြည်ထောင်စုတွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ရန်ဒီသည် အိမ်ငယ်လေးများကို ထုတ်လုပ်နေသည်မှာ ၁၀ နှစ်နီးပါးခန့်ရှိပြီ ဖြစ်သည်။

Incredible Tiny Homes YouTube ချန်နယ်တွင် မကြာသေးမီက လွှင့်တင်ခဲ့သော ဗွီဒီယိုဖိုင်တစ်ခုတွင် ဤရွာ၌ နေထိုင်သူတစ်ဦးက သူမ၏ ၁၂ ပေ× ပေ ၂၀ နေအိမ်အတွင်း ပရိဘောဂများ ခင်းကျင်းထားပုံကို ပြသထားသည်။

ထိုအိမ်ပိုင်ရှင်က ကျေးလက်ဆန်သော ခံစားချက်ရရှိစေရန် နေအိမ်အတွင်း သစ်နံရံများ တပ်ဆင်ခဲ့ပြီး ဆိုဖာတစ်ခု နှင့် ကြီးမားသော အိပ်ယာတစ်ခုတို့လည်း ထည့်သွင်းခဲ့သည်။

ထိုဗွီဒီယိုကို ကြည့်ရှုရသူတို့က သူမ၏ အိမ်လေးမှာ လှပကြောင်း မှတ်ချက် ပြုကြသည်။

Incredible Tiny Homes ကုမ္ပဏီသည် ကားဖြင့်သယ်သွားနိုင်သော အိမ်များလည်း ထုတ်လုပ်ရောင်းချသည်။

အဆိုပါ ကုမ္ပဏီထုတ် အိမ်မော်ဒယ်တစ်မျိုးဆိုလျှင် ဒေါ်လာ ၁၅၀၀၀ သာ ကျသင့်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I built a tiny home community and people can buy a house for $30k – they ‘burst into happy tears’ when they look inside (the-sun)

 

 

 

[Zawgyi]

အိမ္တစ္လံုးလွ်င္ ေဒၚလာ ၃၀၀၀၀ မွ်ျဖင့္ ဝယ္ယူႏိုင္မည့္ အေမရိကန္က အိမ္ငယ္ေလးမ်ား ေက်းရြာ

 

အေမရိကန္ျပည္ေထာင္စု ၊ တင္နက္ဆီျပည္နယ္တြင္ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးသည္ အိမ္ငယ္ေလးမ်ား ေက်းရြာသစ္တစ္ခုကို ဖြင့္လွစ္လိုက္ျပီး အိမ္မ်ား၏ တန္ဖိုးမွာ ေဒၚလာ ၃၀၀၀၀ မွ စသည္။

(The Grove အမည္ရွိ အိမ္ငယ္ေလးမ်ားရြာကို တည္ေထာင္သူမွာ Randy Jones ျဖစ္သည္။ ဓာတ္ပံု-YouTube/Incredible Tiny Homes)

(အိမ္မ်ားမွာ ေသးငယ္ေသာ္လည္း ပရိေဘာဂမ်ား ထည့္သြင္းလုိက္ေသာအခါ ဇိမ္က်ကာ ေနခ်င္စဖြယ္ ျဖစ္သြားသည္။ ဓာတ္ပံု-YouTube/Incredible Tiny Homes)

(အိမ္အရြယ္အစား ၃ မ်ဳိး ေရြးခ်ယ္ႏိုင္ျပီး ေဒၚလာ ၃၀၀၀၀ မွ စသည္။ ဓာတ္ပံု-YouTube/Incredible Tiny Homes)

The Grove အိမ္ငယ္ေလးမ်ားရြာကို Incredible Tiny Homes ကုမၸဏီ၏ CEO ျဖစ္သူ ရန္ဒီဂ်ဳန္းစ္ (Randy Jones) က တည္ေထာင္ခဲ့ျခင္း ျဖစ္သည္။

တင္နက္ဆီျပည္နယ္ ၊ Newport ျမဳိ႕တြင္ တည္ရွိျပီး အိမ္အလံုး ၇၀ ရွိသည္။

အေမရိကရွိ အျခားေသာ အိမ္ငယ္ေလးမ်ားရြာႏွင့္ မတူသည့္အခ်က္မွာ အျခားရြာမ်ားတြင္ ေနထိုင္သူတို႔က ကိုယ္တိုင္အိမ္ေဆာက္ၾကရေသာ္လည္း ဤရြာတြင္မူ အသင့္ေဆာက္ျပီးအိမ္မ်ား ေရာင္းခ်ေပးျခင္း ျဖစ္သည္။ ေရြးခ်ယ္ရန္ အရြယ္အစား ၃ မ်ဳိးရွိရာ ----

၈ ေပ×၁၆ ေပ - ကန္ေဒၚလာ ၃၀၀၀၀ ၁၀ေပ×ေပ ၂၀ -ကန္ေဒၚလာ ၆၉၉၀၀ ၁၂ေပ×ေပ ၂၀- ကန္ေဒၚလာ ၇၅၀၀၀ ဟူ၍ ေရြးခ်ယ္ႏိုင္သည္။

ေနအိမ္ေစ်းႏႈန္းတြင္ ပထမ ၂ ႏွစ္စာ ေျမငွားခ ပါဝင္ျပီး ျဖစ္သည္ဟု ဆိုသည္။

ျခံအက်ယ္မွာ ၂၅ေပ×ေပ ၄၀ ျဖစ္ျပီး ဆင္ဝင္ ၊ အိမ္ေရွ႕ကြက္လပ္ငယ္ႏွင့္ ကားရပ္နားရန္ ေနရာတို႔ ပါဝင္သည္။

အိမ္မ်ားအားလံုးကို ရန္ဒီ၏ အဖြဲ႔က အေမရိကန္ျပည္ေထာင္စုတြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။ ရန္ဒီသည္ အိမ္ငယ္ေလးမ်ားကို ထုတ္လုပ္ေနသည္မွာ ၁၀ ႏွစ္နီးပါးခန္႔ရွိျပီ ျဖစ္သည္။

Incredible Tiny Homes YouTube ခ်န္နယ္တြင္ မၾကာေသးမီက လႊင့္တင္ခဲ့ေသာ ဗြီဒီယိုဖုိင္တစ္ခုတြင္ ဤရြာ၌ ေနထိုင္သူတစ္ဦးက သူမ၏ ၁၂ ေပ× ေပ ၂၀ ေနအိမ္အတြင္း ပရိေဘာဂမ်ား ခင္းက်င္းထားပံုကို ျပသထားသည္။

ထိုအိမ္ပိုင္ရွင္က ေက်းလက္ဆန္ေသာ ခံစားခ်က္ရရွိေစရန္ ေနအိမ္အတြင္း သစ္နံရံမ်ား တပ္ဆင္ခဲ့ျပီး ဆိုဖာတစ္ခု ႏွင့္ ၾကီးမားေသာ အိပ္ယာတစ္ခုတုိ႔လည္း ထည့္သြင္းခဲ့သည္။

ထိုဗြီဒီယိုကို ၾကည့္ရႈရသူတို႔က သူမ၏ အိမ္ေလးမွာ လွပေၾကာင္း မွတ္ခ်က္ ျပဳၾကသည္။

Incredible Tiny Homes ကုမၸဏီသည္ ကားျဖင့္သယ္သြားႏိုင္ေသာ အိမ္မ်ားလည္း ထုတ္လုပ္ေရာင္းခ်သည္။

အဆိုပါ ကုမၸဏီထုတ္ အိမ္ေမာ္ဒယ္တစ္မ်ဳိးဆိုလွ်င္ ေဒၚလာ ၁၅၀၀၀ သာ က်သင့္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I built a tiny home community and people can buy a house for $30k – they ‘burst into happy tears’ when they look inside (the-sun)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် ၁၂၀၅ ဧကကျယ်သော ခြံကြီးကို အများပြည်သူအပန်းဖြေရန် အမည်မဖော်သောပိုင်ရှင်က လှူဒါန်း...
အမေရိကန်တွင် ၁၂၀၅ ဧကကျယ်သော ခြံကြီးကို အများပြည်သူအပန်းဖြေရန် အမည်မဖော်သောပိုင်ရှင်က လှူဒါန်း...
အင်ဂျလီနာဂျိုလီနှင့် ဘရက်ပစ်တို့ ပိုင်ဆိုင်ခဲ့သော နယူးအော်လင်းမှ စံအိမ်ကြီး လေလံတင်ရောင်းချမည်...
အင်ဂျလီနာဂျိုလီနှင့် ဘရက်ပစ်တို့ ပိုင်ဆိုင်ခဲ့သော နယူးအော်လင်းမှ စံအိမ်ကြီး လေလံတင်ရောင်းချမည်...
iMyanmarHouse ၊ eMediaLinks နှင့် တရုတ်နိုင်ငံ၏ အကြီးဆုံးလူမှုကွန်ယက်ဖြစ်သော Weibo တို့ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ လက်မှတ်ရေးထိုး...
iMyanmarHouse ၊ eMediaLinks နှင့် တရုတ်နိုင်ငံ၏ အကြီးဆုံးလူမှုကွန်ယက်ဖြစ်သော Weibo တို့ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ လက်မှတ်ရေးထိုး...
လူသူအလှမ်းကွာသော နေရာတွင် ရေမီးလိုင်းများ မရှိသော အိမ်ငယ်လေး၌ ပျော်ရွှင်စွာ ဘဝဖြတ်သန်းနေ သော ထိုင်းနိုင်ငံသူနှင့် အမေရိကန်နိုင်ငံသား စုံတွဲ...
လူသူအလှမ်းကွာသော နေရာတွင် ရေမီးလိုင်းများ မရှိသော အိမ်ငယ်လေး၌ ပျော်ရွှင်စွာ ဘဝဖြတ်သန်းနေ သော ထိုင်းနိုင်ငံသူနှင့် အမေရိကန်နိုင်ငံသား စုံတွဲ...
အင်္ဂလန်နိုင်ငံအနောက်ပိုင်း ပင်လယ်ကမ်းခြေ အပန်းဖြေမြို့ ဘလက်ပူးတွင် အိပ်ခန်း ၈ ခန်းပါ နေအိမ်တစ်လုံး ကို ပေါင် ၄၀၀၀၀ မျှဖြင့် ရောင်းမည်...
အင်္ဂလန်နိုင်ငံအနောက်ပိုင်း ပင်လယ်ကမ်းခြေ အပန်းဖြေမြို့ ဘလက်ပူးတွင် အိပ်ခန်း ၈ ခန်းပါ နေအိမ်တစ်လုံး ကို ပေါင် ၄၀၀၀၀ မျှဖြင့် ရောင်းမည်...
ကယ်လီဖိုးနီးယားပြည်နယ်ရှိ ၁၁၂ ဧကကျယ်ဝန်းသော ဝတ်လစ်စလစ် အပန်းဖြေစခန်း ကန်ဒေါ်လာ ၃၂ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကယ်လီဖိုးနီးယားပြည်နယ်ရှိ ၁၁၂ ဧကကျယ်ဝန်းသော ဝတ်လစ်စလစ် အပန်းဖြေစခန်း ကန်ဒေါ်လာ ၃၂ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ က ဆောက်လုပ်ခဲ့သော ဗြိတိန်ရှိ ခံတပ်စခန်း ပေါင် ၁ ဒသမ ၅ သန်းဖြင့် ဝယ်ယူနိုင်မည်...
လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ က ဆောက်လုပ်ခဲ့သော ဗြိတိန်ရှိ ခံတပ်စခန်း ပေါင် ၁ ဒသမ ၅ သန်းဖြင့် ဝယ်ယူနိုင်မည်...
လန်ဒန်မြို့ရှိ တိုက်ခန်းတစ်ခန်း တစ်လလျှင် ပေါင် ၂၁၈၀ ဖြင့် ငှားမည် ၊ အိမ်မွေးတိရ စ္ဆာန်ရှိသူဆိုပါက တစ်ကောင်လျှင် တစ်လ ၇၅ ပေါင် အိမ်ငှားခ ထပ်ပေးရမည်ဟုဆို...
လန်ဒန်မြို့ရှိ တိုက်ခန်းတစ်ခန်း တစ်လလျှင် ပေါင် ၂၁၈၀ ဖြင့် ငှားမည် ၊ အိမ်မွေးတိရ စ္ဆာန်ရှိသူဆိုပါက တစ်ကောင်လျှင် တစ်လ ၇၅ ပေါင် အိမ်ငှားခ ထပ်ပေးရမည်ဟုဆို...
ဟယ်ရီပေါ်တာက မှော်ကျောင်းတော်သို့ Hogwarts Express ရေနွေးငွေ့ရထားကြီး စီး၍ သွားရာတွင် နောက်ခံအဖြစ် ပါဝင်ခဲ့သော စကော့တလန်မှ အိပ်ခန်း ၂ ခန်းပါ ဘူတာရုံ ပေါင် ၂၃၅၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဟယ်ရီပေါ်တာက မှော်ကျောင်းတော်သို့ Hogwarts Express ရေနွေးငွေ့ရထားကြီး စီး၍ သွားရာတွင် နောက်ခံအဖြစ် ပါဝင်ခဲ့သော စကော့တလန်မှ အိပ်ခန်း ၂ ခန်းပါ ဘူတာရုံ ပေါင် ၂၃၅၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများတွင် ပါဝင်ပြီး သာယာလှပသော်လည်း လာရောက်လည်ပတ်သော ကမ္ဘာ့လှည့် ခရီးသည် အလွန်နည်းပါးသော နိုင်ငံကလေး...
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများတွင် ပါဝင်ပြီး သာယာလှပသော်လည်း လာရောက်လည်ပတ်သော ကမ္ဘာ့လှည့် ခရီးသည် အလွန်နည်းပါးသော နိုင်ငံကလေး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ၊ ဒင်ဗာမြို့တွင် စတုရန်းပေ ၇၅၀ သာရှိသော အိမ်ငယ်ကလေးကို ဒေါ်လာ ၁ ဒသမ ၂ သန်းအထိ ဈေးခေါ်ခဲ့ရာ ဈေးအလွန်များသော်
အမေရိကန်ပြည် ၊ ဒင်ဗာမြို့တွင် စတုရန်းပေ ၇၅၀ သာရှိသော အိမ်ငယ်ကလေးကို ဒေါ်လာ ၁ ဒသမ ၂ သန်းအထိ ဈေးခေါ်ခဲ့ရာ ဈေးအလွန်များသော်
ဘီလျံနာသူဌေးကြီး Ken Griffin က သူ၏ ဝန်ထမ်းများနှင့် မိသားစုဝင် ၁၂၀၀ ဦးကို တိုကျိုရှိ Disneyland သို့ ကိုယ်ပိုင်ငွေဖြင့်
ဘီလျံနာသူဌေးကြီး Ken Griffin က သူ၏ ဝန်ထမ်းများနှင့် မိသားစုဝင် ၁၂၀၀ ဦးကို တိုကျိုရှိ Disneyland သို့ ကိုယ်ပိုင်ငွေဖြင့်
မြေးမလေး၏ မင်္ဂလာဆောင်တွင် Mariah Carey နှင့် Elton John တို့ကို ဒေါ်လာ ၄ သန်းဖြင့် ငှားရမ်း ဖျော်ဖြေ စေခဲ့သူ ရုရှားမှ လ
မြေးမလေး၏ မင်္ဂလာဆောင်တွင် Mariah Carey နှင့် Elton John တို့ကို ဒေါ်လာ ၄ သန်းဖြင့် ငှားရမ်း ဖျော်ဖြေ စေခဲ့သူ ရုရှားမှ လ
King of Alternative ဟု ရည်ညွှန်းခံရသူ ကတ်ကိုဘိန်း၏ သမီး ဖရန်ဆက်စ် ဘင်း ကိုဘိန်းက ဆန်ဒီယေဂိုမြို့ စံအိမ်ကို ကန်ဒေါ်လာ ၂ ဒ
King of Alternative ဟု ရည်ညွှန်းခံရသူ ကတ်ကိုဘိန်း၏ သမီး ဖရန်ဆက်စ် ဘင်း ကိုဘိန်းက ဆန်ဒီယေဂိုမြို့ စံအိမ်ကို ကန်ဒေါ်လာ ၂ ဒ
ဆူရှီမြေရဲ့ သင်္ကေတ ဖူဂျီတောင်ရဲ့ မှင်သက်ဖွယ်အလှ
ဆူရှီမြေရဲ့ သင်္ကေတ ဖူဂျီတောင်ရဲ့ မှင်သက်ဖွယ်အလှ
လန်ဒန်မြို့တွင် ကားတံခါးဖွင့်ကာ ထွက်နိုင်သည် ဆိုရုံမျှ အကျယ်အဝန်းရှိသော နှစ်ပေါင်း ၉၅၀ ဂရန်သက်တမ်းရှိ ကားဂိုဒေါင်ခန်းလေး
လန်ဒန်မြို့တွင် ကားတံခါးဖွင့်ကာ ထွက်နိုင်သည် ဆိုရုံမျှ အကျယ်အဝန်းရှိသော နှစ်ပေါင်း ၉၅၀ ဂရန်သက်တမ်းရှိ ကားဂိုဒေါင်ခန်းလေး
ဘဝအောင်မြင်မှုအတွက် အရေးပါသော အခြေခံဥပဒေသ (၃) ချက်
ဘဝအောင်မြင်မှုအတွက် အရေးပါသော အခြေခံဥပဒေသ (၃) ချက်
(၂၀၂၄) ခုနှစ် နှစ်ဆန်းပိုင်းလောက်ပြီးတော့မယ့် ရန်ကုန်-ဒလ မြစ်ကူးတံတား
(၂၀၂၄) ခုနှစ် နှစ်ဆန်းပိုင်းလောက်ပြီးတော့မယ့် ရန်ကုန်-ဒလ မြစ်ကူးတံတား
ဘရစ်တနေ စပီးယားစ် ကိုယ်တိုင်ရေးဆွဲခဲ့သည့် ယေရှုခရစ်ပုံ ပန်းချီကားနှင့် ကိုယ်တိုင်အလှဆင်ထားသည့် ပရိဘောဂများ ပါဝင်သော ကလေး
ဘရစ်တနေ စပီးယားစ် ကိုယ်တိုင်ရေးဆွဲခဲ့သည့် ယေရှုခရစ်ပုံ ပန်းချီကားနှင့် ကိုယ်တိုင်အလှဆင်ထားသည့် ပရိဘောဂများ ပါဝင်သော ကလေး
Amazon တည်ထောင်သူ Jeff Bezos က အိမ်ရာမဲ့များအတွက် ကန်ဒေါ်လာ ၁၁၈ သန်း လှူဒါန်း
Amazon တည်ထောင်သူ Jeff Bezos က အိမ်ရာမဲ့များအတွက် ကန်ဒေါ်လာ ၁၁၈ သန်း လှူဒါန်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

taunggyi-garden-city
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service