အသံတိတ်ရုပ်ရှင်ခေတ် ဟောလိဝုဒ်ထိပ်သီး ရုပ်ရှင်သရုပ်ဆောင် ဇနီးမောင်နှံ သရဲဖြစ်ကာ ခြောက်လှန့် နေသောစံအိမ် (ကမ္ဘာကျော်တို့ မကျွတ်မလွတ်ဖြစ်ကာ ခြောက်လှန့်နေသော နေအိမ်များ)

အသံတိတ်ရုပ်ရှင်ခေတ် ဟောလိဝုဒ်ထိပ်သီး ရုပ်ရှင်သရုပ်ဆောင် ဇနီးမောင်နှံ သရဲဖြစ်ကာ ခြောက်လှန့် နေသောစံအိမ် (ကမ္ဘာကျော်တို့ မကျွတ်မလွတ်ဖြစ်ကာ ခြောက်လှန့်နေသော နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
1 Sep 2023 12:36 pm တွင် တင်ခဲ့သည်
1526 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ယေဘုယျအားဖြင့် ထိပ်သီးအကျော်အမော်တို့သည် ၎င်းတို့ အထွတ်အထိပ်ရောက်ခဲ့စဉ် ကာလအတွင်း အထက်တန်းကျ ၊ သြဇာကြီးကာ အများ၏ မျက်နှာသာပေးခံရသော ဘဝတွင် နေထိုင်ဖြတ်သန်းခဲ့ကြရသည်။

သို့အတွက် ၎င်းတို့ကွယ်လွန် ပြီးချိန်တွင်လည်း နေထိုင်ကျင်လည်ခဲ့ဖူးရာ နေရာများမှ မခွာလိုသည်မှာ မဆန်းလှ။

နာမည်ကြီးအကျော်အမော်များ သရဲဖြစ်ကာ ခြောက်လှန့်နေသည့် တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်များအကြား စုစည်းဖော်ပြသွားပါမည်။

((The Pickfair စံအိမ်))

(ကယ်လီဖိုးနီးယားပြည်နယ် ၊ ဘီဗာလီဟေးအရပ် Summit Dr လမ်း ၊ အမှတ် ၁၁၄၃။ ခေါ်ဈေး ကန်ဒေါ်လာ သန်း ၆၀)

ဘရက်ပစ်နှင့် အင်ဂျလီနာဂျိုလီတို့စုံတွဲ မတိုင်မီ အသံတိတ်ရုပ်ရှင်ခေတ် ၁၉၂၀ ပြည့်လွန်ကာလများတွင် ဟောလိဝုဒ်၏ Power Couple ဖြစ်သော ရုပ်ရှင်မင်းသမီး မေရီပစ်ဖို့ဒ်နှင့် ရုပ်ရှင်မင်းသား ဒေါက်ဂလပ် ဖဲဘန့်စ်တို့စုံတွဲ ရှိခဲ့ဖူးသည်။

မေရီပစ်ဖို့ဒ် (Mary Pickford ) (မွေး ၁၈၉၂ -ကွယ်လွန် ၁၉၇၉) သည် ကနေဒါသူ အမေရိကန်နိုင်ငံသား ရုပ်ရှင်မင်းသမီး ၊ ရုပ်ရှင်ထုတ်လုပ်သူ ၊ ဇာတ်ညွှန်းရေးဆရာမ ၊ ရုပ်ရှင်စတူဒီယို တည်ထောင်သူတစ်ဦး ဖြစ်သည်။

မေရီသည် ခင်ပွန်းဖြစ်သူ ရုပ်ရှင်မင်းသား ဒေါက်ဂလပ်နှင့်အတူ Pickford-Fairbanks စတူဒီယိုကို တည်ထောင်ခဲ့သည်။

မေရီကို သမိုင်းတလျှောက် မှတ်မိလွယ်ဆုံး အမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ထားကြသည်။

အသံတိတ် ရုပ်ရှင်ခေတ်က မေရီသည် အမေရိကား၏ နှလုံးသားအဖြစ် လူသိများခဲ့ပြီး AFI ၏ နှစ် ၁၀၀ … ကြယ်ပွင့် ၁၀၀ စာရင်းတွင် ထည့်သွင်းဖော်ပြခံခဲ့ရသည်။

အသံထွက်ရုပ်ရှင်ခေတ်သို့ ရောက်ချိန်တွင် မေရီသည် အကောင်းဆုံးဇာတ်ဆောင်မင်းသမီး အော်စကာဆုကို ဒုတိယမြောက် ရရှိခဲ့သည့် အမျိုးသမီး ဖြစ်သည်။

ရုပ်ရှင်နယ်တွင် သူမ၏ ဆောင်ရွက်ခဲ့မှုများအတွက် ၁၉၇၆ ခုနှစ်တွင် ဂုဏ်ထူးဆောင် အော်စကာဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။

မေရီတို့စုံတွဲသည် ၁၉၁၉ ခုနှစ်တွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးအရပ်မှ ၁၈ ဧက ကျယ်ဝန်းသော ခြံကြီးကို ဝယ်ယူခဲ့ကြသည်။

၎င်းတို့ဝယ်ယူခဲ့ချိန်က ခြံကြီးအတွင်းတွင် အမဲလိုက် စခန်းချအိမ်လေးတစ်လုံးသာ ရှိခဲ့၏။

ကယ်လီဖိုးနီးယားမှ ထိုခေတ်ထိုကာလက နာမည်ကျော်ဗိသုကာပညာရှင် ဝေါလေ့စ် နက်ဖ်က အခန်း ၂၂ ခန်းပါ စံအိမ်ကြီးကို ဒီဇိုင်းရေးဆွဲပေးကာ ဆောက်လုပ်ခဲ့သည်။

မေရီတို့ စုံတွဲက ထိုခေတ် ဟောလိဝုဒ်ကြယ်ပွင့်များနှင့် အကျော်အမော်များကို ဤစံအိမ်ကြီးတွင် ဖိတ်ခေါ်ဧည့်ခံလေ့ရှိခဲ့သည်။

စံအိမ်ကြီးကို မေရီတို့က Pickfair စံအိမ်ဟု ဇနီးမောင်နှံ နှစ်ဦးလုံး၏ အမည်များ ထည့်သွင်းကာ အမည်ပေးခဲ့သည်။

စံအိမ်ကြီးတွင် ကျင်းပသော ညစာစားပွဲများသော ထိုခေတ်က ဒိတ်ဒိတ်ကြဲများဖြစ်သော ချာလီချက်ပလင်၊ ကမ္ဘာကျော်စာရေးဆရာကြီးများဖြစ်သော ဂျော့ချ် ဘားနတ်ရှော၊ အိတ်ချ် ဂျီဝဲလ်၊ စကော့ ဖစ်ဂါရဲလ်ဒ်တို့ လာရောက်ခဲ့ကြသည်။

Pickfair စံအိမ်ကြီး၏ ဒဏ္ဍာရီများတွင် မေရီတို့စုံတွဲသည် စံအိမ်ကြီးအတွင်း အမျိုးသမီးအစေခံတစ်ဦး၏ သရဲကို ကြိမ်ဖန်များစွာ တွေ့ရှိခဲ့မှုလည်း ပါဝင်နေသည်။

၎င်းတို့ဇနီးမောင်နှံ ၁၉၃၆ ခုနှစ်တွင် ကွာရှင်းပြတ်စဲကြသောအခါ မေရီက စံအိမ်ကြီးကို ဆက်လက်ပိုင်ဆိုင်ခဲ့သည်။

ယင်းနောက်ပိုင်း မေရီက ချားလ်စ် ဘတ်ဒီ ရောဂျာနှင့် လက်ထပ်ခဲ့သည်။

၁၉၇၉ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။

မေရီကွယ်လွန်ပြီးနောက်ပိုင်း ရောဂျာသည် စံအိမ်ကြီးအတွင်း အဖြူရောင်ဝတ်ရုံကြီးဖြင့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရပြီး မေရီဖြစ်သည်ဟု ၎င်းက ယုံကြည်သည်။

ထိုနောက်ပိုင်း ရောဂျာလည်း စံအိမ်ကြီးမှ ပြောင်းရွှေ့ခဲ့ကာ အရောင်းဈေးကွက်တင်ခဲ့သည်။

အရောင်းဈေးကွက်တွင် ရောင်းမထွက်ဘဲ ကာလအတန်ကြာရှိခဲ့ပြီး နောက်ပိုင်းတွင် L.A Lakers အသင်းပိုင်ရှင် ဂျာရီ ဘတ်စ်က ၁၉၈၀ ပြည့်နှစ်အတွင်း ဝယ်ယူလိုက်သည်။

ဂျာရီဘတ်စ် ဝယ်ယူပြီးနောက်ပိုင်း စံအိမ်ကြီးအတွင်း သရဲတစ္ဆေတို့ ခြောက်လှန့်သည့်ဖြစ်ရပ်များ ပိုမိုများပြားလာခဲ့သည်။

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသရဲအပြင် အမျိုးသားသရဲတစ်ကောင်ကိုပါ တွေ့မြင်လာကြရသည်။

၁၉၈၈ ခုနှစ်တွင် Pickfair စံအိမ်ကြီးကို Pia Zadora နှင့် ခင်ပွန်းဖြစ်သူ Meshulam Riklis တို့စုံတွဲထံ ရောင်းချခဲ့သည်။

Zadora တို့က စံအိမ်ကြီးကို ပြန်လည်မွမ်းမံထိန်းသိမ်းမည်ဟု ကတိပြုခဲ့သော်လည်း နောက်ပိုင်းတွင် ဖြိုချလိုက်ကာ စံအိမ်သစ်တစ်လုံး ဆောက်လုပ်ခဲ့လေသည်။

သမိုင်းဝင်စံအိမ်ကြီး ဆုံးရှုံးရမှုအတွက် ဟောလိဝုဒ်အသိုင်းအဝန်းက မကျေနပ်ကြသော်လည်း စံအိမ်ဖျက်သိမ်းလိုက်မှုကြောင့် မေရီတို့ စုံတွဲ၏ တစ္ဆေကို နှင်ထုတ်ပြီး ဖြစ်သွားလေရာ ယခုအခါ မေရီတို့ စုံတွဲ၏ ဝိဉာဉ်မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မည်သူမျှ မသိနိုင်တော့ချေ။

  (Jerry Buss)

  (Pia Zadora and Meshulum Riklis)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Pickfair Estate (businessinsider)

Photo Credit: loveproperty

[Zawgyi]





((The Pickfair စံအိမ်))












စံအိမ်ကြီးတွင် ကျင်းပသော ညစာစားပွဲများသော ထိုခေတ်က ဒိတ်ဒိတ်ကြဲများဖြစ်သော ချာလီချက်ပလင်၊ ကမ္ဘာကျော်စာရေးဆရာကြီးများဖြစ်သော ဂျော့ခ်ျ ဘားနတ်ရှော၊ အိတ်ခ်ျ ဂျီဝဲလ်၊ စကော့ ဖစ်ဂါရဲလ်ဒ်တို့ လာရောက်ခဲ့ကြသည်။












သမိုင်းဝင်စံအိမ်ကြီး ဆုံးရှုံးရမှုအတွက် ဟောလိဝုဒ်အသိုင်းအဝန်းက မကျေနပ်ကြသော်လည်း စံအိမ်ဖျက်သိမ်းလိုက်မှုကြောင့် မေရီတို့ စုံတွဲ၏ တစ္ဆေကို နှင်ထုတ်ပြီး ဖြစ်သွားလေရာ ယခုအခါ မေရီတို့ စုံတွဲ၏ ဝိဥာဉ်မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မည်သူမျှ မသိနိုင်တော့ချေ။






နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service