ပဋိဉာဉ်တစ်ရပ်ဖြစ်မြောက်ဖို့ရန်အတွက် သိရှိထားသင့်သည့်အချက်အလက်များကို ဗဟုသုတအနေဖြင့် ဖော်ပြ ပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
1340 Views
ပဋိဉာဉ်တစ်ရပ်ဖြစ်မြောက်ဖို့ရန်အတွက် သိရှိထားသင့်သည့်အချက်အလက်များကို ဗဟုသုတအနေဖြင့် ဖော်ပြ ပေးလိုက်ပါတယ်။
Knowledge | Posted by Hnin Ei Khin
[Unicode]
ပဋိဉာဉ်တစ်စောင်ပြုလုပ်ချုပ်ဆိုမည်ဆိုပါက စာဖြင့် ရေးသားကာ အဖိုးစားနားသတ်မှတ်၍ အသိသက်သေ များရှေ့တွင် ချုပ်ဆိုရပါသည်။ ပဋိဉာဉ်တစ်ခုတွင်ဖြစ်မြောက်စေရန်အတွက် အောက်ပါအချက်အလက်များ ပြည့်စုံရန်လိုအပ်ပါသည်။
(၁)။ ပဋိဉာဉ်ပြုသူမှာ ပဋိဉာဉ်ပြုနိုင်သော အရည်အချင်းရှိသူဖြစ်ရမည်။
(၂)။ လွတ်လပ်သော သဘောတူညီချက်ရှိရန် အရေးကြီးသည်။
(၃)။ ဥပဒေနှင့် လျော်ညီသော အဖိုးစားနားရှိရမည်။
(၄)။ ဥပဒေနှင့်ညီသော ရည်ရွယ်ချက်ရှိရမည်။
ထိုအချက်များညီညွတ်လျှင် ပဋိဉာဉ်ကို အတည်ပြုစေရန် တောင်းဆိုခွင့်ရှိသည်။ပဋိဉာဉ်ပြုနိုင်သော အရည် အချင်းရှိသူဆိုသည်မှာ ဥပဒေအရ အရွယ်ရောက်သူတိုင်း ချို့ယွင်းချက်မရှိလျှင် ပဋိဉာဉ်ပြုနိုင်သည်။
လွတ်လပ်သော သဘောတူညီချက်ဆိုသည်မှာ အကြောင်းအရာတစ်ခုကို တူညီညီညွတ်စွာ သဘောတူကြမှု ရှိခြင်းကို ဆိုလိုသည်။ ထိုအချက်တွင် အနိုင်အထက်ပြုခြင်း၊မတရားဩဇာသုံးခြင်း၊လိမ်လည်ခြင်း၊အလွဲပြောဆိုခြင်းများ မပါဝင်ရပါ။အမှန်ကို မသိအောင်ဖုံးကွယ်ထားခြင်း၊ဆိတ်ဆိတ်နေခြင်း၊ကတိအတိုင်းဆောင်ရွက်ရန် ရည်ရွယ်ချက် မရှိခြင်းတို့သည် လိမ်လည်ရန်အကြံဖြင့် ပဋိဉာဉ်စာချုပ်ပြုလုပ်ချုပ်ဆိုခြင်းပင်ဖြစ်ပါသည်။
အဖိုးစားနား(သို့)ရည်ရွယ်ချက်တစ်ခုသည် တရားဥပဒေအရတားမြစ်ထားခြင်း မရှိပါက၊လိမ်လည်ထားခြင်း မရှိပါက၊ အကျိုးပျက်စီးမှုမရှိပါက ဥပဒေနှင့်ညီညွတ်သည်။ပဋိဉာဉ်ဥပဒေ ပုဒ်မ(၁၀)တွင် ပဋိဉာဉ်တစ်စောင်၌ တရားဥပဒေနှင့်ညီညွတ်သော အဖိုးစားနား ရှိရန်၊ ရည်ရွယ် ချက်ရှိရန် လိုအပ်ကြောင်းပြဌာန်းထားသည်။
ပဋိဉာဉ်တွင် ပါဝင်သောစာဖြင့် ရေးသားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရပြီး သက်သေခံဥပဒေပုဒ်မ-၉၂အရ စာဖြင့်ရေးသားချက်ရှိလျှင် နုတ်သက်သေခံချက်ကို လက်မခံရဟု ဖော်ပြထားပါသည်။မှတ်ပုံတင်ဥပဒေပုဒ်မ-(၁၇)တွင် ပဋိဉာဉ်များကို မှတ်ပုံတင်ထားမှသာ တရားဝင်ကြောင်းဖော်ပြထားပါသည်။
ပဋိဉာဉ်တစ်ရပ်မှားယွင်းနေပါက သီးခြားသက်သာခွင့်ဥပဒေပုဒ်မ-၃၁အရ စာချုပ်ကို ပြင်ဆင်ပေးရန် တရားစွဲဆိုနိုင်ပါသည်။ပျက်ပြယ်နေသောပဋိဉာဉ်ဖြစ်ကြောင်း ထင်ရှားတွေ့ရှိပါက အကျိုးခံစားခွင့်ရရှိခဲ့သူသည် အကျိုး အမြတ်ကို ပြန်လည်ပေးလျော်ရန် တာဝန်ရှိပြီး လျော်ကြေးလဲ ပေးလျော်ရမှာဖြစ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ဥက္ကာသစ္စာ (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
Upcoming Property Events
From 11 Oct To 12 Oct
Jade Palace Condo
From 11 Oct To 12 Oct
Shwe Moe Kaung
From 18 Oct To 19 Oct
INNO CITY
From 18 Oct To 19 Oct
Mingalar Market
Shwe Moe Kaung
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service