သက်ရှိရတနာနှင့် သက်မဲ့ရတနာ - Property Knowledge in Myanmar from iMyanmarHouse.com
947 Views

သက်ရှိရတနာနှင့် သက်မဲ့ရတနာ

Knowledge | Posted by Aye Myat Thu

[Unicode]

 

လောက၌ ရတနာဟူသည် (၁)သက်ရှိရတနာနှင့် (၂) သက်မဲ့ရတနာ ဟူ၍ ၂-မျိုးရှိသည်။

ရွှေငွေစသည်တို့ကို သက်မဲ့ရတနာဟုခေါ်သည်။ဣန္ဒြေနှင့်စပ်သောရတနာမျိုးကို သက်ရှိရတနာဟုခေါ်သည်။

ဥပမာ-ဆင်ရတနာ၊မြင်းရတနာ၊သားကြီးရတနာ စသည်တည်း။ထို ၂-မျိုးအနက် သက်မဲ့ရတနာတို့သည် သက်ရှိရတနာတို့၏ အဆင်တန်ဆာစသည်ဖြင့် သုံးဆောင်ဖွယ်မျှသာဖြစ်သောကြောင့် သက်မဲ့ရတနာထက် သက်ရှိရတနာက မြတ်ကြောင်းထင်ရှားလေသည်။

 

၂-တိရစ္ဆာန်ရတနာနှင့် လူရတနာ

သက်ရှိရတနာသည်လည်း(၁)တိရစ္ဆာန်ရတနာနှင့် (၂)လူရတနာဟူ၍ ၂-မျိုးရှိရာ လူရတနာကသာလျှင် ပို၍မြတ်ပေသည်။အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်ရတနာသည် လူတို့၏ အသုံးအဆောင်မျှသာ ဖြစ်သောကြောင့်ပေတည်း။

 

၃-မိန်းမရတနာနှင့် ယောက်ျားရတနာ

လူရတနာသည်လည်း မိန်းမရတနာနှင့် ယောက်ျားရတနာဟူ၍ ၂-မျိုးရှိပြန်ရာ ယောက်ျားရတနာကသာလျှင် ပိုမို၍မြတ်ပေသည်။အဘယ်ကြောင့်ဆိုသော် မိန်းမရတနာတို့တွင် စကြာမင်းကြီး၏ ရတနာ ၇-ပါးတို့တွင် အပါအဝင်ဖြစ်သော မိဖုရားရတနာပင် ဖြစ်စေဦးတော့ ယောက်ျားတို့၏အသုံးအဆောင်သာလျှင် ဖြစ်သောကြောင့်ပေတည်း။

 

၄-အာဂါရိယရတနာနှင့် အနာဂါရိယရတနာ

ယောက်ျားရတနာသည်လည်း (၁)အာဂါရိယရတနာ လူဝတ်ကြောင်ရတနာနှင့် (၂) အနာဂါရိယရတနာ အိမ်ရာမထောင်သူ ရတနာဟူ၍ ၂-မျိုးရှိပေရာ အိမ်ရာမထောင်သည့် (ရှင်)ရှင်ဟူသော ဝေါဟာရဖြင့် သာမဏေရော ရဟန်းကိုပါ ခေါ်နိုင်သည်။သုံးဆယ်စုံအင် ဖြည့်ကျိုးထင်သည် ရှင်တို့ဓိပတိ ငါမုနိကား(ကိုးခန်း-၂)သည့်သက်ကြည်လင် မြတ်သောသွင်ဖြင့် ရှင်ဟုလည်းဖြစ်(ပါရမီတော်ခန်း-၁၁) ရတနာက သာလျှင် ပို၍မြတ်ပေသည်။ အဘယ်ကြောင့်ဆိုသော် လူဝတ်ကြောင်ရတနာတို့တွင် စကြဝတေးမင်းကြီးပင်ဖြစ်လင့်ကစား ယနေ့ပြုသစ်စ သာမဏေလေးအား ရိုသေစွာရှိခိုးပူဇော်ထိုက်သောကြောင့်ပေတည်း။

 

၅-သေက္ခရတနာနှင့် အသေက္ခရတနာ

အနာဂါရိယ (ရှင်) ရတနာသည်လည်း(၁)သေက္ခရတနာခေါ် သိက္ခာ ၃-ပါးကို ကျင့်နေဆဲဖြစ်သည့် ပုထုဇဉ်နှင့် အောက်အရိယာပုဂ္ဂိုလ်များနှင့်(၂)အသေက္ခရတနာခေါ် ရဟန္တာရတနာဟူ၍ ၂-မျိုးရှိပြန်ရာ အသေက္ခရတနာက သာလျှင် ပို၍မြတ်ပေသည်။အဘယ်ကြောင့်ဆိုသော် သေက္ခရတနာပေါင်း တသိန်းပင်ဖြစ်လင့်ကစား ဂုဏ်ကျေးဇူးအားဖြင့် အသေက္ခရတနာတပါးကို မမှီနိုင်သောကြောင့်ပေတည်း။

 

၆-ဗုဒ္ဓရတနာနှင့် သာဝကရတနာ

အသေက္ခရတနာသည်လည်း (၁)ဗုဒ္ဓရတနာ=ဘုရားရတနာနှင့် (၂)သာဝကရတနာ=တပည့်ရတနာဟူ၍ ၂-မျိုး ရှိပြန်ရာ ဗုဒ္ဓရတနာကသာ ပို၍မြတ်လေသည်။အဘယ်ကြောင့်ဆိုသော် တပည့်သာဝကပေါင်း တသိန်းပင် ဖြစ်သော်လည်း ဂုဏ်ကျေးဇူးတော်အားဖြင့် ဗုဒ္ဓရတနာတဆူကို လိုက်၍ မမှီနိုင်သောကြောင့်ပေတည်း။

 

၇-ပစ္စေကဗုဒ္ဓရတနာနှင့် သဗ္ဗညုဗုဒ္ဓရတနာ

ဗုဒ္ဓရတနာသည်လည်း (၁)ပစ္စေကဗုဒ္ဓရတနာ=သီးခြားပွင့်သောဘုရားငယ်ရတနာနှင့် (၂)သဗ္ဗညုဗုဒ္ဓရတနာ= သိထိုက်သမျှ ဓမ္မဥဿုံအလုံးစုံကို အကုန်သိတော်မူသည့် ဘုရားရတနာဟူ၍ ၂-မျိုးရှိပေရာ သဗ္ဗညုဗုဒ္ဓရတနာ ကသာလျှင် သာလွန်မြင့်မြတ်တော်မူလေသည်။အဘယ်ကြောင့်ဆိုသော် ပစ္စေကဗုဒ္ဓရတနာပေါင်း တသိန်းပင် ဖြစ်သော်လည်း ဂုဏ်ကျေးဇူးတော်အားဖြင့် သဗ္ဗညုရတနာတဆူကို လိုက်၍မမှီနိုင်သောကြောင့်ပေတည်း

မှတ်ချက်။ ။ဤကား ဥပရိပဏ္ဏာသ အဋ္ဌကထာ ၁၉၇-စသည့်၌လာသည့်အတိုင်း ခွဲပုံပေတည်း၊သုတ္တနိပါတ်အဋ္ဌကထာ ပ-၂၇၈၌ကား အနာဂါရိယ(အနာဂါရိက)ရတနာကို အရိယာနှင့် ပုထုဇ္ဇနဟု ၂-မျိုးခွဲသည်။အရိယရတနာကိုလည်း သေက္ခနှင့် အသေက္ခဟု ၂-မျိုးခွဲသည်။အသေက္ခကိုလည်း သုက္ခဝိပဿကနှင့် သမထယာနိကဟု ၂မျိုးခွဲသည်။သမထယာနိကကိုလည်း သာဝကပါရမိပ္ပတ္တနှင့် အပတ္တသု ၂-မျိုးခွဲသည်။သာဝကပါရမိပ္ပတ္တထက် ပစ္စေကဗုဒ္ဓကမြတ်ကြောင်း၊ပစ္စေကဗုဒ္ဓထက် သမ္မာသမ္ဗုဒ္ဓကမြတ်ကြောင်း ခွဲပြတော်မူသည်။

ဗြဟ္မနိမ္မိတာရုံဆရာတော်၏ ရတနာပီတိကျမ်းမှ ကောက်နူတ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

သက္႐ွိရတနာႏွင့္ သက္မဲ့ရတနာ

 

ေလာက၌ ရတနာဟူသည္ (၁)သက္႐ွိရတနာႏွင့္ (၂) သက္မဲ့ရတနာ ဟူ၍ ၂-မ်ိဳး႐ွိသည္။

ေ႐ႊေငြစသည္တို႔ကို သက္မဲ့ရတနာဟုေခၚသည္။ဣေႁႏၵႏွင့္စပ္ေသာရတနာမ်ိဳးကို သက္႐ွိရတနာဟုေခၚသည္။

ဥပမာ-ဆင္ရတနာ၊ျမင္းရတနာ၊သားႀကီးရတနာ စသည္တည္း။ထို ၂-မ်ိဳးအနက္ သက္မဲ့ရတနာတို႔သည္ သက္႐ွိရတနာတို႔၏ အဆင္တန္ဆာစသည္ျဖင့္ သုံးေဆာင္ဖြယ္မွ်သာျဖစ္ေသာေၾကာင့္ သက္မဲ့ရတနာထက္ သက္႐ွိရတနာက ျမတ္ေၾကာင္းထင္႐ွားေလသည္။

 

၂-တိရစၧာန္ရတနာႏွင့္ လူရတနာ

သက္႐ွိရတနာသည္လည္း(၁)တိရစၧာန္ရတနာႏွင့္ (၂)လူရတနာဟူ၍ ၂-မ်ိဳး႐ွိရာ လူရတနာကသာလွ်င္ ပို၍ျမတ္ေပသည္။အဘယ္ေၾကာင့္ဆိုေသာ္ တိရစၧာန္ရတနာသည္ လူတို႔၏ အသုံးအေဆာင္မွ်သာ ျဖစ္ေသာေၾကာင့္ေပတည္း။

 

၃-မိန္းမရတနာႏွင့္ ေယာက်္ားရတနာ

လူရတနာသည္လည္း မိန္းမရတနာႏွင့္ ေယာက်္ားရတနာဟူ၍ ၂-မ်ိဳး႐ွိျပန္ရာ ေယာက်္ားရတနာကသာလွ်င္ ပိုမို၍ျမတ္ေပသည္။အဘယ္ေၾကာင့္ဆိုေသာ္ မိန္းမရတနာတို႔တြင္ စၾကာမင္းႀကီး၏ ရတနာ ၇-ပါးတို႔တြင္ အပါအဝင္ျဖစ္ေသာ မိဖုရားရတနာပင္ ျဖစ္ေစဦးေတာ့ ေယာက်္ားတို႔၏အသုံးအေဆာင္သာလွ်င္ ျဖစ္ေသာေၾကာင့္ေပတည္း။

 

၄-အာဂါရိယရတနာႏွင့္ အနာဂါရိယရတနာ

ေယာက်္ားရတနာသည္လည္း (၁)အာဂါရိယရတနာ လူဝတ္ေၾကာင္ရတနာႏွင့္ (၂) အနာဂါရိယရတနာ အိမ္ရာမေထာင္သူ ရတနာဟူ၍ ၂-မ်ိဳး႐ွိေပရာ အိမ္ရာမေထာင္သည့္ (႐ွင္)႐ွင္ဟူေသာ ေဝါဟာရျဖင့္ သာမေဏေရာ ရဟန္းကိုပါ ေခၚႏိုင္သည္။သုံးဆယ္စုံအင္ ျဖည့္က်ိဳးထင္သည္ ႐ွင္တို႔ဓိပတိ ငါမုနိကား(ကိုးခန္း-၂)သည့္သက္ၾကည္လင္ ျမတ္ေသာသြင္ျဖင့္ ႐ွင္ဟုလည္းျဖစ္(ပါရမီေတာ္ခန္း-၁၁) ရတနာက သာလွ်င္ ပို၍ျမတ္ေပသည္။ အဘယ္ေၾကာင့္ဆိုေသာ္ လူဝတ္ေၾကာင္ရတနာတို႔တြင္ စၾကဝေတးမင္းႀကီးပင္ျဖစ္လင့္ကစား ယေန႔ျပဳသစ္စ သာမေဏေလးအား ႐ိုေသစြာ႐ွိခိုးပူေဇာ္ထိုက္ေသာေၾကာင့္ေပတည္း။

၅-ေသကၡရတနာႏွင့္ အေသကၡရတနာ

အနာဂါရိယ (႐ွင္) ရတနာသည္လည္း(၁)ေသကၡရတနာေခၚ သိကၡာ ၃-ပါးကို က်င့္ေနဆဲျဖစ္သည့္ ပုထုဇဥ္ႏွင့္ ေအာက္အရိယာပုဂၢိဳလ္မ်ားႏွင့္(၂)အေသကၡရတနာေခၚ ရဟႏၲာရတနာဟူ၍ ၂-မ်ိဳး႐ွိျပန္ရာ အေသကၡရတနာက သာလွ်င္ ပို၍ျမတ္ေပသည္။အဘယ္ေၾကာင့္ဆိုေသာ္ ေသကၡရတနာေပါင္း တသိန္းပင္ျဖစ္လင့္ကစား ဂုဏ္ေက်းဇူးအားျဖင့္ အေသကၡရတနာတပါးကို မမွီႏိုင္ေသာေၾကာင့္ေပတည္း။

၆-ဗုဒၶရတနာႏွင့္ သာဝကရတနာ

အေသကၡရတနာသည္လည္း (၁)ဗုဒၶရတနာ=ဘုရားရတနာႏွင့္ (၂)သာဝကရတနာ=တပည့္ရတနာဟူ၍ ၂-မ်ိဳး ႐ွိျပန္ရာ ဗုဒၶရတနာကသာ ပို၍ျမတ္ေလသည္။အဘယ္ေၾကာင့္ဆိုေသာ္ တပည့္သာဝကေပါင္း တသိန္းပင္ ျဖစ္ေသာ္လည္း ဂုဏ္ေက်းဇူးေတာ္အားျဖင့္ ဗုဒၶရတနာတဆူကို လိုက္၍ မမွီႏိုင္ေသာေၾကာင့္ေပတည္း။

၇-ပေစၥကဗုဒၶရတနာႏွင့္ သဗၺညဳဗုဒၶရတနာ

ဗုဒၶရတနာသည္လည္း (၁)ပေစၥကဗုဒၶရတနာ=သီးျခားပြင့္ေသာဘုရားငယ္ရတနာႏွင့္ (၂)သဗၺညဳဗုဒၶရတနာ= သိထိုက္သမွ် ဓမၼဥႆုံအလုံးစုံကို အကုန္သိေတာ္မူသည့္ ဘုရားရတနာဟူ၍ ၂-မ်ိဳး႐ွိေပရာ သဗၺညဳဗုဒၶရတနာ ကသာလွ်င္ သာလြန္ျမင့္ျမတ္ေတာ္မူေလသည္။အဘယ္ေၾကာင့္ဆိုေသာ္ ပေစၥကဗုဒၶရတနာေပါင္း တသိန္းပင္ ျဖစ္ေသာ္လည္း ဂုဏ္ေက်းဇူးေတာ္အားျဖင့္ သဗၺညဳရတနာတဆူကို လိုက္၍မမွီႏိုင္ေသာေၾကာင့္ေပတည္း

မွတ္ခ်က္။ ။ဤကား ဥပရိပဏၰာသ အ႒ကထာ ၁၉၇-စသည့္၌လာသည့္အတိုင္း ခြဲပုံေပတည္း၊သုတၱနိပါတ္အ႒ကထာ ပ-၂၇၈၌ကား အနာဂါရိယ(အနာဂါရိက)ရတနာကို အရိယာႏွင့္ ပုထုဇၨနဟု ၂-မ်ိဳးခြဲသည္။အရိယရတနာကိုလည္း ေသကၡႏွင့္ အေသကၡဟု ၂-မ်ိဳးခြဲသည္။အေသကၡကိုလည္း သုကၡဝိပႆကႏွင့္ သမထယာနိကဟု ၂မ်ိဳးခြဲသည္။သမထယာနိကကိုလည္း သာဝကပါရမိပၸတၱႏွင့္ အပတၱသု ၂-မ်ိဳးခြဲသည္။သာဝကပါရမိပၸတၱထက္ ပေစၥကဗုဒၶကျမတ္ေၾကာင္း၊ပေစၥကဗုဒၶထက္ သမၼာသမၺဳဒၶကျမတ္ေၾကာင္း ခြဲျပေတာ္မူသည္။

ျဗဟၼနိမၼိတာ႐ုံဆရာေတာ္၏ ရတနာပီတိက်မ္းမွ ေကာက္ႏူတ္ပါသည္။

 

 

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

Upcoming Property Events

From 04 Oct To 05 Oct

Magical World Apartment

From 11 Oct To 12 Oct

Jade Palace Condo

From 11 Oct To 12 Oct

Shwe Moe Kaung

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service