ဂျပန်နိုင်ငံရဲ့ အမှိုက်ပစ်နည်း - Property Knowledge in Myanmar from iMyanmarHouse.com
4277 Views

ဂျပန်နိုင်ငံရဲ့ အမှိုက်ပစ်နည်း

Knowledge | Posted by Shwe Zin Win

[Unicode]

 

 

ဂျပန်တွင်မူ အမှိုက်ပစ်မှုအဆင်ပြေရန်၊ ပြန်လည်အသုံးပြုရန်၊သယံဇာတအဖြစ်ပြန်လည်ပြုလုပ်ရန်၊ များစွာသောမြို့ရွာရပ်ကွက်များတွင်သတ်မှတ်ထားသောစည်းကမ်းနည်းလမ်းများရှိပြီး၊နေထိုင်သူများကလည်းပူးပေါင်းဆောင်ရွက်ပါသည်။

 

မြို့ရွာရပ်ကွက်အလိုက်စည်းကမ်းနည်းလမ်းများအနည်းငယ်ကွာခြားသော်လည်းဂျပန်ရောက်ခါစသူများအတွက်အမှိုက်ပစ်ပုံများဂရုစိုက်သင့်ပါတယ်။ဂျပန်မှာရက်အလိုက်သက်ဆိုင်ရာအမှိုက်များကိုပစ်ရမှာကိုသတ်မှတ်ထားပါတယ်။စည်းကမ်းမရှိပစ်မိရင်လည်းတစ်ပါးသူရဲ့အပြစ်တင်ခြင်းများခံရနိုင်တဲ့အတွက်အမှိုက်များကိုဂရုတစိုက်ပစ်သင့်ပါတယ်။

 

အမှိုက်ပစ်ပုံပစ်နည်းနဲ့ပတ်သက်ပြီး

 

အမှိုက်ပစ် ပုံပစ်နည်း၊ခွဲခြားရမည့်အမျိုးအစား၊ပစ်ရမည့်နေရာ၊ပစ်ရမည့်နေ့ကိုကောင်းစွာသင်ယူပြီး သေချာစွာလိုက်နာရပါမည်။နေ့ရက်များအလိုက်အမှိုက်များခွဲခြားပြီးပစ်ရမှာဖြစ်ပါတယ်။အမှိုက်များကို သတ်မှတ်ထားသောအမှိုက်သိမ်းသည့်နေ့မနက်၈နာရီမှသတ်မှတ်ထားသောနေရာတွင်ပစ်ရမည်။အမှိုက်များကိုလည်းအမျိုးအစားအလိုက်ခွဲခြားထားပါတယ်။

( 1 ) မီးလောင်နိုင်သော အမှိုက်

( 2) မီးမလောင်နိုင်သော အမှိုက်

( 3 ) စက္ကူ၊ပုလင်း၊ဗူး အမှိုက်

( 4 ) ကြီးမားသော အမှိုက်

ပစ္စည်းအကြီးများကိုတော့သီးသန့်အမှိုက်ပစ်ရန်တံဆိပ်ခေါင်းပုံစံလိုမျိုးကိုဝယ်ယူပြီးကိုယ်ပစ်ရမယ့်ပစ္စည်းမှာကပ်ပြီးရက်အလိုက်စနစ်တကျပစ်ရမှာဖြစ်ပါတယ်။ဂျပန်မှာအနီရက်များနဲ့အစိုးရရုံးပိတ်ရက်များကတော့အမှိုက်သိမ်းလေ့မရှိတဲ့အတွက်ဂရုစိုက်သတိထားစေချင်ပါတယ်။

 

 

 

 

အမှိုက်အမျိုးအစားခွဲခြားမှု

 

မီးလောင်နိုင်သောအမှိုက်အမျိုးအစားများမှာမီးဖိုချောင်မှထွက်သောအမှိုက်ဟင်းအကြွင်းအကျန်၊ထမင်းအကျန်၊အသီးအခွံ၊လက်ဖက်ခြောက်၊ကြက်ဥအခွံ၊အရွက်အမှိုက်များ၊ဆေးလိပ်ခွံများဖြစ်ပါတယ်။အမှိုက်ပစ်သောအခါဆိုင်တွင်ရောင်းသောပလစ်စတစ်အမှိုက်ပစ်အိတ်သို့မဟုတ်အိတ်တွင်ထည့်ပြီးအဝကိုပိတ်ပြီးမှစွန့်ပစ်ပါ။ဂျပန်ရောက်ခါစသူများအတွက်သတိပြုစေချင်ပါတယ်။မီးမလောင်နိုင်သောအမှိုက်အမျိုးအစားများပလပ်စတစ်ပစ္စည်း၊ရေမြုပ်ဖော့ပစ္စည်း၊သားရေပစ္စည်းများ၊သားရေနှင့်စပ်လုပ်ထားသောပစ္စည်းများဖြစ်ပါတယ်။စက္ကူအမှိုက်များကိုတော့နေ့ရက်အလိုက်စနစ်တကျပစ်ရမှာဖြစ်ပါတယ်။ပုလင်းများနဲ့ဗူးများကိုတော့အတွင်းထဲထိဆေးပြီးသေချာပစ်ရပါတယ်။ကွဲနေသည့်ပုလင်းများကိုလည်းစက္ကူနဲ့စနစ်တကျထုတ်ပြီးပစ်ရပါတယ်။အမှိုက်အကြီးစားလို့ခေါ်တဲ့သစ်ဖြင့်ပြုလုပ်ထားသောစားပွဲ၊သစ်ကုလားထိုင်၊သစ်ဗီယို၊မှန်တင်ခုံ၊ခုတင်အစရှိတာတွေကိုတံဆိပ်ဝယ်ကပ်ပြီးပစ်ရမှာဖြစ်ပါတယ်။

 

သတိထားသင့်သည့်အချက်များ

 

 

 

မိမိနေထိုင်တဲ့အဆောက်အဦးရဲ့အောက်မှာအမှိုက်ပစ်တဲ့နေရာသတ်မှတ်ထားရှိပေးပါတယ်။အဲဒီနေရာမှာနေ့ရက်အလိုက်ပစ်ရမယ့်အမှိုက်နာမည်များရေးထားပြီးကပ်ထားလေ့ရှိပါတယ်။မြို့နယ်များအလိုက်အမှိုက်ပစ်ရက်သတ်မှတ်ထားပြီးကွဲပြားနိုင်ပါတယ်။ဂျပန်ကအမှိုက်ကိုသေချာဂရုစိုက်တဲ့နိုင်ငံဖြစ်တာကြောင့်စနစ်ကျအောင်ပြုမှုတတ်ဖို့လိုအပ်ပါတယ်။အမှိုက်ပစ်တဲ့နေရာမှာလည်းသေချာစနစ်တကျလှတဲ့စည်းကမ်းများရှိနေပါတယ်။ကွဲနေသည့်ပုလင်းများကိုလည်းသေချာထုတ်ပိုးပြီး၊ပစ္စည်းအကြီးများကိုလည်းသေချာစနစ်တကျပစ်သင့်ပါတယ်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: we xpats

 

 

 

[Zawgyi]


 







( 4 ) ကြီးမားသော အမှိုက်









 

Credit: we xpats

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service