အမေရိကန်ဆပ်ကပ်အဖွဲ့ကြီးတစ်ခုက ဆပ်ကပ်မြို့တော်တည်ထောင်ရန် မိုဂျာဗီသဲကန္တာရထဲမှ တစ်မြို့လုံးကို ဒေါ်လာ ၂ ဒသမ ၅ သန်းပေးကာ ငွေသားဖြင့်ဝယ်ယူ

အမေရိကန်ဆပ်ကပ်အဖွဲ့ကြီးတစ်ခုက ဆပ်ကပ်မြို့တော်တည်ထောင်ရန် မိုဂျာဗီသဲကန္တာရထဲမှ တစ်မြို့လုံးကို ဒေါ်လာ ၂ ဒသမ ၅ သန်းပေးကာ ငွေသားဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
25 Jan 2023 10:24 am တွင် တင်ခဲ့သည်
385 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ လာ့စ်ဗီးဂပ်စ်မြိုကမှ ဆပ်ကပ်အဖွဲ့ကြီးတစ်ခုသည် ကယ်လီဖိုးနီးယားပြည်နယ်၊ မိုဂျာဗီသဲကန္တာရထဲမှ မြို့တစ်မြို့ကို ကန်ဒေါ်လာ ၂ ဒသမ ၅ သန်း ငွေသားပေးကာ ဝယ်ယူခဲ့သည်။

Spiegelworld အမည်ရှိ ဆပ်ကပ်အဖွဲ့ကြီး ဝယ်ယူလိုက်သည့်မြို့မှာ နစ်ပ်တန် (Nipton) ဟု အမည်ရပြီး မိုဂျာဗီသဲကန္တာရ၏ အရှေ့ဘက်စွန်းတွင် တည်ရှိကာ အခြေချနေထိုင်သည့်လူဦးရေ ၂၅ ဦးသာ ရှိသည်။

နစ်ပ်တန်မြို့ကို ဝယ်ယူလိုက်သည့် ပိုင်ရှင်သစ်များက ကမ္ဘာလုံးဆိုင်ရာ ဆပ်ကပ်ဗဟိုချက်နေရာအဖြစ် ဖန်တီးရန်အတွက် မြို့တွင်းမှ အမှိုက်သရိုက် တန်ချိန် ၂၅၀ ခန့် ဖယ်ရှားခဲ့ရသည်။

Spiegelworld သည် sexy ဆန်သော တင်ဆက်ပုံများဖြင့် လူသိများသည့် ဆပ်ကပ်အဖွဲ့ကြီးလည်း ဖြစ်သည်။

(နစ်ပ်တန်မြို့သို့ အဝင်နေရာ။ နစ်ပ်တန်မြို့သည် နီဗားဒါးပြည်နယ်အစပ်နှင့် မိုဂျာဗီ အမျိုးသား သဘာဝဥယျာဉ်၏ အစွန်းတွင် တည်ရှိသည်။ ဓာတ်ပုံ- Getty Images)

နစ်ပ်တန်သည် လာ့စ်ဗီးဂပ်စ်မြို့၏ အနောက်တောင်ဘက် တစ်နာရီခရီးအကွာ၊ မိုဂျာဗီသဲကန္တာရအစပ်တွင် တည်ရှိပြီး မြို့အကျယ်အဝန်းမှာ ဧက ၈၀ ခန့် ရှိသည်။

နစ်ပ်တန်မြို့ကို ယခင်က ပိုင်ဆိုင်ခဲ့ကြသူများမှာ ဂျယ်ရီ ဖရီးမန်း (Jerry Freeman) နှင့် ရော့ဇန်လန်း (Roxanne Lang) အမည်ရှိ ကယ်လီဖိုးနီးယားပြည်နယ်မှ စုံတွဲဖြစ်ပြီး ၎င်းတို့က ၁၉၈၀ ပြည့်လွန်ကာလများ အတွင်း ကန်ဒေါ်လာ ၂၀၀၀၀၀ ခန့်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

(နစ်ပ်တန်မြို့၏ ဈေးရောင်းနေရာတစ်ခုတွင် ဆေးခြောက်ပစ္စည်းအမျိုးမျိုး ရောင်းချပေးသည်။ ဓာတ်ပုံ-The Washington Post/Getty Images)

မြို့၏ ပိုင်ရှင်အပြောင်းအလဲ အရောင်းအဝယ်သမိုင်းကြောင်းမှာ အတန်ငယ်ရှုပ်ထွေး၏။

၂၀၁၇ ခုနှစ်တွင် American Green အမည်ရှိ ဆေးခြောက်ကုမ္ပဏီတစ်ခုက နစ်ပ်တန်မြို့ကို ဒေါ်လာ ၅ သန်းနီးပါးဖြင့် ဝယ်ယူခဲ့သည်။

ဆေးခြောက်ဝါသနာရှင်များနှင့် အကျော်အမော်များ စုံစည်းရာနေရာတစ်ခုဖြစ်လာစေရန် ရည်မှန်းကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

သို့သော် ဝယ်ယူပြီးနောက်နှစ်တွင် နစ်ပ်တန်မြို့အပေါ်ထားရှိသည့် ရည်မှန်းချက်အစီအစဉ်များကို American Green က စွန့်လွှတ်လိုက်ပြီး စကော့ဒေးလ်အခြေစိုက် စွမ်းအင်ကုမ္ပဏီတစ်ခုထံ ကန်ဒေါ်လာ ၇ ဒသမ ၁ သန်းဖြင့် ရောင်းချခဲ့ကြောင်း လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။

အခြားအုပ်စုများဖြစ်သော ဘာသာရေးအဖွဲ့တစ်ခု၊ crypto ငွေကြေးအဖွဲ့တစ်ခုနှင့် လာ့စ်ဗီးဂပ်စ်သို့ ရထားလမ်းတစ်ခုဖောက်လိုသော ရင်းနှီးမြှုပ်နှံသူများက နစ်ပ်တန်မြို့ကို ဝယ်ယူရန် ကြိုးစားခဲ့ကြကြောင်း Wall Street ဂျာနယ်က ဖော်ပြခဲ့သည်။

သို့သော် ပိုင်ရှင်များဖြစ်သော ဖရီးမန်းနှင့် ရော့ဇန်လန်းတို့က နစ်ပ်တန်မြို့ကို Spiegelworld ဆပ်ကပ်အဖွဲ့ကြီးအား ရောင်းချခဲ့သည်။

Spiegelworld ဆပ်ကပ်အဖွဲ့ကြီးကို တည်ထောင်သူမှာ သြစတေးလျလူမျိုး Ross Mollison ဖြစ်သည်။

Mollison က နစ်ပ်တန်မြို့ကို ကမ္ဘာ့အချက်အခြာဆပ်ကပ်နေရာအဖြစ် ပြောင်းလဲရန် မျှော်လင့်ချက်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

[Ross Mollison (အလယ်) နှင့် Spiegelworld ဆပ်ကပ်အဖွဲ့သားများ။ ဓာတ်ပုံ -Bryan Steffy/Getty Images]

နစ်ပ်တန်မြို့၏ လူသူအလှမ်းကွာမှုမှာ သြစတေးလျကို ပြန်ပြောင်းသတိရစေကြောင်း Ross Mollison က ဝေါစထရိဂျာနယ်သို့ ပြောသည်။

သို့သော် ၎င်းတို့၏ ရည်မှန်းချက်မှာ ကန့်သတ်ချက်များရှိနေနိုင်သည်ကို သတိပြုမိကြောင်းလည်း Ross က ပြောသည်။

“ကျွန်တော်က အပန်းဖြေစခန်းကြီးမလုပ်ချင်ပါဘူး။ ဒါက အလွန်အဆင့်မြင့်တဲ့ ဆပ်ကပ်အဖွဲ့ကြီးတစ်ခုပါ။ တချိန်တည်းမှာပဲ ကိုယ်ပိုင်ဝိသေသလက္ခဏာနဲ့ ပင်ကိုယ်အရည်အသွေးတွေ အပြည့်ရှိပါတယ်”

(လာ့စ်ဗီးဂပ်ရှိ Caesars Palace တွင် Spiegelworld ဆပ်ကပ်အဖွဲ့ကြီး ဖျော်ဖြေတင်ဆက်ခဲ့စဉ်က။ ဓာတ်ပုံ -Ethan Miller/Getty Images)

ဆပ်ကပ်အဖွဲ့ကြီး၏ လက်မှတ်ဝင်ကြေးမှာ ၁၂၉ ဒေါ်လာမှ ၁၆၉ ဒေါ်လာကြားရှိသည်။

(မိုဂျာဗီသဲကန္တာရအတွင်းရှိ နစ်ပ်တန်မြို့မှ အပျက်အစီးပုံများ။ ဓာတ်ပုံ-Getty Images)

နစ်ပ်တန်မြို့ကို ဝယ်ယူပြီးနောက်မြို့အတွင်းမှ အမှိုက်သရိုက်၊ အပျက်အစီး တန်ချိန် ၂၅၀ ခန့် ဖယ်ရှားခဲ့ရကာ သံချေးတက်နေသော ရထားတွဲ ရေစည်ကြီးတစ်ခုအပြင် ပျက်စီးနေသော မွေ့ယာများစွာ ပါဝင်သည်။

မိမိနှင့် မိမိအဖွဲ့တွင် မြို့ကို အသွင်ပြောင်းလဲရေး စိတ်ကူးစိတ်သန်းများစွာရှိနေကြောင်း Mollison က ဝေါစထရိဂျာနယ်သို့ ပြောသည်။

(နစ်ပ်တန်မြို့ မြင်ကွင်း။ ဓာတ်ပုံ -Andrew Wyatt/Burning Man)

(နစ်ပ်တန်မြို့တွင် တွေ့ရသော Spiegelworld အဖွဲ့သားများ။ ဓာတ်ပုံ-Spiegelworld)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A sexy Vegas circus paid $2.5 million in cash to buy a California town in the Mojave Desert and build a 'permanent Burning Man' (businessinsider)

[Zawgyi]

အေမရိကန္ဆပ္ကပ္အဖြဲ႔ၾကီးတစ္ခုက ဆပ္ကပ္ျမိဳ႕ေတာ္တည္ေထာင္ရန္ မိုဂ်ာဗီသဲကႏၱာရထဲမွ တစ္ျမိဳ႕လံုးကို ေဒၚလာ ၂ ဒသမ ၅ သန္းေပးကာ ေငြသားျဖင့္ဝယ္ယူ

အေမရိကန္ျပည္ေထာင္စု၊ လာ့စ္ဗီးဂပ္စ္ျမိဳကမွ ဆပ္ကပ္အဖြဲ႔ၾကီးတစ္ခုသည္ ကယ္လီဖိုးနီးယားျပည္နယ္၊ မိုဂ်ာဗီသဲကႏၱာရထဲမွ ျမိဳ႕တစ္ျမိဳ႕ကို ကန္ေဒၚလာ ၂ ဒသမ ၅ သန္း ေငြသားေပးကာ ဝယ္ယူခဲ့သည္။

Spiegelworld အမည္ရွိ ဆပ္ကပ္အဖြဲ႔ၾကီး ဝယ္ယူလိုက္သည့္ျမိဳ႕မွာ နစ္ပ္တန္ (Nipton) ဟု အမည္ရျပီး မိုဂ်ာဗီသဲကႏၱာရ၏ အေရွ႕ဘက္စြန္းတြင္ တည္ရွိကာ အေျခခ်ေနထိုင္သည့္လူဦးေရ ၂၅ ဦးသာ ရွိသည္။

နစ္ပ္တန္ျမိဳ႕ကို ဝယ္ယူလိုက္သည့္ ပိုင္ရွင္သစ္မ်ားက ကမၻာလံုးဆိုင္ရာ ဆပ္ကပ္ဗဟိုခ်က္ေနရာအျဖစ္ ဖန္တီးရန္အတြက္ ျမိဳ႕တြင္းမွ အမႈိက္သရိုက္ တန္ခ်ိန္ ၂၅၀ ခန္႔ ဖယ္ရွားခဲ့ရသည္။

Spiegelworld သည္ sexy ဆန္ေသာ တင္ဆက္ပံုမ်ားျဖင့္ လူသိမ်ားသည့္ ဆပ္ကပ္အဖြဲ႔ၾကီးလည္း ျဖစ္သည္။

(နစ္ပ္တန္ျမိဳ႕သို႔ အဝင္ေနရာ။ နစ္ပ္တန္ျမိဳ႕သည္ နီဗားဒါးျပည္နယ္အစပ္ႏွင့္ မိုဂ်ာဗီ အမ်ဳိးသား သဘာဝဥယ်ာဥ္၏ အစြန္းတြင္ တည္ရွိသည္။ ဓာတ္ပံု- Getty Images)

နစ္ပ္တန္သည္ လာ့စ္ဗီးဂပ္စ္ျမိဳ႕၏ အေနာက္ေတာင္ဘက္ တစ္နာရီခရီးအကြာ၊ မိုဂ်ာဗီသဲကႏၱာရအစပ္တြင္ တည္ရွိျပီး ျမိဳ႕အက်ယ္အဝန္းမွာ ဧက ၈၀ ခန္႔ ရွိသည္။

နစ္ပ္တန္ျမိဳ႕ကို ယခင္က ပိုင္ဆိုင္ခဲ့ၾကသူမ်ားမွာ ဂ်ယ္ရီ ဖရီးမန္း (Jerry Freeman) ႏွင့္ ေရာ့ဇန္လန္း (Roxanne Lang) အမည္ရွိ ကယ္လီဖုိးနီးယားျပည္နယ္မွ စံုတြဲျဖစ္ျပီး ၎တို႔က ၁၉၈၀ ျပည့္လြန္ကာလမ်ား အတြင္း ကန္ေဒၚလာ ၂၀၀၀၀၀ ခန္႔ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

(နစ္ပ္တန္ျမိဳ႕၏ ေစ်းေရာင္းေနရာတစ္ခုတြင္ ေဆးေျခာက္ပစၥည္းအမ်ဳိးမ်ဳိး ေရာင္းခ်ေပးသည္။ ဓာတ္ပံု-The Washington Post/Getty Images)

ျမိဳ႕၏ ပိုင္ရွင္အေျပာင္းအလဲ အေရာင္းအဝယ္သမိုင္းေၾကာင္းမွာ အတန္ငယ္ရႈပ္ေထြး၏။

၂၀၁၇ ခုႏွစ္တြင္ American Green အမည္ရွိ ေဆးေျခာက္ကုမၸဏီတစ္ခုက နစ္ပ္တန္ျမိဳ႕ကို ေဒၚလာ ၅ သန္းနီးပါးျဖင့္ ဝယ္ယူခဲ့သည္။

ေဆးေျခာက္ဝါသနာရွင္မ်ားႏွင့္ အေက်ာ္အေမာ္မ်ား စံုစည္းရာေနရာတစ္ခုျဖစ္လာေစရန္ ရည္မွန္းကာ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္ ဝယ္ယူျပီးေနာက္ႏွစ္တြင္ နစ္ပ္တန္ျမိဳ႕အေပၚထားရွိသည့္ ရည္မွန္းခ်က္အစီအစဥ္မ်ားကို American Green က စြန္႔လႊတ္လိုက္ျပီး စေကာ့ေဒးလ္အေျခစိုက္ စြမ္းအင္ကုမၸဏီတစ္ခုထံ ကန္ေဒၚလာ ၇ ဒသမ ၁ သန္းျဖင့္ ေရာင္းခ်ခဲ့ေၾကာင္း ေလာ့စ္အိန္ဂ်လိတိုင္းမ္သတင္းစာက ေဖာ္ျပခဲ့သည္။

အျခားအုပ္စုမ်ားျဖစ္ေသာ ဘာသာေရးအဖြဲ႔တစ္ခု၊ crypto ေငြေၾကးအဖြဲ႔တစ္ခုႏွင့္ လာ့စ္ဗီးဂပ္စ္သို႔ ရထားလမ္းတစ္ခုေဖာက္လိုေသာ ရင္းႏွီးျမွဳပ္ႏွံသူမ်ားက နစ္ပ္တန္ျမိဳ႕ကို ဝယ္ယူရန္ ၾကိဳးစားခ့ဲၾကေၾကာင္း Wall Street ဂ်ာနယ္က ေဖာ္ျပခဲ့သည္။

သို႔ေသာ္ ပိုင္ရွင္မ်ားျဖစ္ေသာ ဖရီးမန္းႏွင့္ ေရာ့ဇန္လန္းတို႔က နစ္ပ္တန္ျမိဳ႕ကို Spiegelworld ဆပ္ကပ္အဖြဲ႔ၾကီးအား ေရာင္းခ်ခဲ့သည္။

Spiegelworld ဆပ္ကပ္အဖြဲ႔ၾကီးကို တည္ေထာင္သူမွာ ၾသစေတးလ်လူမ်ဳိး Ross Mollison ျဖစ္သည္။

Mollison က နစ္ပ္တန္ျမိဳ႕ကို ကမၻာ့အခ်က္အျခာဆပ္ကပ္ေနရာအျဖစ္ ေျပာင္းလဲရန္ ေမွ်ာ္လင့္ခ်က္ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

[Ross Mollison (အလယ္) ႏွင့္ Spiegelworld ဆပ္ကပ္အဖြဲ႔သားမ်ား။ ဓာတ္ပံု -Bryan Steffy/Getty Images]

နစ္ပ္တန္ျမိဳ႕၏ လူသူအလွမ္းကြာမႈမွာ ၾသစေတးလ်ကို ျပန္ေျပာင္းသတိရေစေၾကာင္း Ross Mollison က ေဝါစထရိဂ်ာနယ္သို႔ ေျပာသည္။

သို႔ေသာ္ ၎တို႔၏ ရည္မွန္းခ်က္မွာ ကန္႔သတ္ခ်က္မ်ားရွိေနႏိုင္သည္ကို သတိျပဳမိေၾကာင္းလည္း Ross က ေျပာသည္။

“ကၽြန္ေတာ္က အပန္းေျဖစခန္းၾကီးမလုပ္ခ်င္ပါဘူး။ ဒါက အလြန္အဆင့္ျမင့္တဲ့ ဆပ္ကပ္အဖြဲ႔ၾကီးတစ္ခုပါ။ တခ်ိန္တည္းမွာပဲ ကိုယ္ပိုင္ဝိေသသလကၡဏာနဲ႔ ပင္ကိုယ္အရည္အေသြးေတြ အျပည့္ရွိပါတယ္”

(လာ့စ္ဗီးဂပ္ရွိ Caesars Palace တြင္ Spiegelworld ဆပ္ကပ္အဖြဲ႔ၾကီး ေဖ်ာ္ေျဖတင္ဆက္ခဲ့စဥ္က။ ဓာတ္ပံု -Ethan Miller/Getty Images)

ဆပ္ကပ္အဖြဲ႔ၾကီး၏ လက္မွတ္ဝင္ေၾကးမွာ ၁၂၉ ေဒၚလာမွ ၁၆၉ ေဒၚလာၾကားရွိသည္။

(မိုဂ်ာဗီသဲကႏၱာရအတြင္းရွိ နစ္ပ္တန္ျမိဳ႕မွ အပ်က္အစီးပံုမ်ား။ ဓာတ္ပံု-Getty Images)

နစ္ပ္တန္ျမိဳ႕ကို ဝယ္ယူျပီးေနာက္ျမိဳ႕အတြင္းမွ အမႈိက္သရိုက္၊ အပ်က္အစီး တန္ခ်ိန္ ၂၅၀ ခန္႔ ဖယ္ရွားခဲ့ရကာ သံေခ်းတက္ေနေသာ ရထားတြဲ ေရစည္ၾကီးတစ္ခုအျပင္ ပ်က္စီးေနေသာ ေမြ႔ယာမ်ားစြာ ပါဝင္သည္။

မိမိႏွင့္ မိမိအဖြဲ႔တြင္ ျမိဳ႕ကို အသြင္ေျပာင္းလဲေရး စိတ္ကူးစိတ္သန္းမ်ားစြာရွိေနေၾကာင္း Mollison က ေဝါစထရိဂ်ာနယ္သို႔ ေျပာသည္။

(နစ္ပ္တန္ျမိဳ႕ ျမင္ကြင္း။ ဓာတ္ပံု -Andrew Wyatt/Burning Man)

(နစ္ပ္တန္ျမိဳ႕တြင္ ေတြ႔ရေသာ Spiegelworld အဖြဲ႔သားမ်ား။ ဓာတ္ပံု-Spiegelworld)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A sexy Vegas circus paid $2.5 million in cash to buy a California town in the Mojave Desert and build a 'permanent Burning Man' (businessinsider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
shwe-moe-kaung
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service