လုံလုံခြုံခြုံ သူ့သိုက်မြုံ(သူများအိမ်ရာ မဖျက်စီးပါနဲ့)

လုံလုံခြုံခြုံ သူ့သိုက်မြုံ(သူများအိမ်ရာ မဖျက်စီးပါနဲ့) - Property Knowledge in Myanmar from iMyanmarHouse.com
18 Nov 2022 1:10 pm တွင် တင်ခဲ့သည်
329 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)

[Unicode]

လူမှမဟုတ်ပါဘူး တိရစ္ဆာန်ဖြစ်တဲ့ ငှက်ကလေးတွေတောင်မှ မျိုးဆက်တွေဖြစ်ပေါ်လာဖို့ အသိုက်အမြုံလေး တွေရှိကြရပါတယ်။

လူမှုကွန်ရက်မှာ American Bluebird ၏ ထူးထူးခြားခြား မျိုးပွားမှုစက်ဝန်း ဆိုတဲ့ ဗီဒီယိုလေးကို ဒီလင့်(https://www.facebook.com/watch/?v=616524926779003) ကနေ ကြည့်လိုက်ရပါတယ်။

အဟိတ်တိရစ္ဆာန် ငှက်လေးတွေဟာ သူတို့မျိုးဆက်လေးတွေကို အခြားသတ္တဝါတို့ရန်ကနေ အန္တရာယ် ကင်းကင်းနဲ့ ကောင်းကောင်းမွန်မွန် ရှင်သန်ကြီးပြင်းလာဖို့ လုံခြုံမယ့်နေရာလေးကို ရှာကြရပါတယ်။ ငှက်လည်း ငှက်အလျောက် ရက်ပေါင်းများစွာ အသိုက်လေးတစ်ခုဖြစ်ဖို့ ဖန်တီးတည်ဆောက်ယူကြရပါတယ်။

သစ်ကိုင်းခြောက်လေးတွေ၊အုန်းပင်လိုအပင်မျိုးရဲ့အရွက်ကရတဲ့ အရွက်ပျော့လေးတွေကို အကြိမ်ကြိမ် အဖန်ဖန် အမျှင်လိုက်ဖြတ်ယူစုစောင်းပြီး သူတို့နဲ့လိုက်ဖက်မယ့် သိုက်မြုံလေးတွေကို ဖန်တီးတည်ဆောက် ကြပါတယ်။

ငှက်ကလေးတွေဟာ ဥရက်ရောက်မှ သိုက်မြုံဆောက်ခြင်းကို ရပ်တန့်လိုက်ပါတယ်။အဲဒီနောက် ဥဥခြင်းကို စတင်ပါတယ်။ဥဥခြင်းကိစ္စ ပြီးဆုံးတော့ ဥပေါက်ဖို့ကိစ္စအတွက် မိခင်ဟာ ရက်ပေါင်းများစွာ အစာမစားဘဲ ရင်ငွေ့ပေးကြပြန် ပါတယ်။

မိခင်ရဲ့ကိုယ်ငွေ့ကြောင့် ငှက်ကလေးတွေဟာ ဥကပေါက်လာခဲ့ကြပါပြီ။ဥကပေါက်လာပြီ ဖြစ်ပေမယ့် လေအဟုန်မှာပျံသန်းဖို့ အတောင် အလက်မစုံခင်အထိ မိခင်ဟာ အစာရှာဖွေကျွေးရှာပါတယ်။ ရက်အတော်အတန်ရလို့ အတောင်အလက်စုံပြီး အားအဟုန်တို့ကောင်းလာတဲ့အခါ ကိုယ်ဝန်တာ ကိုယ်ယူဖို့ သိုက်မြုံအဟောင်းကိုစွန့်ပြီး လောကသစ်ထံ ထွက်ခွာကြပြန်ပါတယ်။

အဟိတ်တိရစ္ဆန်တွေဖြစ်သော်လည်း မျိုးဆက်သံသရာအတွက် မွေးဖွားလာမယ်၊ရှင်သန်ကြမယ်၊ရည်ငံကြမယ်၊ ပေါင်းဖော်ကြမယ်၊သိုက်မြုံအသစ် တည်ဆောက်ကြမယ်။ဥကြမယ်၊ပေါက်ဖွားကြမယ်၊မွေးကြမယ်ပေါ့။

ဒီလိုသတ္တဝါလေးတွေမှာ မပြောင်းလဲတဲ့ ဘဝဖြစ်စဉ်လေးတွေနဲ့သွားနေကြတယ်။ ကောင်းတာဆိုးတာတွေ၊ ကုသိုလ်၊အကုသိုလ်ဖြစ်တာတွေ သူတို့မသိရှာပါဘူး။အောင်မြင်ခြင်း ကျရှုံးခြင်းတွေ သူတို့မသိပါဘူး။သူတို့ရဲ့ ရှင်သန်မှုဖြစ်စဉ်အတိုင်းသွားကြပါတယ်။

ဒီနေရာမှာ ဒီလိုငှက်တိရစ္ဆာန်လေးတွေဖြစ်ပေမယ့် ဇာတ်တူသားခြင်း ရန်မရှာပါဘူး။သူများသိုက်မြုံကို မလုယက် မဖျက်စီးကြပါဘူး။နိုင့်ထက်စီနင်း မပြုဘူးဆိုတာကိုတွေ့ရပါတယ်။

ဒီဖြစ်စဉ်လေးကိုကြည့်ပြီး ပြောစရာအတွေးတို့ဖြစ်လာခဲ့ပါတယ်။နိဗ္ဗာန်ကို လှမ်းတက်နိုင်တဲ့ ဉာဏ်အသိတွေ၊ အခွင့်အလမ်းတွေ ရရှိပိုင်ခွင့်ရှိတဲ့ လူသားတွေဖြစ်ပါရက်ကယ်နဲ့ ဇာတ်တူသားလည်း စားဝံ့ကြပါတယ်။ သူများအိမ်ရာ သိုက်မြုံတွေကိုလည်း ဖျက်စီးတတ်ပါတယ်။အကောင်းဆုံးတွေကို လုပ်နိုင်ကြသလို အယုတ်ညံ့ဆုံးတွေကိုလုပ်ဝံ့တာလည်း လူသားတွေဖြစ်နေတာကို တွေ့ရပါတယ်။

လူသားတွေဟာ ကိုယ်နေထိုင်ဖို့နဲ့ မျိုးဆက်တွေအတွက် အိမ်ရာအဆောက်အအုံတွေကို အခြားသော တိရစ္ဆန် တွေထက် အချိန်ပိုယူပြီး တည်ဆောက်ဖန်တီးကြရပါတယ်။တည်ဆောက်ဖို့ ခက်ခဲကြသလို စွန့်ခွာဖို့လည်း ခက်ခဲကြပါတယ်။

ဒီလိုခက်ခက်ခဲခဲ တည်ဆောက်ဖန်တီးခဲ့ကြတဲ့ အိမ်ရာအဆောက်အအုံ အသိုက်အမြုံတွေဟာ လူသားလို့ သတ်မှတ်ထားသူတွေရဲ့ ပယောဂကြောင့် ပျက်စီးခဲ့ကြရပါလျှင် အဲဒီဖျက်ဆီးသူကို နံမယ်(နာမည်)ကမ္ဗည်း ဘယ်လိုတပ်ရမလဲလို့ ဆိုတာလေး အတွေးမှာဖြစ်မိသွားပါတော့တယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

လုံလုံျခဳံၿခဳံ သူ႔သိုက္ၿမဳံ(သူမ်ားအိမ္ရာ မဖ်က္စီးပါနဲ႔)

 

လူမွမဟုတ္ပါဘူး တိရစၦာန္ျဖစ္တဲ့ ငွက္ကေလးေတြေတာင္မွ မ်ိဳးဆက္ေတြျဖစ္ေပၚလာဖို႔ အသိုက္အၿမဳံေလး ေတြရွိၾကရပါတယ္။

လူမႈကြန္ရက္မွာ American Bluebird ၏ ထူးထူးျခားျခား မ်ိဳးပြားမႈစက္ဝန္း ဆိုတဲ့ ဗီဒီယိုေလးကို ဒီလင့္(https://www.facebook.com/watch/?v=616524926779003) ကေန ၾကည့္လိုက္ရပါတယ္။

အဟိတ္တိရစၦာန္ ငွက္ေလးေတြဟာ သူတို႔မ်ိဳးဆက္ေလးေတြကို အျခားသတၱဝါတို႔ရန္ကေန အႏၱရာယ္ ကင္းကင္းနဲ႕ ေကာင္းေကာင္းမြန္မြန္ ရွင္သန္ႀကီးျပင္းလာဖို႔ လုံျခဳံမယ့္ေနရာေလးကို ရွာၾကရပါတယ္။ ငွက္လည္း ငွက္အေလ်ာက္ ရက္ေပါင္းမ်ားစြာ အသိုက္ေလးတစ္ခုျဖစ္ဖို႔ ဖန္တီးတည္ေဆာက္ယူၾကရပါတယ္။

သစ္ကိုင္းေျခာက္ေလးေတြ၊အုန္းပင္လိုအပင္မ်ိဳးရဲ႕အရြက္ကရတဲ့ အရြက္ေပ်ာ့ေလးေတြကို အႀကိမ္ႀကိမ္ အဖန္ဖန္ အမွ်င္လိုက္ျဖတ္ယူစုေစာင္းၿပီး သူတို႔နဲ႔လိုက္ဖက္မယ့္ သိုက္ၿမဳံေလးေတြကို ဖန္တီးတည္ေဆာက္ ၾကပါတယ္။

ငွက္ကေလးေတြဟာ ဥရက္ေရာက္မွ သိုက္ၿမဳံေဆာက္ျခင္းကို ရပ္တန္႔လုိက္ပါတယ္။အဲဒီေနာက္ ဥဥျခင္းကို စတင္ပါတယ္။ဥဥျခင္းကိစၥ ၿပီးဆုံးေတာ့ ဥေပါက္ဖို႔ကိစၥအတြက္ မိခင္ဟာ ရက္ေပါင္းမ်ားစြာ အစာမစားဘဲ ရင္ေငြ႔ေပးၾကျပန္ ပါတယ္။

မိခင္ရဲ႕ကိုယ္ေငြ႔ေၾကာင့္ ငွက္ကေလးေတြဟာ ဥကေပါက္လာခဲ့ၾကပါၿပီ။ဥကေပါက္လာၿပီ ျဖစ္ေပမယ့္ ေလအဟုန္မွာပ်ံသန္းဖို႔ အေတာင္ အလက္မစုံခင္အထိ မိခင္ဟာ အစာရွာေဖြေကၽြးရွာပါတယ္။ ရက္အေတာ္အတန္ရလို႔ အေတာင္အလက္စုံၿပီး အားအဟုန္တို႔ေကာင္းလာတဲ့အခါ ကိုယ္ဝန္တာ ကိုယ္ယူဖို႔ သိုက္ၿမဳံအေဟာင္းကိုစြန္႔ၿပီး ေလာကသစ္ထံ ထြက္ခြာၾကျပန္ပါတယ္။

အဟိတ္တိရစၦန္ေတြျဖစ္ေသာ္လည္း မ်ိဳးဆက္သံသရာအတြက္ ေမြးဖြားလာမယ္၊ရွင္သန္ၾကမယ္၊ရည္ငံၾကမယ္၊ ေပါင္းေဖာ္ၾကမယ္၊သိုက္ၿမဳံအသစ္ တည္ေဆာက္ၾကမယ္။ဥၾကမယ္၊ေပါက္ဖြားၾကမယ္၊ေမြးၾကမယ္ေပါ့။

ဒီလိုသတၱဝါေလးေတြမွာ မေျပာင္းလဲတဲ့ ဘဝျဖစ္စဥ္ေလးေတြနဲ႔သြားေနၾကတယ္။ ေကာင္းတာဆိုးတာေတြ၊ ကုသိုလ္၊အကုသိုလ္ျဖစ္တာေတြ သူတို႔မသိရွာပါဘူး။ေအာင္ျမင္ျခင္း က်ရႈံးျခင္းေတြ သူတို႔မသိပါဘူး။သူတို႔ရဲ႕ ရွင္သန္မႈျဖစ္စဥ္အတိုင္းသြားၾကပါတယ္။

ဒီေနရာမွာ ဒီလိုငွက္တိရစၦာန္ေလးေတြျဖစ္ေပမယ့္ ဇာတ္တူသားျခင္း ရန္မရွာပါဘူး။သူမ်ားသိုက္ၿမဳံကို မလုယက္ မဖ်က္စီးၾကပါဘူး။ႏိုင့္ထက္စီနင္း မျပဳဘူးဆိုတာကိုေတြ႔ရပါတယ္။

ဒီျဖစ္စဥ္ေလးကိုၾကည့္ၿပီး ေျပာစရာအေတြးတို႔ျဖစ္လာခဲ့ပါတယ္။နိဗၺာန္ကို လွမ္းတက္ႏိုင္တဲ့ ဉာဏ္အသိေတြ၊ အခြင့္အလမ္းေတြ ရရွိပိုင္ခြင့္ရွိတဲ့ လူသားေတြျဖစ္ပါရက္ကယ္နဲ႔ ဇာတ္တူသားလည္း စားဝံ႔ၾကပါတယ္။ သူမ်ားအိမ္ရာ သိုက္ၿမဳံေတြကိုလည္း ဖ်က္စီးတတ္ပါတယ္။အေကာင္းဆုံးေတြကို လုပ္ႏိုင္ၾကသလို အယုတ္ညံ့ဆုံးေတြကိုလုပ္ဝံ႔တာလည္း လူသားေတြျဖစ္ေနတာကို ေတြ႔ရပါတယ္။

လူသားေတြဟာ ကိုယ္ေနထိုင္ဖို႔နဲ႔ မ်ိဳးဆက္ေတြအတြက္ အိမ္ရာအေဆာက္အအုံေတြကို အျခားေသာ တိရစၦန္ ေတြထက္ အခ်ိန္ပိုယူၿပီး တည္ေဆာက္ဖန္တီးၾကရပါတယ္။တည္ေဆာက္ဖို႔ ခက္ခဲၾကသလို စြန္႔ခြာဖို႔လည္း ခက္ခဲၾကပါတယ္။

ဒီလိုခက္ခက္ခဲခဲ တည္ေဆာက္ဖန္တီးခဲ့ၾကတဲ့ အိမ္ရာအေဆာက္အအုံ အသိုက္အၿမဳံေတြဟာ လူသားလို႔ သတ္မွတ္ထားသူေတြရဲ႕ ပေယာဂေၾကာင့္ ပ်က္စီးခဲ့ၾကရပါလွ်င္ အဲဒီဖ်က္ဆီးသူကို နံမယ္(နာမည္)ကမၺည္း ဘယ္လိုတပ္ရမလဲလို႔ ဆိုတာေလး အေတြးမွာျဖစ္မိသြားပါေတာ့တယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီနိုင်ငံ၊ Presicce မြို့လေးတွင် လာရောက်အခြေချနေထိုင်သူတိုင်းကို ဒေါ်လာ ၃၀၀၀၀ (မြန်မာငွေ သိန်း ၆၃၀) ပေးမည်
အီတလီနိုင်ငံ၊ Presicce မြို့လေးတွင် လာရောက်အခြေချနေထိုင်သူတိုင်းကို ဒေါ်လာ ၃၀၀၀၀ (မြန်မာငွေ သိန်း ၆၃၀) ပေးမည်
မန်ချက်စတာယူနိုက်တက်ကို ဒေါ်လာ ၇ ဘီလီယံဖြင့် ဝယ်ယူရန် စိတ်ဝင်စားနေသော Apple ကုမ္ပဏီ၏ CEO ဖြစ်သူ Tim Cook ၏ စံအိမ်
မန်ချက်စတာယူနိုက်တက်ကို ဒေါ်လာ ၇ ဘီလီယံဖြင့် ဝယ်ယူရန် စိတ်ဝင်စားနေသော Apple ကုမ္ပဏီ၏ CEO ဖြစ်သူ Tim Cook ၏ စံအိမ်
ရင်သပ်ရှုမောဖွယ် နောင်ချိုမြို့ တိမ်ပင်လယ်အလှ
ရင်သပ်ရှုမောဖွယ် နောင်ချိုမြို့ တိမ်ပင်လယ်အလှ
မီရှဲယိုနှင့် အသက် ၇၃ နှစ်အရွယ်ခင်ပွန်း ဘီလျံနာတို့ နေထိုင်သော ဆွစ်ဇာလန်မှ စံအိမ်
မီရှဲယိုနှင့် အသက် ၇၃ နှစ်အရွယ်ခင်ပွန်း ဘီလျံနာတို့ နေထိုင်သော ဆွစ်ဇာလန်မှ စံအိမ်
ကလေးမရနိုင်သောကြောင့် ငိုကြွေးနေရသူ ဆလီနာဂိုမက်ဇ်၏ လော့စ်အိန်ဂျလိစံအိမ်
ကလေးမရနိုင်သောကြောင့် ငိုကြွေးနေရသူ ဆလီနာဂိုမက်ဇ်၏ လော့စ်အိန်ဂျလိစံအိမ်
တရုတ်ပြည်တွင် မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၁၃ နှစ်၊ဒဏ်ငွေယွမ် သန်း ၆၀၀ (ဒေါ်လာ ၈၃ သန်း ) ချမှတ်ခံရသော နာမည်ကြီး ပေါ့ပ်ကြယ်ပွ
တရုတ်ပြည်တွင် မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၁၃ နှစ်၊ဒဏ်ငွေယွမ် သန်း ၆၀၀ (ဒေါ်လာ ၈၃ သန်း ) ချမှတ်ခံရသော နာမည်ကြီး ပေါ့ပ်ကြယ်ပွ
ခြအကြောင်းနှင့် ခြရှင်းနည်း.....
ခြအကြောင်းနှင့် ခြရှင်းနည်း.....
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Amazon တည်ထောင်သူ Jeff Bezos က သူ၏ကြွယ်ဝမှု ကန်ဒေါ်လာ ၁၂၄ ဘီလီယံကို လှူဒါ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Amazon တည်ထောင်သူ Jeff Bezos က သူ၏ကြွယ်ဝမှု ကန်ဒေါ်လာ ၁၂၄ ဘီလီယံကို လှူဒါ
အင်္ဂလန်က ပေါင် ၄၀၀,၀၀၀ တန် စံအိမ်ကြီးကို ၃ ပေါင် (မြန်မာငွေ ၇၁၀၀ ကျပ်) မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
အင်္ဂလန်က ပေါင် ၄၀၀,၀၀၀ တန် စံအိမ်ကြီးကို ၃ ပေါင် (မြန်မာငွေ ၇၁၀၀ ကျပ်) မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နံပါတ် ၁ နေရာမှ ရေပန်းစားနေသော မက်ဆီ၏ အာဂျင်တီးနားအသင်း တည်းခို နေထိုင်သည့် ကာတာတက္ကသိုလ်အဆော
ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နံပါတ် ၁ နေရာမှ ရေပန်းစားနေသော မက်ဆီ၏ အာဂျင်တီးနားအသင်း တည်းခို နေထိုင်သည့် ကာတာတက္ကသိုလ်အဆော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

billionaire
61-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store