ကိုယ်အသုံးပြုနေတဲ့ သစ်ဟာ ဘယ်အမျိုးအစားထဲမှ ပါသလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
1953 Views

ကိုယ်အသုံးပြုနေတဲ့ သစ်ဟာ ဘယ်အမျိုးအစားထဲမှ ပါသလဲ ?

Knowledge | Posted by Aye Myat Thu

[Unicode]

 

သစ်အတန်းအစားများ

အဆောက်အဦး လုပ်ငန်းများတွင် နေရာအလိုက်အသုံးပြုနိုင်ရန် သစ်အတန်းအစားများကို အပြစ်အနာများ အလျောက် ခွဲခြားသတ်မှတ်ထားပါသည်။

 

ပထမတန်းစားသစ်

ပထမတန်းစားသစ်တွင် ကျွန်း ၊ ပျဥ်းကတိုး ၊ ပိတောက် ၊ သစ်ရာ ၊ အင်ကြင်း ၊ ယမနေ ၊ တမလန်း ၊ သင်္ကန်းစသည်တို့ ပါဝင်သည်။ ၎င်းသစ်သား၏ အရည်အသွေး အညံ့ဆုံးသော အပိုင်းပင်လျှင် အပြစ်အနာအဆာမရှိသောသစ် ခံနိုင်ရည်အား၏ 75% အနည်းဆုံးခံနိုင်ရမည်။

ပထမတန်းစားသစ်များဖြင့် အဆောက်အဦ ဆောက်လုပ်မည် ဆိုပါက အနည်းဆုံး အနှစ် 100 ကျော်မျှ အသုံးပြုနိုင်မည် ။

 

ဒုတိယတန်းစားသစ်

ဒုတိယတန်းစားသစ်တွင် နှော ၊ စကားဝါ ၊ ဘင်္ဂ၊ ယင်းမာ ၊ တောင်တမာ ၊ သစ်ခါး ၊ ကရှစ် ၊ သစ်ရှို ၊ သဒီ၊ သစ်ကတိုး ၊ သစ်စည်း ၊ သင်္ဂဒူ ၊ မှန်သင်၊ သင်းဝင် စသည်တို့ပါဝင်သည်။

၎င်းသစ်သား၏ အညံ့ဆုံးသော အပိုင်းပင်လျှင် ခံနိုင်ရည်အားသည် အပြစ်အနာအဆာမရှိသောသစ် ခံနိုင်ရည်အား၏ 60% အနည်းဆုံးရှိရမည်။

ဒုတိယတန်းစားသစ်မှာ အနှစ် လေးငါဆယ်ခန့် အသုံးပြုနိုင်သည်။

တတိယတန်းစားသစ်

၎င်းသစ်အမျိုးအစားမှာ အင်၊ ကညင်၊ ထောက်ကြန့် ၊ ကောက်မှု ၊ သပြေ ၊ ပျဥ်းမ ၊ ဖန်ခါး ၊ ကုက္ကိုလ် ၊ တောင်ပိန်းနဲ ၊ သရဖီ ၊ ရင်ကပ်၊ ကျနဲ ၊ ကညောင် ၊ မဏိသြဂတ စသည်တို့ဖြစ်သည်။၎င်းအမျိုးအစာ သစ်သား၏ ဖြတ်ပိုင်းဧရိယာသည် ၂၄ စတုရန်းလက်မထက် မပိုချေ။ ဝန်အလေးများကို တိုက်ရိုက်ထမ်းဆောင်ရမည့် နေရာများတွင် ၎င်းသစ်အမျိုးအစားကို မသုံးရချေ။ ထိုသစ်သား၏ အညံ့ဆုံး အစိတ်အပိုင်းပင်လျှင် ခံနိုင်ရည်အားသည် အပြစ်အနာအဆာ မရှိသော သစ် ခံနိုင်အား၏ 40% အနည်းဆုံး ရှိရမည်။တတိယတန်းစားသစ်မှာ ၁၅နှစ်မှ အနှစ် ၂၀ ကျော်အထိ အသုံးပြုနိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: original writer

 

 

[Zawgyi]


 

သစ်အတန်းအစားများ


 

ပထမတန်းစားသစ်



 

ဒုတိယတန်းစားသစ်



 

တတိယတန်းစားသစ်






Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service