အလှူရှင်တွေကြောင့် အိမ်ကလေးတစ်လုံးပိုင်သွားပြီ (မေတ္တာသည်သာ ကြည်နူးရာ) - Property News in Myanmar from iMyanmarHouse.com
1680 Views

အလှူရှင်တွေကြောင့် အိမ်ကလေးတစ်လုံးပိုင်သွားပြီ (မေတ္တာသည်သာ ကြည်နူးရာ)

[Unicode]

စေတနာတွေ မနွမ်းပါးကြသေးပါလား။မိသားစုဘဝတစ်ခုအတွက် ထိုက်သင့်တဲ့ အမိုးအကာလေးတွေ ပေးလှူတာကို မြင်တွေ့ခဲ့ရပါတယ်။

ကျွန်တော်ရှေ့ကရေးခဲ့တဲ့ မျက်ရည်ကြွေလင့် ရှိုက်သံနင့်နင့်(အိမ်ခြေရာမဲ့ အသိုက်အအုံများ) ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ မြောက်ဒဂုံ ၅၀ ကွေ့နားက ရေမြောင်းပုံးအောက်က နေရာလွတ်လျှိုထဲ နေထိုင်ကြတဲ့ မိသားတစ်စု အခုတော့ ထိုက်သင့်တဲ့ နေစရာလေးကို ပိုင်ဆိုင်သွားပါပြီ။

ဒီနေစရာလေးကို ပထမဦးဆုံး သူတို့မိသားစုကို စားစရာလာလှူတဲ့ ကိုထွန်းမင်းကပဲ ကမကထလုပ်ပြီး စေတနာထားကြတဲ့ အလှူရှင်တွေရဲ့ စုပေါင်းအားနဲ့ ဖော်ဆောင်ပေးခဲ့ကြတာ ဖြစ်ကြောင်းသိရပါတယ်။

အစစခက်ခဲ ကျပ်တည်းနေတဲ့ ကာလဆိုးကြီးမှာ မိသားစုတစ်စုအတွက် နားခိုကျောချစရာလေးတစ်ခုဖန်တီး ပေးကြတဲ့အလှူရှင်တွေကို ဘာမှမဆိုင်တဲ့မိမိက သူတို့မိသားစုအစား ဝမ်းမြောက်ကျေးဇူးတင်မိပါတယ်။

ဗိုက်ဟောင်းလောင်းနဲ့အစားအစာကို မျှော်လင့်နေကြတဲ့ ပါးစပ်ပေါက်တွေ၊နားခိုရာ အသိုက်အမြုံလိုအပ်နေတဲ့ မိသားစုတွေဟာ ကျွန်တော်တို့ရဲ့ အနီးအဝေးမှာ အများအပြားရှိနေဦးမှာပါပဲ။လှူနိုင်တဲ့အလှူ့ရှင်တွေကလည်း လက်လှမ်း မီရာကို တတ်နိုင်သလောက် လှူနေကြမှာပါ။ ဖြည့်မလောက်တဲ့ မိသားစု အခြေအနေတွေကလည်း ကုန်မယ်မထင်ပါဘူး။

သာသူကလှူ၊ပြည့်သူက ဖြည့်ပေး၊လဲသူကို ထူပေးလို့ အမိုးအကာ အရံအတားလေးတွေနဲ့ နွေးထွေးတဲ့ မိသားစုလေးတွေ ဖြစ်တည်ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပေးခဲ့တာလေးက အကောင်းကြီး မဟုတ်ပေမဲ့ သူတို့မိသားစုအတွက် စိတ်ချလက်ချ ကျောချစရာလေးတစ်ခုအဖြစ် ရရှိပိုင်ဆိုင်ခွင့်ကြုံလိုက်ရပြီ။

အဲဒီအလှူအပေါ်ဝမ်းသာကြည်နူးမှုဖြစ်ရပါတယ်။တကယ်တော့ စားရေးသူမိမိကိုယ်တိုင်လည်း အိမ်ပိုင်ဆိုင်မှု မရှိသေးပါ။ အလုပ်လေးရှိတော့ နေစရာအတွက် ငှားနေနိုင်သေးတာပေါ့။အခုကာလမှာ သာမန်သူတွေတောင်မှ ရပ်တည်ဖို့အခက်အခဲ ဖြစ်နေကြပါတယ်။

 

အလုပ်အကိုင်မရှိသူတွေအနေနဲ့ ဘဝကြီးမှာ ရုန်းကန်ရပ်တည်ဖို့မလွယ်လှပါဘူး။မလွယ်လှလို့လည်း တချို့သောမိသားစုတွေဟာ ရခဲလှတဲ့လူ့ဘဝကနေ လွတ်မြောက်အောင် ထွက်ပြေးသွားတာတွေကိုလည်း ရင်နင့်ဖွယ်တွေ့မြင် နေရပါတယ်။

အလှူ့ရှင်တွေဟာ နေရာတိုင်း လူတိုင်းကိုမကူညီနိုင်ပေမဲ့ ကူညီခွင့်ရလို့ ကူညီခံလိုက်ရတဲ့ မိသားစု အတွက်တော့ လူ့လောကမှာ နေခွင့်လေး၊ရှေ့ဆက်ခွင့်လေး ရသွားတာပေါ့ဗျာ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အလွဴရွင္ေတြေၾကာင့္ အိမ္ကေလးတစ္လုံးပိုင္သြားၿပီ (ေမတၱာသည္သာ ၾကည္နူးရာ)

 

ေစတနာေတြ မႏြမ္းပါးၾကေသးပါလား။မိသားစုဘဝတစ္ခုအတြက္ ထိုက္သင့္တဲ့ အမိုးအကာေလးေတြ ေပးလွဴတာကို ျမင္ေတြ႔ခဲ့ရပါတယ္။

ကၽြန္ေတာ္ေရွ႕ကေရးခဲ့တဲ့ မ်က္ရည္ေၾကြလင့္ ရိႈက္သံနင့္နင့္(အိမ္ေျခရာမဲ့ အသိုက္အအုံမ်ား) ေဆာင္းပါးမွာ ေဖာ္ျပခဲ့တဲ့ ေျမာက္ဒဂုံ ၅၀ ေကြ႔နားက ေရေျမာင္းပုံးေအာက္က ေနရာလြတ္လွ်ိဳထဲ ေနထိုင္ၾကတဲ့ မိသားတစ္စု အခုေတာ့ ထိုက္သင့္တဲ့ ေနစရာေလးကို ပိုင္ဆိုင္သြားပါၿပီ။

ဒီေနစရာေလးကို ပထမဦးဆုံး သူတို႔မိသားစုကို စားစရာလာလွဴတဲ့ ကိုထြန္းမင္းကပဲ ကမကထလုပ္ၿပီး ေစတနာထားၾကတဲ့ အလွဴရွင္ေတြရဲ႕ စုေပါင္းအားနဲ႔ ေဖာ္ေဆာင္ေပးခဲ့ၾကတာ ျဖစ္ေၾကာင္းသိရပါတယ္။

အစစခက္ခဲ က်ပ္တည္းေနတဲ့ ကာလဆိုးႀကီးမွာ မိသားစုတစ္စုအတြက္ နားခိုေက်ာခ်စရာေလးတစ္ခုဖန္တီး ေပးၾကတဲ့အလွဴရွင္ေတြကို ဘာမွမဆိုင္တဲ့မိမိက သူတို႔မိသားစုအစား ဝမ္းေျမာက္ေက်းဇူးတင္မိပါတယ္။

ဗိုက္ေဟာင္းေလာင္းနဲ႔အစားအစာကို ေမွ်ာ္လင့္ေနၾကတဲ့ ပါးစပ္ေပါက္ေတြ၊နားခိုရာ အသိုက္အၿမဳံလိုအပ္ေနတဲ့ မိသားစုေတြဟာ ကၽြန္ေတာ္တို႔ရဲ႕ အနီးအေဝးမွာ အမ်ားအျပားရွိေနဦးမွာပါပဲ။လွဴႏိုင္တဲ့အလွဴ႕ရွင္ေတြကလည္း လက္လွမ္း မီရာကို တတ္ႏိုင္သေလာက္ လွဴေနၾကမွာပါ။ ျဖည့္မေလာက္တဲ့ မိသားစု အေျခအေနေတြကလည္း ကုန္မယ္မထင္ပါဘူး။

သာသူကလွဴ၊ျပည့္သူက ျဖည့္ေပး၊လဲသူကို ထူေပးလို႔ အမိုးအကာ အရံအတားေလးေတြနဲ႔ ေႏြးေထြးတဲ့ မိသားစုေလးေတြ ျဖစ္တည္ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ကၽြန္ေတာ္ဆုေတာင္းေပးခဲ့တာေလးက အေကာင္းႀကီး မဟုတ္ေပမဲ့ သူတို႔မိသားစုအတြက္ စိတ္ခ်လက္ခ် ေက်ာခ်စရာေလးတစ္ခုအျဖစ္ ရရွိပိုင္ဆိုင္ခြင့္ႀကဳံလိုက္ရၿပီ။

အဲဒီအလွဴအေပၚဝမ္းသာၾကည္ႏူးမႈျဖစ္ရပါတယ္။တကယ္ေတာ့ စားေရးသူမိမိကိုယ္တိုင္လည္း အိမ္ပိုင္ဆိုင္မႈ မရွိေသးပါ။ အလုပ္ေလးရွိေတာ့ ေနစရာအတြက္ ငွားေနႏိုင္ေသးတာေပါ့။အခုကာလမွာ သာမန္သူေတြေတာင္မွ ရပ္တည္ဖို႔အခက္အခဲ ျဖစ္ေနၾကပါတယ္။

အလုပ္အကိုင္မရွိသူေတြအေနနဲ႔ ဘဝႀကီးမွာ ရုန္းကန္ရပ္တည္ဖို႔မလြယ္လွပါဘူး။မလြယ္လွလို႔လည္း တခ်ိဳ႕ေသာမိသားစုေတြဟာ ရခဲလွတဲ့လူ႔ဘဝကေန လြတ္ေျမာက္ေအာင္ ထြက္ေျပးသြားတာေတြကိုလည္း ရင္နင့္ဖြယ္ေတြ႔ျမင္ ေနရပါတယ္။

အလွဴ႕ရွင္ေတြဟာ ေနရာတိုင္း လူတိုင္းကိုမကူညီႏိုင္ေပမဲ့ ကူညီခြင့္ရလို႔ ကူညီခံလိုက္ရတဲ့ မိသားစု အတြက္ေတာ့ လူ႔ေလာကမွာ ေနခြင့္ေလး၊ေရွ႕ဆက္ခြင့္ေလး ရသြားတာေပါ့ဗ်ာ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service