ကျေးဇူးတင်လိုက်ပါ သမီးရေ..... - Property Knowledge in Myanmar from iMyanmarHouse.com
3435 Views
ကျေးဇူးတင်လိုက်ပါ သမီးရေ.....
Knowledge | Posted by Si Thu Aung
[Unicode]
အတိတ်ကပြုတဲ့ ကံတွေကြောင့် အခုသူ့ဘဝလေးက ဒီလိုဖြစ်လာပုံရတယ်။ကံကြမ္မာရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်ကို ဘယ်သူမှ မတွက်ဆနိုင်ပါဘူး။ပေးဆပ်ဖို့ကျန်သေးလား။ဒီလို ပေးဆပ်မှုက နောက်ဆုံးလား။ နောက်ဆုံးသာ ဖြစ်ပါစေလို့ ဆုတောင်းမိတယ်။
ဖြစ်သူကအဟောင်းပေါ့ သမီးလေးရေ။ဝဋ်ကြွေးရှိလို့ ခံရပြီ။ဒီဘဝနှင့်ပြီးပါစေ။ကိုယ့်ကို အကောင်းဆုံး မွေးပေးခဲ့တာကိုပဲ မိဘတွေကိုကျေးဇူးတင်လိုက်ပါတော့ သမီးရေ။
ပြုသူဖြစ်တဲ့ မိဘတွေကလည်း ဘယ်လိုအကြောင်းကြောင်းတွေကြောင့် သမီးလေးကို စွန့်ပစ်ခဲ့ကြသလဲ။ ဒါတွေကို သမီလေး အသိလေးတွေရလာတဲ့အချိန်မှာ ဖွေရှာစမ်းစစ်ပြီး အပြစ်တင်မနေပါနဲ့တော့။
သမီးမှာကုသိုလ်ဒါနတွေရှိခဲ့မှာပါ။ဒါကြောင့်မို့ မိဘကစွန့်ပစ်ခဲ့ပေမဲ့ ချစ်သောသူများက ကောက်ယူ ကြွေးမွေးခဲ့ကြပြန် တာပေါ့။
ဟော…နောက်ထပ်ထင်ပေါ်ဖို့ရန်လည်း သမီးမှာ အတိတ်ရဲ့ ကုသိုလ်ပါရမီတွေ ပါရှိပုံရတယ်လေ။ဒီကုသိုလ် ပါရမီကြောင့် သမီးလေးဘဝကထင်ပေါ်လာရဦးမှာပါပဲ။လူတိုင်းရဲ့ ဘဝတွေဟာ အကုသိုလ်နဲ့ ကုသိုလ် တွဲယှဉ်ဖြစ်တည်လာကြတာပါ။စံစားမှုစောခဲ့ပြီး ခံရမှုနောက်ကျတဲ့ ဘဝတွေလည်းရှိကြတာပါပဲ။
သမီးလည်း မိဘကစွန့်ပစ်ခြင်းဆိုတဲ့ ကြီးမားတဲ့အကုသိုလ်ကံကြီးကို အရင်ခံရပေမဲ့။အတိတ်ကပြုခဲ့တဲ့ ကုသိုလ်တရားက သမီးကိုပြန်ပြီး အထောက်အကူပြုပေးနေတာကလည်း အထင်အရှားပဲမို့လား။
ဒီကုသိုလ်ကံကို မယုတ်လျော့အောင် ပိုပြီးတိုးပွားအောင်သမီးလုပ်ရမှာနော်။ဒါမှလက်ရှိခံစားခဲ့ရတဲ့ ဖြစ်စဉ်မျိုးနောင်မှာ ကင်းရှင်းမှာပေါ့သမီးရေ။
အဆိုးထဲက အကောင်းလေးတွေဖြစ်လာနေပြီလေ သမီးရဲ့။မြေတောင်မြှောက်ကြမယ့်သူတွေ သမီးလေးဆီကို ရောက်လာနေကြပြီမို့လား။
ဘဝကအဆိုးကြီးထဲမလာပါဘူး။အဆိုးအကောင်းရောထွေးနေကြတာပါပဲ သမီးရေ။ဒီတော့သမီးရေ မိဘတွေကို ပြစ်တင်စိတ်စောမဖြစ်ဘဲ ကျေးဇူးတင်လိုက်ပါ။အခုသမီးကိုပြုစုစောင့်ရှောက် မြေတောင်မြှောက်ပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်လိုက်ပါ။
သမီးဘဝရှေ့လျှောက်လည်း အောင်မြင်မှုနဲ့အတူ ကုသိုလ်တရားတို့ တိုးပွားပါစေလို့ ဦးဦးက မေတ္တာရည်ကာ ဆုတောင်းလိုက်ပါတယ် သမီးရေ။
YGW ပရဟိတ မိဘမဲ့ကျောင်းက သမီးငယ်လေး”ဆုလဲ့ရည်မျိုးဆက်”အတွက် ရည်စူးရေးဖွဲ့လိုက်ရပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Photo Credit
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Photo Credit
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
Upcoming Property Events
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service