ပဉ္စငါးပါးလုံးဆေးဖက်ဝင်တဲ့ ကနဖော့ - Property Knowledge in Myanmar from iMyanmarHouse.com
2257 Views

ပဉ္စငါးပါးလုံးဆေးဖက်ဝင်တဲ့ ကနဖော့

Knowledge | Posted by Shwe Zin Win

[Unicode]

 

မျိုးရင်း။ ။ Compositae (နေကြာမျိုးရင်း)

ရုက္ခဗေဒအမည်။ ။ Enhydra fluctuans Lour

အခေါ်အဝေါ်-

မြန်မာအမည် - ကနဖော့

ပုံသဏ္ဌာန် -

အပင်

ရေစပ်ရွှံ့နွံများ၌ ပေါက်သည့် ပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်သည်။ အမြင့် ၁ -၂ ပေထိရှိ၏။ တစ်ပင်လုံးပြောင်ချောနေသည်။ သို့မဟုတ် တစ်ခါတစ်ရံ အမွှေးနုများ ဖုံးလွှမ်းနေသည်။ ကိုင်းဖြာသည်။ အဆစ်များမှ ဖော့ကဲ့သို့ပေါ့ပါးသော အဖြူရောင်အမြစ်များထွက်သည်။

အရွက်

ရွက်ဆိုင်အလှည့်ကျထွက်သည်။ အရွက်များသေးသွယ်ပြီး ငှက်တောင်ပုံရှိသည်။ ၁ လက်မမှ ၃ လက်မထိ ရှည်သည်။ ရွက်ရင်း ကျဉ်းသွယ်သည်။ ရွက်ညှာမဲ့၍ ရွက်နားညီသည်။ သို့မဟုတ် သေးငယ်သော ခွေးသွားစိပ်များရှိသည်။

အပွင့်

စိမ်းနုရောင်ရှိသည်။ ပွင့်ညှာမဲ့သည်။ ထိပ်ထွက် ပန်းပွင့်ဖြစ်သည်။ ပွင့်ချိန်မှာ သီတင်းကျွတ်လမှ တပေါင်းလအထိဖြစ်သည်။

အသီး

တစ်စေ့သီးဖြစ်သည်။

ပေါက်ရောက်သည့်ဒေသ

အလွန်အေးသော အရပ်ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြား ရေချိုပိုင်း ရေစပ်များတွင် ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ

သဘာဝအလျောက် အလေ့ကျပေါက်သည်။

အသုံးပြုသည့်အစိတ်အပိုင်း

ပဉ္စငါးပါး၊ အများအားဖြင့် အရွက်ကိုသုံးသည်။

အာနိသင်

မြန်မာ့ဆေးကျမ်းအလိုရ ကနဖော့သည် ငန်ခါးအရသာရှိသည်။ အေးသောသတ္တိရှိသည်။ အနည်းငယ်ဝမ်းသက်စေသည်။ သည်းခြေ၊ သလိပ်ကိုနိုင်သည်။ ဖောရောင်ခြင်း၊ နူနာ၊ အရေပြားရောဂါ၊ ချောင်းဆိုးရောဂါစသည်တို့မှ ကင်းဝေးစေ၏။

အသုံးဝင်ပုံ

အရွက်

(၁) အရွက်ကိုကြိတ်၍ ဦးခေါင်းတွင် အုံပေးခြင်းဖြင့် ဦးနှောက်ပူခြင်းကိုအေးစေသည်။ အရေပြားနှင့် အကြောရောဂါများအတွက်လည်း သုံးသည်။

(၂) အရွက်ရည်ကို နွားနို့နှင့်ဖြစ်စေ၊ ဆိတ်နို့နှင့်ဖြစ်စေ သောက်သုံးခြင်းဖြင့် ဆီးပူညောင်းကျနာကို ပျောက်စေသည်။

ပဉ္စငါးပါး

(၁) ကနဖော့ကိုပြုတ်၍ တို့စားခဲ့သော်လည်းကောင်း၊ ပြုတ်ရည်ဖြင့် ချွေးအောင်းခဲ့သော်လည်းကောင်း ဖောရောင်ခြင်းပျောက်၏။

(၂) ကနဖော့ပဉ္စငါးပါးရည် အနည်းငယ်မျှသောက်သော် ကျောက်ဖြူပေါက်သော ရောဂါ၊ အရေပြားရောဂါ၊ ခြင်ဆီတိုးသော ရောဂါများပျောက်ကင်း၏။

(၃) ကနဖော့ရည်ကို ပျားရည်နှင့်ရောသောက်သော် ကျောက်ရောဂါကို ပျောက်ကင်း၏။

(၄) ကနဖော့တစ်ပင်လုံးအား ဆန်ဆေးရည်၊ မုန်ညင်းဆီထည့်၍ ပြုတ်ပြီး ဆားအနည်းငယ် ထည့်သောက်ခြင်း ဖြင့် အသည်းအားနည်းသော ရောဂါများပျောက်ကင်းစေ၏။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

 

[Zawgyi]

ပၪၥငါးပါးလုံးေဆးဖက္ဝင္တဲ့ ကနေဖာ့

 

မ်ိဳးရင္း။ ။ Compositae (ေနၾကာမ်ိဳးရင္း)

႐ုကၡေဗဒအမည္။ ။ Enhydra fluctuans Lour

အေခၚအေဝၚ-

ျမန္မာအမည္ - ကနေဖာ့

ပုံသဏၭာန္ -

အပင္

ေရစပ္႐ႊံ႕ႏြံမ်ား၌ ေပါက္သည့္ ပင္ေပ်ာ့ပင္ငယ္တစ္မ်ိဳးျဖစ္သည္။ အျမင့္ ၁ -၂ ေပထိ႐ွိ၏။ တစ္ပင္လုံးေျပာင္ေခ်ာေနသည္။ သို႔မဟုတ္ တစ္ခါတစ္ရံ အေမႊးႏုမ်ား ဖုံးလႊမ္းေနသည္။ ကိုင္းျဖာသည္။ အဆစ္မ်ားမွ ေဖာ့ကဲ့သို႔ေပါ့ပါးေသာ အျဖဴေရာင္အျမစ္မ်ားထြက္သည္။

အ႐ြက္

႐ြက္ဆိုင္အလွည့္က်ထြက္သည္။ အ႐ြက္မ်ားေသးသြယ္ၿပီး ငွက္ေတာင္ပုံ႐ွိသည္။ ၁ လက္မမွ ၃ လက္မထိ ႐ွည္သည္။ ႐ြက္ရင္း က်ဥ္းသြယ္သည္။ ႐ြက္ညႇာမဲ့၍ ႐ြက္နားညီသည္။ သို႔မဟုတ္ ေသးငယ္ေသာ ေခြးသြားစိပ္မ်ား႐ွိသည္။

အပြင့္

စိမ္းႏုေရာင္႐ွိသည္။ ပြင့္ညႇာမဲ့သည္။ ထိပ္ထြက္ ပန္းပြင့္ျဖစ္သည္။ ပြင့္ခ်ိန္မွာ သီတင္းကြၽတ္လမွ တေပါင္းလအထိျဖစ္သည္။

အသီး

တစ္ေစ့သီးျဖစ္သည္။

ေပါက္ေရာက္သည့္ေဒသ

အလြန္ေအးေသာ အရပ္ေဒသမ်ားမွအပ ျမန္မာႏိုင္ငံအႏွံ႔အျပား ေရခ်ိဳပိုင္း ေရစပ္မ်ားတြင္ ေပါက္ေရာက္သည္။

ေပါက္ေရာက္ပုံ

သဘာဝအေလ်ာက္ အေလ့က်ေပါက္သည္။

အသုံးျပဳသည့္အစိတ္အပိုင္း

ပၪၥငါးပါး၊ အမ်ားအားျဖင့္ အ႐ြက္ကိုသုံးသည္။

အာနိသင္

ျမန္မာ့ေဆးက်မ္းအလိုရ ကနေဖာ့သည္ ငန္ခါးအရသာ႐ွိသည္။ ေအးေသာသတၱိ႐ွိသည္။ အနည္းငယ္ဝမ္းသက္ေစသည္။ သည္းေျခ၊ သလိပ္ကိုႏိုင္သည္။ ေဖာေရာင္ျခင္း၊ ႏူနာ၊ အေရျပားေရာဂါ၊ ေခ်ာင္းဆိုးေရာဂါစသည္တို႔မွ ကင္းေဝးေစ၏။

အသုံးဝင္ပုံ

အ႐ြက္

(၁) အ႐ြက္ကိုႀကိတ္၍ ဦးေခါင္းတြင္ အုံေပးျခင္းျဖင့္ ဦးေႏွာက္ပူျခင္းကိုေအးေစသည္။ အေရျပားႏွင့္ အေၾကာေရာဂါမ်ားအတြက္လည္း သုံးသည္။

(၂) အ႐ြက္ရည္ကို ႏြားႏို႔ႏွင့္ျဖစ္ေစ၊ ဆိတ္ႏို႔ႏွင့္ျဖစ္ေစ ေသာက္သုံးျခင္းျဖင့္ ဆီးပူေညာင္းက်နာကို ေပ်ာက္ေစသည္။

ပၪၥငါးပါး

(၁) ကနေဖာ့ကိုျပဳတ္၍ တို႔စားခဲ့ေသာ္လည္းေကာင္း၊ ျပဳတ္ရည္ျဖင့္ ေခြၽးေအာင္းခဲ့ေသာ္လည္းေကာင္း ေဖာေရာင္ျခင္းေပ်ာက္၏။

(၂) ကနေဖာ့ပၪၥငါးပါးရည္ အနည္းငယ္မွ်ေသာက္ေသာ္ ေက်ာက္ျဖဴေပါက္ေသာ ေရာဂါ၊ အေရျပားေရာဂါ၊ ျခင္ဆီတိုးေသာ ေရာဂါမ်ားေပ်ာက္ကင္း၏။

(၃) ကနေဖာ့ရည္ကို ပ်ားရည္ႏွင့္ေရာေသာက္ေသာ္ ေက်ာက္ေရာဂါကို ေပ်ာက္ကင္း၏။

(၄) ကနေဖာ့တစ္ပင္လုံးအား ဆန္ေဆးရည္၊ မုန္ညင္းဆီထည့္၍ ျပဳတ္ၿပီး ဆားအနည္းငယ္ ထည့္ေသာက္ျခင္း ျဖင့္ အသည္းအားနည္းေသာ ေရာဂါမ်ားေပ်ာက္ကင္းေစ၏။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိ
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိ

Upcoming Property Events

From 25 Oct To 26 Oct

Magical World Apartment

Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service