ဟောလိဝုဒ်အက်ရှင်ကြယ်ပွင့် ကီနူးရိဗ်၏ လော့စ်အိန်ဂျလိစံအိမ်

ဟောလိဝုဒ်အက်ရှင်ကြယ်ပွင့် ကီနူးရိဗ်၏ လော့စ်အိန်ဂျလိစံအိမ် - Property News in Myanmar from iMyanmarHouse.com
29 Aug 2022 11:24 am တွင် တင်ခဲ့သည်
1192 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့ရှိ ဟောလိဝုဒ်ဟေးလ်အရပ်သည် ကမ္ဘာကျော် ထိပ်သီးအကျော်အမော်တို့၏ စံအိမ်များ တည်ရှိရာနေရာဖြစ်ပြီး လွန်စွာသာယာလှပသည့် ရှုမျှော်ခင်းအလှတရားများဖြင့် ကမ္ဘာကျော်သည့်နေရာ ဖြစ်သည်။

ယခုဆောင်းပါးတွင် အက်ရှင်ဂန္ထဝင်ကြယ်ပွင့် ကီနူးရိဗ်၏ စံအိမ်အကြောင်း တင်ပြသွားပါမည်။

(ကီနူးရိဗ်နှင့် လက်တွဲဖော် အလက်ဇန္ဒြား ဂရန့်တို့ကို Gucci က ကြီးမှူးကျင်းပသော 2019 Art + Film ပွဲတော်တွင် တွေ့ရပုံ)

ထိုသို့ ထိပ်သီးတို့၏ ဒေသတွင် အခြေချနေထိုင်သူတစ်ဦးမှာ ဟောလိဝုဒ်၏ အထင်ကရ ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ အက်ရှင်မင်းသား ကီနူးရိဗ်ဖြစ်သည်။

ကီနူးရိဗ်သည် လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်၏ ဈေးအကြီးဆုံး၊ အခမ်းနားဆုံး စံအိမ်တစ်လုံးတွင် နေထိုင်ခြင်း ဖြစ်သည်။

ထိုဒေသတွင် လီယိုနာဒို ဒီကာပရီယို၊ Calvin Klein ၊ အေရီယာနာ ဂရန်ဒီတို့ကဲ့သို့ ရုပ်ရှင်မင်းသားများ၊ ရုပ်ရှင်ထုတ်လုပ်သူများ၊ ဖက်ရှင်ဒီဇိုင်နာများ၊ အဆိုတော်များ နေထိုင်ကြသည်။

ကီနူးရိဗ်၏ စံအိမ်ဝန်းအတွင်း ရေကူးကန်တစ်ခုပါဝင်ပြီး လော့စ်အိန်ဂျလိမြို့ကြီးကို အပေါ်စီးမှ တွေ့မြင်ရသော တောင်ကုန်းထိပ်တစ်ခုပေါ်တွင် တည်ရှိသည်။

ခြံဝန်းအကျယ်မှာ ဒသမ ၄၁ ဧကခန့်ရှိပြီး ကာလတန်ကြေး ကန်ဒေါ်လာ ၈ ဒသမ ၀၇ သန်းခန့် ရှိသည်ဟု ခန့်မှန်းရသည်။

သူ၏ စံအိမ်မှာ ပတ်ဝန်းကျင်ရှိ အလယ်အလတ်အရွယ်အစားရှိသော စံအိမ်ဝန်းများနှင့်ယှဉ်လျှင် အတော်ကြီးမားကျယ်ဝန်းသည်ဟု ဆိုနိုင်သည်။

မြေတန်ဖိုးမှာ ၂၀၁၃ ခုနှစ်က ကီနူးရိဗ်ဝယ်ယူခဲ့ပြီးနောက်ပိုင်း အဆမတန်မြင့်တက်ခဲ့ပြီး ခန့်မှန်းတန်ကြေး ကန်ဒေါ်လာ ၃ ဒသမ ၂၂ သန်းခန့် ရှိသည်။

ဤစံအိမ်တွင် ကီနူးရိဗ်က လက်တွဲဖော် အလက်ဇန္ဒြား ဂရန့်နှင့်အတူ နေထိုင်သည်။ ကီနူးရိဗ်၏ စံအိမ်ဝန်းအတွင်း ခြံတွင်း အကင်နေရာ၊ ခြံကွက်လပ်၊ ကား ၃ စင်းဆန့် ဂိုဒေါင်တစ်လုံးနှင့် လွန်စွာကြီးမားသော ရေကူးကန်တစ်ခုတို့ ပါဝင်သည်။

(ကီနူးရိဗ်စံအိမ်၊ ဟောလိဝုဒ်)

စံအိမ်အကျယ်အဝန်းမှာ ၅၆၀၇ စတုရန်းပေရှိပြီး ရေချိုးခန်း ၃ ခန်းနှင့် အိပ်ခန်း ၂ ခန်းဖြင့် ဖွဲ့စည်းထားသည်။

(ကီနူးရိဗ်နှင့် လက်တွဲဖော် အလက်ဇန္ဒြား ဂရန့်၏ ဟောလိဝုဒ်စံအိမ်- Google Street Maps ဓာတ်ပုံဖြစ်ပြီး ၂၀၂၁ က မြင်ကွင်းဖြစ်သည်)

(ကီနူးရိဗ်စံအိမ်၊ ၂၀၁၉ ခုနှစ် မြင်ကွင်း)

(ကီနူးရိဗ်စံအိမ်၊ လော့စ်အိန်ဂျလိ)

တောင်ကုန်းဆင်ခြေလျှောဆီ မျက်နှာမူသည့် စံအိမ်တွင် ကြီးမားကျယ်ပြောစွာ ထည့်သွင်းထားသည့် မှန်မျက်နှာစာရှိရာ စံအိမ်ဝန်းကျင်ရှိ သာယာလှပသော ရှုခင်းမြင်ကွင်းများကို ခံစားနိုင်သည်။

ကီနူးရိဗ်၏ ပြောကြားချက်အရ ယခုစံအိမ်ကို တွေ့လိုက်ချင်းပင် သူ၏ကိုယ်ပိုင်အိမ်ဖြစ်လိုစိတ်များ ပေါ်လာခဲ့သည်ဟု ဆိုသည်။

ထိုအချက်မှာ ယခုစံအိမ်ကို ဝယ်ယူလိုက်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ပြီး အခြားအကြောင်းရင်းမှာ သူ၏ ဂျစ်ပဆီဆန်ဆန် နေထိုင်မှုဟန်ကြောင့် နေရာအနှံ့ပြောင်းရွှေ့နေထိုင်သည့် သဘောလည်း ပါသည်။

ယခုစံအိမ်မှာ ကီနူးရိဗ်အတွက် အနားယူရန်၊ အတွေးနယ်ချဲ့ရန်နှင့် ဧည့်သည်များအား ဧည့်ခံရန် လုံခြုံကောင်းမွန်သည့် နေရာကောင်းလည်း ဖြစ်သည်။

(ကီနူးရိဗ်စံအိမ်- ၂၀၁၉ ခုနှစ်က ရိုက်ကူးခဲ့သော ဓာတ်ပုံ)

သို့သော် ယခုစံအိမ်ရှေ့တွင် ကမ္ဘာလှည့်ခရီးသည်များစွာ ရောက်ရှိကာ စုဝေးကြည့်ရှုနေတတ်ခြင်းက များစွာ စိတ်အနှောက်အယှက်ဖြစ်ရကြောင်း ကီနူးရိဗ်က ပြောသည်။ ထို့ကြောင့် ၎င်းတို့စုံတွဲ၏ တစ်ကိုယ်ရည်လွတ်လပ်မှုအတွက် အတားအဆီးနှင့် အခြားလုံခြုံရေး အစီအမံများစွာ ပြုလုပ်ခဲ့ရသည်။

စံအိမ်ကို နာမည်ကျော် ဗိသုကာပညာရှင်တစ်ဦးက ၁၉၈၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်ဟု ယူဆရပြီး ကီနူးရိဗ် ဝယ်ယူခဲ့သည်မှာ ၂၀၀၃ ခုနှစ်အတွင်း ဖြစ်သည်။

စံအိမ်၏ ဟန်ပန်မှာ ခေတ်ပြိုင်ဗိသုကာဟန်ဖြစ်ပြီး ပြင်ပ ပတ်ဝန်းကျင်နှင့် ထိတွေ့မှုကောင်းစွာရရန် ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ပြတင်းများထည့်သွင်းထားသည်။

ကီနူးရိဗ်သည် မာလီဘူးကမ်းခြေမြို့၊ ဟာဝိုင်အီနှင့် နယူးယောက်တို့တွင် စံအိမ်များစွာ ပိုင်ဆိုင်ထားသည်ဟု ပြောဆိုမှုများရှိသော်လည်း အဆိုပါပြောဆိုချက်များကို ကီနူးရိဗ်ကိုယ်တိုင်သော်လည်းကောင်း (သို့မဟုတ်) အခြားသတင်းရင်းမြစ်တစ်ခုခုက သော်လည်းကောင်း အတည်ပြုမှု ပေးခြင်းများ မရှိဖူးချေ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: An inside look at all the Keanu Reeves Houses (re-thinkingthefuture)

[Zawgyi]

ေဟာလိဝုဒ္အက္ရွင္ၾကယ္ပြင့္ ကီႏူးရိဗ္၏ ေလာ့စ္အိန္ဂ်လိစံအိမ္

အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕ရွိ ေဟာလိဝုဒ္ေဟးလ္အရပ္သည္ ကမၻာေက်ာ္ ထိပ္သီးအေက်ာ္အေမာ္တို႔၏ စံအိမ္မ်ား တည္ရွိရာေနရာျဖစ္ျပီး လြန္စြာသာယာလွပသည့္ ရႈေမွ်ာ္ခင္းအလွတရားမ်ားျဖင့္ ကမၻာေက်ာ္သည့္ေနရာ ျဖစ္သည္။

ယခုေဆာင္းပါးတြင္ အက္ရွင္ဂႏၳဝင္ၾကယ္ပြင့္ ကီႏူးရိဗ္၏ စံအိမ္အေၾကာင္း တင္ျပသြားပါမည္။

(ကီႏူးရိဗ္ႏွင့္ လက္တြဲေဖာ္ အလက္ဇျႏၵား ဂရန္႔တို႔ကို Gucci က ၾကီးမွဴးက်င္းပေသာ 2019 Art + Film ပြဲေတာ္တြင္ ေတြ႔ရပံု)

ထိုသို႔ ထိပ္သီးတို႔၏ ေဒသတြင္ အေျခခ်ေနထိုင္သူတစ္ဦးမွာ ေဟာလိဝုဒ္၏ အထင္ကရ ရုပ္ရွင္ဇာတ္ကားမ်ားစြာတြင္ ပါဝင္သရုပ္ေဆာင္ခဲ့သူ အက္ရွင္မင္းသား ကီႏူးရိဗ္ျဖစ္သည္။

ကီႏူးရိဗ္သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ေဟာလိဝုဒ္၏ ေစ်းအၾကီးဆံုး၊ အခမ္းနားဆံုး စံအိမ္တစ္လံုးတြင္ ေနထုိင္ျခင္း ျဖစ္သည္။

ထိုေဒသတြင္ လီယိုနာဒို ဒီကာပရီယို၊ Calvin Klein ၊ ေအရီယာနာ ဂရန္ဒီတို႔ကဲ့သို႔ ရုပ္ရွင္မင္းသားမ်ား၊ ရုပ္ရွင္ထုတ္လုပ္သူမ်ား၊ ဖက္ရွင္ဒီဇိုင္နာမ်ား၊ အဆိုေတာ္မ်ား ေနထုိင္ၾကသည္။

ကီႏူးရိဗ္၏ စံအိမ္ဝန္းအတြင္း ေရကူးကန္တစ္ခုပါဝင္ျပီး ေလာ့စ္အိန္ဂ်လိျမိဳ႕ၾကီးကို အေပၚစီးမွ ေတြ႔ျမင္ရေသာ ေတာင္ကုန္းထိပ္တစ္ခုေပၚတြင္ တည္ရွိသည္။

ျခံဝန္းအက်ယ္မွာ ဒသမ ၄၁ ဧကခန္႔ရွိျပီး ကာလတန္ေၾကး ကန္ေဒၚလာ ၈ ဒသမ ၀၇ သန္းခန္႔ ရွိသည္ဟု ခန္႔မွန္းရသည္။

သူ၏ စံအိမ္မွာ ပတ္ဝန္းက်င္ရွိ အလယ္အလတ္အရြယ္အစားရွိေသာ စံအိမ္ဝန္းမ်ားႏွင့္ယွဥ္လွ်င္ အေတာ္ၾကီးမားက်ယ္ဝန္းသည္ဟု ဆိုႏိုင္သည္။

ေျမတန္ဖိုးမွာ ၂၀၁၃ ခုႏွစ္က ကီႏူးရိဗ္ဝယ္ယူခဲ့ျပီးေနာက္ပိုင္း အဆမတန္ျမင့္တက္ခဲ့ျပီး ခန္႔မွန္းတန္ေၾကး ကန္ေဒၚလာ ၃ ဒသမ ၂၂ သန္းခန္႔ ရွိသည္။

ဤစံအိမ္တြင္ ကီႏူးရိဗ္က လက္တြဲေဖာ္ အလက္ဇျႏၵား ဂရန္႔ႏွင့္အတူ ေနထုိင္သည္။ ကီႏူးရိဗ္၏ စံအိမ္ဝန္းအတြင္း ျခံတြင္း အကင္ေနရာ၊ ျခံကြက္လပ္၊ ကား ၃ စင္းဆန္႔ ဂိုေဒါင္တစ္လံုးႏွင့္ လြန္စြာၾကီးမားေသာ ေရကူးကန္တစ္ခုတို႔ ပါဝင္သည္။

(ကီႏူးရိဗ္စံအိမ္၊ ေဟာလိဝုဒ္)

စံအိမ္အက်ယ္အဝန္းမွာ ၅၆၀၇ စတုရန္းေပရွိျပီး ေရခ်ဳိးခန္း ၃ ခန္းႏွင့္ အိပ္ခန္း ၂ ခန္းျဖင့္ ဖြဲ႔စည္းထားသည္။

(ကီႏူးရိဗ္ႏွင့္ လက္တြဲေဖာ္ အလက္ဇျႏၵား ဂရန္႔၏ ေဟာလိဝုဒ္စံအိမ္- Google Street Maps ဓာတ္ပံုျဖစ္ျပီး ၂၀၂၁ က ျမင္ကြင္းျဖစ္သည္)

(ကီႏူးရိဗ္စံအိမ္၊ ၂၀၁၉ ခုႏွစ္ ျမင္ကြင္း)

(ကီႏူးရိဗ္စံအိမ္၊ ေလာ့စ္အိန္ဂ်လိ)

ေတာင္ကုန္းဆင္ေျခေလွ်ာဆီ မ်က္ႏွာမူသည့္ စံအိမ္တြင္ ၾကီးမားက်ယ္ေျပာစြာ ထည့္သြင္းထားသည့္ မွန္မ်က္ႏွာစာရွိရာ စံအိမ္ဝန္းက်င္ရွိ သာယာလွပေသာ ရႈခင္းျမင္ကြင္းမ်ားကို ခံစားႏိုင္သည္။

ကီႏူးရိဗ္၏ ေျပာၾကားခ်က္အရ ယခုစံအိမ္ကို ေတြ႔လိုက္ခ်င္းပင္ သူ၏ကိုယ္ပိုင္အိမ္ျဖစ္လိုစိတ္မ်ား ေပၚလာခဲ့သည္ဟု ဆိုသည္။

ထိုအခ်က္မွာ ယခုစံအိမ္ကို ဝယ္ယူလိုက္ရျခင္း၏ အဓိကအေၾကာင္းရင္းျဖစ္ျပီး အျခားအေၾကာင္းရင္းမွာ သူ၏ ဂ်စ္ပဆီဆန္ဆန္ ေနထုိင္မႈဟန္ေၾကာင့္ ေနရာအႏွံ႔ေျပာင္းေရႊ႕ေနထုိင္သည့္ သေဘာလည္း ပါသည္။

ယခုစံအိမ္မွာ ကီႏူးရိဗ္အတြက္ အနားယူရန္၊ အေတြးနယ္ခ်ဲ႕ရႏ္ႏွင့္ ဧည့္သည္မ်ားအား ဧည့္ခံရန္ လံုျခံဳေကာင္းမြန္သည့္ ေနရာေကာင္းလည္း ျဖစ္သည္။

(ကီႏူးရိဗ္စံအိမ္- ၂၀၁၉ ခုႏွစ္က ရိုက္ကူးခဲ့ေသာ ဓာတ္ပံု)

သို႔ေသာ္ ယခုစံအိမ္ေရွ႕တြင္ ကမၻာလွည့္ခရီးသည္မ်ားစြာ ေရာက္ရွိကာ စုေဝးၾကည့္ရႈေနတတ္ျခင္းက မ်ားစြာ စိတ္အေႏွာက္အယွက္ျဖစ္ရေၾကာင္း ကီႏူးရိဗ္က ေျပာသည္။ ထို႔ေၾကာင့္ ၎တို႔စံုတြဲ၏ တစ္ကိုယ္ရည္လြတ္လပ္မႈအတြက္ အတားအဆီးႏွင့္ အျခားလံုျခံဳေရး အစီအမံမ်ားစြာ ျပဳလုပ္ခဲ့ရသည္။

စံအိမ္ကို နာမည္ေက်ာ္ ဗိသုကာပညာရွင္တစ္ဦးက ၁၉၈၈ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့သည္ဟု ယူဆရျပီး ကီႏူးရိဗ္ ဝယ္ယူခဲ့သည္မွာ ၂၀၀၃ ခုႏွစ္အတြင္း ျဖစ္သည္။

စံအိမ္၏ ဟန္ပန္မွာ ေခတ္ျပိဳင္ဗိသုကာဟန္ျဖစ္ျပီး ျပင္ပ ပတ္ဝန္းက်င္ႏွင့္ ထိေတြ႔မႈေကာင္းစြာရရန္ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိျမင့္မားေသာ ျပတင္းမ်ားထည့္သြင္းထားသည္။

ကီႏူးရိဗ္သည္ မာလီဘူးကမ္းေျချမိဳ႕၊ ဟာဝုိင္အီႏွင့္ နယူးေယာက္တို႔တြင္ စံအိမ္မ်ားစြာ ပိုင္ဆိုင္ထားသည္ဟု ေျပာဆိုမႈမ်ားရွိေသာ္လည္း အဆိုပါေျပာဆိုခ်က္မ်ားကို ကီႏူးရိဗ္ကိုယ္တိုင္ေသာ္လည္းေကာင္း (သို႔မဟုတ္) အျခားသတင္းရင္းျမစ္တစ္ခုခုက ေသာ္လည္းေကာင္း အတည္ျပဳမႈ ေပးျခင္းမ်ား မရွိဖူးေခ်။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: An inside look at all the Keanu Reeves Houses (re-thinkingthefuture)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
mya-villa
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service