ပုရွက်ဆိတ်တွေ့ရတဲ့နေရာတွေက ရည်ညွှန်းပြတဲ့ ကံကောင်းမှုနဲ့ ကြွယ်ဝချမ်းသာမှု အရိပ်အမြွက်များ - Property Knowledge in Myanmar from iMyanmarHouse.com
3513 Views

ပုရွက်ဆိတ်တွေ့ရတဲ့နေရာတွေက ရည်ညွှန်းပြတဲ့ ကံကောင်းမှုနဲ့ ကြွယ်ဝချမ်းသာမှု အရိပ်အမြွက်များ

Knowledge | Posted by Si Thu Aung

[Unicode]

ပုရွက်ဆိတ်တွေက အင်းဆက်ပိုးမွှားတွေထဲကမှ အစုအဝေးနဲ့ အလုပ်ကြိုးစားတဲ့ ပိုးမွှားတွေဖြစ်ပြီး စည်းမျဉ်းစည်းကမ်းနဲ့ နေထိုင်ကြသလို ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်ရှုပ်နေတဲ့ ပိုးမွှားတွေလည်းဖြစ်ပါတယ်။ ကျွန်တော်တို့နေအိမ်မှာလည်း ပုရွက်ဆိတ်တွေကို တွေ့မြင်ကြရပါတယ်။ သင်တို့ကော တိရစ္ဆာန်တွေ (သို့) အင်းဆက်ပိုးမွှားတွေရဲ့ အပြုအမူတွေနောက်ကွက်မှာ အကြောင်းအရင်း ရှိတယ်ဆိုတာ သိပါသလား။ ပုရွက်ဆိတ်တွေက သင့်ဘဝမှာ ကောင်းတာကော၊ ဆိုးတာကောဖြစ်လာမဲ့အကြောင်းကို အရိပ်အမြွက်တချို့ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပုရွက်ဆိတ်တွေက ကံကောင်းမှု၊ ကြွယ်ဝချမ်းသာမှုတွေနဲ့ ဆက်စပ်နေတယ်လို့လည်း ဆိုပါတယ်။

အနီရောင်နဲ့ အနက်ရောင်ပုရွက်ဆိတ်

အနက်ရောက်ပုရွက်ဆိတ်တွေကို မင်္ဂလာရှိတဲ့အတိတ်နိမိတ်လို့ ယူဆကြပါတယ်။ သင့်အိမ်အနီးနားမှာ အနက်ရောင်ပုရွက်ဆိတ်တွေကို မြင်ရင် မကြာခင် ဥစ္စာဓနပေါများလာမယ်လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒါရဲ့ဆန့်ကျင်ဘက်ကတော့ အနီရောင်ပုရွက်ဆိတ်တွေကို ကံဆိုးမှုတွေသယ်လာတယ်လို့ ယူဆကြပါတယ်။ သင့်အိမ်မှာ အနီရောင်ပုရွက်ဆိတ်ရှိမယ်ဆိုရင် ဒါက စီးပွားလာဘ်လာဘ မကောင်းဘူးလို့ ဆိုလိုပါတယ်။

နေရာအနေအထား

ဆန်ဗူးထဲကနေ အနက်ရောင်ပုရွက်ဆိတ်တွေထွက်လာရင် သင်က မကြာခင် တစ်နေရာရာကနေ ငွေတွေရလိမ့်မယ်လို့ အဓိပ္ပာယ်ရပါတယ်။ လက်ဝတ်ရတနာတွေသိမ်းတဲ့နေရာမှာ တွေ့ရတော့ သင်ဟာ ရွှေထည်တွေရမယ်လို့ ညွှန်ပြနေပါတယ်။

ဦးတည်ချက်

ပုရွက်ဆိတ်တွေက မြောက်ဘက်လားရာကနေ ထွက်လာရင် ပျော်ရွှင်မှုကို ညွှန်ပြနေပြီး တောင်ဘက်ကနေထွက်လာရင်တော့ အကျိုးအမြတ်ကို ရည်ညွှန်းနေပါတယ်။ အရှေ့ဘက်ကနေ အုပ်လိုက်ထွက်လာရင် မကောင်းသတင်းတချို့ ကြားရကောင်းကြားရနိုင်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ အနောက်ဘက်မှာရှိနေရင်တော့ မကြာခင်မှာ သင်ဟာ နိုင်ငံခြားထွက်ရဖို့ အခွင့်အရေးများတယ်လို့ အဓိပ္ပာယ်ရပါတယ်။

အနီရောင်ပုရွက်ဆိတ်

အနီရောင်ပုရွက်ဆိတ်တွေက အတိတ်နမိတ်မကောင်းဘူးလို့ ယုံကြည်ထားကြပါတယ်။ ဒါကြောင့် သင့်အိမ်မှာ အနီရောင်ပုရွက်ဆိတ်တွေကို တွေ့မယ်ဆိုရင် ချက်ချင်းပဲ ဖယ်ရှားပစ်လိုက်ပါ။ ဒါပေမဲ့ သင့်အိမ်ကနေ ဥတွေနဲ့ ထွက်လာရင်တော့ ကောင်းတဲ့လက္ခဏာအဖြစ် မှတ်ယူလို့ရပါတယ်။

 

အနက်ရောင်ပုရွက်ဆိတ်

အနက်ရောင်ပုရွက်ဆိတ်တွေက အတိတ်နမိတ်ကောင်းပြီး ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ ချမ်းသာကြွယ်ဝမှုတွေကို ညွှန်ပြတယ်လို့ ယူဆရပေမဲ့ ပုရွက်ဆိတ်အုံလိုက်ကျင်းလိုက်တော့ မရှိသင့်ပါဘူး။ သင့်အိမ်မှာ အကောင်ပေါက်နေရင် အပြင်ထွက်သွားလို့ရမဲ့လမ်းကို ပြပေးလိုက်ပါ။

အခြားလက္ခဏာရပ်များ

အနီရောင်ပုရွက်ဆိတ်တွေအပြင် ပျားအုံ၊ ခြတွေကလည်း ကံဆိုးမှုကို ယူဆောင်လာတယ်လို့ ဆိုပါတယ်။ သင့်အိမ်မှာ ပျားအုံနဲ့ ခြအုံကို ရှိရင် ဒါက မိသားစုရဲ့အကြီးအကဲတစ်ယောက်က ကျန်းမာရေးချူချာလိမ့်မယ်လို့ အဓိပ္ပာယ်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: yoyarlay

 

 

[Zawgyi]





နေရာအနေအထား


ဦးတည်ချက်


အနီရောင်ပုရွက်ဆိတ်


အနက်ရောင်ပုရွက်ဆိတ်


အခြားလက္ခဏာရပ်များ





Credit: yoyarlay

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service