ကိုယ့်ကလေးရဲ့ အမွှေးပွ အရုပ်လေးကို ဘယ်လိုလျှော်ပေးမလဲ.... - Property Knowledge in Myanmar from iMyanmarHouse.com
1668 Views

ကိုယ့်ကလေးရဲ့ အမွှေးပွ အရုပ်လေးကို ဘယ်လိုလျှော်ပေးမလဲ....

Knowledge | Posted by Shwe Zin Win

[Unicode]

ကလေးတွေရဲ့ အမွှေးပွ ရုပ်လေးတွေက သန့်ရှင်းပေးဖို့ လိုလို့လားလို့ မေးလာရင် အမေတစ်ယောက်အနေနဲ့ ကျွန်မကတော့ ၁၀၀% လိုအပ်တယ်လို့ ဖြေချင်ပါတယ်နော်။ ဘာလို့လဲဆိုတော့ ကလေးတွေက သူတို့ရဲ့ အရုပ်တွေနဲ့ ဘယ်တော့မှ မခွာဘူးလေ။ ဘယ်သွားသွား အရုပ်ကလေး ယူသွားရမှ၊ အိပ်ပြီဆိုရင်လည်း အရုပ်လေး ဖက်ပြီး အိပ်ရမှ၊ အဲလိုဆိုတော့ အဲဒီ အရုပ်ကလေးကသာ ဖုန်တွေ၊ အညစ်အကြေးတွေကြောင့် မသန့်မရှင်း ဖြစ်နေရင် ကလေးမှာ ရောဂါပိုးဝင်ပြီး နာမကျန်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကလေးတွေနဲ့ အနီးအနားမှာ ရှိတဲ့ အရာတိုင်းက သန့်ရှင်းနေဖို့ လိုအပ်တယ်လေ။ ဒါမှလည်း သူတို့လေးတွေ ကျန်းမာ ပျော်ရွှင်ပြီး နေထိုင်လို့ ကောင်းမှာပါ။ သူတို့လေးတွေ ကျန်းမာ ပျော်ရွှင်တယ်ဆိုရင် မေမေတွေလည်း ပျော်ရတယ်မဟုတ်လား။

ဒါကြောင့် အခု ကျွန်မ ပြောပြပေးချင်တာကတော့ သူတို့ရဲ့ ဝက်ဝံရုပ်လေးတွေလို အမွှေးပွ အရုပ်လေးတွေကို သန့်ရှင်းသွားအောင် လျှော်ဖွပ်တဲ့ နည်းပါပဲ။ မေမေတွေ မဖြစ်မနေ သိထားသင့်တဲ့ အကြောင်းအရာပါနော်။

 

အရုပ်ရဲ့ အမွှေးတွေကို ဘယ်လိုမျိုး သန့်ရှင်းနိုင်လဲ??

 

အမြဲတမ်းတော့ အရုပ်တစ်ခုလုံးကို သန့်ရှင်းပေးနေဖို့ မလိုပါဘူး။ ဒါပေမယ့် ကလေးတွေက အဆော့မက်တော့ အရုပ်ရဲ့ အချို့နေရာတွေမှာ ညစ်ပတ်နေတတ်ပါတယ်။ ဥပမာ - ရေခဲမုန့်စားနေရင်း အရုပ်မှာ ရေခဲမုန့် ပေသွားတာမျိုးပေါ့။ အဲဒီလိုမျိုး ဖြစ်သွားပြီဆိုရင် …

၁။ အရင်ဆုံး အရုပ်မှာပါတဲ့ ညွန်ကြားချက် Label ကို အရင်ဖတ်ရမှာပါ။ (Label ကို မဖတ်မိဘဲ အဆင်ပြေသလို လျှော်လိုက်လို့ အရုပ်တစ်ခုခု ပျက်စီးသွားမယ်ဆိုရင် ကလေးက စိတ်ညစ်သွားတော့မှာပါ။)

၂။ Label မှာ ဒီအရုပ်က လျှော်လို့ ရတယ်လို့ ပြောထားတယ် ဆိုရင်တော့၊ အရုပ်ရဲ့ ညစ်ပတ်သွားတဲ့ နေရာကို ရေအရင် ဆွတ်ပေးပါ။ (အရုပ်တစ်ခုလုံးကို မဆိုလိုပါ။)

၃။ ပြီးရင် အဲဒီညစ်ပတ်တဲ့နေရာကို E-Lan ဆပ်ပြာရည် ထည့်ပေးပါ။

၄။ အားနဲ့ မဟုတ်ဘဲ ညင်ညင်သာသာပဲ ညစ်ပတ်နေတာကို တိုက်ချွတ်ပါ။

၅။ ပြီးရင် ရေစိုနေတဲ့ အဝတ်စ တစ်ခုနဲ့ ဆပ်ပြာတွေ စင်သွားအောင် သုတ်ပါ။ ရေနည်းနည်းလောက်နဲ့လည်း ဆေးကြောသန့်စင်နိုင်ပါတယ်။ ရေတွေ အရမ်း မစိုအောင်တော့ သတိထားပါ။

၆။ နေပူလှန်းပြီး လေကောင်းလေသန့်ရတဲ့ နေရာမှာ အခြောက်ခံပါ။

ဒါကတော့ ညစ်ပတ်သွားတာကို မြင်မှ ညစ်ပတ်တဲ့ နေရာလေးကိုပဲ ကွက်ပြီး လျှော်တာပေါ့နော်။ ပုံမှန်အားဖြင့် အရုပ်တစ်ခုလုံးကိုလည်း လျှော်ပေးသင့်ပါတယ်။ တကယ်လို့ အရုပ်မှာ ပါတဲ့ Label မှာ လျှော်လို့ရတယ်လို့ ရေးထားတယ်ဆိုရင် ကျွန်မတို့ အဝတ်လျှော်စက်နဲ့ လျှော်နိုင်ပါတယ်။

ဝက်ဝံရုပ်လေးကို အဝတ်လျှော်စက်နဲ့ ဘယ်လို လျှော်မလဲ?

အမွှေးပွ အရုပ်တိုင်းကတော့ စက်နဲ့ လျှော်ဖို့ မသင့်ပါဘူး။ အင်မတန် ပျော့ပြီး နူးညံ့တဲ့ အသားနဲ့ လုပ်ထားတဲ့ အရုပ်မျိုး၊ အထဲမှာ ဖော့လုံးလေးတွေ ပါတဲ့ အရုပ်တွေမျိုးဆို စက်နဲ့ လျှော်လို့ အဆင်မပြေနိုင်ပါဘူး။ အရမ်းဟောင်းနေပြီ ဖြစ်တဲ့ အရုပ်တွေဆိုရင်လည်း မလျှော်သင့်ပါဘူး။ တကယ်လို့ ကိုယ့်ကလေး ဆော့နေကြ ဝက်ဝံရုပ်လေးက စက်နဲ့ လျှော်လို့ရတယ်ဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းတွေအတိုင်း စက်နဲ့ လျှော်ဖွပ်နိုင်ပါတယ်။

၁။ဝက်ဝံ အမွှေးပွရုပ်မှာ အဝတ်အစား တစ်ခုခု ထပ်ဝတ်ပေးထားတယ် ဆိုရင်၊ အဲဒါကို ဖြုတ်ပါ။ အဲဒါမှ စက်ထဲမှာ ငြိမနေမှာ ဖြစ်ပါတယ်။

၂။ အရုပ်မှာ အပေါက်အပြဲတွေရှိနေရင် မလျှော်ခင် အရင် ပြန်ဖာရပါမယ်။ အမွှေးအမျှင် အစအနတွေ ထွက်နေရင် ညှပ်ပစ်ပေးပါ။

၃။ စက်မှာ Delicate နဲ့ လျှော်ရင် သုံးတဲ့ ပိုက်ကွန်လို အိတ် (သို့) ခေါင်းအုံးစွပ်ထဲကို အရုပ်ကို ထည့်ပါ။

၄။ E-Lan ဆပ်ပြာမှုန့်ကို သုံးပြီး အဝတ်လျှော်စက်မှာ Delicate (သို့) Hand-wash Cycle နဲ့ လျှော်နိုင်ပါပြီ။

စက်နဲ့ မဟုတ်ပဲ လက်နဲ့လည်း လျှော်နိုင်ပါတယ်။ အရမ်းဟောင်းနေတဲ့ ဝက်ဝံရုပ်မျိုးနဲ့ လက်နဲ့ လျှော်နိုင်ပါတယ်။

၁။ အဝတ်လျှော် ဇလားထဲမှာ ရေအေးနဲ့ ဆပ်ပြာမှုန့်နဲ့ ထည့်ပြီး ရောမွှေပါ။

၂။ ဝက်ဝံရုပ်ကို ဇလားထဲ နှစ်လိုက်ပါ။ အရုပ်တစ်ခုလုံး ရေစိုသွားအောင် ခဏစောင့်ပါ။

၃။ ပြီးရင် အရုပ်ကို ပြန်ဆယ်ပြီး ဆပ်ပြာရည်တွေ ကုန်သွားအောင် စောင့်ပါ။

၄။ ဆပ်ပြာရည်တွေ လုံးဝ ကုန်သွားအောင်ထိ ရေနဲ့ ဆေးပါ။

၅။ နေရောင်ရပြီး လေကောင်းလေသန့်ရတဲ့ နေရာမှာ အခြောက်ခံပါ။

ဒါနဲ့ သတိထားရမယ့် တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ရေနွေးနဲ့ မလျှော်ရပါဘူး။ အရုပ်ရဲ့ အမွှေးလေးတွေကို ထိခိုက်နိုင်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

လျှော်ပြီးသွားရင်တော့၊ ရေတွေ စင်သွားအောင် မျက်နှာသုတ်ပုဝါ ဖြစ်ဖြစ်၊ တစ်ခုခုနဲ့ သုတ်ပေးသင့်ပါတယ်။ ပြီးရင် နေပူထဲမှာ အခြောက်လှန်းနိုင်ပါပြီ။ အဝတ်တန်းမှာ ချိတ်ဆွဲပြီး လှန်းတာမျိုး သိပ်မသင့်တော်ပါဘူးနော်၊ အရုပ် ပုံပျက်သွားနိုင်ပါတယ်။ ခြောက်သွားရင် ဘီးလေးနဲ့တောင် အရုပ်ရဲ့ အမွှေးတွေကို ဖြီးပေးနိုင်သေးတယ်နော်။

ဒီလောက်ဆို အရုပ်လျှော်တာနဲ့ ပက်သက်ပြီး တော်တော်လေး စုံပြီ ထင်ပါတယ်။ လျှော်ပေးနေကြ မေမေတွေကတော့ ဒီနည်းကို သိပြီးသား ဖြစ်မှာပါ။ မသိသေးတဲ့ မေမေတွေကတော့ ဒါဖတ်ပြီးတာနဲ့ လျှော်ပေးဖို့ စဉ်းစားသင့်ပြီနော်။ ဒီအရုပ်က မသန့်ရှင်းပေးတာ ဘယ်လောက်ကြာပြီလဲ ဆိုတာ ချိန်ဆပြီး လျှော်ပေးသင့်ပါတယ်နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: mahaythi

 

 

[Zawgyi]

ကိုယ့္ကေလးရဲ႕ အေမႊးပြ အ႐ုပ္ေလးကို ဘယ္လိုေလွ်ာ္ေပးမလဲ....

 

ကေလးေတြရဲ႕ အေမႊးပြ ႐ုပ္ေလးေတြက သန္႔႐ွင္းေပးဖို႔ လိုလို႔လားလို႔ ေမးလာရင္ အေမတစ္ေယာက္အေနနဲ႔ ကြၽန္မကေတာ့ ၁၀၀% လိုအပ္တယ္လို႔ ေျဖခ်င္ပါတယ္ေနာ္။ ဘာလို႔လဲဆိုေတာ့ ကေလးေတြက သူတို႔ရဲ႕ အ႐ုပ္ေတြနဲ႔ ဘယ္ေတာ့မွ မခြာဘူးေလ။ ဘယ္သြားသြား အ႐ုပ္ကေလး ယူသြားရမွ၊ အိပ္ၿပီဆိုရင္လည္း အ႐ုပ္ေလး ဖက္ၿပီး အိပ္ရမွ၊ အဲလိုဆိုေတာ့ အဲဒီ အ႐ုပ္ကေလးကသာ ဖုန္ေတြ၊ အညစ္အေၾကးေတြေၾကာင့္ မသန္႔မ႐ွင္း ျဖစ္ေနရင္ ကေလးမွာ ေရာဂါပိုးဝင္ၿပီး နာမက်န္း ျဖစ္ႏိုင္ပါတယ္။ ေနာက္ၿပီး ကေလးေတြနဲ႔ အနီးအနားမွာ ႐ွိတဲ့ အရာတိုင္းက သန္႔႐ွင္းေနဖို႔ လိုအပ္တယ္ေလ။ ဒါမွလည္း သူတို႔ေလးေတြ က်န္းမာ ေပ်ာ္႐ႊင္ၿပီး ေနထိုင္လို႔ ေကာင္းမွာပါ။ သူတို႔ေလးေတြ က်န္းမာ ေပ်ာ္႐ႊင္တယ္ဆိုရင္ ေမေမေတြလည္း ေပ်ာ္ရတယ္မဟုတ္လား။

ဒါေၾကာင့္ အခု ကြၽန္မ ေျပာျပေပးခ်င္တာကေတာ့ သူတို႔ရဲ႕ ဝက္ဝံ႐ုပ္ေလးေတြလို အေမႊးပြ အ႐ုပ္ေလးေတြကို သန္႔႐ွင္းသြားေအာင္ ေလွ်ာ္ဖြပ္တဲ့ နည္းပါပဲ။ ေမေမေတြ မျဖစ္မေန သိထားသင့္တဲ့ အေၾကာင္းအရာပါေနာ္။

 

အ႐ုပ္ရဲ႕ အေမႊးေတြကို ဘယ္လိုမ်ိဳး သန္႔႐ွင္းႏိုင္လဲ??

အၿမဲတမ္းေတာ့ အ႐ုပ္တစ္ခုလုံးကို သန္႔႐ွင္းေပးေနဖို႔ မလိုပါဘူး။ ဒါေပမယ့္ ကေလးေတြက အေဆာ့မက္ေတာ့ အ႐ုပ္ရဲ႕ အခ်ိဳ႕ေနရာေတြမွာ ညစ္ပတ္ေနတတ္ပါတယ္။ ဥပမာ - ေရခဲမုန္႔စားေနရင္း အ႐ုပ္မွာ ေရခဲမုန္႔ ေပသြားတာမ်ိဳးေပါ့။ အဲဒီလိုမ်ိဳး ျဖစ္သြားၿပီဆိုရင္ …

၁။ အရင္ဆုံး အ႐ုပ္မွာပါတဲ့ ၫြန္ၾကားခ်က္ Label ကို အရင္ဖတ္ရမွာပါ။ (Label ကို မဖတ္မိဘဲ အဆင္ေျပသလို ေလွ်ာ္လိုက္လို႔ အ႐ုပ္တစ္ခုခု ပ်က္စီးသြားမယ္ဆိုရင္ ကေလးက စိတ္ညစ္သြားေတာ့မွာပါ။)

၂။ Label မွာ ဒီအ႐ုပ္က ေလွ်ာ္လို႔ ရတယ္လို႔ ေျပာထားတယ္ ဆိုရင္ေတာ့၊ အ႐ုပ္ရဲ႕ ညစ္ပတ္သြားတဲ့ ေနရာကို ေရအရင္ ဆြတ္ေပးပါ။ (အ႐ုပ္တစ္ခုလုံးကို မဆိုလိုပါ။)

၃။ ၿပီးရင္ အဲဒီညစ္ပတ္တဲ့ေနရာကို E-Lan ဆပ္ျပာရည္ ထည့္ေပးပါ။

၄။ အားနဲ႔ မဟုတ္ဘဲ ညင္ညင္သာသာပဲ ညစ္ပတ္ေနတာကို တိုက္ခြၽတ္ပါ။

၅။ ၿပီးရင္ ေရစိုေနတဲ့ အဝတ္စ တစ္ခုနဲ႔ ဆပ္ျပာေတြ စင္သြားေအာင္ သုတ္ပါ။ ေရနည္းနည္းေလာက္နဲ႔လည္း ေဆးေၾကာသန္႔စင္ႏိုင္ပါတယ္။ ေရေတြ အရမ္း မစိုေအာင္ေတာ့ သတိထားပါ။

၆။ ေနပူလွန္းၿပီး ေလေကာင္းေလသန္႔ရတဲ့ ေနရာမွာ အေျခာက္ခံပါ။

ဒါကေတာ့ ညစ္ပတ္သြားတာကို ျမင္မွ ညစ္ပတ္တဲ့ ေနရာေလးကိုပဲ ကြက္ၿပီး ေလွ်ာ္တာေပါ့ေနာ္။ ပုံမွန္အားျဖင့္ အ႐ုပ္တစ္ခုလုံးကိုလည္း ေလွ်ာ္ေပးသင့္ပါတယ္။ တကယ္လို႔ အ႐ုပ္မွာ ပါတဲ့ Label မွာ ေလွ်ာ္လို႔ရတယ္လို႔ ေရးထားတယ္ဆိုရင္ ကြၽန္မတို႔ အဝတ္ေလွ်ာ္စက္နဲ႔ ေလွ်ာ္ႏိုင္ပါတယ္။

ဝက္ဝံ႐ုပ္ေလးကို အဝတ္ေလွ်ာ္စက္နဲ႔ ဘယ္လို ေလွ်ာ္မလဲ?

အေမႊးပြ အ႐ုပ္တိုင္းကေတာ့ စက္နဲ႔ ေလွ်ာ္ဖို႔ မသင့္ပါဘူး။ အင္မတန္ ေပ်ာ့ၿပီး ႏူးညံ့တဲ့ အသားနဲ႔ လုပ္ထားတဲ့ အ႐ုပ္မ်ိဳး၊ အထဲမွာ ေဖာ့လုံးေလးေတြ ပါတဲ့ အ႐ုပ္ေတြမ်ိဳးဆို စက္နဲ႔ ေလွ်ာ္လို႔ အဆင္မေျပႏိုင္ပါဘူး။ အရမ္းေဟာင္းေနၿပီ ျဖစ္တဲ့ အ႐ုပ္ေတြဆိုရင္လည္း မေလွ်ာ္သင့္ပါဘူး။ တကယ္လို႔ ကိုယ့္ကေလး ေဆာ့ေနၾက ဝက္ဝံ႐ုပ္ေလးက စက္နဲ႔ ေလွ်ာ္လို႔ရတယ္ဆိုရင္ေတာ့ အခုေျပာျပမယ့္ နည္းလမ္းေတြအတိုင္း စက္နဲ႔ ေလွ်ာ္ဖြပ္ႏိုင္ပါတယ္။

၁။ဝက္ဝံ အေမႊးပြ႐ုပ္မွာ အဝတ္အစား တစ္ခုခု ထပ္ဝတ္ေပးထားတယ္ ဆိုရင္၊ အဲဒါကို ျဖဳတ္ပါ။ အဲဒါမွ စက္ထဲမွာ ၿငိမေနမွာ ျဖစ္ပါတယ္။

၂။ အ႐ုပ္မွာ အေပါက္အၿပဲေတြ႐ွိေနရင္ မေလွ်ာ္ခင္ အရင္ ျပန္ဖာရပါမယ္။ အေမႊးအမွ်င္ အစအနေတြ ထြက္ေနရင္ ညႇပ္ပစ္ေပးပါ။

၃။ စက္မွာ Delicate နဲ႔ ေလွ်ာ္ရင္ သုံးတဲ့ ပိုက္ကြန္လို အိတ္ (သို႔) ေခါင္းအုံးစြပ္ထဲကို အ႐ုပ္ကို ထည့္ပါ။

၄။ E-Lan ဆပ္ျပာမႈန္႔ကို သုံးၿပီး အဝတ္ေလွ်ာ္စက္မွာ Delicate (သို႔) Hand-wash Cycle နဲ႔ ေလွ်ာ္ႏိုင္ပါၿပီ။

စက္နဲ႔ မဟုတ္ပဲ လက္နဲ႔လည္း ေလွ်ာ္ႏိုင္ပါတယ္။ အရမ္းေဟာင္းေနတဲ့ ဝက္ဝံ႐ုပ္မ်ိဳးနဲ႔ လက္နဲ႔ ေလွ်ာ္ႏိုင္ပါတယ္။

၁။ အဝတ္ေလွ်ာ္ ဇလားထဲမွာ ေရေအးနဲ႔ ဆပ္ျပာမႈန္႔နဲ႔ ထည့္ၿပီး ေရာေမႊပါ။

၂။ ဝက္ဝံ႐ုပ္ကို ဇလားထဲ ႏွစ္လိုက္ပါ။ အ႐ုပ္တစ္ခုလုံး ေရစိုသြားေအာင္ ခဏေစာင့္ပါ။

၃။ ၿပီးရင္ အ႐ုပ္ကို ျပန္ဆယ္ၿပီး ဆပ္ျပာရည္ေတြ ကုန္သြားေအာင္ ေစာင့္ပါ။

၄။ ဆပ္ျပာရည္ေတြ လုံးဝ ကုန္သြားေအာင္ထိ ေရနဲ႔ ေဆးပါ။

၅။ ေနေရာင္ရၿပီး ေလေကာင္းေလသန္႔ရတဲ့ ေနရာမွာ အေျခာက္ခံပါ။

ဒါနဲ႔ သတိထားရမယ့္ တစ္ခု ႐ွိပါေသးတယ္။ အဲဒါကေတာ့ ေရေႏြးနဲ႔ မေလွ်ာ္ရပါဘူး။ အ႐ုပ္ရဲ႕ အေမႊးေလးေတြကို ထိခိုက္ႏိုင္တဲ့အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္။

ေလွ်ာ္ၿပီးသြားရင္ေတာ့၊ ေရေတြ စင္သြားေအာင္ မ်က္ႏွာသုတ္ပုဝါ ျဖစ္ျဖစ္၊ တစ္ခုခုနဲ႔ သုတ္ေပးသင့္ပါတယ္။ ၿပီးရင္ ေနပူထဲမွာ အေျခာက္လွန္းႏိုင္ပါၿပီ။ အဝတ္တန္းမွာ ခ်ိတ္ဆြဲၿပီး လွန္းတာမ်ိဳး သိပ္မသင့္ေတာ္ပါဘူးေနာ္၊ အ႐ုပ္ ပုံပ်က္သြားႏိုင္ပါတယ္။ ေျခာက္သြားရင္ ဘီးေလးနဲ႔ေတာင္ အ႐ုပ္ရဲ႕ အေမႊးေတြကို ၿဖီးေပးႏိုင္ေသးတယ္ေနာ္။

ဒီေလာက္ဆို အ႐ုပ္ေလွ်ာ္တာနဲ႔ ပက္သက္ၿပီး ေတာ္ေတာ္ေလး စုံၿပီ ထင္ပါတယ္။ ေလွ်ာ္ေပးေနၾက ေမေမေတြကေတာ့ ဒီနည္းကို သိၿပီးသား ျဖစ္မွာပါ။ မသိေသးတဲ့ ေမေမေတြကေတာ့ ဒါဖတ္ၿပီးတာနဲ႔ ေလွ်ာ္ေပးဖို႔ စဥ္းစားသင့္ၿပီေနာ္။ ဒီအ႐ုပ္က မသန္႔႐ွင္းေပးတာ ဘယ္ေလာက္ၾကာၿပီလဲ ဆိုတာ ခ်ိန္ဆၿပီး ေလွ်ာ္ေပးသင့္ပါတယ္ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: mahaythi

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service