Transporter ဇာတ်လမ်းတွဲဖြင့် ကမ္ဘာကျော်ခဲ့သူ ဂျေဆင်စတာသမ်၏ စံအိမ်
Transporter ဇာတ်လမ်းတွဲဖြင့် ကမ္ဘာကျော်ခဲ့သူ ဂျေဆင်စတာသမ်၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
14 Jul 2022 11:05 am တွင် တင်ခဲ့သည်
681 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
(ဂျေဆင် စတာသမ် ဘယ်သူလဲ)
ဂျေဆင် စတာသမ်သည် အင်္ဂလိပ်လူမျိုး ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည်။
Transporter ဇာတ်လမ်းတွဲများတွင် ဖရန့် မာတင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် ကမ္ဘာကျော်သူ ဖြစ်သည်။
ထို့အပြင် The Italian Job, The Mechanic နှင့် Fast & Furious 6 တို့ကဲ့သို့ နာမည်ကြီး ဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။
ဂျေဆင် စတာသမ်သည် တရုတ်သိုင်းပညာ၊ ကစ်ဘောက်ဆင်နှင့် ကရာတေးကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
သူ၏ စံပြပုဂ္ဂိုလ်များကား ဘရုစ်လီ၊ ပေါလ် နယူးမင်း၊ စတိဗ် မက်ကွင်းတို့ ဖြစ်သည်။
ဂျေဆင်စတာသမ်ကို အက်ရှင်သရုပ်ဆောင်များဖြစ်သော ဗန်ဒိန်း၊ ဆီဗက်စတာ စတားလုံးတို့နှင့် နှိုင်းယှဉ်ဖော်ပြကြလေ့ရှိသည်။
ရုပ်ရှင်သရုပ်ဆောင်ခြင်းအပြင် French Connection, Tommy Hilfiger နှင့် Levi's ကုမ္ပဏီများအတွက် မော်ဒယ်အဖြစ်လည်း လုပ်ကိုင်ခဲ့သေးသည်။
ဂျေဆင်စတာသမ်သည် မော်ဒယ် Rosie Huntington-Whiteley နှင့် စေ့စပ်ထားပြီး ၎င်းတို့စုံတွဲတွင် ရင်သွေး ၂ ဦး ထွန်းကားထားသည်။
ဂျေဆင်စတာသမ်၏ ဇာတိ- အင်္ဂလန်နိုင်ငံ၊ Shirebrook
ဂျေဆင်စတာသမ်၏ ကြွယ်ဝမှု- ကန်ဒေါ်လာ သန်း ၉၀
(ဂျေဆင်စတာသမ် ဘယ်မှာနေလဲ)
ဂျေဆင်စတာသမ်၏ စံအိမ်မှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ မာလီဘူးအရပ်တွင် တည်ရှိသည်။
မာလီဘူးသည် ကမ်းခြေမြို့ကလေးတစ်ခုဖြစ်ပြီး လော့စ်အိန်ဂျလိ၏ အနောက်ဘက်တွင် တည်ရှိသည်။
ထိုဒေသသည် မယုံနိုင်အောင်လှပသည့် ကမ်းခြေများ၊ ကမ္ဘာကျော်တို့၏ စံအိမ်များ တည်ရှိရာဒေသအဖြစ် ကျော်ကြားသည်။
ဂျေဆင်စတာသမ်၏ စံအိမ်တွင် အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါဝင်ပြီး အကျယ်အဝန်းမှာ ၃၉၀၀ စတုရန်းပေ ရှိသည်။
မာလီဘူး ပင်လယ်ကမ်းခြေတွင် တည်ရှိပြီး ရင်သပ်ရှုမောဖွယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့် စံအိမ်လည်း ဖြစ်သည်။
၂ ထပ်စံအိမ်ဖြစ်ပြီး အဖြူရောင် ဝက်သစ်ချသား ကြမ်းခင်းများ ခင်းကျင်းထားသည်။
စံအိမ်အတွင်း အုတ်ဖြင့်ပြုလုပ်ထားသော မီးလင်းဖိုများနှင့် မီးဖိုဆောင် ၂ ခု လည်း ရှိသည်။
ခြံဝန်းအတွင်း ဧည့်ဂေဟာအိမ်တစ်လုံးအပြင် ကြီးမားသည့် ရေကူးကန်၊ နားနေဆောင်နှင့် လသာဆောင်တို့လည်း ထည့်သွင်းပေးထားသည်။
(အသေးစိတ်အချက်အလက်များ)
အိပ်ခန်း- ၄ ခန်း
ရေချိုးခန်း - ၄ ခန်း
အကျယ်အဝန်း- ၃၉၀၉ စတုရန်းပေ
တန်ကြေး- ကန်ဒေါ်လာ ၁၈ ဒသမ ၅ သန်း
ဂျေဆင်စတာသမ်အိမ်လိပ်စာ- Malibu Colony Rd, Malibu, CA 90265
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Jason Statham House: The Malibu Pad (urbansplatter)
[Zawgyi]
(ဂျေဆင် စတာသမ် ဘယ်သူလဲ)
အိပ်ခန်း- ၄ ခန်း
ရေချိုးခန်း - ၄ ခန်း
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
mya-villa
taunggyi-garden-city
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service