ကိုဗစ် လှိုင်းသစ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ၅ (Omicron BA.4 and BA.5 )ပြန့်နှံ့ဖြစ်ပွားနေ - Property News in Myanmar from iMyanmarHouse.com
1905 Views

ကိုဗစ် လှိုင်းသစ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ၅ (Omicron BA.4 and BA.5 )ပြန့်နှံ့ဖြစ်ပွားနေ

[Unicode]

ကမာ္ဘတစ်ဝန်း ကိုဗစ် ဒယ်လ်တာ delta ပိုးကြောင့် လူပေါင်းများစွာအသက်ဆုံးခဲ့ကြရပြီးနောက် ယခုတဖန် ကိုဗစ်ဗီဇပြောင်း အိုမီခရွန်၏နောက်ဆက်တွဲ အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ၅ (Omicron BA.4 and BA.5) ပိုးသစ်သည် ကိုဗစ်လှိုင်းသစ်တစ်ခုအနေနှင့်ထပ်မံဖြစ်ပွားလာကြောင်း အသိပေးချက်များထွက်ပေါ်လာသည်။

အဆိုပါ ကိုဗစ်လှိုင်းသစ် အိုမီခရွန် ဘီအေ ၄ နဲ့ ဘီအေ ၅ သည် ပေါ်လာသည်မှာ သိပ်မကြာသေးသော်လည်း ကာကွယ် ဆေး ၂ လုံး ထိုးထားပြီးသူများနှင့် ကိုဗစ်ဖြစ်ပြီးသူများပါ ထပ်မံဖြစ်နိင်ကြောင်း သတိပေးထားသည်။

ကိုဗစ် ဒယ်လ်တာ delta ပိုးပြန်ပွားပြီးနောက် ဗီဇပြောင်း အိုမီခရွန် ပေါ်စတွင် အဆိုပါပိုးအား ဘီအေ ၁ ဟု အမည်တပ်ခဲ့ကြကြောင်း၊ဘီအေ ၁သည် ရောဂါပိုးပြန့်နှံ့မှု အရမ်းမြန်ဆန်ခဲ့သော်လည်း လူအသေအပျောက် နည်းပါးခဲ့ကြောင်းသိရသည်။

ယင်းနောက် ဘီအေ ၂ သည် ဘီအေ ၁ ထက် ပြန့်နှံ့ကူးစက်မှုမြန်ခဲ့သော်လည်း ငြိမ်သွားသလောက် ဖြစ်သွားပြီဖြစ်ကြောင်း၊ဘီအေ ၃ လည်းပေါ်လာပြီးမရှိသလောက်ရှားကြောင်းသိရသည်။

ယခု ထပ်မံဖြစ်ပေါ်လာသော ဘီအေ ၄ နှင့် ၅ သည် ကာကွယ်ဆေး ၂ လုံး ထိုးထားသူများနှင့် ကိုဗစ် ဖြစ်ပြီး သူများပါ ထပ်ဖြစ်နိင်ကြောင်း အသိပေးထားသည်။

ကမာ္ဘ့ကျန်းမာရေးအဖွဲ့ WHO က လွန်ခဲ့တဲ့ဧပြီလက ဘီအေ ၄ နဲ့ ၅ ပိုးကိုလေ့လာစောင့်ကြည့်ခဲ့ရာ ဘီအေ ၄ ပိုးကို တောင်အာဖရိက၊ဘော့စဝါးနား၊ဒိန်းမတ်၊စကော့တလန်နှင့် အင်္ဂလန်တို့တွင် ဖြစ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ဘီအေ ၅ ကိုမေလထဲတွင် ပေါ်တူကီနိုင်ငံ၌တွေ့ခဲ့ရပြီး၊ဇွန်လမှာတော့ ဘီအေ ၄ ရော ဘီအေ ၅ ပါ အင်္ဂလန်နှင့် ဂျာမဏီမှာ တွေ့ခဲ့ရကြောင်းသိရသည်။

ယင်လမှာပင် ဘီအေ ၅ ကို ပြင်သစ်မှာလည်း တွေ့ရကြောင်း ဆိုထားသည်။ ဇွန်လကုန်ပိုင်းတွင် အမေရိကန်နယူးရောက်နှင့် ကယ်လီဖိုးနီးယားတို့တွင် ဘီအေ ၄ ဘီအေ ၅ စပြန့်နေပြီး ဘီအေ ၂ သည်လည်း ဆက်လက်ရှိနေသေးကြောင်းသိရသည်။

ထိုင်းနှင့်မလေးရှားတို့တွင်လည်း ယခု ပိုးသစ် အိုမီခရွန် ဘီအေ ၄ နဲ့ ဘီအေ ၅ ကူးဆက်လာနေပြီဖြစ်ကြောင်း သိရသည်။

ရောဂါလက္ခဏာတွေက လက်ရှိတွင် နှာစေး၊နှာချေ၊နှာရည်ယို၊ချောင်းဆိုး၊လည်ချောင်းနာ၊ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲကာ လူနုံးကာနေမကောင်းဖြစ်ခြင်းတို့ဖြစ်နိုင်ကြောင်း၊လူအသေအပျောက် မည်မျှ ဖြစ်နိုင်သည်ကိုမူ မပြောနိုင်သေးကြောင်း Dr William Aye MD USA က သူ၏ “ကိုဗစ် လှိုင်း အသစ်လာ ပြန်ပါ ပြီ နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ ၄ နဲ့ ဘီအေ ၅” တွင် ပြောထားသည်။

“ကာကွယ်ဆေးထိုးပြီး ခုခံအားရ ပြီးသူများ၊ ဖျား၍ပျောက်ပြီး ခုခံအားရ ပြီးသူများသည်လည်း ယခု Omicron နောက်ထပ်မျိုးကွဲ BA.5 ကို ၄ ပါတ် အတွင်း ထပ်မံ ကူးဆက်ခံရနိုင်ပါသည်။ ယခင်ပိုးများလောက် တော့ မပြင်းထန်ဟု” ဒေါက်တာခင်မောင်စိုးကလည်း ဆိုထားပါသည်။

ယခင်ကိုဗစ်စတင်က လူတွေလိုက်နာခဲ့ကြသည့်နည်းအတိုင်း ကူးစက်မှုမခံရအောင် လိုက်နာကြရန်လည်း တိုက်တွန်းထားပါသည်။

 

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ကိုဗစ္ လႈိင္းသစ္ အိုမီခ႐ြန္ ဘီေအ၄ နဲ႔ ဘီေအ၅ (Omicron BA.4 and BA.5 )ျပန္႔ႏွံ႔ျဖစ္ပြားေန

ကမာၻတစ္ဝန္း ကိုဗစ္ ဒယ္လ္တာ delta ပိုးေၾကာင့္ လူေပါင္းမ်ားစြာအသက္ဆုံးခဲ့ၾကရၿပီးေနာက္ ယခုတဖန္ ကိုဗစ္ဗီဇေျပာင္း အိုမီခ႐ြန္၏ေနာက္ဆက္တြဲ အိုမီခ႐ြန္ ဘီေအ၄ နဲ႔ ဘီေအ၅ (Omicron BA.4 and BA.5) ပိုးသစ္သည္ ကိုဗစ္လႈိင္းသစ္တစ္ခုအေနႏွင့္ထပ္မံျဖစ္ပြားလာေၾကာင္း အသိေပးခ်က္မ်ားထြက္ေပၚလာသည္။

အဆိုပါ ကိုဗစ္လႈိင္းသစ္ အိုမီခ႐ြန္ ဘီေအ ၄ နဲ႔ ဘီေအ ၅ သည္ ေပၚလာသည္မွာ သိပ္မၾကာေသးေသာ္လည္း ကာကြယ္ ေဆး ၂ လုံး ထိုးထားၿပီးသူမ်ားႏွင့္ ကိုဗစ္ျဖစ္ၿပီးသူမ်ားပါ ထပ္မံျဖစ္နိင္ေၾကာင္း သတိေပးထားသည္။

ကိုဗစ္ ဒယ္လ္တာ delta ပိုးျပန္ပြားၿပီးေနာက္ ဗီဇေျပာင္း အိုမီခ႐ြန္ ေပၚစတြင္ အဆိုပါပိုးအား ဘီေအ ၁ ဟု အမည္တပ္ခဲ့ၾကေၾကာင္း၊ဘီေအ ၁သည္ ေရာဂါပိုးျပန္႔ႏွံ႔မႈ အရမ္းျမန္ဆန္ခဲ့ေသာ္လည္း လူအေသအေပ်ာက္ နည္းပါးခဲ့ေၾကာင္းသိရသည္။

ယင္းေနာက္ ဘီေအ ၂ သည္ ဘီေအ ၁ ထက္ ျပန္႔ႏွံ႔ကူးစက္မႈျမန္ခဲ့ေသာ္လည္း ၿငိမ္သြားသေလာက္ ျဖစ္သြားၿပီျဖစ္ေၾကာင္း၊ဘီေအ ၃ လည္းေပၚလာၿပီးမရွိသေလာက္ရွားေၾကာင္းသိရသည္။

ယခု ထပ္မံျဖစ္ေပၚလာေသာ ဘီေအ ၄ ႏွင့္ ၅ သည္ ကာကြယ္ေဆး ၂ လုံး ထိုးထားသူမ်ားႏွင့္ ကိုဗစ္ ျဖစ္ၿပီး သူမ်ားပါ ထပ္ျဖစ္နိင္ေၾကာင္း အသိေပးထားသည္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က လြန္ခဲ့တဲ့ဧၿပီလက ဘီေအ ၄ နဲ႔ ၅ ပိုးကိုေလ့လာေစာင့္ၾကည့္ခဲ့ရာ ဘီေအ ၄ ပိုးကို ေတာင္အာဖရိက၊ေဘာ့စဝါးနား၊ဒိန္းမတ္၊စေကာ့တလန္ႏွင့္ အဂၤလန္တို႔တြင္ ျဖစ္ေနသည္ကို ေတြ႔ရွိခဲ့ရေၾကာင္း၊ဘီေအ ၅ ကိုေမလထဲတြင္ ေပၚတူကီႏိုင္ငံ၌ေတြ႔ခဲ့ရၿပီး၊ဇြန္လမွာေတာ့ ဘီေအ ၄ ေရာ ဘီေအ ၅ ပါ အဂၤလန္ႏွင့္ ဂ်ာမဏီမွာ ေတြ႕ခဲ့ရေၾကာင္းသိရသည္။

ယင္လမွာပင္ ဘီေအ ၅ ကို ျပင္သစ္မွာလည္း ေတြ႔ရေၾကာင္း ဆိုထားသည္။ ဇြန္လကုန္ပိုင္းတြင္ အေမရိကန္နယူးေရာက္ႏွင့္ ကယ္လီဖိုးနီးယားတို႔တြင္ ဘီေအ ၄ ဘီေအ ၅ စျပန႔္ေနၿပီး ဘီေအ ၂ သည္လည္း ဆက္လက္ရွိေနေသးေၾကာင္းသိရသည္။

ထိုင္းႏွင့္မေလးရွားတို႔တြင္လည္း ယခု ပိုးသစ္ အိုမီခ႐ြန္ ဘီေအ ၄ နဲ႔ ဘီေအ ၅ ကူးဆက္လာေနၿပီျဖစ္ေၾကာင္း သိရသည္။

ေရာဂါလကၡဏာေတြက လက္ရွိတြင္ ႏွာေစး၊ႏွာေခ်၊ႏွာရည္ယို၊ေခ်ာင္းဆိုး၊လည္ေခ်ာင္းနာ၊ေခါင္းကိုက္ျခင္း၊ ကိုယ္လက္ကိုက္ခဲကာ လူႏုံးကာေနမေကာင္းျဖစ္ျခင္းတို႔ျဖစ္ႏိုင္ေၾကာင္း၊လူအေသအေပ်ာက္ မည္မွ် ျဖစ္ႏိုင္သည္ကိုမူ မေျပာႏိုင္ေသးေၾကာင္း Dr William Aye MD USA က သူ၏ “ကိုဗစ္ လႈိင္း အသစ္လာ ျပန္ပါ ၿပီ ေနာက္ဆုံးေပၚ အိုမီခ႐ြန္ ဘီေအ ၄ နဲ႔ ဘီေအ ၅” တြင္ ေျပာထားသည္။

“ကာကြယ္ေဆးထိုးၿပီး ခုခံအားရ ၿပီးသူမ်ား၊ ဖ်ား၍ေပ်ာက္ၿပီး ခုခံအားရ ၿပီးသူမ်ားသည္လည္း ယခု Omicron ေနာက္ထပ္မ်ိဳးကြဲ BA.5 ကို ၄ ပါတ္ အတြင္း ထပ္မံ ကူးဆက္ခံရႏိုင္ပါသည္။ ယခင္ပိုးမ်ားေလာက္ ေတာ့ မျပင္းထန္ဟု” ေဒါက္တာခင္ေမာင္စိုးကလည္း ဆိုထားပါသည္။

ယခင္ကိုဗစ္စတင္က လူေတြလိုက္နာခဲ့ၾကသည့္နည္းအတိုင္း ကူးစက္မႈမခံရေအာင္ လိုက္နာၾကရန္လည္း တိုက္တြန္းထားပါသည္။

 

 

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
ပေါင်နှံခြင်း အမျိုးမျိုးအကြောင်း
ပေါင်နှံခြင်း အမျိုးမျိုးအကြောင်း
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ

Upcoming Property Events

From 25 Oct To 26 Oct

Magical World Apartment

Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service