အိမ်တစ်အိမ်မှာ လူသိနည်းတဲ့ လှေကားအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
9588 Views

အိမ်တစ်အိမ်မှာ လူသိနည်းတဲ့ လှေကားအကြောင်း

Knowledge | Posted by Zarni Kyaw

[Unicode]

လူသိနည်းလှတဲ့ လှေကားအဆံ တပ်ဆင်ခြင်း သိကောင်းစရာ မျှဝေပါတယ်။

ရှေ့ထုံးလည်း မပယ်နဲ့။ ဈေးသုံးလဲ မကြွယ်နဲ့ စကားမျိုးလိုပါပဲ။

အိမ်တစ်အိမ် ဆောက်ရာတွင် အဓိကအရေးကြီးတာ အိမ်လှေကား ပြုလုပ်ခြင်းပါပဲ။ ရှေးကျမ်းဆရာတို့သည် စုံ မ နှစ်ခုလုံး တပ်ကောင်း၏ဟုဆိုသည်။ လက်သမား ကျမ်းဆရာတို့က မကိုသာ တပ်စေပါတယ်။

လက်သမား ဆရာကြီးများမှာ စုံတပ်သည်လည်း ရှိတယ် ။ မ တပ်သည်လည်း ရှိပါတယ်။ အဘယ်ကြောင့်ဆိုသော် ပထမအထစ်မှ [လာဘံ ၊သုခံ ၊မရဏံ ၊လာဘ သု ခ မရဏ] တွက်ယူကာ မရဏံ မရဏ ကို ရှောင်ပါတယ်။

ပထမထစ်က လာဘ။ ဒုတိယထစ်က သုခ။ တတိယထစ်က မရဏ။ လာဘ်လာဘ ပေါများခြင်း။ သုခက ကြွယ်ဝချမ်းသာခြင်း။ မရဏက ဆုတ်ယုတ် ပျက်စီးခြင်းနဲ့ ကြုံတွေ့ရလိမ့်မယ်တဲ့ ။

လာဘက ၁ထစ် ၊ ၄ ထစ်၊ ၇ ထစ်/ သုခက ၂ ထစ်၊ ၅ထစ် ၊ ၈ ထစ်/ မရဏ- ၃ ထစ် ၊ ၆ ထစ် ၊ ၉ ထစ် ၊ ၁၂ထစ် စသည်ဖြင့် တပ်ဆင်ကြပါတယ်။ အိမ်အနေအထား မင်္ဂလာသား အနေအထားအလိုက် လုပ်ဆောင်ကြပါတယ်။

တစ်ချို့ ဆရာများမှာ [ရာဇ ၊ လာဘ ၊ မရဏ] လို့ သတ်မှတ် လုပ်ဆောင်ကြပါတယ်။

၁ထစ် ဘုန်းကျက်သရေတိုးခြင်း၊ ၂ထစ် လာဘ်လာဘ ပေါများခြင်း၊ ၃ထစ် ဆုတ်ယုတ် ပျက်စီးခြင်း စသဖြင့် အယူမျိုးနဲ့ လုပ်ဆောင်ကြပါတယ်။

တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို ဒေသအလိုက် ကွဲလွဲကြတာ ရှိကြပါတယ်။ အိမ်လှေခါးကို ၃ထစ်ထားသော် ဒုက်ခံ မရဏံ ကြုံ စေပြန်၏။ တစ်ထစ်ထားသော်ကောင်းစားစေတက် ၏။

ရှစ်ထစ်ထားလျှင် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကျက်သရေ ဘုန်းသမ္ဘာ မြင့်မားစေတက်၏။

ကိုးထစ်ထားလျှင် လာဘ်လာဘ ပေါကြွယ်ဝတက်၏။ ၁၂ထစ်ထားသော် ကျန်းမာရေးကောင်းမွန်စေ၍ ရန်သူမျိုးငါးပါးမှ ကင်းစေ၏။ တနင်္လာနေ့တွင် အိမ် လှေကား စလုပ်ခြင်းမှ ရှောင်ကြပါစေ။

လှေကား မ ဂဏန်း ထားရခြင်း အကြောင်းရင်း

လှေကား “စုံ” မထားရလို့ ကြားဖူးကြမှာပါ။

လှေကား “စုံ” ထားရင် ခိုက်တတ်ပါတယ်။

ဘာကြောင့် ခိုက်လဲဆိုတာက လူ့သဘာဝကြောင့်ပါ။ လူဆိုတာ ကိုယ်စလှမ်းတဲ့ ခြေနဲ့ ခြေလှမ်း ပြန်‌ဆုံးတတ်ပါတယ်။

ဥပမာ - ညာခြေနဲ့ စလှမ်းရင် ညာခြေဆီ ဘယ်ခြေ လာပြီး အဆုံးသတ်ပါတယ်။ ညာနဲ့စရင် ညာနဲ့ ဆုံးပါတယ်။

အဲဒီလိုပဲ ဘယ်နဲ့စရင် ဘယ်နဲ့ ဆုံးပါတယ်။

မယုံရင် ကိုယ့်ဘာသာ တမင်သက်သက် လုပ်မယူပဲ လှမ်းကြည့်ပါ။

ညာနဲ့စ ညာနဲ့ဆုံးလို့ ခြေလှမ်းရေ အရေအတွက်က “မ” ဖြစ်ပါတယ်။

ဘယ်နဲ့ စလဲ အတူတူပါပဲ။

အဲဒါကြောင့် လှေကားထစ်တွေ “မ” သာ ထားတာပါ။

“စုံ” ထားရင် တလှမ်းလိုနေလို့ အပေါ်တက်တဲ့အခါ ခြေထောက်က အလိုအလျှောက် လှမ်းမိပြီး ဟန်ချက် ပျက် ပြီး ချော်ကျနိုင်ပါတယ်။

အောက်ဆင်းတဲ့အခါ ကြမ်းပြင်ပေါ်ရောက်နေတာကို နောက်ထပ် လှမ်းမိလို့ ဟန်ချက်ပျက်ပြီး မှောက်လဲတတ်ပါတယ်။

အဲလိုလဲရင် ထိခိုက်ဒဏ်ရာ ရပါတယ်။ အဲဒါ ခိုက်မိတာပါပဲ။

အဲလို ခိုက်မိတာကို လှေကား “စုံ” ထားရင် ခိုက်တယ်ဆိုပီး စကားက ကားသွားတာပါပဲ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ငွေသော်တာ

 

 

 

[Zawgyi]

အိမ္တစ္အိမ္မွာ လူသိနည္းတဲ့ ေလွကားအေၾကာင္း

 

လူသိနည္းလွတဲ့ ေလွကားအဆံ တပ္ဆင္ျခင္း သိေကာင္းစရာ မွ်ေဝပါတယ္။

ေ႐ွ႕ထုံးလည္း မပယ္နဲ႔။ ေဈးသုံးလဲ မႂကြယ္နဲ႔ စကားမ်ိဳးလိုပါပဲ။

အိမ္တစ္အိမ္ ေဆာက္ရာတြင္ အဓိကအေရးႀကီးတာ အိမ္ေလွကား ျပဳလုပ္ျခင္းပါပဲ။ ေ႐ွးက်မ္းဆရာတို႔သည္ စုံ မ ႏွစ္ခုလုံး တပ္ေကာင္း၏ဟုဆိုသည္။ လက္သမား က်မ္းဆရာတို႔က မကိုသာ တပ္ေစပါတယ္။

လက္သမား ဆရာႀကီးမ်ားမွာ စုံတပ္သည္လည္း ႐ွိတယ္ ။ မ တပ္သည္လည္း ႐ွိပါတယ္။ အဘယ္ေၾကာင့္ဆိုေသာ္ ပထမအထစ္မွ [လာဘံ ၊သုခံ ၊မရဏံ ၊လာဘ သု ခ မရဏ] တြက္ယူကာ မရဏံ မရဏ ကို ေ႐ွာင္ပါတယ္။

ပထမထစ္က လာဘ။ ဒုတိယထစ္က သုခ။ တတိယထစ္က မရဏ။ လာဘ္လာဘ ေပါမ်ားျခင္း။ သုခက ႂကြယ္ဝခ်မ္းသာျခင္း။ မရဏက ဆုတ္ယုတ္ ပ်က္စီးျခင္းနဲ႔ ၾကဳံေတြ႕ရလိမ့္မယ္တဲ့ ။

လာဘက ၁ထစ္ ၊ ၄ ထစ္၊ ၇ ထစ္/ သုခက ၂ ထစ္၊ ၅ထစ္ ၊ ၈ ထစ္/ မရဏ- ၃ ထစ္ ၊ ၆ ထစ္ ၊ ၉ ထစ္ ၊ ၁၂ထစ္ စသည္ျဖင့္ တပ္ဆင္ၾကပါတယ္။ အိမ္အေနအထား မဂၤလာသား အေနအထားအလိုက္ လုပ္ေဆာင္ၾကပါတယ္။

တစ္ခ်ိဳ႕ ဆရာမ်ားမွာ [ရာဇ ၊ လာဘ ၊ မရဏ] လို႔ သတ္မွတ္ လုပ္ေဆာင္ၾကပါတယ္။

၁ထစ္ ဘုန္းက်က္သေရတိုးျခင္း၊ ၂ထစ္ လာဘ္လာဘ ေပါမ်ားျခင္း၊ ၃ထစ္ ဆုတ္ယုတ္ ပ်က္စီးျခင္း စသျဖင့္ အယူမ်ိဳးနဲ႔ လုပ္ေဆာင္ၾကပါတယ္။

တစ္ေက်ာင္း တစ္ဂါထာ တစ္႐ြာ တစ္ပုဒ္ဆန္း ဆိုသလို ေဒသအလိုက္ ကြဲလြဲၾကတာ ႐ွိၾကပါတယ္။ အိမ္ေလွခါးကို ၃ထစ္ထားေသာ္ ဒုက္ခံ မရဏံ ၾကဳံ ေစျပန္၏။ တစ္ထစ္ထားေသာ္ေကာင္းစားေစတက္ ၏။

႐ွစ္ထစ္ထားလွ်င္ မဂၤလာအေပါင္းနဲ႔ ျပည့္စုံ၍ က်က္သေရ ဘုန္းသမ႓ာ ျမင့္မားေစတက္၏။

ကိုးထစ္ထားလွ်င္ လာဘ္လာဘ ေပါႂကြယ္ဝတက္၏။ ၁၂ထစ္ထားေသာ္ က်န္းမာေရးေကာင္းမြန္ေစ၍ ရန္သူမ်ိဳးငါးပါးမွ ကင္းေစ၏။ တနလၤာေန႔တြင္ အိမ္ ေလွကား စလုပ္ျခင္းမွ ေ႐ွာင္ၾကပါေစ။

ေလွကား မ ဂဏန္း ထားရျခင္း အေၾကာင္းရင္း

ေလွကား “စုံ” မထားရလို႔ ၾကားဖူးၾကမွာပါ။

ေလွကား “စုံ” ထားရင္ ခိုက္တတ္ပါတယ္။

ဘာေၾကာင့္ ခိုက္လဲဆိုတာက လူ႕သဘာဝေၾကာင့္ပါ။ လူဆိုတာ ကိုယ္စလွမ္းတဲ့ ေျခနဲ႔ ေျခလွမ္း ျပန္‌ဆုံးတတ္ပါတယ္။

ဥပမာ - ညာေျခနဲ႔ စလွမ္းရင္ ညာေျခဆီ ဘယ္ေျခ လာၿပီး အဆုံးသတ္ပါတယ္။ ညာနဲ႔စရင္ ညာနဲ႔ ဆုံးပါတယ္။

အဲဒီလိုပဲ ဘယ္နဲ႔စရင္ ဘယ္နဲ႔ ဆုံးပါတယ္။

မယုံရင္ ကိုယ့္ဘာသာ တမင္သက္သက္ လုပ္မယူပဲ လွမ္းၾကည့္ပါ။

ညာနဲ႔စ ညာနဲ႔ဆုံးလို႔ ေျခလွမ္းေရ အေရအတြက္က “မ” ျဖစ္ပါတယ္။

ဘယ္နဲ႔ စလဲ အတူတူပါပဲ။

အဲဒါေၾကာင့္ ေလွကားထစ္ေတြ “မ” သာ ထားတာပါ။

“စုံ” ထားရင္ တလွမ္းလိုေနလို႔ အေပၚတက္တဲ့အခါ ေျခေထာက္က အလိုအေလွ်ာက္ လွမ္းမိၿပီး ဟန္ခ်က္ ပ်က္ ၿပီး ေခ်ာ္က်ႏိုင္ပါတယ္။

ေအာက္ဆင္းတဲ့အခါ ၾကမ္းျပင္ေပၚေရာက္ေနတာကို ေနာက္ထပ္ လွမ္းမိလို႔ ဟန္ခ်က္ပ်က္ၿပီး ေမွာက္လဲတတ္ပါတယ္။

အဲလိုလဲရင္ ထိခိုက္ဒဏ္ရာ ရပါတယ္။ အဲဒါ ခိုက္မိတာပါပဲ။

အဲလို ခိုက္မိတာကို ေလွကား “စုံ” ထားရင္ ခိုက္တယ္ဆိုပီး စကားက ကားသြားတာပါပဲ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ေငြေသာ္တာ

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ

Upcoming Property Events

From 18 Oct To 19 Oct

INNO CITY

From 18 Oct To 19 Oct

Mingalar Market

From 18 Oct To 19 Oct

INNO CITY

MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service