ဝါတွင်းကာလအယူအဆနဲ့ အိမ်ရာရွှေ့ပြောင်း ကောင်း မကောင်း
ဝါတွင်းကာလအယူအဆနဲ့ အိမ်ရာရွှေ့ပြောင်း ကောင်း မကောင်း - Property Knowledge in Myanmar from iMyanmarHouse.com
1 Jul 2022 12:38 pm တွင် တင်ခဲ့သည်
1236 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
မလိုအပ်ရင်တော့ မပြောင်းနဲ့ မရွှေ့နဲ့ပေါ့။လိုအပ်နေရဲ့သားနဲ့သာ…။
ဝါတွင်း အချိန်ကနိုင်ငံအနှံ့မိုးများချိန်ပါ။ ခြောက်သွေ့တဲ့ အရပ်ဒေသတစ်ခုအနေနဲ့ ဝါတွင်းမို့ မပြောင်းချင်လည်းကိစ္စမရှိ။
ကိုယ့်အရပ်ဒေသမှာမိုးမကြီးလည်း အထက်အညာဒေသမှာ မိုးရွာသွန်းမှုများပြီဆိုမှဖြင့် ဒီအချိန် ဒီကာလတွေမှာ ရေဝင်တဲ့ ရေကြီးတဲ့ အရပ်ဒေသတွေ မြစ်နားချောင်းနားတွေမှာ နေသူတွေအနေနဲ့ မျက်ခုံးလှုပ်ရတဲ့ ကာလဖြစ်ပါတယ်။
မြစ်ကမ်းပါးနေသူတွေအနေနဲ့ မြစ်ရေတိုးပြီး ကမ်းပါပြိုလာပြီဆိုရင် အခြေအနေကိုကြည့်ပြီး နေရာအသိုက်အအုံလေးများ ပြောင်းရွှေ့တန်သမျှ ပြောင်းထားရပါလိမ့်မယ်။ ဝါတွင်းမို့ ဘာမို့လို့ဆိုပြီး လုပ်နေရင်တော့ ကိုယ်အသက်အပြင် ပိုင်ဆိုင်မှုတွေပါ လက်လွတ်ဆုံးရှုံးရပါလိမ့်မယ်။
မိုးလေဝသအခြေအနေကြောင့် ဝါမတိုင်ခင် ကြိုတင်ပြုလုပ်စရာတွေကို လုပ်နိုင်အောင် ရှေးလူကြီးသူမတွေက သတိပေးတဲ့ စကားသာ ဖြစ်ဖို့များပါတယ်။ ဝါတွင်းမှာ အပြောင်းအရွှေ့လုပ်လိုက်လို့ ကိုယ်နဲ့ကိုယ့်မိသားစုအပေါ် အခိုက်တွေဖြစ်စေမယ်ဆိုတာတော့ မဟုတ်သည့် ယူဆချက်သာ ဖြစ်ဖို့များပါတယ်။
မိမိမွေးရပ်မြေ အညာဒေသမှာဆိုရင် ယခုလိုဝါတွင်းကာလမှာ ဧရာဝတီဖြစ်ရေဟာ တိုးမောက်ပြန့်ကားလာတဲ့ အချိန်ဖြစ်ပါတယ်။ ကျွန် တော်တို့မြို့နဲ့ ဧရာဝတီမြစ်အကြားမှာ ရွာလေးတွေရှိပါတယ်။အဲဒီရွာလေးတွေဟာဆိုရင် ဝါဆို ဝါခေါင် ရေဖောင်ဖောင်ဖြစ်ပြီးဆိုတာနဲ့ ကျွန်တော်တို့ မြို့ဘက်ကို မဖြစ်မနေပြောင်းကြရပါတယ်။ကျွဲနွားတိရစ္ဆာန်ကအစ ပြောင်းရွှေ့ပြီးနေထိုင်ကြရပါတယ်။
ခြေတံရှည်အိမ်တွေနဲ့ဆောက်ထားတဲ့ ရွာတွေဆိုပေမယ့် တွက်ထားလို့မရတဲ့ ရာသီဥတု အခြေအနေက ဘဝများစွာကိုပြောင်းလဲ စေနိုင်တာကြောင့် ကိုယ့်ထက်အညာအရပ်ကျသည့် ဒေသများက မိုးကောင်းပြီ ဆိုလျှင် ဝါတွင်းမို့ဆိုပြီးတင်ခံနေလို့မရပါ။ မြန်နိုင်သမျှမြန်မြန် လေး ပြောင်းကြရပါတယ်။ မြစ်ရေချောင်းရေနှင့်အတူပါလာတတ်တဲ့ သစ်ဝါးတွေရဲ့တွန်းတိုက်ဖြိုလှဲမှုကိုခံရနိုင်ပါတယ်။မိုးရိပ်မိုးခြေပါးလာ ပြီး မြစ်ရေကျဆင်းမှုဖြစ်လာ ကိုယ့်အရပ်ဒေသကို ပြန်ပြောင်းကြရပါတယ်။
မြန်မာနိုင်ငံအောက်ပိုင်းနဲ့ ဒေသတွေမှာ ဝါတွင်းကာလမှာ တောင်ပြို ကမ်းပြိုမှုတွေနှစ်စဉ်ဖြစ်ပါတယ်။အခြေအနေကိုတွက်စပြီး မဖြစ်ခင်က ပြောင်းနိုင်တဲ့သူတွေက ပြောင်းကြတယ်။ငွေကြေးခက်ခဲသူတွေကတော့ ဖြစ်မှကြည့်ရှင်းရတဲ့အခါ ဝါတွင်းမှာဖြစ်နေတတ်တယ်။ဒီတိုင်းပဲနေကြမလား။ မဖြစ်မနေဖြစ်လာရင် သင့်တင့်ရာနေရာကိုတော့ ပြောင်းကြရမှာပေါ့။အပြစ်ကြီးတစ်ခုတော့မဟုတ်ပါဘူး။
ဘုရားဟောမှာပါတဲ့ကိစ္စလည်း မဟုတ်ဘဲ ကျွန်တော်တို့ဟာ အပြစ်ကြီးတစ်ခုလို ခံစာအနေစေချင်ပါဘူး။အခြေအနေအရ ပြောင်းသင့်ရင် ပြောင်းရပါလိမ့်မယ်။ရှေးလူကြီးသူမတွေက ကြိုတင်ပြင်ဆင်စေချင်တဲ့စိတ်နဲ့ သတိပေးခဲ့တယ်လို့ယူဆပါတယ်။
ဒါကိုအချို့သော လောကဓာတ်ဆရာတွေက ထွင်လုံးခြောက်လုံးသုံးခဲ့လေခြင်းပေလား စဉ်းစားစရာပါ။ ဝါတွင်းဟာ မိုးကောင်းတယ်။ မိုး ကောင်းလို့ စိုစွတ်နေတဲ့အချိန်မှာ အပြောင်းအရွေ့လုပ်ရတာ ဘယ်လောက်ဒုက္ခရောက်လဲ ဒီသဘောအနေနဲ့သာ လက်ခံတာပိုကောင်းပါလိမ့်မယ်။ သင်္ကန်းသုံးစုံသာ ဆောင်ထားရတဲ့ ရဟန်းတွေအနေနဲ့ မိုးများတဲ့ဝါတွင်းမှာ သွားလာနေကြရင် မသင့်တဲ့အတွက် မြတ်စွာဘုရား က ဝါဆိုဖို့ ပညတ်ထားခြင်းပါ။ဒါကို လူတွေက အပြစ်ကြီးတစ်ခုအနေနဲ့လုပ်လို့ မရပါဘူး။
ဝါတွင်းမို့ ဘာမလုပ်ကောင်းဘူး ညာမလုပ်ကောင်းဘူး ဆိုတာကိုတော့ ရမ်းပြီးလက်ခံစရာမရှိပါဘူး။ကောင်းတာဆိုရင် လုပ်ရမှာပါပဲ။ ဝါတွင်း ဝါပတွေ ရွေးဖို့မလိုပါဘူး။အပြောင်းအရွေ့ အများဆုံးအချိန်ဟာ ဝါတွင်းကာလဆိုရင် ပိုတောင်မှန်နေမလားပါဘဲ။နက္ခက်ကောင်း ခြင်း မကောင်းခြင်းတွေက ကိုယ့်အကျင့်အကြံနဲ့သာဆိုင်တာပါ။မကောင့်ကျင့် မကောင်းကြံကြံနေသူဟာ ဆယ့်နှစ်ရာသီကောင်းဖို့မရှိပါဘူး။ကောင်းဖို့ကျင့်ကြံနေသူများအဖို့တော့ အချိန်တိုင်းဟာ နက္ခက်ကောင်းပါလိမ့်မယ်။ဝါတွင်းကာလ အိမ်အပြောင်းအရွှေ့ကတော့ အရပ်ဒေသ ရာသီဥတုနဲ့ အချိန်ကာလကိုကြည့်ပြီး လုပ်သင့်သလိုလုပ်ကြရမှာပါ လို့ပဲပြောပါရစေဗျာ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service