ဖရဲသီးဝယ်တဲ့အခါ ခွဲမကြည့်ဘဲ ချို၊ မချို သိနိုင်မယ့်နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
2812 Views

ဖရဲသီးဝယ်တဲ့အခါ ခွဲမကြည့်ဘဲ ချို၊ မချို သိနိုင်မယ့်နည်းလမ်းများ

Knowledge | Posted by Si Thu Aung

[Unicode]

ဖရဲသီးဟာ ရေဓာတ်များစွာပါဝင်ပြီးတော့ ပူပြင်းတဲ့ရာသီမှာစားသုံးဖို့သင့်တော်လွန်းတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ အခုတစ်ခေါက်ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ဖရဲသီးဝယ်တဲ့ အခါ ချို၊ မချိုဆိုတာကို ခွဲမကြည့်ဘဲ ပုံပန်းသဏ္ဍာန်ကိုကြည့်ရုံနဲ့ သိရှိနိုင်မယ့်နည်းလမ်းအချို့ပဲဖြစ်ပါတယ်။

 

၁။ အညိုရောင်အစင်းကြောင်းများကိုရှာပါ။

တစ်ချို့ဖရဲသီးတွေရဲ့အခွံမှာဆိုရင် အသားမာတက်သလိုမျိုး အညိုရောင်အစင်းတွေ အက်ကွဲကြောင်းတွေပါရှိတာကိုတွေ့ရတက်ပါတယ်။ ဒီလိုဖရဲသီးတွေကရွေးချယ်ဖု့ိသင့်တော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအညိုရောင်အသားမာတက်သလို အစင်းတွေဖြစ်နေရခြင်းက ဒီဖရဲသီးဖြစ်လာမယ့် အပွင့်ပေါ်ကိုပျားတွေက ကြိမ်ဖန်များစွာဝတ်မှုန်ကူးထာလို့ပဲဖြစ်ပါတယ်။ များများဝတ်မှုန်ကူးလေး အသီးကပိုချိုလေဖြစ်ပါတယ်။

 

၂။ အဝါရောင်အကွက်များကိုရှာပါ။

တစ်ချို့ဖရဲသီးတွေရဲ့ အခွံမှာတော့ အခုလိုမျိုးအဝါရောင်အကွက်တွေဖြစ်ပေါ်နေတာကိုမြင်ဖူးကြမယ်လို့ထင်ပါတယ်။ ဒီနေရာတွေက ဖရဲသီးနဲ့မြေပြင်နဲ့ထိစပ်နေတဲ့ နေရာဖြစ်ပြီး မှည့်ရင်တော့အဝါရောင်၊ လိမ္မော်ရောင်စသဖြင့် ဖြစ်နေတက်ပါတယ်။ မမှည့်သေးဘူးဆိုရင်တော့ ဒီနေရာကအဖြူရောင်ဖြစ်နေမှာပါ။

 

၃။ အရွယ်အစားကိုကြည့်ပါ။

ဖရဲသီးတွေအများကြီးရှိတဲ့ထဲက သင့်အနေနဲ့ရွေးချယ်ရမယ်ဆိုရင်တော့ အကြီးဆုံး သို့မဟုတ် အငယ်ဆုံးဖရဲသီးကို မရွေးချယ်သင့်ပါဘူး။ တစ်ခြားအသီးတွေနဲ့မတိမ်းမယိမ်း အနေတော်အသီးကိုရွေးချယ်သင့်ပါတယ်။ နောက်ပြီး သင်ရွေးချယ်တဲ့ဖရဲသီးရဲ့ အရွယ်နဲ့ အလေးချိန်ဟာ လိုက်ဖက်မှုမရှိဘဲ အရမ်းကြီးပေါ့နေတယ်ထင်ရင် တစ်ခြားအလုံးကိုရွေးသင့်ပါတယ်။

 

၄။ ဖရဲသီး အဖို၊ အမ ကြည့်ပါ။

ဖရဲသီးမှာ အဖို နဲ့ အမ ရှိတာကိုတော့ စိုက်ပျိုးတဲ့တောင်သူတွေကလွဲရင် လူအတော်များများ မသိကြပါဘူး။ အလွယ်ပြောရရင်တော့ ဖရဲသီးအဖိုတွေက က ပိုကြီးပြီး ရှည်လျားတဲ့ပုံသဏ္ဍာန်ရှိပါတယ်။ အရည်ရွှမ်းပြီးတော့ များသောအားဖြင့် အရမ်းကြီးမချိုကြပါဘူး။ ဖရဲသီးအမတွေကတော့ လုံးဝန်းတဲ့ ပုံစံရှိပြီး အလွန်ချိုတဲ့ အရသာရှိကြပါတယ်။

 

၅။ ဖရဲသီးအညှာကိုကြည့်ပါ။

ဒီနည်းကတော့ ဖရဲသီးမှည့် မမှည့်ခွဲနိုင်တဲ့ အလွယ်ဆုံးနည်းဖြစ်ပါတယ်။ ဖရဲသီးရဲ့အညှာကို အဓိကကြည့်ရမှာ့ဖစ်ပါတယ်။ အညှာကခြောက်သွေ့နေရင်တော့ ဖရဲသီးမှည့်နေပြီလို့မှတ်ယူနိုင်ပြီး အညှာကစိမ်းနေရင်တော့ မမှည့်သေးတဲ့ဖရဲသီးအဖြစ်အလွယ်သိနိုင်ပါတယ်။ အညှာစိမ်းနေတဲ့ ဖရဲသီးတွေကတော့ မရင့်မှည့်သေးခင်အပင်ကနေ စောစီးစွာခူးဆွတ်ထားတဲ့ အသီးတွေဖြစ်ပါတယ်။

အခုဖော်ပြပေးတဲ့အကြောင်းအရာလေးက မိမိတို့အတွက်အသုံးဝင်ခဲ့မယ်ဆိုရင်တော့ အခြားသူတွေပါသိရှိအောင်လို့ ဝေမျှပေးကြပါဦးနော် …..

 အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Shwe Khit

 

 

[Zawgyi]

ဖရဲသီးဝယ္တဲ့အခါ ခြဲမၾကည့္ဘဲ ခ်ိဳ၊ မခ်ိဳ သိႏိုင္မယ့္နည္းလမ္းမ်ား

ဖရဲသီးဟာ ေရဓာတ္မ်ားစြာပါဝင္ၿပီးေတာ့ ပူျပင္းတဲ့ရာသီမွာစားသုံးဖို႔သင့္ေတာ္လြန္းတဲ့ အသီးတစ္မ်ိဳးျဖစ္ပါတယ္။ အခုတစ္ေခါက္ေဖာ္ျပေပးခ်င္တဲ့အေၾကာင္းအရာေလးကေတာ့ ဖရဲသီးဝယ္တဲ့ အခါ ခ်ိဳ၊ မခ်ိဳဆိုတာကို ခြဲမၾကည့္ဘဲ ပုံပန္းသ႑ာန္ကိုၾကည့္႐ုံနဲ႔ သိ႐ွိႏိုင္မယ့္နည္းလမ္းအခ်ိဳ႕ပဲျဖစ္ပါတယ္။

၁။ အညိဳေရာင္အစင္းေၾကာင္းမ်ားကို႐ွာပါ။

တစ္ခ်ိဳ႕ဖရဲသီးေတြရဲ႕အခြံမွာဆိုရင္ အသားမာတက္သလိုမ်ိဳး အညိဳေရာင္အစင္းေတြ အက္ကြဲေၾကာင္းေတြပါ႐ွိတာကိုေတြ႕ရတက္ပါတယ္။ ဒီလိုဖရဲသီးေတြကေ႐ြးခ်ယ္ဖု႔ိသင့္ေတာ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီအညိဳေရာင္အသားမာတက္သလို အစင္းေတြျဖစ္ေနရျခင္းက ဒီဖရဲသီးျဖစ္လာမယ့္ အပြင့္ေပၚကိုပ်ားေတြက ႀကိမ္ဖန္မ်ားစြာဝတ္မႈန္ကူးထာလို႔ပဲျဖစ္ပါတယ္။ မ်ားမ်ားဝတ္မႈန္ကူးေလး အသီးကပိုခ်ိဳေလျဖစ္ပါတယ္။

၂။ အဝါေရာင္အကြက္မ်ားကို႐ွာပါ။

တစ္ခ်ိဳ႕ဖရဲသီးေတြရဲ႕ အခြံမွာေတာ့ အခုလိုမ်ိဳးအဝါေရာင္အကြက္ေတြျဖစ္ေပၚေနတာကိုျမင္ဖူးၾကမယ္လို႔ထင္ပါတယ္။ ဒီေနရာေတြက ဖရဲသီးနဲ႔ေျမျပင္နဲ႔ထိစပ္ေနတဲ့ ေနရာျဖစ္ၿပီး မွည့္ရင္ေတာ့အဝါေရာင္၊ လိေမၼာ္ေရာင္စသျဖင့္ ျဖစ္ေနတက္ပါတယ္။ မမွည့္ေသးဘူးဆိုရင္ေတာ့ ဒီေနရာကအျဖဴေရာင္ျဖစ္ေနမွာပါ။

၃။ အ႐ြယ္အစားကိုၾကည့္ပါ။

ဖရဲသီးေတြအမ်ားႀကီး႐ွိတဲ့ထဲက သင့္အေနနဲ႔ေ႐ြးခ်ယ္ရမယ္ဆိုရင္ေတာ့ အႀကီးဆုံး သို႔မဟုတ္ အငယ္ဆုံးဖရဲသီးကို မေ႐ြးခ်ယ္သင့္ပါဘူး။ တစ္ျခားအသီးေတြနဲ႔မတိမ္းမယိမ္း အေနေတာ္အသီးကိုေ႐ြးခ်ယ္သင့္ပါတယ္။ ေနာက္ၿပီး သင္ေ႐ြးခ်ယ္တဲ့ဖရဲသီးရဲ႕ အ႐ြယ္နဲ႔ အေလးခ်ိန္ဟာ လိုက္ဖက္မႈမ႐ွိဘဲ အရမ္းႀကီးေပါ့ေနတယ္ထင္ရင္ တစ္ျခားအလုံးကိုေ႐ြးသင့္ပါတယ္။

၄။ ဖရဲသီး အဖို၊ အမ ၾကည့္ပါ။

ဖရဲသီးမွာ အဖို နဲ႔ အမ ႐ွိတာကိုေတာ့ စိုက္ပ်ိဳးတဲ့ေတာင္သူေတြကလြဲရင္ လူအေတာ္မ်ားမ်ား မသိၾကပါဘူး။ အလြယ္ေျပာရရင္ေတာ့ ဖရဲသီးအဖိုေတြက က ပိုႀကီးၿပီး ႐ွည္လ်ားတဲ့ပုံသ႑ာန္႐ွိပါတယ္။ အရည္႐ႊမ္းၿပီးေတာ့ မ်ားေသာအားျဖင့္ အရမ္းႀကီးမခ်ိဳၾကပါဘူး။ ဖရဲသီးအမေတြကေတာ့ လုံးဝန္းတဲ့ ပုံစံ႐ွိၿပီး အလြန္ခ်ိဳတဲ့ အရသာ႐ွိၾကပါတယ္။

၅။ ဖရဲသီးအညႇာကိုၾကည့္ပါ။

ဒီနည္းကေတာ့ ဖရဲသီးမွည့္ မမွည့္ခြဲႏိုင္တဲ့ အလြယ္ဆုံးနည္းျဖစ္ပါတယ္။ ဖရဲသီးရဲ႕အညႇာကို အဓိကၾကည့္ရမွာ့ဖစ္ပါတယ္။ အညႇာကေျခာက္ေသြ႕ေနရင္ေတာ့ ဖရဲသီးမွည့္ေနၿပီလို႔မွတ္ယူႏိုင္ၿပီး အညႇာကစိမ္းေနရင္ေတာ့ မမွည့္ေသးတဲ့ဖရဲသီးအျဖစ္အလြယ္သိႏိုင္ပါတယ္။ အညႇာစိမ္းေနတဲ့ ဖရဲသီးေတြကေတာ့ မရင့္မွည့္ေသးခင္အပင္ကေန ေစာစီးစြာခူးဆြတ္ထားတဲ့ အသီးေတြျဖစ္ပါတယ္။

အခုေဖာ္ျပေပးတဲ့အေၾကာင္းအရာေလးက မိမိတို႔အတြက္အသုံးဝင္ခဲ့မယ္ဆိုရင္ေတာ့ အျခားသူေတြပါသိ႐ွိေအာင္လို႔ ေဝမွ်ေပးၾကပါဦးေနာ္ …..

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Shwe Khit

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service