ငှက်ပျောသီးကို အစာမရှိပဲမနက်စာအဖြစ် စားခြင်းမှရှောင်ရှားသင့်တဲ့ အကြောင်းအရင်းများ - Property Knowledge in Myanmar from iMyanmarHouse.com
1033 Views

ငှက်ပျောသီးကို အစာမရှိပဲမနက်စာအဖြစ် စားခြင်းမှရှောင်ရှားသင့်တဲ့ အကြောင်းအရင်းများ

Knowledge | Posted by Si Thu Aung

[Unicode]

ငှက်ပျောသီးမှာ အဟာရဓာတ်ပေါကြွယ်ဝလွန်းလို့ ခံတွင်းလည်းမြိန် ကျန်းလည်းမာစေဖို့ စားသုံးကြပါတယ်။ ငှက်ပျောသီးမှာ နှလုံးကျန်းမာစေခြင်း၊ ပင်ပန်းနွယ်နယ်မှုကို သက်သာစေခြင်း၊ သွေးပေါင်ထိန်းပေးခြင်၊ စိတ်ဓာတ်ကျဆင်းမှုကို သက်သာစေခြင်း၊ ဝမ်းချုပ်ခြင်း၊ ရင်ပူခြင်းနှင့် အပူကန်နာဖြစ်ခြင်းတို့ကို သက်သာစေခြင်း စတဲ့အာနိသင်တွေ ပါဝင်ပါတယ်။

ငှက်ပျောသီးမှာ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ အမျှင်ဓာတ်တွေကြွယ်ဝတာကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ အလုံအလောက် ပါဝင်ပါတယ်။ အားအင်တွေဖြည့်ပေးတာကြောင့် နေ့စဉ်နေ့တိုင်းစားသုံးပေးသင့်ပါတယ်။ ပုံမှန်အားဖြင့် ငှက်ပျောသီးကို ထမင်းစားပြီးမှ စားကြတာများပေမယ့် တခါတလေ မနက်စာလုပ်ရမှာရှုပ်လို့ မနက်စာအနေနဲ့စားသုံးကြတာမျိုးရှိမှာပါ။ တကယ်တော့ငှက်ပျောသီးကို ဗိုက်ထဲအစာမရှိချိန်စားတာက မသင့်တော်ပါဘူး။ အကြောင်းအရင်းတွေကတော့.....

ငှက်ပျောသီးမှာ ပါဝင်တဲ့သဘာဝအချိုဓာတ်က အားအင်ဖြည့်ပေးသော်ငြား နာရီအနည်းငယ်ကြာရင်တော့ အားအင်ကုန်ခမ်းသွားစေပါတယ်။

ငှက်ပျောသီးက စားပြီးချက်ချင်းဗိုက်ပြည့်စေပြီး လေးလံလာကာ အိပ်ငိုက်စေပါတယ်။

ငှက်ပျောသီးမှာ အက်စစ်သဘာဝရှိတဲ့အသီးမို့ အစာမရှိပဲစားတဲ့အခါ အူမကြီးနဲ့ပတ်သတ်တဲ့ပြသနာတွေဖြစ်လာနိုင်စေပါတယ်။

ငှက်ပျောသီးမှ မဟုတ်ပါဘူး။ သစ်သီးဝလံတွေကို အစာမရှိပဲ မနက်စာအဖြစ်စားခြင်းမှရှောင်ရှားသင့်ပါတယ်။ ယနေ့ခေတ်မှာ သဘာဝသစ်သီးတွေက ရှားပါးပြီး ဓာတုဆေးတွေအသုံးပြုထားတဲ့ သစ်သီးတွေများနေပြီမို့ မနက်စာအဖြစ်စားဖို့ ပိုလို့တောင်မသင့်တော်တော့ပါဘူး။

ဒါနဲ့ပဲ ငှက်ပျောသီးကို မနက်ပိုင်းမစားသင့်ဘူးလို့ မဆိုလိုပါဘူး။ ဗိုက်ထဲအစာမရှိချိန် သူ့ချည်းမစားဖို့သာအဓိကပါ။ မနက်စာတစ်ခုခုစားပြီး ငှက်ပျောသီးကိုဖျော်သောက်တာဖြစ်ဖြစ်၊ ပေါင်မုန့်နဲ့ တွဲဖက်စားတာပဲဖြစ်ဖြစ် စားပေးလို့ရပါတယ်။ အစားအသောက်ဂရုစိုက်ခြင်းက ကျန်းမာခြင်းရဲ့မဏ္ဍိုင်မို့လို့ ဂရုတစိုက်စားသုံးရင်း ကျန်းမာတဲ့ဘဝပိုင်ဆိုင်ကြပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

 

[Zawgyi]


 












Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service