မြင်းခွာရွက်ရဲ့ ကျန်းမာရေးကောင်းကျိုးများ

မြင်းခွာရွက်ရဲ့ ကျန်းမာရေးကောင်းကျိုးများ - Property Knowledge in Myanmar from iMyanmarHouse.com
13 May 2022 12:57 pm တွင် တင်ခဲ့သည်
254 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)

[Unicode]

မြင်းခွာရွက်ကို မြင်းခွာရွက်သုပ်၊ တို့မြှုပ်စရာ၊ ဟင်းချို၊ ဟင်းခါးတို့အဖြစ် စားသုံးလေ့ရှိကြသည်။ ကျန်းမာရေးအတွက် မြင်းခွာရွက်ဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးနိုင်သည်။

သုတေသနတွေ့ရှိချက်များအရ မြင်းခွာရွက်တွင်ပါဝင်သော tritetpenoids ဒြပ်ပေါင်းများသည် တစ်သျှူးဖြစ်ပေါ်စေသာ ကိုလာဂျင်ထုတ်လုပ်ရာတွင် အားပေးသည်။ ပျက်စီးသွားသော တစ်သျှူးများသို့ သွေးစီးဆင်းမှုများပြားစေသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ စုဝေးရောက်ရှိစေခြင်းကြောင့် အနာကျက်မှုကို မြန်ဆန်စေပြီး အမာရွတ်ဖြစ်ပေါ်မှုကို သေးငယ်စေသည်။

စိတ်ဖိစီးမှုကြောင့်ဖြစ်သော အစာအိမ်နာရောဂါဝေဒနာရှင်များကို မြင်းခွာရွက်ဆေးအနှစ်သည် ပျောက်ကင်းစေနိုင်ကြောင်း ဖော်ပြထားပါသည်။ မြင်းခွာရွက်သည် စိတ်ကိုငြိမ်သက်စေပြီး အိပ်ပျော်စေတတ်သော အာနိသင်နှင့် စိတ်ဖိစီးမှုကို လျော့ပါးစေသော အာနိသင်၊ မှတ်ဥာဏ်နှင့်ဥာဏ်ရည်မြင့်မားစေနိုင်သော အာနိသင်များရှိကြောင်းကိုလည်း သိရပါသည်။

မှတ်ဥာဏ်ကိုတိုးပွားစေဖို့အတွက် အခြောက်ခံထားသော မြင်းခွာရွက် ၁၀ ကျပ်သား၊ လင်းနေမြစ် ၃ ကျပ်သား၊ သစ်ကြံပိုးခေါက် ၃ ကျပ်သား၊ နံ့သာဖြူ ၃ ကျပ်သား၊ ဗြုံးမွေးရွက်ပဥ္စငါးပါး ၅ ကျပ်သားတို့အားလုံးကို အမှုန့်ပြုလုပ်၍ ဆေးတစ်ခွက်စာပမာဏ ၂ ပဲသားကို ရေနွေးနှင့် သောက်ပေးပါ။ နံနက်အိပ်ရာထတစ်ကြိမ်၊ ညအိပ်ရာဝင်တစ်ကြိမ် သောက်ပေးနိုင်သည်။ သောက်ပေးခြင်းအားဖြင့် အာရုံကြောများလန်းဆန်းကြည်လင်၍ မှတ်ဥာဏ်ကို တိုးပွားစေပါသည်။ ဆေးအမှုန့်များကို ပုလင်းထဲတွင် ထည့်သိမ်းထားနိုင်သည်။

မြင်းခွာရွက်ကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းဖြင့် အသက်အရွယ်ကြီးရင့်၍ အရိုးအဆစ်များပွကာ ရောင်ရမ်းခြင်း၊ နာကျင်ကိုက်ခဲခြင်းကို သက်သာစေနိုင်သည်။ အိမ်တွင်းကုထုံးဆေးအဖြစ်လည်း မြင်းခွာရွက်သတ္တုရည်နှင့် ဗယ်ဆလင်ကို ရောစပ်၍လိမ်းဆေးအဖြစ် လိမ်းပေးနိုင်ပါသည်။

သွေးတိုးရောဂါကို ကျဆင်းစေနိုင်ပါသည်။ တစ်ရွက်ချင်းစီကိုလည်း ဝါးစားခြင်း၊ ဖျော်ရည်ကို ဆေးတစ်ခွက်စာပမာဏ ဟင်းစားစတီးဇွန်းနှင့် ၃ ဇွန်းကို သောက်ပေးနိုင်ပါသည်။ သွေးတွင်းအဆိပ်အတောက်များကို ဖယ်ရှားပေးပါသည်။ သွေးတွင်းသကြားဓာတ်ပမာဏကို ကျဆင်းနိုင်ခြင်းကြောင့် ဆီးချိုသွေးချိုရောဂါကို ကာကွယ်စေပါသည်။

ထိုသို့ကျန်းမာရေးအကျိုးကျေးဇူးများစွာဖြင့် မြင့်ခွာရွက်ကို စိုက်ပျိုးလို့လည်း လွယ်ကူ၊ ဈေးလည်းသက်သာ၊ ဝယ်ယူရသည်မှာမခက်၊ အာဟာရဓာတ်များလည်း မြင့်မားတဲ့အတွက်ကြောင့် စားသုံးပေးသင့်ပေသည်။

နည်းပညာများကို ကျော်တင့်ဆွေ၏ "အံ့ဖွယ်ဆေးဖက်ဝင် သဘာဝဟင်းသီးဟင်းရွက်များ" စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

[Zawgyi]

ျမင္းခြာ႐ြက္ရဲ႕ က်န္းမာေရးေကာင္းက်ိဳးမ်ား

ျမင္းခြာ႐ြက္ကို ျမင္းခြာ႐ြက္သုပ္၊ တို႔ျမႇဳပ္စရာ၊ ဟင္းခ်ိဳ၊ ဟင္းခါးတို႔အျဖစ္ စားသုံးေလ့႐ွိၾကသည္။ က်န္းမာေရးအတြက္ ျမင္းခြာ႐ြက္ေဖ်ာ္ရည္ကို ေန႔စဥ္ေသာက္သုံးေပးႏိုင္သည္။

သုေတသနေတြ႕႐ွိခ်က္မ်ားအရ ျမင္းခြာ႐ြက္တြင္ပါဝင္ေသာ tritetpenoids ျဒပ္ေပါင္းမ်ားသည္ တစ္သွ်ဴးျဖစ္ေပၚေစသာ ကိုလာဂ်င္ထုတ္လုပ္ရာတြင္ အားေပးသည္။ ပ်က္စီးသြားေသာ တစ္သွ်ဴးမ်ားသို႔ ေသြးစီးဆင္းမႈမ်ားျပားေစသည္။ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ား စုေဝးေရာက္႐ွိေစျခင္းေၾကာင့္ အနာက်က္မႈကို ျမန္ဆန္ေစၿပီး အမာ႐ြတ္ျဖစ္ေပၚမႈကို ေသးငယ္ေစသည္။

စိတ္ဖိစီးမႈေၾကာင့္ျဖစ္ေသာ အစာအိမ္နာေရာဂါေဝဒနာ႐ွင္မ်ားကို ျမင္းခြာ႐ြက္ေဆးအႏွစ္သည္ ေပ်ာက္ကင္းေစႏိုင္ေၾကာင္း ေဖာ္ျပထားပါသည္။ ျမင္းခြာ႐ြက္သည္ စိတ္ကိုၿငိမ္သက္ေစၿပီး အိပ္ေပ်ာ္ေစတတ္ေသာ အာနိသင္ႏွင့္ စိတ္ဖိစီးမႈကို ေလ်ာ့ပါးေစေသာ အာနိသင္၊ မွတ္ဥာဏ္ႏွင့္ဥာဏ္ရည္ျမင့္မားေစႏိုင္ေသာ အာနိသင္မ်ား႐ွိေၾကာင္းကိုလည္း သိရပါသည္။

မွတ္ဥာဏ္ကိုတိုးပြားေစဖို႔အတြက္ အေျခာက္ခံထားေသာ ျမင္းခြာ႐ြက္ ၁၀ က်ပ္သား၊ လင္းေနျမစ္ ၃ က်ပ္သား၊ သစ္ၾကံပိုးေခါက္ ၃ က်ပ္သား၊ နံ႔သာျဖဴ ၃ က်ပ္သား၊ ျဗဳံးေမြး႐ြက္ပၪၥငါးပါး ၅ က်ပ္သားတို႔အားလုံးကို အမႈန္႔ျပဳလုပ္၍ ေဆးတစ္ခြက္စာပမာဏ ၂ ပဲသားကို ေရေႏြးႏွင့္ ေသာက္ေပးပါ။ နံနက္အိပ္ရာထတစ္ႀကိမ္၊ ညအိပ္ရာဝင္တစ္ႀကိမ္ ေသာက္ေပးႏိုင္သည္။ ေသာက္ေပးျခင္းအားျဖင့္ အာ႐ုံေၾကာမ်ားလန္းဆန္းၾကည္လင္၍ မွတ္ဥာဏ္ကို တိုးပြားေစပါသည္။ ေဆးအမႈန္႔မ်ားကို ပုလင္းထဲတြင္ ထည့္သိမ္းထားႏိုင္သည္။

ျမင္းခြာ႐ြက္ကို ေန႔စဥ္ပုံမွန္စားသုံးေပးျခင္းျဖင့္ အသက္အ႐ြယ္ႀကီးရင့္၍ အ႐ိုးအဆစ္မ်ားပြကာ ေရာင္ရမ္းျခင္း၊ နာက်င္ကိုက္ခဲျခင္းကို သက္သာေစႏိုင္သည္။ အိမ္တြင္းကုထုံးေဆးအျဖစ္လည္း ျမင္းခြာ႐ြက္သတၱဳရည္ႏွင့္ ဗယ္ဆလင္ကို ေရာစပ္၍လိမ္းေဆးအျဖစ္ လိမ္းေပးႏိုင္ပါသည္။

ေသြးတိုးေရာဂါကို က်ဆင္းေစႏိုင္ပါသည္။ တစ္႐ြက္ခ်င္းစီကိုလည္း ဝါးစားျခင္း၊ ေဖ်ာ္ရည္ကို ေဆးတစ္ခြက္စာပမာဏ ဟင္းစားစတီးဇြန္းႏွင့္ ၃ ဇြန္းကို ေသာက္ေပးႏိုင္ပါသည္။ ေသြးတြင္းအဆိပ္အေတာက္မ်ားကို ဖယ္႐ွားေပးပါသည္။ ေသြးတြင္းသၾကားဓာတ္ပမာဏကို က်ဆင္းႏိုင္ျခင္းေၾကာင့္ ဆီးခ်ိဳေသြးခ်ိဳေရာဂါကို ကာကြယ္ေစပါသည္။

ထိုသို႔က်န္းမာေရးအက်ိဳးေက်းဇူးမ်ားစြာျဖင့္ ျမင့္ခြာ႐ြက္ကို စိုက္ပ်ိဳးလို႔လည္း လြယ္ကူ၊ ေဈးလည္းသက္သာ၊ ဝယ္ယူရသည္မွာမခက္၊ အာဟာရဓာတ္မ်ားလည္း ျမင့္မားတဲ့အတြက္ေၾကာင့္ စားသုံးေပးသင့္ေပသည္။

နည္းပညာမ်ားကို ေက်ာ္တင့္ေဆြ၏ "အံ့ဖြယ္ေဆးဖက္ဝင္ သဘာဝဟင္းသီးဟင္း႐ြက္မ်ား" စာအုပ္မွ ေကာက္ႏုတ္ေဖာ္ျပပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေ့တိုင်း တရားထိုင်သင့်တဲ့ အကြောင်းရင်း (၁၀)ခု
နေ့တိုင်း တရားထိုင်သင့်တဲ့ အကြောင်းရင်း (၁၀)ခု
အံ့သြစရာကောင်းတဲ့ အိမ်တွင်း ပတ်ပတ်လည်အတွက် ဆားရဲ့အသုံးဝင်ပုံ...
အံ့သြစရာကောင်းတဲ့ အိမ်တွင်း ပတ်ပတ်လည်အတွက် ဆားရဲ့အသုံးဝင်ပုံ...
မေတ္တာဖြင့် ပေးကမ်းခြင်း (Gift)
မေတ္တာဖြင့် ပေးကမ်းခြင်း (Gift)
လန်းဆန်းစွာဖြင့် အိပ်ရာစောစောထနိုင်ရန် နည်းလမ်း (၆) သွယ်
လန်းဆန်းစွာဖြင့် အိပ်ရာစောစောထနိုင်ရန် နည်းလမ်း (၆) သွယ်
ငှက်ပျောသီးကို အစာမရှိပဲမနက်စာအဖြစ် စားခြင်းမှရှောင်ရှားသင့်တဲ့ အကြောင်းအရင်းများ
ငှက်ပျောသီးကို အစာမရှိပဲမနက်စာအဖြစ် စားခြင်းမှရှောင်ရှားသင့်တဲ့ အကြောင်းအရင်းများ
ညီအစ်ကိုမောင်နှစ်မများအနက် တစ်ဦးကိုသာ အမွေအားလုံးပေးအပ်လိုလျှင် တရားဝင်အောင် ဆောင်ရွက်ခြင်း...
ညီအစ်ကိုမောင်နှစ်မများအနက် တစ်ဦးကိုသာ အမွေအားလုံးပေးအပ်လိုလျှင် တရားဝင်အောင် ဆောင်ရွက်ခြင်း...
လမ်းဦးတိုက်မှာ နေသူတွေ ချမ်းသာကြပါစေ
လမ်းဦးတိုက်မှာ နေသူတွေ ချမ်းသာကြပါစေ
အဲကွန်းဖွင့်ထားတဲ့အခန်းထဲ ခြင်ဆေးခွေထွန်းလို့ ရသလား?
အဲကွန်းဖွင့်ထားတဲ့အခန်းထဲ ခြင်ဆေးခွေထွန်းလို့ ရသလား?
နေအိမ်အနီး သစ်ပင်နိမိတ်များ နှင့် အိမ်သစ်တွင်ရေးရန် အက္ခရာများ
နေအိမ်အနီး သစ်ပင်နိမိတ်များ နှင့် အိမ်သစ်တွင်ရေးရန် အက္ခရာများ
မချက်မပြုတ်ခင်မှာ ကြက်ဥကို ဘာကြောင့် ရေမသန့်စင်သင့်လဲဆိုတာ
မချက်မပြုတ်ခင်မှာ ကြက်ဥကို ဘာကြောင့် ရေမသန့်စင်သင့်လဲဆိုတာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)